Monday, February 11, 2008

မေ ၂၀၀၈ ဆန္ဒခံယူ၊ ၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်မည်

စစ်အစိုးရ၏ စနေနေ့ည ထုတ်ပြန် ကြေညာချက်များတွင် လမ်းပြမြေပုံ၏ စတုတ္တအဆင့် ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ပြည်လုံးကျွတ် ဆန္ဒခံယူခြင်းကို မေလ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။
နအဖ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးက ကြေညာချက် ၂ ရပ်လုံးကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့်အညီ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုလည်း ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်ဟုလည်း ပါရှိသည်။

No comments: