နန်းဒေဝီ
စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း မှတ်တမ်းတင် ရိုက်ကူးမှုပြုခြင်း သို့မဟုတ် ဆန္ဒပြရာတွင် ပါဝင်ခဲ့သောကြောင့် စစ်အစိုးရက လိုက်လံ ဖမ်းဆီးနေသဖြင့် စာနယ်ဇင်းနယ်ပယ်မှ အနည်းဆုံး ၉ ဦး ထိုင်းနိုင်ငံ နယ်စပ်မြို့များသို့ ရောက်ရှိလာခဲ့ကြသည်။
ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင်၊ စာရေးဆရာ ကိုသတိုး၊ ကဗျာဆရာ ကိုကျော်သူမိုးမြင့်၊ ကိုထက်ဇော် (ပန်းသတင်း) ကိုမိုးကျော် (စပယ်ဖြူမဂ္ဂဇင်း) နှင့် ကဗျာဆရာ ကိုအောင်ဝေး၊ ဓာတ်ပုံ သတင်းထောက် လောအယ်စိုးတို့ ပါဝင်သော မီဒီယာသမားများ တိမ်းရှောင်လာခဲ့ရခြင်း ဖြစ်သည်။
“ကျနော့် သူငယ်ချင်းတွေက ပြေးနေကြပြီ၊ ကျနော်တော့ အေးအေးဆေးဆေး နေသေးတယ်။ ဒါပေမယ့်လို့ အိမ်ကို ဧည့်စာရင်း လာစစ်တာမျိုး၊ မသိမသာ ထောက်လှမ်းတာမျိုး၊ ပတ်ဝန်းကျင် လမ်းထိပ်ကနေ စုံစမ်းထောက်လှမ်း လုပ်နေတာမျိုး၊ တဖြည်းဖြည်းနဲ့ သွားလာရတာ၊ စီးပွားရေး၊ လူမှုရေးတွေအပြင် တချိန်ချိန်မှာ တနည်းမဟုတ်ရင် တနည်း ကျနော် ဒုက္ခ ရောက်တော့မယ်ဆိုတာ သိလာရတယ်” ဟု ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင် (၃၆) နှစ်က မဇ္ဈိမ ကို ပြောသည်။
အာဏာပိုင်များ ဖမ်းမိလိုသူများ မတွေ့ရှိပါက မိသားစုဝင်များအား ခေါ်ယူစစ်ဆေးခြင်းနှင့် ပိုင်ဆိုင်မှုများကိုပင် သိမ်းဆည်းကြောင်း ကျောက်ဆည်ဇာတိ၊ ကဗျာဆရာ ကိုကျော်သူမိုးမြင့် (၂၇)နှစ်က ပြောသည်။
“အိမ်မှာ ကျနော့်ကို မတွေ့တော့ ကျနော့် မိန်းမကို ၁ ရက်နဲ့ တည ခေါ်ယူစစ်ဆေးတယ်၊ အိမ်မှာ ကျန်ခဲ့တဲ့သူတွေအတွက် ဘယ်လိုမှ မလုံခြုံပါဘူး၊ ဒါပေမဲ့လို့ ဘာမှလုပ်လို့ မရပါဘူး၊ ဒီလိုမှ တရားဝင် ကွာရှင်းမလုပ်ရင် ကျနော့် အမျိုးသမီးနဲ့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဒုက္ခပေးမှာမလွဲဘူး” ဟုပြောသည်။
“အထင်ကရ ဆေးစက်များ” ကဗျာစာအုပ်ကို ယခုနှစ်၂ဝဝ၇ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့သည့်အတွက် ကိုကျော်သူမိုးမြင့်သည် စစ်ကြောရေးစခန်းသို့ ရောက်ခဲ့ဖူးပြီး ဒဏ်ငွေဖြင့် ပြန်လွတ်လာဖူးသည်။
သို့သော် စက်တင်ဘာ ၁၉ ရက်တွင် ပုံနှိပ်ဥပဒေနှင့် ညှိစွန်းသည်ဟု ပြောဆိုကာ တိုင်းတရားရုံးမှ ဆင့်ခေါ်စာ ပို့ခဲ့သည့်နောက်ပိုင်း ရက်ပေါင်း ၂ဝ ကျော် ပြည်တွင်းတွင် ရှောင်တိမ်းနေခဲ့ရပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ဒီအမှုက အောက်ရုံးမှာပြတ်ပြီးသား၊ ဒါပေမဲ့လို့ မန္တလေး တိုင်းရုံးကနေ ပြန်ပြီးတော့ တရားစွဲတယ်၊ ပုံနှိပ်ဥပဒေနဲ့ ညှိစွန်းတယ် ဆိုပြီးတော့ ဖမ်းဝရမ်းပါ ထုတ်လာတယ် အဲဒီကတည်းက ကျနော် ရှောင်နေရတယ်၊ နောက်ဆုံးတော့ အောက်တိုဘာ ၁၂ ရက်နေ့မှပဲ ထိုင်းရောက်လာတယ်” ဟု သူက ပြောသည်။
စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ယခုလ ပထမပတ်က ပြုလုပ်သော နအဖ သတင်းစာ ရှင်းလင်းပွဲတွင် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော စာပေ အနုပညာရှင်များကို အမျိုးသားရေး စိတ်ဓာတ် အခြေခံ အားနဲသူများအဖြစ် အာဏာပိုင်များဘက်က စွပ်စွဲပြောဆိုခဲ့သည်။
ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) ၏ ၂ဝဝ၇ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အခြေအနေ ထုတ်ပြန်ချက်တွင် သတင်းထောက်များကို ဖိနှိပ်ချုပ်ချယ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့်အတူ အဆိုးဆုံးအဆင့်တွင် တည်ရှိသည်။
သြဂုတ်နှင့် စက်တင်ဘာ လူထုဆန္ဒ ထုတ်ဖော်ပွဲကာလမှ အာဏာပိုင်များမှ ၄ ဦးထက်မနည်း ဖမ်းဆီးထားသည်။
ဂီတကမ္ဘာဂျာနယ်၏ အယ်ဒီတာဟောင်းလည်း ဖြစ်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းခြင်းအား ထောက်ခံ ဆန္ဒပြခဲ့သည့်အတွက် အာဏာပိုင်များက ထောင်ဒဏ် လေးနှစ်ကျခံခဲ့ရသည့် ကိုသတိုး (၂၉)နှစ်သည် ကလောင်အမည်ပင် ပြောင်းလဲခဲ့ရသည်။
“ထောင်ကထွက်ပြီးတော့ သတိုးနဲ့က စာရေးလို့ အဆင်မပြေတော့ဘူး၊ ဒါကြောင့် ထောင်ကထွက်ပြီးတော့ ၂ဝဝ၃ ခုနှစ်ကစပြီး ငြိမ်းချမ်းငြိမ်း နဲ့ဘဲစာရေးခဲ့တယ်၊ ဒါပေမဲ့လို့ စက်တင်ဘာ နောက်ပိုင်းတော့ လုံးဝကို စာရေးစားလို့ မရတော့ဘူး၊ ထောက်လှမ်းရေးတွေရဲ့ လိုက်လံ ဖမ်းဆီးမှုတွေက ရှိနေတယ်ဆိုတော့ ဘာမှကို လုပ်လို့ မရတော့ဘူး” ဟု သူက ပြောသည်။
မြန်မာပြည်မှ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများသည် ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုကို ကောင်းမွန်စွာ အသုံးချနိုင်ခြင်းကြောင့် ကမ္ဘာတလွှား သတင်းထူးများ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။ ထို့အတူ သတင်းသမားများလည်း ပစ်မှတ် ဖြစ်ခဲ့ရသည်။ အချို့က ပြည်ပသို့ တိမ်းရှောင်လာနိုင်သလို အချို့ကတော့ ပြည်တွင်းတွင်ပင် ရှောင်တိမ်းနေရဆဲ ဖြစ်သည်။
သို့သော် သူတို့၏ စာနယ်ဇင်း စိတ်ဓာတ်ကား ကွယ်ပျောက်သွားခြင်း မရှိဘဲ အခွင့်ပေးလျှင် စာနယ်ဇင်းနယ်ပယ်မှာ လုပ်ရန် စိတ်အား ထက်သန်နေဆဲ ဖြစ်သည်။
“ခုလို အနုပညာများကို ပြည်တွင်းမှာ ရေးခွင့်မရတော့ဘူး ဆိုတဲ့အတွက် စိတ်ထဲမှာ ခံပြင်းတယ်၊ မကျေနပ်ဘူး၊ စိတ်ထဲမှာခံစားရတယ်၊ တော်တော်ခံစားရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာ လုပ်ငန်းဆိုတာ သိတဲ့အတိုင်းဘဲ စိတ်ထဲကဖြစ်ပေါ်လာတဲ့ ကိစ္စ၊ အစိုးရကြောင့်တဲ့ ကဗျာဆရာဆိုတဲ့ ဟာကို အခွင့်ရေး ရသရွေ့ ရေးလို့ရတဲ့ နေရာကနေ လုပ်မယ်၊ လုပ်မရရင် လုပ်လို့ရတဲ့နေရာကနေ လုပ်မယ်” ဟု ကဗျာဆရာ ကိုကျော်သူမိုးမြင့်က ပြောသည်။
Thursday, December 27, 2007
စာနယ်ဇင်းသမားများ ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်
Posted by Ko Myint Maung at Thursday, December 27, 2007 0 comments
၂၀၀၇ ထိုင်းရွေးကောက်ပွဲ ပီပီပီ ပါတီမှ မဲအများဆုံးရရှိ
ကိုစိုင်း
၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်ကို ထောက်ခံသည့် “ဖလန်းပရချားချွန်း (People Power Party - လူထုအင်အား)” ပါတီသည် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ၂၃၂ မဲဖြင့် မဲအများဆုံး ရရှိသွားခဲ့သည်။
ဒုတိယ မဲအများဆုံး ရရှိသည့် “ပရချားထိပတ် (Democrat Party - ဒီမိုကရက်)” ပါတီ က အမတ်နေရာ ၁၆၅ နေရာ၊ “ချတ်ထိုင်း” ပါတီ က ၃၇ နေရာ၊ “ဖို့ဖန်တင်” ပါတီ က ၂၅ နေရာ၊ “ရွမ်းဂျိုင်ထိုင်း ချတ်ဖတ်ထနား” ပါတီက ၉ နေရာ၊ “မတ်ချနိမား ထိပတိုင်း” ပါတီက ၇ နေရာနှင့် “ပရချားရတ်” ပါတီက ၅ နေရာ အသီးသီး ရရှိခဲ့ကြသည်။ ယခု ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၄၅ သန်းကျော် ရှိသည့်အနက် လာရောက်မဲပေးသူပေါင်း ၃၂ သန်းကျော် ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၀% ခန့်ရှိကြောင်း သိရသည်။
ယခုရွေးကောက်ပွဲသည် ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲပြီးနောက် ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၀၇ ခုနှစ် အခြေခံဥပဒေကို ရက်ပေါင်း ၉၀ အတွင်း အပြီး ရေးဆွဲခဲ့ခြင်းပြီး စစ်တပ်မှ အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် ယခု ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် အခြေခံ ဥပဒေအရ ပါလီမန်အတွင်း အမတ်နေရာ ၄၈၀ နေရာ (ယခင်က ၅၀၀ နေရာ) ရှိပြီး အမတ်နေရာ ၂၄၁ ရရှိသည့် ပါတီက အစိုးရအဖွဲ့ကို တပါတီတည်းဖြင့် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ သို့သော် လူထုအင်အား ပါတီက အမတ်နေရာ ၂၃၂ နေရာသာ ရရှိထားသည် ဖြစ်ရာ အစိုးရအဖွဲ့ကို တရားဝင်ဖွဲ့စည်းနိုင်ရန် အခြားပါတီ တခုခု သို့မဟုတ် ပါတီများကို မိမိအစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်လာရန် ဖိတ်ခေါ်ရဖွယ် ရှိနေသည်။ လူထုအင်အား ပါတီခေါင်းဆောင် ခွန်ဆမတ် ဆွန်ထော်ရဝေ့သည် အခြားပါတီများအား မိမိတို့ပါတီနှင့် လာရောက်ပူးပေါင်း၍ ပူးတွဲအစိုးရ ဖွဲ့စည်းပါရန် ထိုင်းမီဒီယာများမှတဆင့် ဖိတ်ခေါ်ပြီးဖြစ်သည်။
သို့သော် ဒီမိုကရက်ပါတီခေါင်းဆောင် ခွန်အဖိဆစ် ဝေ့ဂျချီဝ သည် မိမိနှင့်မိမိပါတီ အနေဖြင့် လူထုအင်အားပါတီနှင့် လုံးဝမပူးပေါင်းနိုင်ကြောင်း အတိအလင်း ကြေညာထားပြီး အခြား မည့်သည့်ပါတီနှင့်မဆို ပူးပေါင်းနိုင်ကြောင်း ကြေညာခဲ့သည်။ ခွန်အဖိဆစ် ဝေ့ဂျချီဝ အနေဖြင့် မဲအများဆုံးရရှိသည့် လူထုအင်အား ပါတီက အမတ်နေရာ ၂၄၁ နေရာ ပြည့်ရန်အတွက် လိုအပ်နေသည့် အမတ်နေရာများ ရရှိရန် အခြားပါတီများကို မဖိတ်ခေါ်နိုင်ပါက မိမိပါတီအနေဖြင့် အခြားပါတီများဖြင့် တွေ့ဆုံ ဆွေးနွေးပြီး ပူးတွဲအစိုးရ ဖွဲ့စည်းသွားမည်ဟု ကြေညာထားသည်။
တတိယ မဲအများဆုံး ရရှိသည့် ချတ်ထိုင်းပါတီခေါင်းဆောင် ခွန်ပန်ဟန် ဆီလပအားချားသည် ဒီဇင်ဘာ ၂၃ ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် မိမိပါတီနှင့် စတုတ္ထ မဲအများဆုံး ရရှိသည့် ဖို့ဖန်တင် ပါတီနှင့် ပူးပေါင်းလိုက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ခွန်ပန်ဟန် ဆီလပအားချားသည် ထက်ဆင်၏ ပါတီဟောင်း ထိုင်းရတ်ထိုင်း ပါတီ အာဏာရှိစဉ်တွင် အတိုက်အခံပါတီ သုံးပါတီအနက် တပါတီဖြစ်သည်။ ဖို့ဖန်တင် ပါတီသည် ထိုင်းရတ်ထိုင်းပါတီမှ ခွဲထွက်လာသည့် ပါတီဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိသည့် လူထုအင်အားပါတီသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ် ယာယီ အခြေခံဥပဒေအောက်ရှိ အမြင့်ဆုံး တရားရုံးမှ မဲဝယ်ယူမှု၊ အခြားပါတီငယ်များကို လာဘ်ပေးမှုတို့ဖြင့် ရုပ်သိမ်းခံလိုက်ရသည့် ထိုင်းရတ်ထိုင်းပါတီကို ထောက်ခံသည့်သူများ၊ ထိုင်းရတ်ထိုင်းပါတီ ပါတီဝင်ဟောင်းများဖြင့် ယခု ၂၀၀၇ ခုနှစ်တွင်မှ အသစ်ထပ်မံ ထူထောင်ထားသည့် ပါတီဖြစ်သည်။ ပါတီခေါင်းဆောင် ခွန်ဆမတ် ဆွန်ထော်ရဝေ့ အနေဖြင့် မိမိသည် ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်ကို ထောက်ခံသူဖြစ်ပြီး မိမိပါတီ အစိုးရ ဖွဲ့စည်းနိုင်၍ အာဏာရှိလာပါက ထိုင်းရတ်ထိုင်းပါတီ ရုပ်သိမ်းခံရမှုတွင် နိုင်ငံရေး၌ ပါဝင်လှုပ်ရှားမှု ၅ နှစ် ပိတ်ပင်ခံရသည့် ပါတီ အုပ်ချုပ်ရေး ကော်မတီဝင် ၁၁၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မည့် ဥပဒေကို ရေးဆွဲမည်ဟု မဲဆွယ်ထားခြင်းကြောင့် ထက်ဆင်ကို အားပေးထောက်ခံကြသည့် နယ်ရှိ ပြည်သူများက ယခုလို လူထုအင်အား ပါတီကို တခဲနက် မဲပေးခဲ့ကြခြင်း ဖြစ်သည်။ သူ၏ လူထုအင်အားပါတီ မဲဆွယ်ရာတွင် လိုအပ်သည့် ငွေကြေးများကို ထက်ဆင်မှ ကူညီနေသည်ဟု မြို့နေပညာတတ် လူတန်းစားများနှင့် သိတတ် ပညာရှင်များက ယုံကြည်နေကြသည်။
ဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်နှင့် သူ၏ မိသားစုဝင်များသည် လာဘ်စားမှု၊ အာဏာ အလွဲသုံးစားမှုတို့ဖြင့် ခေါတောဆော် ခေါ် နိုင်ငံတော် ဘဏ္ဍာငွေ အလွဲသုံးစားမှု စစ်ဆေးရေး ကော်မတီ ၏ တရားစွဲဆိုထားခြင်း ခံထားရပြီး ဘဏ်တွင်အပ်နှံထားသည့် သူ၏ ပိုင်ဆိုင်မှုငွေကြေး ထိုင်းဘတ် သန်းထောင်ပေါင်းများစွာကို ထုတ်ယူခွင့် ဆိုင်းငံ့ခံထားရသည်။ အမှုရှံးနိမ့်ပါက အဆိုပါ ငွေကြေးများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး ထောင်ဒဏ်ချမှတ် ခံရဖွယ်ရှိနေသည်။ ယခုတွင် သူသည် ဟောင်ကောင်တွင် ရောက်ရှိနေပြီး လာမည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာမည်ဟု ကြေညာထားသော်လည်း လူထုအင်အားပါတီ အနိုင်ရရှိသည့်အတွက် ခပ်စောစော ပြန်လာဖွယ် ရှိသည်။ သူသည် အာဏာသိမ်းခံရစဉ်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ မြို့တော်တွင် UN အစည်းအဝေး တက်ရန်အတွက် ရောက်ရှိနေခဲ့ပြီး ထိုစဉ်ကတည်းက တိုင်းပြည်သို့ ပြန်မလာရဲပဲ မန်ချက်စတာ စီးတီး ဘောလုံးကလပ်ကို ဝယ်ယူ၍ အင်္ဂလန်နိုင်ငံတွင် နေထိုင်နေခဲ့ရသည်။
၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ယခု ယာယီအစိုးရတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်မှူးကြီး ဆွန်ထိ ဘွန်းယလတ်ကလင်း က ရွေးကောက်ပွဲမတိုင်မီတွင် ထက်ဆင်ကို ထောက်ခံသည့် လူထုအင်အားပါတီ အနိုင်ရရှိပါကလည်း ဒုတိယအကြိမ် အာဏာသိမ်းမှု မပြုလုပ်ပဲ ရွေးကောက်ပွဲရလဒ်ကို လက်ခံပါမည်ဟု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သော်လည်း ဒုတိယအကြိမ် အာဏာသိမ်းမည်ကို စိုးရိမ်မှုများ ရှိနေသည်။
Posted by Ko Myint Maung at Thursday, December 27, 2007 0 comments
မြန်မာအလောင်း (၂၂) လောင်းကို ထိုင်းရေပိုင်နက်တွင် တွေ့ရှိ
နေသွင်
ကလေးငယ်အလောင်း (၄) လောင်း၊ အမျိုးသမီး အလောင်း (၈) လောင်းနှင့် အမျိုးသား အလောင်း (၄) လောင်း အပါအ၀င် အနည်းဆုံး မြန်မာအလောင်း (၂၂) လောင်းကို ဘန်ကောက်တောင်ဘက် ကီလိုမီတာ (၅၇၀) အကွာ၊ ရနောင်းကမ်းခြေ အနီးရှိ အာဒမန် ပင်လယ်ပြင်တွင် စနေနေ့က တွေ့ရသည်ဟု ဒေသတွင်း သတင်းများကဆိုသည်။
ရုပ်ပျက်ဆင်းပျက် ဖြစ်နေသဖြင့် မည်သူမည်ဝါ သတ်မှတ်ရန်ခက်ခဲသော အဆိုပါ အလောင်းများသည် လွန်ခဲ့သော (၂) ရက်ခန့် ကတည်းက သေဆုံးခဲ့သော အလောင်းများ ဖြစ်သဖြင့် အလောင်းတွေ့ရှိရာ နေရာအနီးတ၀ိုက်တွင် ကြာသာပတေးနေ့က လှေတစင်း နစ်မြုပ်ခဲ့ပုံရသည်ဟု ရဲများက ခန့်မှန်းသည်။
အလောင်းများကို ငါးဖမ်းသမားများ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရနောင်းရှိ ဘုန်းကြီး ကျောင်းတွင် ယာယီ သိမ်းဆည်းထားကြောင်း သိရသည်။
ထိုင်းသတင်းရပ်ကွက် အဆိုအရ မြန်မာ့ရေပိုင်နက်အတွင်းတွင် အခြား အလောင်းများ ထပ်မံ တွေ့နေရသော်လည်း မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်၍ မရသောကြောင့် ဆယ်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
Posted by Ko Myint Maung at Thursday, December 27, 2007 0 comments
စစ်အစိုးရကို တော်လှန်ရန် စာဖြင့် စစ်တွေတွင် လှုံ့ဆော်
ငြိမ်းချမ်း
စစ်တွေမြို့တွင် ရုပ်ပြောင် ရေးဆွဲထားသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေပုံနှင့် စစ်အစိုးရ တော်လှန်ရန် တိုက်တွန်းထားသော စာရွက်များ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပျံ့နှံ့နေသည်။
ဗိုလ်ချုပ် သန်းရွှေ မိန်းခွန်းပြောနေဟန် ကာတွန်းရုပ်နှင့် "ဟစ်တလာနှင့် ဆက်ဒမ်ဟူစိန်ထက်ပင် ရက်စက်သော နအဖ စစ်အစိုးရ" ဟူသော စာသားများပါသည့် စာရွက်များကို ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက်နှင့် ရွှေစေတီကျောင်းရှေ့ ညောင်ပင်ကြီးအနီး လမ်းများတွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။
"သာသနာကို စော်ကားပြီး ဘုန်းတော်ကြီးတွေကို သတ်ဖြတ်နေတဲ့ စစ်အစိုးရကို တော်လှန်ကြပါ၊ မြန်မာပြည်သူများက လက်ပိုက် ကြည့်မနေကြဘဲ ၀ိုင်းဝန်းပြီး ဆန့်ကျင့် ဆန္ဒပြကြပါ" ဟုလည်း ပါရှိသည်။
အတုလမာရဇိန် ဘုရားတွင်လည်း ကပ်ထားသည့် စာရွက်များကို လူအများ ၀ိုင်းအုံကြည့်နေချိန်တွင် လုံထိန်းနှင့် စစ်တပ်များကလည်း စာရွက်များ လိုက်လံရှာဖွေ ဖျက်ဆီးလျှက်ရှိပြီး လုံခြုံရေးများ တိုးမြှင့် ချထားလိုက်သည်။
Posted by Ko Myint Maung at Thursday, December 27, 2007 0 comments
အဓိကရုဏ်း နှိမ်နှင်းရေးသင်တန်းများ ရန်ကုန်နှင့် ပခုက္ကူတွင် ပြုလုပ်
မောင်ဒီး
လူထုအုံကြွမှု ထပ်မံ ဖြစ်ပေါ်လာပါက နှိမ်နှင်းနိုင်ရန်အတွက် အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းများကို ရန်ကုန်နှင့် ပခုက္ကူမြို့တွင် ရဲတပ်ဖွဲ့များက သင်တန်း ပေးနေကြသည်။
ရန်ကုန်မြို့ပြင်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တည်ရှိရာ သာဝနယ်မြေရှိ သီဟဒီပ အားကစားကွင်းအနားရှိ ဘောလုံးကွင်း တခုတွင် သန်လျင် ရဲတပ်ရင်းတခုက ရဲသား ၅ဝ ခန့်ကို ယခုရက်ပိုင်းအတွင်း နံနက်ပိုင်း၌ သင်တန်းပေးနေသည်ကို တွေ့ခဲ့ရသည်ဟု အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။
“ကျနော် ကျောင်းသွားရင်း တခါသွားကြည့်မိတော့ တန်းစီထားတဲ့ အခြမ်းမှာ လူ ၄-၅ဝ လောက် ရှိတယ်။ အရှေ့က ကွပ်ကဲပေးတဲ့ လူက အပွင့်နဲ့လူက ၃ ယောက်လောက်ပဲ။ တပ်သားတွေက ဒူးထောက်ပြီးတော့ သေနတ်လို ချိန်ထားတယ်။ ဘေးမှာက ရိုက်တဲ့ ဒုတ်တွေ ချထားတယ်။ နံပါတ်ဒုတ်လို ပုံစံတွေပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ စာမေးပွဲဖြေနေသည့် ယခုရက်ပိုင်းအတွင်း သင်တန်းပေးလာခြင်းသည် ကျောင်းသားများကို အင်အားပြ ငြိမ်းခြောက်ခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ ကျောင်းသားက ဆက်ပြောသည်။
အလားတူ သင်တန်းမျိုးကို မကွေးတိုင်း ပခုက္ကူမြို့တွင်လည်း ယခု လဆန်းပိုင်းက စတင်ကာ ဒေသခံ ရဲများက ပို့ချခဲ့သေးသည်။
သင်တန်းကာလ တလကြာမည်ဖြစ်ပြီး အဓိကရုဏ်း နှိမ်နှင်းရေး တိုက်နည်းခိုက်နည်းများကို အဓိက သင်တန်းပေးသွားမည် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ပဲခူးတိုင်းအတွင်းရှိ ဇီးကုန်းနှင့် မြို့နယ်အချို့ တွင်မူ ဇီးကုန်းအခြေစိုက် တပ်မ ၆၆ က မြို့နယ်တခုချင်း၌ ရှိသော ကျေးရွာအုပ်စု တစုလျှင် ရွာသားလူတဦးကျနှုန်း စစ်တပ်ထဲ မဝင်မနေရ အမိန့်ထုတ်ကာ ကျေးရွာ ရယကအဖွဲ့က လိုက်လံ သွတ်သွင်းနေသည်ဟု ဒေသခံတဦးက ပြောသည်။
“တအုပ်စုကို တယောက်ပေါ့။ ကျနော်တို့ တောရွာတွေမှာ ကျေးရွာအုပ်စုတွေ ရှိတယ်လေ။ တအုပ်စုမှာ ၃၊ ၄ ရွာရှိတယ်။ အဲဒါ တအုပ်စုကို တယောက်နှုန်း လိုက်ကောက်နေတယ်။ အဲလိုမှ မပေးရင် တအိမ်ထောင်ကို ကျပ် ၂ ထောင်ကနေ ၃ ထောင်အထိ ပေးရမယ်တဲ့။ မြို့ပေါ်မှာ မစုဘူး။ ရွာတွေမှာပဲ စုတာ” ဟု ဇီးကုန်းမြို့ခံ တဦးက ပြောသည်။
ဇီးကုန်းမြို့နယ် တမြို့နယ်တည်းတွင် ကျေးရွာအုပ်စု ၂၉ စုရှိသဖြင့် လူ ၂၉ ဦး ရှာပေးရမည့်သဘော ဖြစ်နေပြီး ရယကများက စစ်သားသစ် ရရှိရန်အတွက် တအိမ်ထောင်လျှင် ၃ ထောင်နှုန်း ကောက်ခံကာ ငွေ ၂ သိန်းကျော်ခန့်ဖြင့် စစ်သားလိုက်မည့် လူကို ငွေပေးကာ လိုက်လံ ရှာဖွေရသည်။
ယခု ရက်ပိုင်းအတွင်းမှာပင် စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုအတွင်း သံဃာနှင့် ဆန္ဒပြ ပြည်သူများအား လက်သံပြောင်စွာ ရိုက်နှက် ဖြိုခွဲနိုင်ခဲ့သူများကို ဒဂုံမြို့နယ်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် အာဏာပိုင်များက လူမှုထူးချွန်ဆုများ ပေးခဲ့ကာ ရန်ကုန် အောင်ဆန်း အားကစားကွင်းတွင်လည်း ရဲကား အစီး ၁ဝဝ ခန့်သည် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နေခဲ့သည်။
Posted by Ko Myint Maung at Thursday, December 27, 2007 0 comments
ပဲခူး ကလျာဏီသိမ်ကျောင်း ဆရာတော် ပြန်လွတ်လာ
ညံ့ကောင်း
ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရသူ ပဲခူးမြို့ ကလျာဏီ သိမ်ကျောင်းတိုက် ဆရာတော်ကြီးသည် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လွတ်လာခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်တွင် ဆရာတော်ကြီး ဦးတေဇောဘာသ (သက်တော် ၇၆ နှစ်) အား ရွှေတိဂုံ ဘုရားပေါ်မှအဆင်း စစ်ဖက်လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရွာသာကြီး စိတ်ရောဂါကု ဆေးရုံတွင် ၂၅ ရက်ကြာ ထိန်းသိမ်းထားရာမှ စခန်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ဆက်လက်ထားရှိကာ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“ရွှေတိဂုံဘုရားပေါ်က အဆင်းမှာ အဖမ်းခံရတယ်လေ။ ဘုမသိဘမသိနဲ့ ခေါ်သွားခံရတာ။ ၂၅ ရက်ကြာ အရူးထောင်မှာ နေခဲ့ရသေးတယ်။ တနင်္လာနေ့ကတော့ အိမ်ကို ပြန်ပို့ကြတယ်လေ။ အိမ်က မိသားစုတွေနဲ့လည်း ဓာတ်ပုံ ရိုက်သွားသေးတယ်။ ကောင်းကောင်းမွန်မွန် ပြန်ပို့ခဲ့တယ် ဆိုတဲ့အကြောင်း လက်မှတ်လည်း ထိုးလိုက်ရတယ်” ဟု သမီးဖြစ်သူ ဒေါ်မြတ်မြတ်ထွေးက မဇ္ဈိမကို ပြောပြသည်။
ယခင်က လေဖြတ်ဝေဒနာ ခံစားခဲ့ရသော်လည်း ဖမ်းဆီးမခံရခင်အထိ ဆရာတော်ကြီး တပါးတည်း ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်ဘုရားသို့ ဘုရားဖူးကြွချီနိုင်ခဲ့ပြီး ယခု ပြန်လွတ်လာရာ၌ ကျန်းမာရေး အခြေအနေ ကောင်းမွန်ခြင်း မရှိဘဲ ဖြစ်နေသည်။
ဒေါ်မြတ်မြတ်ထွေးက “ကျန်းမာရေးက အရင်တုန်းကတော့ အကောင်းပဲလေ။ ဟိုအရင်တုန်းက လေဖြတ်ခဲ့ဖူးတော့ ကုခဲ့ရသေးတယ်။ အခု စကားပြောတွေ တအားလေးနေတယ်။ ဆေးထိုးဆေးကျွေး လုပ်နေရတယ်။ ကိုယ်တွေလက်တွေကလည်း နာနေတယ် ပြောတယ်။ နဂို လေဖြတ်တဲ့ဒဏ်နဲ့ ပေါင်းပြီး အခု စကားတွေက မပီတော့ဘူး” ဟု ပြောသည်။
မလိုအပ်ဘဲ စိတ်ရောဂါကု ဆေးရုံတွင် ထားရှိခဲ့ပြီး ပြန်လွတ်လာသည့်အခါ ကျန်းမာရေး ချို့ယွင်းလာခဲ့သဖြင့် ကြည်ညိုသူ ဒါယိကာ၊ ဒါယိကာမများနှင့် ဆွေမျိုးသားချင်းများမှ စိတ်မကောင်း ဖြစ်နေကြသည်။
ယခုအခါ ဆရာတော်ကြီးသည် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ သမီးဖြစ်သူ၏ နေအိမ်တွင် သီတင်းသုံး နေထိုင်ပြီး ပဲခူးကျောင်းတိုက်သို့ ပြန်ကြွလိုလျှင် ဒေသအာဏာပိုင်များကို သတင်းပို့ရမည် ဖြစ်သည်။
စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှုအတွင်း မြို့တော်ခန်းမရှေ့တွင် သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ တပါးတည်း ဆန္ဒပြသကဲ့သို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ၃ ရက်ဆက်တိုက် တရားဟောခဲ့သည့် ဆရာတော်ကြီးအား စက်တင်ဘာလ ၂၆ ရက်နေ့တွင် အင်းစိန်ထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ကာ အောက်တိုဘာလ ၂၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
Posted by Ko Myint Maung at Thursday, December 27, 2007 0 comments
Wednesday, December 12, 2007
လူ့အခွင့်အရေး ဆိတ်သုဉ်းနေဆဲ မြန်မာပြည်
မုံပီး
နအဖ စစ်အစိုးရက စက်တင်ဘာလ လှုပ်ရှားမှုနောက်ပိုင်း ပုံမှန်အခြေအနေသို့ ရောက်ရှိသွားပြီဟု ဆိုနေသော်လည်း ဖမ်းဆီးမှုများကို ဆက်လက် လုပ်ဆောင် နေသေးသောကြောင့် လုံခြုံရေးအရ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။
အာဏာပိုင်များ၏ လိုက်လံ ရှာဖွေနေခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ဓါတ်ပုံများကို ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ သင်္ဘောဆိပ်အချို့နှင့် နေရာအနှံ့အပြား၌ ကပ်ကာ မြင်လျှင်မြင်ချင်း ဖမ်းဆီးရန် အမိန့် ထုတ်ပြန်ထားကြောင်း ကျောင်းသား သတင်းရပ်ကွက် အဆိုအရ သိရသည်။
“ကျနော်တို့ အချိန်မရွေး တွေ့တဲ့နေရာမှာ အဖမ်းခံရနိုင်တယ် ဆိုတော့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်မြို့က နေရာ တော်တော်များများမှာလည်း ကျနော်တို့ ဓါတ်ပုံတွေကို ကပ်ပြီး လိုက်ရှာနေတယ်လို့ သိရပါတယ်” ဟု ထွက်ပြေးနေဆဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက မဇ္ဈိမကို ပြောသည်။
သြဂုတ်လအတွင်းက နအဖက လောင်စာဆီဈေးကို အဆမတန် မြင့်တင်လိုက်ခြင်း ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၁၅ ဦးမှာ အာဏာပိုင်များ၏ ဖမ်းဆီး ချုပ်နှောင်ထားခြင်းကို ခံနေရဆဲ ဖြစ်သည်။
“ကျနော်တို့မှာ အခြေခံ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေပါတယ်။ ဒီကနေ့ တကမ္ဘာလုံးက လူ့အခွင့်အရေးနေ့ကို ကျင်းပနေကြပေမယ့် ကျနော်တို့မှာ ခုချိန်ထိ အခြေခံ အခွင့်အရေးလေးတွေတောင် မရှိသေးပါဘူး” ဟု ကိုစိုးထွန်းက ဆက်ပြောသည်။
လူ့အခွင့်အရေးနေ့
ယနေ့ ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများက နအဖ စစ်အာဏာရှင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ သိရှိနိုင်ရန်အတွက် အမှုဖြစ်စဉ် အသေးစိတ် အချက်အလက်များကို မှတ်သားကာ အဆင်ပြေသည့် နည်းလမ်းဖြင့် ၎င်းတို့ထံ ပေးပို့ကြရန် ပြည်သူများအနေဖြင့် တိုက်တွန်း နှိုးဆော်လိုက်သည်။
နအဖ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အချိုးဖောက်ခံ ပြည်သူများ အနေဖြင့် ဆက်သွယ် တင်ပြနိုင်ရန်အတွက်
' );
//-->\n
hrhittaing@gmail.com
' );
//-->
This e-mail address is being protected from spam bots, you need JavaScript enabled to view it
' );
//-->
ဟူသည့် အီးမေးလ်လိပ်စာ တခုကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများက ဖန်တီးထားသည်။
မြန်မာ့နိုင်ငံရေး အကောင်းဖက်ကို ဦးတည်လာရေး အတွက်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို အသုံးချကာ နအဖ စစ်အစိုးရကို ဖိအားပေး တိုက်တွန်းရန် အတွက်လည်း ၈၈ မျိုးဆက် ကျောင်းသားများက ထုတ်ပြန် ကြေညာချက်ထုတ်ကာ တိုက်တွန်း နှိုးဆော်ထားသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကလည်း ၈၈ မျိုးဆက် ကျောင်းသားများ၏ တိုက်တွန်း နှိုးဆော်ချက်နှင့် တူညီစွာ ကျောင်းသားထုများ အနေဖြင့် ကျောင်းသားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထုတ်ဖော် တင်ပြနိုင်ရန်အတွက် အီးမေးလ်များ ဖန်တီးကာ တိုင်စာ လက်ခံနေပြီဟု ယနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
“ကျနော်တို့ ကျောင်းသားတွေမှာ နေ့စဉ်နဲ့အမျှ အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ဒါတွေ ချုပ်ငြိမ်းသွားဖို့က ကျနော်တို့ ဆန့်ကျင်သွားကြရမယ်။ ကျနော်တို့ ပြည်တွင်းက ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုကို အသုံးပြုပြီးတော့ ကျနော်တို့ ချိုးဖောက်ခံရတဲ့ အခွင့်အရေးတွေကို အသေးစိတ်ကအစ တိတိကျကျ ဖော်ထုတ်သွားရမယ်။ ဖော်ထုတ်ပြီးရင် ကျနော်တို့က UNHRC ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ရောက်အောင် တိုင်ကြားသွားဖို့ လိုပါတယ်” ဟု ပြောသည်။
လူ့အခွင့်အရေးနေ့ အခမ်းအနားနှင့် တောင်းဆိုချက်များ
အာဏာပိုင်များ၏ စောင့်ကြည့်နေကြသည့်ကြားမှ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် (HRDP) က ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ရန်ကုန်မြို့ရှိ HRDP ခေါင်းဆောင် ဦးမြင့်အေး၏ နေအိမ်တွင် ကျင်းပခြင်းဖြစ်ပြီး လူ့အခွင့်အရေး လုပ်ဆောင်နေသူများ၊ စိတ်ပါဝင်စားသူများနှင့် နအဖ သတင်းပေးများ အပါအဝင် ၉ဝ ကျော် တက်ရောက်လာသည်ဟု ဦးမြင့်အေးက ပြောသည်။
ရန်ကုန်မြို့ရှိ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက်က မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အနီးကပ် လေ့လာ စောင့်ကြည့်ပေးမည့် ရုံးခန်းတခုကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တောင်းဆိုထားသည်။
“ယူအန်အနေနဲ့ မြန်မာအစိုးရနဲ့ ညှိနှိုင်းကြရန် ကောင်းမယ်။ ကျနော်တို့ ပြည်တွင်းမှာ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ နေရာမှာ ဒါဟာ တွန်းအားလေး တရပ်အဖြစ် လိုတာပေါ့ဗျာ။ အဲဒါလေးရရင် ကျနော်တို့ တွန်းအားလေးတရပ် ဖြစ်မယ်။ အဲဒါလေးကို အရမ်းလိုချင်တယ်။ စိတ်ဆန္ဒ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ တောင်းဆိုတာပါ” ဟု ဦးမြင့်အေးက ဆက်ပြောသည်။
Posted by Ko Myint Maung at Wednesday, December 12, 2007 0 comments
နအဖ တပ်များ ကရင်နယ်မြေအတွင်း ထိုးစစ်ဆင်မှု ပိုမိုလုပ်ဆောင်လာ
သန်းထိုက်ဦး
ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်ဖြစ်သော KNLA တပ်မဟာများ အခြေချရာ စစ်ဒေသများ၌ နအဖတပ်များက ထိုးစစ်ဆင်မှုများ ပိုမို ပြုလုပ်လာနေကြောင်း သိရသည်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့တွင် အခြေချထားသည့် ကေအန်ယူတပ်များကို နအဖတပ်များက လွန်ခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်။
ယခုလို နအဖ တပ်များမှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းမှာ ၎င်းတို့ ရေးဆွဲနေသည့် လမ်းပြမြေပုံအရ စစ်အာဏာရှင်စနစ် တည်မြဲစေရေးအတွက် ကေအန်ယူတပ်များ အဓိက တပ်စိုက်ရာ နယ်မြေများကို ရှင်းလင်းလာခြင်း ဖြစ်နိုင်ကြောင်း ကေအန်ယူ (ဗဟို) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗဒို စောလှငွေက မဇ္ဈိမကို ပြောသည်။
“သူတို့ရဲ့ (နအဖ) လမ်းပြမြေပုံအတိုင်း သူတို့စစ်အာဏာရှင် တရားဝင် တည်မြဲဖို့အတွက် သူတို့လုပ်တဲ့ နေရာမှာတော့ လူတကာတွေ အကုန်လုံးကို မြင်သိအောင် သူတို့ (နအဖ) က ရှင်းထုတ်မှာပဲလေ” ဟု ပြောသည်။
နအဖစစ်တပ်က အောက်တိုဘာလမှ စတင်ကာ သထုံခရိုင်ရှိ KNLA တပ်မဟာ (၁) စစ်ဒေသ၊ တောင်ငူခရိုင်ရှိ KNLA တပ်မဟာ (၂) စစ်ဒေသ၊ ညောင်လေးပင်ခရိုင် KNA တပ်မဟာ (၃) စစ်ဒေသ၊ တနင်္သာရီတိုင်း၊ KNLA တပ်မဟာ (၄) စစ်ဒေသနှင့် ဖာပွန်ခရိုင်ရှိ KNLA တပ်မဟာ (၅) စစ်ဒေသ၊ ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူဒေသ၊ ကေအန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ စစ်ဒေသတို့နှင့် ဖားအံ ခရိုင်ရှိ KNLA တပ်မဟာ (၇) စစ်ဒေသတို့တွင် ရှိရင်းစွဲ နအဖတပ်ရင်းများတွင် စကခ တပ်ရင်းအများအပြားကို အားဖြည့်ကာ ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း KNU ၏ ယနေ့ထုတ် ထုတ်ပြန်ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။
“အခုရောက်လာတဲ့ နအဖတပ်တွေက နယ်မြေစိုးမိုးရေးတပ်၊ နယ်မြေ ထိန်းသိမ်းရေးတပ်မျိုး မဟုတ်ဘူး။ ဥမမာအားဖြင့် ရွှေကျင်တို့၊ ညောင်လေးပင်တို့၊ မုန်း ကားလမ်းတို့ပေါ်မှာ ရိက္ခာတွေ တင်လာတဲ့ ကားတွေ၊ ပေါ်တာတွေကို ပြည်သူတွေက တွေ့ကြတယ်။ ဒါမျိုးတွေက စစ်ဆင်ရေးတွေ လုပ်ဖို့ လက္ခဏာတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်” ဟု ဗဒို စောလှငွေက ပြောသည်။
ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး လုပ်ဆောင်လာသည့် နအဖ စစ်တပ်များသည် ဒေသခံ တိုင်းရင်းသားအပေါ် မတရားညှဉ်းဆဲ သတ်ဖြတ်ခြင်း၊ ငွေ မပေးဘဲ ခိုင်းစေခြင်း၊ ဒေသခံများ၏ ငွေကြေးနှင့် ပိုင်ဆိုင်သည့် ပစ္စည်းများကို လုယူခြင်း၊ နေအိမ်များကို ဖျက်ဆီး မီးရှို့ခြင်း စသည့် လူမဆန်သည့် ညှဉ်းဆဲ နှိပ်စက်မှုများကို ပြုလုပ်လျှက် ရှိနေသဖြင့် ကရင်လူမျိုး ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။
နအဖက မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ဆိုထားသော်လည်း ယခုလို ကရင်ပြည်နယ်အတွင်း လူမျိုးပြုန်း စစ်ဆင်မှုကြီးကို လုပ်ဆောင်လာသဖြင့် အပြောနဲ့ အလုပ် ဖီလာဆန့်ကျင် ဖြစ်နေသည်ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံများ အနေဖြင့် ဝိုင်းဝန်းကန့်ကွက် ရှုံ့ချကြရန်လည်း ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုထားသည်။
Posted by Ko Myint Maung at Wednesday, December 12, 2007 0 comments
မြန်မာ့အားကစား အရှေ့တောင်အာရှတွင် ပိုမိုကျဆင်းလာ
သန်းထိုက်ဦး
မြန်မာ့အားကစား အရည်အချင်းသည် အရှေ့တောင်အာရှ အားကစား လောကတွင် ယခင်နှစ်များထက် ပိုမို ကျဆင်းနေကြောင်း မြန်မာ့အားကစား လေ့လာ သုံးသပ်သူများက ပြောသည်။
ထိုင်းနိုင်ငံ NAKHONRATCHASIMA မြို့တွင် ယခုလ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပလာသည့် ၂၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁ဝ နိုင်ငံအနက် အဆင့် ၇ နေရာတွင် ရောက်ရှိနေကာ ယခင်နှစ်များထက် အားကစား အရည်အချင်း ကျဆင်းသွားသည်ဟု မြန်မာ့အားကစား လေ့လာသုံးသပ်သူများက ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
“အရင်နှစ်တွေ နှစ်တွေတုန်းမှာ ယှဉ်ပြိုင်တုန်းက မြန်မာအားကစား အဖွဲ့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော်တော် ကျသွားတယ်။ အရင်တုန်းက ကျနော်တို့က အနည်းဆုံး ရွှေ ၂၅ ခုလောက် ရတယ်။ အခုဆိုရင်ဗျာ မြန်မာရဲ့ အပေါ်မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ ထိုင်း ၆ နိုင်ငံတောင် အပေါ်ကို ရောက်သွားတယ်” ဟု ရန်ကုန်အခြေစိုက် အားကစားဂျာနယ် ထုတ်ဝေသူ တဦးက မဇ္ဈိမကို ပြောသည်။
ယနေ့အထိ ကျင်းပနေသော အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုသာ ရရှိနေကြောင်း သိရသည်။
“လေ့ကျင့်တာတွေကအစ ပိုက်ဆံတွေ သုံးရတာကိုး။ လေ့ကျင့်မယ်၊ တနိုင်ငံလုံးက ထူးချွန်တဲ့လူတွေကို ရှာဖွေခေါ်မယ်၊ ရန်ကုန်မှာ ထားပြီးတော့ စခန်းသွင်းရမယ်၊ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံတွေ လိုအပ်တယ်။ အဲဒါတွေ အားလုံး ပေါင်းစပ်မှ ဒီ ရွှေတံဆိပ်ဆိုတာ ဆွတ်ခူးနိုင်မှာ။ အဓိကကျတာ အဲဒါပဲ” ဟု အားကစားသတင်း ရေးသားသူတဦးက ပြောသည်။
ရန်ကုန်မြို့ရှိ အားကစား ဝန်ကြီးဌာနမှ လူထု-ပညာဌာနခွဲရုံးသို့ ဆက်သွယ်၍ လက်ရှိပြိုင်ပွဲ အခြေအနေကို အသေးစိတ် မေးမြန်းကြည့်ရာတွင် တာဝန်ရှိသူ အမျိုးသမီးတဦးက “အခုလောလောဆယ်တော့ ရွှေတံဆိပ် ၃ ခုရတယ်” ဟုသာ ဖြေကြားခဲ့ပြီး အခြား အချက်အလက်များကိုမူ ဖြေကြားခြင်း မရှိခဲ့ပါ။
ယခု အားကစားပြိုင်ပွဲသို့ မြန်မာ အားကစားသမား ၅ဝ၉ ဦး သွားရောက် ယှဉ်ပြိုင်သူထဲ၌ သေနတ်ပစ်သမားက ရွှေတံဆိပ် ၂ ခုနှင့် ဝူးရှူးပြိုင်ပွဲက ရွှေ တခု ရရှိထားကာ၊ ငွေနှင့် ကြေးဆုတံဆိပ် ၃၄ ခု ရရှိထားကြောင်း သိရသည်။
ယခုလ ၂ ရက်နေ့က အရှေ့တောာင်အာရှ အမျိုးသားဘောလုံး ယူ ၂၃ တွင် ထိုင်းနှင့် မြန်မာအသင်းတို့က ယှဉ်ပြိုင်ကြရာတွင် မြန်မာက ၂ ဂိုး - ၃ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။
Posted by Ko Myint Maung at Wednesday, December 12, 2007 0 comments
စစ်တွေ သံဃာတော်များ စာမေးပွဲဖြေရန် ငြင်းဆို
ငြိမ်းချမ်း
သာသနာရေး ၀န်ကြီးဌာနက လာမည့်နှစ် မတ်လတွင် ပြုလုပ်မည့် သံဃာ့ စာမေးပွဲအတွက် လျှောက်လွှာ တင်ခိုင်းထားသော်လည်း ရခိုင်ပြည်နယ် စစ်တွေရှိ သံဃာတော် အများစုက ၀င်ရောက်ဖြေဆိုရန် ငြင်းဆန်ထားကြသည်။
နိုင်ငံတ၀ှမ်း၌ စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ပထမငယ်၊ ပထမလတ်နှင့် ပထမကြီး စာမေးပွဲများ ဖြေဆိုရန်အတွက် ဗုဒ္ဓပါဠိ စာပေသင်ကြားနေသည့် သံဃာတော်များကို ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းကတည်းက လျှောက်လွှာတင်ခိုင်းသော်လည်း စစ်အစိုးရနှင့် မပတ်သက်လိုခြင်းနှင့် ဖမ်းဆီးခံရမည်ဆိုသော ကောလာဟလများကြောင့် လျှောက်လွာမတင်ကြခြင်း ဖြစ်သည်။
“အခုအချိန်ထိ စာမေးပွဲဖြေဆိုဖို့ များသောအားဖြင့် သံဃာတော်တွေက လျှောက်ထားတာ မတွေ့ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နိုင်ငံရေး အန်တုမှုတခု ဖြစ်သလို၊ စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုတုန်းက စစ်တပ်က ဆန္ဒပြ သံဃာတော်တွေကို ရိုက်ယူထားခဲ့တဲ့ ဓာတ်ပုံတွေနဲ့တကွ ဖမ်းဆီးမယ်လို့ ကြားနေရလို့လေ” ဟု အမည်မဖော်လိုသူ စစ်တွေမှ သံဃာတပါးက မဇ္ဈိမကို မိန့်ကြားသည်။
မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သည့် စစ်တွေ သံဃာတော်အများစုက လျှောက်လွှာ တင်သွင်းလိုမှု မရှိကြောင်း ပြောကြားကြသော်လည်း ဒေသ အာဏာပိုင်များထံမှ မှတ်ချက်ရယူနိုင်ခြင်း မရှိပါ။
စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့သည့် သံဃာလူထု လှုပ်ရှားမှုတွင် ဒေသအာဏာပိုင်များက သံဃာတော်များအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် နိုင်ငံတ၀ှမ်းတွင် ပတ္တနိကုဇ္ဇန ကံဆောင်ကာ သံဃာတော်များက စစ်အစိုးရကို ကံဆောင် သပိတ်မှောက်ခဲ့ကြသည်။
စစ်တွေရှိ ဘုန်းကြီးကျောင်းတိုက်တခုမှ စာချ ဆရာတော်တပါးက “သံဃာတော်တွေ အားလုံးက စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ရတာဟာ ဗုဒ္ဓလမ်းစဉ်အတိုင်း လုပ်ရတဲ့ မေတ္တာပို့ကံဆောင်မှု ဖြစ်ပါတယ်။ စစ်တပ်က မတောင်းပန်သရွေ့  ပြီးမြောက်မှာ မဟုတ်ပါဘူး” ဟု မိန့်ကြားသည်။
Posted by Ko Myint Maung at Wednesday, December 12, 2007 0 comments
ကမ္ဘာ့သွင်တူဖြစ်စဉ် (Globalization) ထောက်ခံခြင်းနဲ့ ကန့်ကွက်ခြင်း
မိုးသီးဇွန်
(ဒီနေ့ ကမ္ဘာ့နိုင်ငံတွေဟာ တနိုင်ငံနဲ့တနိုင်ငံ ပိုပြီး ကူးလူးဆက်ဆံရတဲ့ အနေအထားကို ရောက်လာတယ်။ ဒီတော့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုပုံစံတွေ တနိုင်ငံနဲ့ တနိုင်ငံ နီးစပ်လာရတယ်။ တနိုင်ငံနဲ့ တနိုင်ငံ တူလာတယ်။ ဒါကြောင့်မို့ အသွင်တူလာတယ်။ ဒါကြောင့် ကမ္ဘာ့အသွင်တူလာတဲ့ ဖြစ်စဉ်လို့ ယူဆတယ်။ ဒီဆောင်းပါးမှာ ကျနော် ကမ္ဘာ့သွင်တူ ဖြစ်စဉ်လို့ပဲ သုံးသွားမယ်။ ဒီဆောင်းပါးမှာ ကမ္ဘာ့သွင်တူ ဖြစ်စဉ်အပေါ် ထောက်ခံမှုရော၊ ကန့်ကွက်မှုကိုပါ ဆွေးနွေး တင်ပြသွားပါမယ်။ ဒီဖြစ်စဉ်က စီးပွားရေးနဲ့ ယဉ်ကျေးမှုကို အဓိက သက်ရောက် သွားစေခဲ့တဲ့အတွက် စီးပွားရေးဆိုင်ရာ အမြင်ဘက်က ဆွေးနွေးထားပါတယ်။ ထောက်ခံတာ၊ ကန့်ကွက်တာကတော့ စာဖတ်သူရဲ့ အပိုင်းပါ။ - စာရေးသူ)
မြန်မာပြည်မှာ ကမ္ဘာ့သွင်တူ ဖြစ်စဉ်အကြောင်းကို လူတွေ ပြောကြဆိုကြ၊ ထောက်ခံကြ၊ ကန့်ကွက်ကြနဲ့ အတော်ကို စိတ်ဝင်တစား ရှိခဲ့ကြတယ်။ ပြည်တွင်းပြည်ပမှာ ထုတ်ဝေခဲ့ကြတဲ့ စာစောင်တွေမှာလည်း ဒါကို အမည်နာမ အမျိုးမျိုး သမုတ်ကြခဲ့ပြီး အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတာတွေ၊ ဆွေးနွေးတာတွေကို ဖတ်ခဲ့ရပြီ။ တချို့က နည်းပညာ တိုးတက်မှုတွေကို တင်စားပြီး ကမ္ဘာကြီးက သေးသွားပြီ၊ ရွာကြီးလောက်ပဲ ဖြစ်လာပြီလို့ တင်စားခဲ့ကြတယ်။
ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကို လူ့အဖွဲ့စည်းတွေနဲ့ ကမ္ဘာ့စီးပွားရေးကို ပြောင်းလဲသွားမှုလို့ ပညာရှင်တွေက အဓိပ္ပာယ် ဖွင့်ကြတယ်။ ဒီဖြစ်စဉ်မှာ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဟာ သိသိသာသာ ပြောင်းလဲ တိုးတက်လာတယ်။ အထူးသဖြင့်တော့ စီးပွားရေးမှာ ဖြစ်တယ်။ စီးပွားရေးမှာ ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲမူ (Trade Liberalization) နဲ့ လွတ်လပ်စွာ ကုန်သွယ်မှု (Free trade) က သိသာတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့တယ်။
၁၉၁ဝ ခုနှစ်ကနေ ၁၉၅ဝ ခုနှစ်တွေအတွင်း ကမ္ဘာ့စီးပွားရေး သိသိသာသာ ကျဆင်းခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းမှာတော့ နိုင်ငံတကာ စီးပွားရေး အသင်းအပင်းနဲ့ ပြန်လည် တည်ဆောက်ရေး အစီအစဉ်တွေ ကောင်းမှုကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးဟာ သိသိသာသာ ပြန်လည် တိုးတက်လာတယ်လို့ ဆိုကြတယ်။ ၁၉၇ဝ ခုနှစ် နောက်ပိုင်းကာလတွေမှာ ကုန်သွယ်ရေး သက်ရောက်မှုက သိသိသာသာ ဖြစ်လာတယ်။ အကျိုးအမြတ်လည်း ရသလို ပြဿနာတွေလည်း ကြုံခဲ့တယ်။
ကမ္ဘာ့သွင်တူဖြစ်စဉ် အဓိပ္ပာယ်သတ်မှတ်ချက်များ
ပညာရှင်တွေက အဓိပ္ပာယ်တွေ အတော်များများ ဖွင့်ကြတယ်။ ဒီထဲမှာ ထင်ရှားတဲ့ အဓိပ္ပာယ်တွေက ...
- ကမ္ဘာ့ရွာကြီး တည်ဆောက်ခြင်း - တနိုင်ငံနဲ့တနိုင်ငံ၊ တယောက်နဲ့တယောက် နီးနီးကပ်ကပ် ဆက်သွယ်လို့ ရလာတဲ့အပေါ်မှာ ဒီလို သတ်မှတ်လာကြတာလေ။ ကမ္ဘာ့ နိုင်ငံသားတွေ အကြားမှာ တယောက်နဲ့တယောက် အတွေ့အကြုံတွေ ဝေငှနိုင်၊ ပိုပြီးတော့ နားလည်လာနိုင်၊ မိတ်ဖွဲ့လာနိုင်ကြပါသတဲ့။
- ကမ္ဘာ့သွင်တူ စီးပွားရေးဖြစ်စဉ် - လွတ်လပ်စွာ ကုန်သွယ်မူက စီးပွားရေးနဲ့ သက်ဆိုင်နေတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာတွေကို လျှော့ချပစ်လာကြတယ်။ ဆိုးကျိုးရလဒ်ထွက်မှု - နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေပဲ အကျိုး ရရှိလာတယ်။ သူတို့က အထူးအခွင့်အရေး၊ ခိုင်မာတဲ့ ဥပဒေရဲ့ အကာကွယ်နဲ့ ငွေကြေးသုံးစွဲနိုင်မှု အပေါ်မှာ ဒေသဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကို ကျော်လွှားနိုင်တယ်။ ဒီဥပဒေတွေကို သုံးပြီး လုပ်အားနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ စက်မှုဖွံ့ဖြိုး နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ လုပ်အားခ ကွာခြားမှုကို အခွင့်ကောင်းယူကြတယ်။
- အရင်းရှင်စနစ် ဖြန့်ကျက်လာမှု - အရင်းရှင်စနစ်က စက်မှုဖွံ့ဖြိုး နိုင်ငံတွေကနေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအထိ ရောက်လာတယ်။ တချို့က ဒီဖြစ်စဉ်ကို နယ်နမိတ် သတ်မှတ်ချက်တွေ နိုင်ငံတွေကို ဖြိုဖျက်ချလာတဲ့ အပိုင်းကို ပိုပြီး အလေးအနက်ထားကြတယ်။
- ကမ္ဘာ့ဝါဒ (Globalism) စီပွားရေးမှာ အမျိုးသား စီးပွားရေးဝါဒ (economic-nationalism)၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) တွေကို လျှော့ချမယ်ဆိုတဲ့ အနှစ်သာရ ရှိတယ်။ လွတ်လပ်တဲ့ အရင်ရှင်စနစ် (Laissez-faire Capitalism) နဲ့ လယ်ဘရယ် ဝါဒသစ်တို့ (neo-liberalism) နဲ့ ရက်ဖောက် ယှက်နွယ်လာတယ်။
ကမ္ဘာ့သွင်တူဖြစ်စဉ် သမိုင်းကြောင်း
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံရေး နောက်ခံမတူတဲ့ အပေါ်မှာ မတူခြားနားတဲ့ နိုင်ငံရေး ပညာရှင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက ကိုယ်ပိုင် သမိုင်းကြောင်းကို ဖွင့်ဆိုကြတာ တွေ့ရတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး အမြင်ဘက်က သတ်မှတ်တဲ့ ကမ္ဘာ့သွင်တူ ဖြစ်စဉ်သမိုင်းကို ဒီနေရာမှာ ဆွေးနွေးမယ်။ ပြုပြင်ပြောင်းလဲမှု (Liberalization) ဆိုတာ လေစာဖဲ (Laissez-faire) ဆိုတဲ့ စီပွားရေးသီအိုရီနဲ့အတူ ကုန်ပစ္စည်းတွေ ထုတ်လုပ်လာတဲ့အခါမှာ ကန့်သတ်မျှုတွေကို လျှော့ချလာတာလို့ အဓိပ္ပာယ် သက်ရောက်လာတယ်။ ဒီပြုပြင် ပြောင်းလဲမှုက နိုင်ငံတွေ ကုန်တင်ပို့မှုမှာ အဓိက ကုန်ပစ္စည်းထုတ်လုပ်မှု၊ ရွေးချယ်မှု ဖြစ်လာစေတဲ့ အနေအထား (ကိုယ့်နိုင်ငံက အဓိကထုတ်ကုန်) နဲ့ ကုန်သွယ်ရေး အခွန်စည်းကြပ်မူတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းဆောင်ရွက်လာမှု အခြေအနေတွေကို ဦးတည်လာတယ်။
ပညာရှင်တချို့ကတော့ ၁၉ ရာစု ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲမှုမှာ ရွှေစံချိန် (Gold Standard) ထားတဲ့ ကာလဆိုတာ ရှိခဲ့တယ်။ ဒီကာလကို ကမ္ဘာ့သွင်တူ ဖြစ်စဉ်ရဲ့ ပထမ ကာလလို့ သတ်မှတ်ကြတယ်။ ဒီကာလကတော့ အင်္ဂလိပ်တွေက နပိုလီယံကို ၁၈၁၂ ခုနှစ်မှာ ဝါတာလူးစစ်ပွဲနဲ့ နိုင်ခဲ့ပြီး ကမ္ဘာ့နယ်ချဲ့အရင့်စား ဖြစ်လာခဲ့တယ်။ ဒီကာလကို အနောက်တိုင်း သမိုင်းဆရာ တချို့က (Pax Britannica) ဗြိတိန် ငြိမ်းချမ်းရေး ကာလလို့ တင်စားကြတယ်။ ဒီကာလကို ရွှေစံချိန်နဲ့ ၁၉ ရာစု လစ်ဘရယ်လိုက်ဇေးရှင်း ကာလကို ပထမ ကမ္ဘာ့သွင်တူ ဖြစ်စဉ်ခေတ်လို့ ခေါ်လေ့ ရှိကြတယ်။ ဗြိတိန် ငြိမ်းချမ်းရေး ကာလကို အခြေခံပြီး ရွှေစံချိန် တိုက်ထားတဲ့ ငွေစက္ကူကို ကုန်သွယ်တဲ့နေရာမှာ သုံးစွဲခဲ့ကြတယ်။ ဒီကာလမှာပဲ စက်မှုတော်လှန်ရေး အတူပေါက်ဖွားလာခဲ့တယ်။
ဒီကာလမှာ စီးပွားရေး သီအိုရီပညာရှင် နှစ်ယောက် ပေါ်လာတယ်။ ဒေဗစ်ရီကာဒိုနဲ့ စေး။ ရီကာဒိုက စီးပွားရေး ပညာမှာ အရေးပါလှတဲ့ (Comparative advantage) ဆိုတဲ့ သီအိုရီတခုကို ဖော်ထုတ်လာတယ်။ ဒီသီအိုရီကတော့ နိုင်ငံနှစ်နိုင်ငံက ကုန်သွယ်လို့ရတယ်။ ကုန်ပစ္စည်းတခုမှာ နိုင်ငံတခုက ထုတ်လုပ်မှုမှာ သာလွန်နေတတ်တယ်။ ကုန်ပစ္စည်းချင်းအတူတူ ထုတ်လုပ်နေတာတောင် ကုန်သွယ်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ခမှာ ဘယ်သူက အခွင့်သာနေလည်းအပေါ်မှာ မူတည်ပြီး ကုန်သွယ်မှုကို လုပ်နိုင်တယ်။ ဒါကြောင့် နှစ်နိုင်ငံလုံး အကျိုးအမြတ်ဖြစ်စေတယ်လို့ သူက ဆိုတယ်။
စေး (Say) က စေးဥပဒေသ ယျေဘုယျမျှခြေ (General Equilibrium) ဆိုတာကို ဖော်ထုတ်လာတယ်။ သီအိုရီရဲ့ အနှစ်သာရက မိုက်ကရို စီးပွားရေးမှာ စားသုံးမှု (Consumption) ၊ ထုတ်လှုပ်မှု (Production) နဲ့ တန်ဖိုး (Price) ဆိုတာ မျှခြေမှာ ရှိနေတတ်တယ်ဆိုတဲ့ ဥပဒေသပါ။ နိုင်ငံတွေကြားမှာ အကျိုးရှိရှိ ကုန်သွယ်လို့ ရတယ်။ ယာယီရှိနေတဲ့ အနှောင့်အယှက်တွေကို ထုတ်လုပ်မှု (Supply) နဲ့ စားသုံးမှု (Demand) က သူ့အလိုလို ဖြေရှင်းသွားမယ်။ ဒီလို ရွှေစံချိန်ထားစနစ် ဖြစ်တည်လာမှု အဆင့်ဆင့်က ၁၈၅ဝ ခုနှစ်နဲ့ ၁၈၈ဝ ခုနှစ်အကြား အဓိက စက်မှုနိုင်ငံတွေ အကြားမှာ ဖြစ်ပေါ်လာတယ်။ ဒီလို ရွှေကို စံချိန်ထားပြီး ကုန်သွယ်တာဟာ မှန်လား၊ မမှန်ဘူးလား ဆိုတာကတော့ အကြီးအကျယ် အငြင်းပွားနေတုန်းပါ။ ဒီ ပထမ ကမ္ဘာ့သွင်တူဖြစ်စဉ်က ပထမ ကမ္ဘာစစ် ဖြစ်လာတဲ့အချိန်မှာ ပြီးဆုံးခဲ့ရတယ်လို့ ပြောလို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၂ဝ ခုနှစ်နဲ့ ၁၉၃ဝ ခုနှစ် အစောပိုင်းကလမှာ ရွှေစံချိန်ထားပြီး ကုန်သွယ်မှုဟာ တစတစ ပြိုကျလာတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်လာတဲ့ အချိန်ကစပြီး ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကစပြီး ကမ္ဘာ့သွင်တူဖြစ်စဉ် ပြန်လည် ဖြစ်လာပြန်တယ်။ မူရင်းကတော့ လူသိများတဲ့ ဂတ် (GATT) ကနေစပြီး လွတ်လပ်စွာ ကုန်သွယ်မှုအတွက် စဉ်ဆက်မပြတ် ကုန်သွယ်မှုကို ကန့်သတ်တာတွေကို ပယ်ဖျက်ဖို့ သဘောတူညီမှုတွေ လုပ်ရာက ဖြစ်လာတာပါ။ ဥရုဂွေး အစည်းအဝေး (Uruguay Round) သဘောတူညီမှုကနေ ကမ္ဘာ့ကုန်သွယ်ရေး အသင်း (World Trade Organization) ကို မွေးဖွား၊ ဒီအသင်းက အငြင်းပွားမှုတွေကို ကြားခံ ဆောင်ရွက်ပေးလာ၊ တခြား အပြန်အလှန် သဘောတူညီမှုတွေ ဖြစ်တဲ့ ဥပရောပ နိုင်ငံတွေအတွင်း ချုပ်ဆိုထားတဲ့ (Maastricht Treaty) နဲ့ နာဖ်ဖတာ (North American Free Trade Agreement) တွေကို သဘောတူညီမှု ရလာနိုင်တယ်။ ဒီသဘောတူညီမှုက ကုန်သွယ်ရေးမှာ အခွန်စီးကြပ်တာတွေ၊ အကန့်အသတ်တာတွေကို လျှော့ချနိုင်အောင် လုပ်ကြတာပါ။
ကမ္ဘာ့သွင်တူဖြစ်စဉ်ရဲ့ သင်္ကေတများ
ပညာရှင်တွေက ဒီဖြစ်စဉ်ကို လက္ခဏာ အမျိုးမျိုး သတ်မှတ်ခဲ့ကြတယ်။ ဒီထဲမှာ တချို့က ဒုတိယ ကမ္ဘာစစ်ကတည်းက သတ်မှတ်ထားတာ။ ဒါတွေကတော့ လူသုံးကုန်ပစ္စည်းများ လှုပ်ရှားမှု၊ ငွေ၊ သတင်းနဲ့ လူထုတွေပါတယ်။ နောက်ပြီး နည်းပညာ တိုးတက်မှု၊ အသင်းအပင်းတွေ၊ ဥပေဒေစနစ်တွေ နိုင်ငံ အဆောက်အဦတွေပေါ့။ နိုင်ငံတကာ ကုန်သွယ်မှုကို ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတူမြှင့်တင်ဖို့၊ နိုင်ငံခြားက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နိုင်ငံတကာ ငွေကြေးစီးဆင်းမှုကို မြှင့်တင်ဖို့၊ သတင်း အချက်အလက်တွေကို စီးဆင်းနိုင်ဖို့တွေ ပါတယ်။ သတင်းအချက် စီးဆင်းမှု ဆိုတဲ့နေရာမှာ အင်တာနက်တွေ၊ ဂြိုလ်တု ဆက်သွယ်ရေး စနစ်နဲ့ တယ်လီဖုန်းတွေ ပါတယ်။ ယဉ်ကျေးမှု ဖလှယ်ရေးဆိုတဲ့ နေရာမှာတော့ အမေရိကန်က ဟောလီးဝုဒ်တို့၊ အိန္ဒိယက ဘောလီးဝုဒ်က ထုတ်လုပ်တဲ့ ရုပ်ရှင်တွေ ရှေ့ဆုံးကပေါ့။ တချို့ပညာရှင်တွေ ထောက်ပြတာကတော့ အကြမ်းဖက်ဝါဒဟာ ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကနေ ပေါက်ဖွားလာတာလို့ ဆိုကြတယ်။ အခုတော့ အကြမ်းဖက်က တကမ္ဘာလုံးကို ဖြန့်ကျက်နေပါပြီ။ ယဉ်ကျေးမှု မျိုးစုံဝါဒနဲ့ ဒါမှမဟုတ် ကိုယ်နှစ်သက်ရာ ယဉ်ကျေးမှုကို ကိုယ်ကျင့်သုံးမှုတွေ ပြန့်နှံ့လာတယ်။ တခြားတဖက်မှာလည်း ယဉ်ကျေးမှုမှာ ပုံစံတူဖြစ်လာတာ၊ ကပြားဖြစ်လာတာ၊ အနောက်တိုင်း ဆန်လာတာ၊ အမေရိကန် ဆန်လာတာ၊ ဒါမဟုတ် တရုတ် ဆန်လာတာတွေကို သိပ်အလေးမထား၊ လျော့ပါးလာတာတွေ ဖြစ်လာတယ်။
နိုင်ငံနယ်နမိတ်တွေကို သူက အကြီးအကျယ် တိုက်စား ပစ်လိုက်တယ်။ တိုက်စားပုံက ကမ္ဘာ့ကုန်သွယ်ရေး အသင်းတို့၊ အိုပက်တို့ကတဆင့် ဖြစ်ဖြစ်၊ လူတွေ ခရီးထွက်တာများလာ။ ကမ္ဘာလှည့် ခရီးသွားလို လုပ်ငန်းတွေက ဖြစ်ဖြစ်၊ လူတွေ တနိုင်ငံက တနိုင်ငံ ကူးပြောင်းနေထိုင်လာမှုတွေက ဖြစ်ဖြစ်၊ တရားမဝင် အစုလိုက်အပြုံလိုက် ဝင်ရောက် နေထိုင်လာမှုတွေကဖြစ်ဖြစ်၊ ကော်ပီရိုက်လို ဥပဒေတွေကဖြစ်ဖြစ် တိုးဝင်တိုက်စား ပစ်လာတယ်။
ကမ္ဘာ့သွင်တူဖြစ်စဉ် (Globalization) ကို ဆန့်ကျင်မှုများ
ကမ္ဘာ့သွင်တူဖြစ်စဉ်ကို ဆန်ကျင်တဲ့ သူတွေထဲမှာ ဗမာနိုင်ငံက အင်းဝဘုရင် မင်းခေါင်က ပထမဆုံးလို့တောင် ပြောလို့ရမယ် ထင်တယ်။ သူက ဒလဘက်မှာ ရှိတဲ့ မွန်တွေကို သွားတိုက်တယ်။
ဗမာတွေ အသေအပျောက် များသွားတယ်။ မွန်တွေက ပေါ်တူဂီတွေဆီက အမြောက်တွေကိုသုံးပြီး ခုခံတာကိုး။ အမြောက်တွေနဲ့ မွန်တွေက ပစ်ခတ်နေတာကို ကြည့်ပြီး၊ သူက အနာဂတ်မှာ ယောက်ျားတို့ရဲ့ လက်ရုံးရည် အခန်းကဏ္ဍကတော့ ပျောက်ပါပြီလို့ ဝမ်းနည်းပက်လက် စကားဆိုရင်း ဘိုးတော်က မျက်ရည်ကျသတဲ့။
သူက အမြောက်တွေသုံးပြီး စစ်တိုက်တာကို မလိုလားဘူး။ ယောက်ျား မပီသဘူး။ ဒါကို လူမှုကျင့်ဝတ်အရ သူက လက်ခံနိုင်ပုံ မရဘူး။
၁၉ ရာစု အစောပိုင်းကာလမှာ ပေါ်တူဂီတွေ ဗမာပြည်ကို စတင် ဝင်ရောက်လာကြတယ်။ ဘုရင်မင်းခေါင်ရဲ့ ပြိုင်ဘက် မွန်ဘုရင့်နိုင်ငံရဲ့ သူရဲကောင်း ဘုရင် ရာဇဓိရာဇ် ဦးဆောင်တဲ့ မွန်တွေနဲ့ ဆက်ဆံရေးတွေ ဖြစ်ထွန်းခဲ့ပုံ ရတယ်။ ပေါ်တူဂီတွေဆီက ခေတ်မီလက်နက်ကို မွန်တွေက စတင် သုံးစွဲလာကြတယ်။ ဒါဟာ ၁၉ ရာစု အစောပိုင်းကာလရဲ့ ကမ္ဘာ့သွင်တူ ဖြစ်စဉ်တခုပေါ့။ ခေတ်မီ လက်နက်တွေကို သုံးစွဲဖို့ မူဟာ ပဋိပက္ခမှာ အရေးပါတယ်ဆိုတာကို မွန်ခေါင်းဆောင်တွေ သိခဲ့ပုံရတယ်။
သူ့လိုပဲ ကမ္ဘာ့သွင်တူဖြစ်စဉ် (Globalization) ကို မနှစ်မြို့သူ တယောက်ကတော့ ခေတ်ဦး အဆိုတော်ကြီး ပြည်လှဖေပေါ့။ သူက အင်္ဂလိပ် ကိုလိုနီစနစ်ကို ဆန့်ကျင်တယ်။ လွတ်လပ်ရေးကို လိုချင်တယ်။ လွတ်လပ်ရေး ရအောင်ဆိုရင် ဇွဲနဘဲနဲ့ ကြိုးစားရမယ်။ နယ်ချဲ့ ယဉ်ကျေးမှုတွေကို ဆန့်ကျင်ရမယ် ဆိုတဲ့ အမြင်ရှိပုံရတယ်။
ဒါကြောင့်သူက နယ်ချဲ့စနစ် အောက်မှာ ဗမာတွေ ကျားကျားလျားလျား ရှိကြစမ်းပါ၊ လုပ်စမ်းပါကွာ၊ တိုက်ကြစမ်းပါ လို့ တိုက်တွန်းတယ်။
ပျော့စိပျော့ဖတ် လုပ်နေရင်တော့ လွတ်လပ်ရေးတော့ သွားတော့မှာပဲလို့ မချိတင်ကဲ ဖြစ်ပုံရတယ်။ ဇွဲနဘဲနဲ့ တိုက်ပွဲ ဝင်စေချင်တယ်။ ဘယ်လို ဇွဲရှိရမလဲ၊ မဟာဇနက မင်းသားလို ပင်လယ်ပြင်ကို ထီမထင် ကူးခတ်သလိုမျိုး သူက ဇွဲရှိစေချင်တယ်။ ဒါပေမဲ့ သူက ခေတ်အလျောက် ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတွေကို အစိုးရိမ်လွန်ပုံတော့ ရတယ်။
ဒါကြောင့်သူ့ရဲ့ ဇွဲ သီချင်းထဲမှာပဲ “ဆော်ဒါလင်နမစ်ရည် ဖောက်လိုက်ရင် မြည်သတဲ့၊ ဘာသာခြားနဲ့ အများက ဆိုပြန်ပြီ အဲဒါကြောင့် ကျနော် မခံချင်ပြီ၊ ဗမာမှန်သမျှ လုပ်ပြစေချင်သည်” လို့ ရင်ဖွင့်ခဲ့တယ်။
ကိုလိုနီခေတ်မှာ စားသောက်မှုပုံစံ ပြောင်းလာပုံရတယ်။ လူတွေက ရိုးရာ မကျည်းဖျော်ရည်၊ သံပုရာရည်ထက် ဆော်ဒါတို့၊ လင်နစ်တို့ကို ကြိုက်နေကြပုံရတယ်။ ဒါကို ခေတ်မီတယ်လို့ ယူဆနေကြပုံရတယ်။ ဒီလိုသောက်နေတဲ့ သူတွေကိုတော့ ပျက်စီးနေပြီလို့ သူက မြင်ပုံရတယ်၊၊ ဒီတော့ ရှုတ်ချတယ်။
ဒါပေမဲ့ ယဉ်ကျေးမှုအရ နိုင်ငံတွေ အပြန်အလှန် ကူးလူးမှုကို သိမ်းကြုံးပြီး ဆန့်ကျင်သလိုတော့ ဖြစ်တယ်။ သူ ဒီလို ဆန်ကျင်နေပေမယ့် ကောင်းတယ်လို့ ယူဆတဲ့ ယဉ်ကျေးမှုကို သူတို့ လက်ခံခဲ့ပုံရတယ်။ ဒါကတော့ ဂီတ - ဂျာဇ်။
သူ သီဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ဂျာဇ်ပုံစံ ဆိုထားတဲ့ သီချင်းတွေပါတယ်။ ၁၉၂ဝ ခုနှစ်တဝိုက် အမေရိကန်က စတင်လိုက်တဲ့ ဂျာဇ် ဂီတက တကမ္ဘာလုံးကို ပြန့်သွားတယ်။ မြန်မာပြည်ကိုလည်း ရောက်လာတယ်။ အတိုက်အခိုက်တွေ ကြားထဲက လက်ခံလိုက်ကြတယ်။ မေရှင်ရဲ့ သစ္စာမာန်တိုင် သီချင်းကို ဒီခေတ် လူကြီးပိုင်းတွေက လက်မခံကြဘူး။ ဒေါ်အမာရဲ့ ဆောင်းပါးတခုမှာ ဒီသီချင်းကို လူကြီးတွေအလစ် ခိုးနားထောင်ရတယ်လို့ ပြောတယ်။
အထူးသဖြင့် “တကိုယ်လုံး သိမ်းကြုံး လိုရာသုံး သက်ဝေ၊ အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်၊ အချစ်အတွက်ဖြင့် အသက်ပင်သေသေ၊ အသွေးကိုယူယူ အသားကိုယူယူ စိတ်တူရည်တူ ရည်ပြုံးပြုံး” ဆိုတဲ့ စာသားမျိုးပေါ့။ ဒါကို ညစ်ညမ်းတယ်လို့ လူကြီးတွေက ယူဆကြပုံရတယ်။ လူငယ်တွေကတော့ ဒီသီချင်းကို ကြားရတိုင်း ရင်ခုန်ကောင်းခဲ့ကြတယ်။ လူငယ်ပိုင်းက လက်ခံကြတယ်။ လက်ခံတဲ့အထဲမှာ ခေတ်ဦး အဆိုတော်ကြီး ပြည်လှဖေလည်း ပါတယ်။
ဗမာတွေ အတော်များများက ကမ္ဘာ့သွင်တူဖြစ်စဉ်မှာ ခေတ်မီတာကို လက်ခံပေမယ့် ခေတ်နဲ့အညီ ပြောင်းလဲရမဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပုံစံတွေကိုတော့ အလေးအနက် ဂရုမပြုမိကြဘူး။ ဒီအချက်ကတော့ အစ္စလာန် အစွန်းရောက်တွေနဲ့ သွားတူတယ်။ အစ္စလာန် အစွန်းရောက်တွေက ခေတ်မီလက်နက်တွေ၊ လက်ကိုင် တယ်လီဖုန်းလို ခေတ်မီပစ္စည်းတွေ၊ ကွန်ပြူတာတွေကို အလွန် နှစ်သက်ကြပေမယ့် နိုင်ငံရေးစနစ်မှာ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုကို တလျှောက်လုံး ဆန့်ကျင်ခဲ့ကြတယ်။
ခေတ်သစ် နိုင်ငံရေးစနစ်က အာဏာကို ဗဟိုမှာ စုပုံထားရာကနေ အာဏာကို ခွဲဝေတဲ့ပုံစံကို ကျင့်သုံးတယ်။ ဒီအခါမှာ သူတို့အခန်းကဏ္ဍ ပျောက်သွားမှာကို စိုးရိမ်သောက ဖြစ်ကြပုံရတယ်။ တရုတ်ပြည် ကွန်မြူနစ်တွေ ဒီနေ့ ဖြစ်ရပ်ကလည်း ဒီအတိုင်းပဲ ဖြစ်တယ်။
တကယ်တော့ တချိန်က ကမ္ဘာသစ်ဖြစ်စဉ်ကို ထောက်ခံကြတဲ့သူတွေက မာ့စ်ဝါဒီတွေနဲ့ အလုပ်သမား သမဂ္ဂတွေ။ သူတို့က ကမ္ဘာ့ပြည်သူတွေ သွေးစည်းညီညွတ်ရေး၊ နယ်နမိတ် အပိုင်းအခြား အကန့်အသတ်တွေကို ဆန့်ကျင်ခဲ့တဲ့သူတွေ၊ ဂျွန်လင်နင်ရဲ့ အင်မယ်ဂျင်း သီချင်းကို သီဆိုခဲ့ကြတဲ့သူတွေ။
ဒီတခါမှာတော့ ကမ္ဘာသစ်ဖြစ်စဉ်ကို ဆန့်ကျင်တာ သူတို့ဖြစ်နေပြီး ထောက်ခံတဲ့သူတွေက စက်မှုနိုင်ငံတွေ ကော်ပိုရေးရှင်းတွေ ဖြစ်နေပါတယ်။ သူတို့အကြောင်းပြချက်ကတော့ ကမ္ဘာ့သွင်တူဖြစ်စဉ်မှာ အကျိုးဖြစ်ထွန်းသူတွေက အရင်းရှင်ကြီးတွေ၊ အာဏာရှင်တွေနဲ့ အကျင့်ပျက် ခြစားသူတွေ ဖြစ်နေလို့ပဲ။
အမြင်အမျိုးမျိုးနဲ့ ကမ္ဘာ့သွင်တူဖြစ်စဉ်ကို လူထုအခြေပြု လူ့အဖွဲ့စည်းတွေ၊ လူမူလှုပ်ရှားသူက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။ ဒီလှုပ်ရှားမူမှာ တိကျတဲ့ ခေါင်းစီးအောက်မှာ လှုပ်ရှားနိုင်တာတော့ မရှိသေးဘူး။ ကမ္ဘာ့သွင်တူ ဖြစ်စဉ် ဆန့်ကျင်မူ (Anti-Globalization) လို့ သတင်းလောက ကင်ပွန်းတပ်ထားတာပဲ ရှိသေးတယ်။ ဒီထဲမှာ ခေါင်းဆောင်တဦး ဖြစ်တဲ့ နော်မာန် ချောစကီးလည်း ပါတယ်။ သူက နာမည်ကတော့ အဓိပ္ပာယ် မရှိသေးဘူး၊ ဒါပေမဲ့ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ ရှိတယ်။ ဒါကတော့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုဆိုတာ ယေဘုယျတော့ ဆန်နေသေးတယ်။ တချို့ လူမှုလှုပ်ရှားသူတွေ ပေးထားတဲ့ နာမည်ကတော့ ကမ္ဘာသစ် ဖြစ်ရမယ်။ (Another World is possible) လို့ ဆိုကြပြန်တယ်။ ပြင်သစ်တွေကတော့ Altermondisme လို့ သုံးစွဲကြတယ်။ ဆန့်ကျင်မှုတွေကတော့ အမျိုးစုံတယ်။ ဝေဖန်ကြတာတွေက လွတ်လပ်တဲ့ ကုန်သွယ်မှုတော့ ဟုတ်ပါရဲ့၊ နိုင်ငံတကာ အသင်းအပင်းတွေလည်း ပါဝင်လားဆိုတော့ ပါဝင်ကြပါရဲ့၊ ဒါပေမဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ၊ အလုပ်သမား လူတန်းစားတွေအတွက် အကျိုးမရှိဘူးလို့ ဆိုကြတယ်။
ကုန်သွယ်ရေး လွတ်လပ်မှုဘက်က ပညာရှင်တွေက စီးပွားရေး ရူဒေါင့်ကနေ ထောက်ပြတာကတော့ ကန့်သတ်မှုမရှိတဲ့ ကုန်သွယ်မှုကနေ ရလာတဲ့ အကျိုးအမြတ်တွေကို ဆင်းရဲတဲ့ နိုင်ငံတွေကို ထောက်ပံ့နိုင်တယ်၊ ချေးငှားနိုင်တယ်လို့ ဆိုကြတယ်။
ဆန့်ကျင်တဲ့ သူတွေကတော့ ကော်ပိုရေးရှင်းကြီးတွေ၊ အားကောင်းအောင် မြေတောင်မြှောက်နေတဲ့ အစီအစဉ်တွေလို့ မြင်ကြတယ်။ နိုင်ငံတွေရဲ့ နိုင်ငံရေး ပေါ်လစီတွေမှာ လုပ်ပိုင်ခွင့်တွေ ပိုရလာအောင် ပုံဖော်နေတာလို့ ဆိုတယ်။ တချို့ကဆိုရင် အရှင်းရှင်စနစ်ရဲ့ မရှိမဖြစ် လိုအပ်လာတဲ့ အရာသာဖြစ်တယ်။ ဥပမာတခု ပြောရရင် အီရတ်ကို အမေရိကန် ဝင်တိုက်တာဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ အကျိုး လိုလားတယ် ဆိုတာထက် အမေရိကန်က သူ့ကိုယ်ကျိုးအတွက် လုပ်သာတာဖြစ်တယ်လို့ ဆိုကြတယ်။ နောက်တချက်ကလည်း အကြွေးစနစ် အခြေခံထားတဲ့ စီပွားရေး (Credit - base economy) ကြောင့် ရေရှည် ဖွံ့ဖြိုးတဲ့စနစ် ဖြစ်မလာဘဲ အကြွေးသံသရာ လည်နေရတယ်။ အဓိက ဆန့်ကျင်မှုကတော့ လစ်ဘရယ်ဝါဒသစ်၊ တံခါးဖွင့် စီးပွားရေးနဲ့ အရင်းရှင်စနစ်တွေ၊ အစိုးရတွေနဲ့ သြဇာကြီးလှတဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ်လို အဖွဲ့တွေက လူထုတွေကို ဘာမှ ထိထိရောက်ရောက် မကူညီပါဘူး။ ကော်ပိုရေးရှင်းတွေရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ် နေကြတာလို့ ဆိုတယ်။ ဒါကြောင့် ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကို လိုလားတဲ့ အစိုးရတွေရဲ့ ညီလာခံတွေ၊ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွေ ဆိုရင် လူတွေရဲ့ ကန့်ကွက် ဆန္ဒပြသံတွေနဲ့ ပွက်လောညံနေတော့တာပေါ့။ လှုပ်ရှားမှုကလည်း ကျယ်ပြန့်လှတယ်။
ခရစ်ယာန် အသင်းတော်တွေ၊ အမျိုးသား လွတ်မြောက်ရေးအသင်းတွေ၊ လက်ဝဲပါတီတွေ၊ သဘာဝ ပတ်ဝန်းကျင်တွေ၊ ထိန်းသိမ်းရေး သမားတွေ၊ လယ်သမားသမဂ္ဂတွေ၊ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး သမားတွေနဲ့ ဆိုရှယ်လစ်တွေ စသဖြင့် စုံလှတယ်။
နော်ချောစကီးကတော့ ဒီလှုပ်ရှားမှုတွေ ဗဟိုချုပ်ကိုင်မှု အားနဲနေတယ်။ လှုပ်ရှားမှုက အဓိကကျတဲ့ မြို့ကြီးတွေမှာ အားနဲနေသေးတယ်လို့ ဆိုတယ်။ အဓိက အချက်အခြာတွေမှာ လှုပ်ရှားမှု မလုပ်နိုင်တာ လက်တွေ့မကျလှဘူးလို့ သူက ယူဆတယ်။
ကမ္ဘာ့သွင်တူဖြစ်စဉ် (Globalization) ကို ထောက်ခံခြင်း
တောင်ငူဘုရင် တပင်ရွေထီးသာ ရှိရင်တော့ ဒီနေ့ ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကို ရှေ့ဆုံးကနေ ထောက်ခံနေမှာ မြင်ယောင်မိသေးတယ်။ သူက အင်းဝဘုရင်မင်းခေါင်လို ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကို မဆန့်ကျင်ဘူးလေ။
ဟုတ်တယ်။ သူက အနောက်တိုင်းဆန်ခဲ့တဲ့ ရှင်ဘုရင်တပါး ဖြစ်ခဲ့လို့ပဲ။ မိရိုးဖလာ ထိန်းသိမ်းလာတဲ့ ယောင်တစောင်းကို သူက ဖြတ်ချတယ်လေ။ ယောင်ဆိုတာ ယောက်ျားပီသတာ၊ တော်ဝင်မင်းမျိုး ဆန်လှတာလို့ ဗမာတွေက ယူဆကြတယ်။ သူက ဒီလို မဟုတ်ရ။
ရှည်လျားလှတဲ့ ဆံပင်က ထိန်းရသိမ်းရ ခက်တယ်။ တိုက်ဟယ်ခိုက်ဟယ်နဲ့ ဆိုတော့ အလုပ်ရှုပ်တယ်။ ကိုယ်တော်မြတ်က ယောင်ကို ပယ်တော်မူသတဲ့။ ဆံပင်ကို ဘိုကေ ပုံထားခဲ့တယ်လို့ သမိုင်းမှာ မှတ်သားဖူးတယ်။
ခေတ်လွန်လိုက်ပုံ တခုကလည်း ဝီစကီ ပထမဆုံးကို ချခဲ့တဲ့သူ။ ထန်းရည်က ချိုမြပါရဲ့။ ဒါပေမဲ့ နေ့လွဲညစာ ထားလို့မရဘူး။ ကိုယ်တော်က တနေကုန် မူးချင်တာလေ။ နန်းတော်မှ ပေါ်တူဂီ တယောက်ကိုခန့်၊ ဝီစကီကို ချက်စေ။ ဒါက ကြာရှည်ခံတယ်။ မှန်မှန် မှီဝဲတော်မူလေတယ်။ ဆေးဖြစ်ဝါးဖြစ် မဟုတ်ဘဲ နင်းကန်မော့လေတော့ ဘုန်မီးတောက်လောင်နေချိန် ငယ်ငယ်ရွယ်နဲ့ပဲ နတ်ရွာ လားတော်မူတော့တယ်။
(သူ့ရဲ့ သားမြေးတွေဖြစ်တဲ့ အေဘီ၊ လူဘောင်နဲ့ ဒီချုပ်က မောင်တွေလည်း ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကို ဆန့်ကျင်ရင်း ဝီစကီပုလင်းကိုတော့ မှန်မှန် ဗျင်းတော်မူကြတယ်။ ဘိုးတော်ခြေရာကို နင်းလား နင်းကြရဲ့။ တပင်ရွေထီးက စစ်ရေးမှာ ကမ္ဘာ့သွင်တူဖြစ်စဉ်ကို လက်ခံပုံရတယ်။ ခေတ်မီ အမြောက်တပ်ဖွဲ့၊ သေနတ်တပ်ဖွဲ့တွေကို ဖွဲ့စည်းစေခဲ့တယ်။ ထိုင်းနိုင်ငံက တလောက ပြသွားတဲ့ ဆူရီယိုထိုင်း ဘုရင်မ သမိုင်းကြောင်းကို ပြန်ရိုက်သွားတဲ့ ရုပ်ရှင်မှာ တပင်ရွှေထီးက နိုင်ငံခြား ကြေးစားတွေကိုသုံးပြီး တိုက်သွားတာကို ပြသွားတယ်။
ဒီတော့ ကမ္ဘာ့သွင်တူဖြစ်စဉ်ဟာ အခုမှတော့ မဟုတ်ဘူး။ ရှည်လားတဲ့ သမိုင်းအဆစ်ချိုးတွေ ရှိခဲ့တယ်။ ဗမာ့သမိုင်း၊ ကမ္ဘာ့သမိုင်းမှာ သဲလွန်စတွေ အများကြီး ရှိနိင်တယ်။
ဒီဖြစ်စဉ်ကို ထောက်ခံတဲ့သူတွေကို ကမ္ဘာ့သွင်တူဖြစ်စဉ်ကို လိုလားသူများလို့ တံဆိပ်ကပ်တယ်။ သူတို့က ဒါဟာ ပထမအဆင့် ဖြစ်စဉ်လို့ ယူဆတယ်။ ဒီဖြစ်စဉ်က တံခါးဖွင့် စီးပွားရေးဘက် တိမ်းညွှတ်တယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဟာ ကမ္ဘာ့ ပြည်သူလူထုတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ နိုင်ငံတကာ အသင်းအပင်းတွေ တည်ဆောက်ရမယ့် အဆင့် ဖြစ်သင့်တယ်လို့ ဆိုကြတယ်။ တခြားသူတွေနဲ့ မတူတာကတော့ သူတို့က အယူအဆရေးရာကို အခြေခံပြီး မသတ်မှတ်ဘူး။ တခြားသူတွေဆိုတာက လက်ဝဲဘက် ယိမ်းတဲ့သူတွေကို ပြောတာ။ လက်ဝဲဘက် ယိမ်းသူတွေက ဒီဖြစ်စဉ်မှာ နိုင်ငံသားတွေ လွတ်လပ်စွာ ဒီမိုကရေစီ နည်းလမ်းတကျ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့် ရှိရမယ်လို့ ခံယူကြတယ်။
လွတ်လပ်စွာ ကုန်သွယ်မှုကို ထောက်ခံတဲ့သူတွေ ထောက်ပြတာကတော့ Comparative advantage လို စီးပွားရေး သီအိုရီတွေ ညွှန်းဆိုတဲ့အတိုင်း၊ လွတ်လပ်တဲ့ ကုန်သွယ်ရေးက ကုန်သွယ်ဘက်တွေ အားလုံးကို အရင်းအမြစ်တွေကို ပိုပြီး မျှတစွာ ဝေခြမ်းပေးတယ်။ ခြုံပြီး ပြောရရင်တော့ ကုန်သွယ်မူက ဈေးနှုန်းတွေကို ချိုသာစေတယ်။ အလုပ်အကိုင် ပိုရတယ်။ အရင်းမြစ်ကို ပိုပြီး မျှတစွာ ခွဲဝေပေးတယ်လို့ သူတို့က ဆိုပါတယ်။
သူတို့က ဒီဖြစ်စဉ်က ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကို ပိုမို ကျယ်ပြန့်လာစေတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပိုပြီး လွတ်လပ်မှုကို ရလာစေတယ်။ စက်မှုနိုင်ငံတွေအနေနဲ့ ဓနဥစ္စာကို ပိုပြီး ကြွယ်ဝလာစေတယ်။
ဝေဖန်စရာ ဖြစ်လာတာကတော့ ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုက အချက်အလက် မခိုင်မာတဲ့ သူတို့ရဲ့ အမြင်တွေနဲ့ ထောက်ခံရမဲ့အစား တိုက်ခိုက်လာတယ်။ တချက်ကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေရဲ့ တနေ့ဝင်ငွေ တဒေါ်လာအောက်ကို ကျရောက်နေတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ဒီအချက်က ငွေဖောင်းပွမှုနှုန်းကို ထည့်တွက်မယ်ဆိုရင် သိပ်မမှန်လှဘူးလို့ ခုခံပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးကတည်းက စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ နိုင်ငံသားတွေရဲ့ သက်တမ်းက နှစ်ဆလောက် ပိုရှည်လာတယ်။ မွေးကင်းစ ကလေးသူငယ်တွေ သေနှုန်းက ကျဆင်းလာတယ်။ ဝင်ငွေ မညီမျှမှုက နဲလာတယ်။ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်ကတော့ ဒီဖြစ်စဉ်ကို ထောက်ခံကြတဲ့သူတွေ။ သူတို့ကို ခြစားနေတဲ့ အဖွဲ့စည်းတွေ၊ ဗျူရိုကရက်တွေ လုပ်ပိုင်ခွင့်နဲ့ ငွေထောက်ပံ့မှုတွေကို နိုင်ငံတွေက ချုပ်ကိုင်ထားတာ၊ ကော်ပိုးရေးရှင်းတွေက ကိုင်ထားတာ မဟုတ်ဘူးလို့ ဒီအသင်းတွေရဲ့ အခြေအနေကို ထောက်ပြကြတယ်။ ငွေအများစုကတော့ အာဏာရှင် နိုင်ငံတွေကို ထောက်ပံ့ကြတယ်။ ဒီလူတွေက ပြုပြင်ပြောင်းလဲရေးကို ဘာတခုမှ ဟုတ်တိပတ်တိ လုပ်ခဲ့တဲ့သူတွေ မဟုတ်။ လူထုတွေကို နောက်ပြေလည်မှ အကြွေးတွေကို ဆပ်ကြလို့ သူတို့က လုပ်ဆောင်ပေးတာလေး ဘာလေးတော့ ရှိပါရဲ့။ ဒါကြောင့် သူတို့ကိုယ်သူတို့ အရင်းရှင် နဲနဲလေးဆန်တာပါ၊ အများကြီးတော့ မဟုတ်ပါဘူး ဆင်ခြေပေးတယ်။ ကမ္ဘာ့သွင်တူဖြစ်စဉ်ကို ဆန့်ကျင်တဲ့ သူတွေကိုတော့ အနောက်တိုင်းက သမဂ္ဂတွေလို အဖွဲ့တွေပါလို့ ကောက်ချက်ချတယ်။
ကမ္ဘာ့သွင်တူဖြစ်စဉ် (Globalization) ကို ထောက်ခံတဲ့ ပညာရှင်တွေထဲမှာ ကိုလံဘီယာ တက္ကသိုလ် စီးပွားရေးဌာနက ပါမောက္ခ ဘကဝါးတီး ရှေ့ဆုံးက နေပါတယ်။ သူ ဒီဖြစ်စဉ်ကို ဆန့်ကျင်တဲ့ သူတွေကို ထိုးနှက် တိုက်ခိုက်ထားတယ်။
ဒီဖြစ်စဉ်ကို ဆန့်ကျင်မှုဟာ ဆင်းရဲမွဲတေမှုကို တိုးစေတယ်။ ကလေးအလုပ်သမား ဖြစ်မှုကို သွေးထိုးပေးတယ်။ အမျိုးသမီးတွေကို ဘေးဒုက္ဒကြီးစေတယ်။ ဒီမိုကရေစီကို ခြိမ်းခြောက်နေတယ်။ ယဉ်ကျေးမှုကို ရန်ပြုတယ်။ လုပ်ခကို ကျဆင်းစေတယ်။ လုပ်အား အဆင့်အတန်းကို ဆုတ်ယုတ်စေတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဝါးစေတယ်။ ဒေသတခုလုံးကို သားရဲသမားတွေ လက်ထဲ သက်ရောက်စေတယ်။
ဘကဝါးတီးက ငွေကြေးဈေးကွက်နဲ့ နိုင်ငံတကာ ကူးပြောင်းနေထိုင်မှုကို ပြုပြင် ပြောင်းလဲကြဖို့ ဆွေးနွေးပြတယ်။ ကမ္ဘာ့သွင်တူ ဖြစ်စဉ်ကို အလှည့်အပြောင်း မလုပ်ခင်မှာ စီမံခန့်ခွဲရေးကို ပြုပြင်ကြ၊ လူမှုပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ကြ၊ အသွင်ကူးပြောင်းရေးကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြလို့ ဆော်သြတယ်။ ကမ္ဘာ့သွင်တူဖြစ်စဉ် (Globalization) မှာ ဝေဖန်စရာတွေ ရှိတယ်ဆိုတာ သူ လက်ခံပါတယ်။
ဒါပေမဲ့ ဒါကို သူက ကြောင်းကျိုး၊ အချက်အလက်နဲ့ ဂဟေတည်ထားတာ။ ပေါက်သန်းသေး စွပ်စွဲ ပြောဆိုချက်တွေကို သူက ဖြိုဖျက်ချပစ်ပါတယ်။ သူ့ကောက်ချက်က အထူးသဖြင့် ဆင်းရဲတဲ့ ဒေသတွေမှာ ကမ္ဘာ့သွင်တူဖြစ်စဉ် (Globalization) ပိုတောင်မှ လိုပါသတဲ့။ နဲလို့ကတော့ မရရေးချ မရ။
နိဂုံးချုပ်
မေးစရာရှိတာကတော့ နိုင်ငံတကာ ဆက်ဆံရေးမှာ နိုင်ငံတော် အစိုးရတွေ၊ နိုင်ငံတွေက အရေးကြီးတဲ့အခန်းက အရေးကြီးတယ်လို့လည်း ဆိုသေးတယ်။ နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း မှေးမှိန်ဖို့ ကြိုးစားဦးမယ်ဆိုတော့ တခုနဲ့တခု ဆန့်ကျင်နေရာ မရောက်ဘူးလား။ တစတစ ကြီးထွားလာတဲ့ ပြဿနာကလည်း ရှိတယ်။ ဒါက သဘာဝပတ်ဝန်းကျင် ပြဿနာ။ သူက နယ်နမိတ်တွေ၊ အစိုးရတွေကိုတောင် ဂရုမစိုက်တာ၊ သူကမှ တကယ်အစစ်။
မစိုက်ရေးချ မစိုက်။ အကုန်လုံးကို ရိုက်ခတ်နေတယ်။ ဘယ်လို လုပ်မလဲ။ နောက်တခုကတော့ ဒီမိုကရေစီကို ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာတွေပဲ ဖြစ်တယ်။ ဒီနေရာမှာ ဂျိဇက်စတီးကလစ်ရဲ့ အမြင်က ထူးခြားတယ်။ သူက ထူးခြားတာက စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရှင်၊ ကမ္ဘာ့ဘဏ်မှာ လုပ်ခဲ့ဖူးတယ်။ ကမ္ဘာရဲ့ ပေါ်လစီတွေကို မကြိုက်လို့ နှုတ်ထွက်လိုက်တယ်။ အခု ကိုလံဘီယာမှာ ပေါမောက္ခ လုပ်နေတယ်။ သူ့ကို ကမ္ဘာ့သွင်တူဖြစ်စဉ်ကို ဆန်ကျင်ရေးသမားလို့ လူသိများတယ်။
သူက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ အိုင်အမ်အက်ဖ်၊ ကမ္ဘာဘဏ်နဲ့ ကုန်သွယ်ရေးအသင်းက တကယ်ပြောင်းလဲနိုင်သလား ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ သူရဲ့ (Globalization and its discontent) စာအုပ်ရဲ့ နောက်ဆုံးအခန်းမှာ အကျိုးရှိမယ့် ပြုပြင် ပြောင်းလဲမှုလုပ်ဖို့ စိတ်ဝင်စားစရာ ကောင်းတာတွေ ဖော်ပြထားတယ်။ လုပ်အားနဲ့ သဘာဝ ပတ်ဝန်းကျင် အဆင့်အတန်းကို ကုန်သွယ်ရေး သဘောတူညီချက်မှာ စေ့စပ်လို့ ရနိင်တယ်လို့ သူ ယူယုံကြည်တယ်။ အစိုးရရဲ့ စည်းမျဉ်းနဲ့ လိုအပ်ချက်က ထိန်းချုပ်ပေးရမယ်။ ကြားခံ ဆောင်ရွက်ပေးရမယ်လို့ သူက တိုက်တွန်းထားတယ်။ ကမ္ဘာ့ဘဏ်ရေး အသင်းအပင်းတွေမှာ ဒီမိုကရေစီနည်းကျ စီမံခန့်ခွဲ အုပ်ချုပ်မှု ရှိရမယ်။ သိပိုင်ခွင့် ရှိရမယ်လို့ သူ ယူဆတယ်။ စီတီကလစ်ရဲ့ စာအုပ်က အရှင်းရှင် ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်ကို ဆန့်ကျင်ဖို့အတွက် ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပုံကို ဖော်ပြထားတယ်။
မိုးသီးဇွန်
မတ်လ ၂၁၊ ၂ဝဝ၅
---------------
ကိုးကား ၁- Joseph Stiglitz," Globalization and Its Discontents" ၂- Bhagwati "In Defense of Globalization" ၃- Thomas L. Morgan "Jazz, The First Thirty Years" 1996 ၄- (http://iresearch.worldbank.org/PovcalNet/jsp/index.jsp)၅- (http://www.theglobalist.com/DBWeb/StoryId.aspx?StoryId=2429)၆- (hteftp://www.columbia.edu/~xs23/papers/worldistribution/NYT_november_27၇- နိုင်ပန်းလှ၊ မွန်-မြန်မာ နှစ် ၄ဝ စစ်ပွဲ၊ စာအုပ်တိုက် ခုနှစ် ၈- ပြည်လှဖေ၊ ဇွဲ သီချင်း၉- မေရှင်၊ သစ္စာမာန်တိုင်သီချင်း
Posted by Ko Myint Maung at Wednesday, December 12, 2007 0 comments
Thursday, December 6, 2007
ရွှေဝါရောင်အရေးတော်ပုံနောက်ပိုင်း တိုက်ပွဲပုံသဏ္ဍာန် စဉ်းစားချက်များ
ဒေါက်တာလွဏ်းဆွေ
စက်တင်ဘာ အရေးတော်ပုံကို အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့ နောက်ပိုင်းမှာ ရှေ့ဆက်ပြီး ဘယ်လိုပုံသဏ္ဍာန်နဲ့ တိုက်ပွဲဝင်ကြမလဲ ဆိုတဲ့အပေါ် သုံးသပ်ဝေဖန်ချက်တွေ၊ အကြံပြု စဉ်းစားချက်တွေ အတော်များများ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ အရေးတော်ပုံအတွင်း သံဃာတော်တွေ ဦးဆောင်ပြီး အကြမ်းမဖက်ဘဲ အနုနည်းနဲ့ မေတ္တာပို့ ချီတက်ဆန္ဒပြတာကို လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူတွေ အပါအ၀င် နိုင်ငံရေး တောင်းဆိုလှုပ်ရှားသူ အတော်များများဆီက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အသံတွေ အဓိက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။တချို့ကကျတော့ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အယူအဆကို ရှေ့တန်း မတင်ဘဲ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းအပေါ် အားကိုးအားထားပြုပြီး စိတ်ရှည်လက်ရှည် သည်းခံ စောင့်မျှော်ဖို့ စဉ်းစားကြတာကို တွေ့ရတယ်။ အဲဒီလို စဉ်းစားသူတွေဆီက နိုင်ငံတကာ ဖိအားတွေ ပိုမိုပြင်းထန်လာတဲ့အပေါ် အခွင့်အရေး အမိအရယူပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင် အားထုတ်ကြိုးပမ်းမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။သေချာတာကတော့ အကြမ်းမဖက်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရော၊ သံတမန်ရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းတွေကို စောင့်စားသူတွေပါ စက်တင်ဘာ အရေးတော်ပုံတုန်းကလို အကြမ်းမဖက်တဲ့နည်း တမျိုးတည်းကို ထပ်သုံးလို့ မရတော့ဘူး ဆိုတာကို လက်ခံလာကြတာပဲ ဖြစ်တယ်။ အဲဒီနည်းကို ထပ်သုံးရင် သံဃာတွေ ပြည်သူတွေ ကျောင်းသားတွေ သက်သက်မဲ့ ထပ်အသတ်ခံရပြီး ထပ်မံရှုံးနိမ့်ဦးမယ် ဆိုတာကို သဘောပေါက် လက်ခံလာကြတာပဲ ဖြစ်ပါတယ်။ နအဖစစ်အုပ်စုကို ဆန့်ကျင် တိုက်ပွဲဝင်သူမှန်သမျှ အဲဒီနည်းကို ဆက်လက်ကျင့်သုံးဖို့ မသင့်တော့ဘူး ဆိုတာကို တညီတညွတ် လက်ခံလာကြတဲ့ သဘောပါပဲ (စက်တင်ဘာ အရေးတော်ပုံအတွင်း ရှေ့ဆုံးကနေ ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ကဗျာဆရာ အောင်ဝေးကဆိုရင် သူ့ရဲ့ ‘အောင်ဝေးစစ်တမ်း’မှာ အဲဒီ နည်းကို ယုံကြည်တဲ့သူ ရှိသေးရင် ယုံကြည်တဲ့သူတွေ ရှေ့ဆုံးက ချီတက်ပြီး ပိုးစိုးပက်စက် အသေခံကြပါလို့တောင် ပြင်းပြင်းထန်ထန် သတိပေး ရေးသားထားတာကို တွေ့ရပါတယ်)။ပထမဦးစွာ အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက် တွေအပေါ် ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ အောက်ဖော်ပြပါ တိုက်ပွဲပုံသဏ္ဍာန် အမျိုးအစား အကြံပြုချက်တွေကို တွေ့ရပါတယ်။(၁) လက်နက်အားကိုးပြီး ဖက်ဆစ်ဆန်ဆန် ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို လက်နက်ကိုင် တော် လှန်ရေးနည်းနဲ့သာ ချေမှုန်းနိုင်မယ်။ အဲဒီအတွက် စုစည်းညီညွတ်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်နဲ့ အဲဒီတပ်ကို ဦးဆောင်ကွပ်ကဲမှု ပေးနိုင်မယ့် ခေါင်းဆောင်တယောက် အမြန်ဆုံး ပေါ်ထွန်းဖို့လိုတယ်။ အဲဒီလို ပေါ်ထွန်းလာမယ့် လက်နက်ကိုင် တော်လှန်ရေးတပ်ကို နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီလိုလားသူ မြန်မာနိုင်ငံသားအားလုံးက ငွေကြေးကအစ လိုအပ်တာတွေကို အလုံအလောက် ထောက်ပံ့ပေးမယ်။ ပြည်သူတွေကလည်း နအဖစစ်အုပ်စုကို အရင်ကထက် မုန်းတီးပြီး ဆန့်ကျင် တိုက်ခိုက်လိုစိတ်တွေ ပြင်းပြနေတဲ့အတွက် တပ်သား စုဆောင်းရတာ လွယ်ကူမယ်။ အဲဒီနည်းနဲ့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ပြီး နအဖစစ်အုပ်ကို ဖြုတ်ချမယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရမယ်။(၂) ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြို့တွေပေါ်တက်ပြီး နအဖစစ်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေမယ့် ဖောက်ခွဲဖျက်ဆီးမှုတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေကို ထိခိုက်မှုမရှိစေမယ့် ပစ်မှတ်တွေကို သေချာရွေးချယ်ပြီး ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ မြို့နယ်တွေက ရဲဌာနတွေ၊ ကြံ့ဖွံ့အသင်းရုံးတွေ၊ အမျိုးသမီးရေးရာ အသင်းရုံးတွေ၊ တိုင်းနဲ့ ပြည်နယ်/ မြို့နယ်/ ရပ်ကွက် အေးချမ်းသာယာရေးရုံးတွေ၊ နအဖနဲ့ ဆွေတော်မျိုးတော်တွေ/ အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အဦးတွေ၊ ကုမ္ပဏီရုံးတွေကို အဓိက ပစ်မှတ်ထား ဖောက်ခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် အစိုးရယန္တရားအားလုံး လုံးဝရပ်ဆိုင်းသွားစေဖို့ ရုံးဝန်ထမ်းတွေကို ကြိုတင်အသိပေး ကြေညာချက်တွေ ထုတ်ပြန်ပြီး အစိုးရရုံးဌာန အဆောက်အဦးတွေကို ဖြိုခွဲဖျက်ဆီးဖို့ ဖြစ်ပါတယ်(အဲဒီလို လုပ်ဆောင်ရာမှာ အပြစ်မဲ့ ပြည်သူ့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး မဖြစ်အောင် သတိကြီးစွာထားပြီး လုပ်ဆောင်ဖို့ လိုပါတယ်)။ အဲဒီကမှတဆင့် အထွေထွေသပိတ်ကို ဖေါ်ဆောင် အရှိန်မြှင့်ပြီး စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။(၃) ပြည်သူတွေအားလုံး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး နအဖရဲ့ ဖိနှိပ်မှုယန္တရားတွေကို ကျားကန်ပေးနေတဲ့ ကြံဖွံ့၊ စွမ်းအားရှင်၊ လုံထိန်း၊ ရဲ၊ မြို့ပေါ်နေ တာဝန်ကျ စစ်သား စတဲ့ ဒေါက်တိုင်တွေ၊ နအဖနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အမျိုးအဆွေတွေ အားလုံးကို အလစ်အငိုက် တိုက်ခိုက်ပြီး သူတို့ သွေးပျက်တဲ့အချိန်မှာ လူထုတိုက်ပွဲကို ပြန်ဖော်ဖို့ ဖြစ်တယ်။ အဲဒီကနေ လူထုတိုက်ပွဲ အရှိန်မြင့်လာတဲ့အခါ စင်ပြိုင်အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ရရာလက်နက် ဆိုတဲ့နေရာမှာ သေနတ်၊ ဗုံး စတာတွေကို ဆိုလိုတာ မဟုတ်ဘဲ မိမိတို့မှာရှိတဲ့ အပ်တိုတချောင်းကအစ တုတ်၊ ဓား၊ လေးခွ၊ ဂျင်ဂလိအဆုံး သုံးလို့ရတဲ့ ပစ္စည်းပစ္စယ အကုန်လုံးကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ စွဲကိုင်အသုံးပြုပြီး တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ အဓိကက နအဖ ဒေါက်တိုင် (လူပုဂ္ဂိုလ်)တွေ အားလုံး သွေးပျက်ခြောက်ခြားပြီး ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ဒါတွေက အကြမ်းမဖက်တဲ့နည်း တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ စဉ်းစားသူတွေရဲ့ အကြံပြုချက်တွေကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာကြည့်တာ ဖြစ်ပါတယ်။ နံပါတ်(၁) စဉ်းစားချက်အပေါ် သုံးသပ်ကြည့်ရင် အေဘီ အက်စ်ဒီအက်ဖ်လို ကျောင်းသားတပ်မတော်ရော၊ ကေအန်ယူအပါအ၀င် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ရှိနှင့်ပြီးသား ဖြစ်တဲ့အတွက် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပစ်ပယ်ပြီး လက်နက်ကိုင် တပ်ဖွဲ့သစ်ကို ထူထောင်ဖို့ဆိုတာ စိတ်ကူးယဉ်တဲ့ သဘောဆောင်မယ်လို့ ယူဆမိပါတယ်။ ဖြစ်နိုင်ရင် ရှိရင်းစွဲ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းစည်းပြီး စည်းလုံးညီညွတ်တဲ့ တော်လှန်ရေး တပ်မတော်ကို ဖွဲ့နိုင်ဖို့ကသာ ဖြစ်နိုင်ချေ ပိုရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ၁၉နှစ်ကျော်လုံးလုံး အချိန်ရခဲ့တဲ့အတွင်းမှာ တစုတစည်းတည်းဖြစ်တဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်ကို မထူထောင်နိုင်ခဲ့တာကို ကြည့်ရင် စုစည်းနိုင်တဲ့ အရည်အချင်းမျိုးရှိတဲ့ ခေါင်းဆောင်တယောက် ပေါ်ထွန်းမလာတာ ဖြစ်နိုင်သလို၊ ဖွဲ့စည်းဖို့ ဖြစ်နိုင်တဲ့ အခြေအနေတွေ လုံးဝမရှိတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ မျက်စိစုံမှိတ်ပြီး တစုတစည်းတည်းဖြစ်တဲ့ လက်နက်ကိုင် တပ်မတော်ကို ဖွဲ့နိုင်ပြီ၊ နအဖ စစ်အုပ်စုကို အောင်ပွဲရတဲ့အထိ တိုက်နိုင်ပြီထားဦး၊ အဲဒီအောင်ပွဲရ လက်နက်ကိုင် တပ်မတော်ကရော ဒီမိုကရေစီ နိုင်ငံတော်ကို ချောချောချူချူ တည်ထောင်ခွင့် ပေးပါ့မလား၊ ကျူးဘား တော်လှန်ရေးခေါင်းဆောင် ကက်စ်ထရိုလို လုပ်နေရင် ဘယ်လိုလုပ်ကြမတုန်းဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ထောက်ပြ စဉ်းစားချက်တွေကိုလည်း တွေ့ရပါတယ်။ အဲသလို ဖြစ်နိုင်ချေ နည်းပါးမှု၊ စိုးရိမ်ပူပန်စရာတွေ ရှိနေမှုကြောင့် နံပါတ်(၁) စဉ်းစားချက်ကို အကြံပြုတဲ့သူက အနည်းစု ဖြစ်တာကို တွေ့ရပါတယ်။အဲဒီလို အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေ စဉ်းစားတဲ့ အကြံပြုချက် အများစုကတော့ အမှတ်စဉ်(၂)နဲ့ (၃)တွေ ဖြစ်တာကို တွေ့ရပါတယ်။ အရေအတွက်အားဖြင့် ဆတူလောက်ကို တွေ့ရပါတယ်။ အဓိကကတော့ အဲဒီနည်းနာ တခုခုကို သုံးပြီး လူထုတိုက်ပွဲနဲ့ ချိတ်ဆက် အနိုင်ယူဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။ နံပါတ်(၂) စဉ်းစားချက်ကို အကောင်အထည် ဖော်ဖို့အတွက်ဆိုရင် လက်နက်ကိုင် အဖွဲ့တွေ တပေါင်းတစည်းတည်း ဖြစ်စရာမလိုဘဲ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် အချိတ်အဆက်ရှိရှိနဲ့ ကိုယ်ကျွမ်းကျင် ပိုင်နိုင်ရာ မြို့ရွာဒေသတွေကို ၀င်ရောက်ပြီး ဖောက်ခွဲဖျက်ဆီးကြဖို့ပဲ ဖြစ်တယ်လို့ အကြံပြုကြတာဖြစ်ပါတယ်။အချုပ်အားဖြင့် ဆိုရရင်တော့ နံပါတ်(၂)နဲ့ (၃) စဉ်းစားချက် နှစ်ခုစလုံးဟာ နံပါတ်(၁) စဉ်းစားချက်ထက် ဖြစ်နိုင်ချေ ပိုများတယ်လို့ အများစုက သုံးသပ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနည်းနာ နှစ်ခုကနေ လူထုတိုက်ပွဲ ပေါ်လာတဲ့အခါမှာ မြေပေါ်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ အချိတ်အဆက်မိမိ လက်တွဲလုပ်ဆောင်ဖို့ အထူးလိုအပ်လှကြောင်း သုံးသပ်တင်ပြရင်း အကြမ်းမဖက်တဲ့ နည်းတခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယုံကြည်သူတွေရဲ့ စဉ်းစားချက်အပိုင်းကို နိဂုံးချုပ်လိုက်ရပါတယ်။(ကျနော်၏ ကိုယ်ပိုင်ဘလော့ဂ်သို့ ပေးပို့ကြသည့် ဆောင်းပါးများ၊ ပေးစာများ၊ အကြံပြုချက်များ ကို အခြေခံပြီး ဤဆောင်းပါးကို ရေးသားပါသည်။ ဆောင်းပါးအမှတ်(၂)တွင် သံတမန်ရေးနည်း နှင့် တွေ့ဆုံဆွေးနွေးရေး နည်းတွေကို စောင့်စားလိုသူများ၏ စဉ်းစားချက်များ အပေါ် ဆက်လက် သုံးသပ်တင်ပြပါမည်။)ဒေါက်တာလွဏ်းဆွေ
Posted by Ko Myint Maung at Thursday, December 06, 2007 0 comments
လှိုင်းတံပိုးအကြား ကူးခတ်ရှင်သန် မြန်မာအနုပညာရှင်များ (သတင်းဆောင်းပါး)
နန်းဒေဝီ
စက်တင်ဘာလတုန်းက ဆန္ဒပြသံဃာတော်တွေကို ထောက်ခံအားပေးတယ် ဆိုတဲ့ စွပ်စွဲပြီး နှစ်ပေါင်း ၃ဝ ကျော် ကာတွန်းဆွဲလာတဲ့ လုပ်ငန်းကို မြန်မာ အာဏာပိုင်တွေက အခုလို ရုတ်တရက် ပိတ်ပင်လိုက်တဲ့အတွက် စာဖတ်သူ ပရိတ်သတ်နဲ့ ဝေးကွာသွားရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဝါရင့်ကာတွန်းဆရာ အော်ပီကျယ်က ရင်ဖွင့်လာပါတယ်။
“အခုတော့ ကာတွန်း မဆွဲရတော့ဘူးလေ။ ကျနော့်ကာတွန်းကို ပရိတ်သတ်တွေက မတွေ့ရတော့ဘူး ဆိုတော့ ဘယ်စိတ်ကောင်းမလဲ။ ကိုယ်တိုင်လည်း စိတ်မကောင်းဘူးပေါ့” လို့ ဆိုပါတယ်။
“အပိတ်ခံလိုက်ရတာကို ကျနော်တို့ကိုယ်တိုင် သိရပါတယ်။ ကြော်ငြာ ကုမ္ပဏီတွေ ကိုယ်တိုင် ပြောပြတယ်။ ဆရာ့ ကာတွန်းတော့ အပိတ်ခံလိုက်ရပြီ။ ကြော်ငြာခွင့် မရတော့ဘူးလို့ ပြောပါတယ်။ နောက်ပြီးတော့ တချို့တွေမှာ ကျနော်နဲ့ ပတ်သက်လို့ ကျနော့် မိတ်ဆွေတွေရဲ့ ဆောင်းပါး၊ ဝတ္ထုထဲမှာ ကျနော့်နာမည် ပါရင်လည်း ပိတ်တယ်” လို့ ဆက်ပြောပါတယ်။
ကာတွန်းဆရာ အောင်ပီကျယ်အပါအဝင် အနုပညာရှင်၊ စာပေပညာရှင် ၁၉ ယောက်နဲ့ သူတို့တွေရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေကို အာဏာပိုင်တွေက ပိတ်လိုက်တာပါ။
အနုပညာရှင်၊ စာပေပညာရှင် အသိုင်းဝိုင်းကတော့ အခုလို အနုပညာ လုပ်ပိုင်ခွင့် ပိတ်လိုက်တာဟာ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေအတွက် သူတို့အသက်ကိုတောင် တပါထဲ သတ်လိုက်တာနဲ့ အတူတူပဲလို့ မှတ်ချက်ပြုကြပါတယ်။
ရုပ်ရှင်လောကမှာလည်း နာမည်ကျော်ကြား လူကြိုက်များတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုရှင် ဦးကျော်သူကိုလည်း ဆင်ဆာခွင့်ပြုချက် ရပြီးတဲ့ ရုပ်ရှင်နဲ့ ဗွီဒီယိုကား ၂ဝ လောက်ကို ရုံတင်ပြသခွင့် ပိတ်ပင် ထားပါသေးတယ်။
“ရုံတင်ခွင့်တောင် ပိတ်ထားတယ် ဆိုတော့ ရိုက်ကူးခွင့်ပါ တခါထဲ ပိတ်ထားလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီလို လုပ်လိုက်တော့ အနုပညာသမားတွေကို အသက်ကိုပါ သေအောင် လုပ်လိုက်တာနဲ့ အတူတူပဲဗျ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က နအဖ ရုံးစိုက်တဲ့ ကျပ်ပြေးအရပ်မှာ စစ်အစိုးရက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ အစိုးရ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ သံရုံးအကြီးအကဲတွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တက်ရောက်တဲ့ပွဲပါ။
သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက သံဃာလူထု လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုရာမှာ သံယာတော်တွေကို ဆွမ်းကပ်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ၊ စာရေးဆရာမ သန်းမြင့်အောင် တို့ကို မျိုးချစ်စိတ် ဓာတ်ခံအားနဲတဲ့ အနုပညာသည်တွေအဖြစ် ပြန်ကြားရေး ဝန်ကြီးက စွပ်စွဲပြောဆိုခဲ့ပြီး၊ မသမာသူလူတစု သွေးထိုးမူကြောင့် ယောရောင်လိုက်ပါသူတွေ ဖြစ်တယ်လို့ စွပ်စွဲ ပုတ်ခတ်ခဲ့ပါတယ်။
အခုလို အနုပညာသည်တွေကို လုပ်ပိုင်ခွင့်တွေ ပိတ်ပင်လိုက်လို့ စားဝတ်နေရေးကို ထိခိုက်စေရုံသာမက ဝါသနာပါတဲ့ အနုပညာလုပ်ငန်းကနေ သွေဖြီသွားအောင် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်လိုက်တာ ဖြစ်တယ်လို့ အနုပညာရှင်တွေက ဝေဖန်ကြပါတယ်။
ကာတွန်းဆရာ အော်ပီကျယ်က “အခက်အခဲက လောလောဆယ်မှာ နဲနဲတော့ ခက်တာပေါ့။ သို့သော် ကျနော်က နဂိုကတည်းက ကွန်ပြူတာ Graphic design လေးပါလုပ်တော့၊ Logo လေးတွေဘာတွေ လုပ်တော့ အဲဒီ Commercial အလုပ်လေးတွေတော့ မထိခိုက်ပါဘူး” လို့ ဆိုလာပါတယ်။
ရုပ်ရှင်မင်းသား ဦးကျော်သူကလည်း “ကျနော့်မှာ နာရေးလုပ်ငန်းလေး ရှိသေးတော့ ခံသာပါသေးတယ်။ ကျနော်ကိုယ်တိုင် နာရေး ဦးဆောင်လာတော့ အလုပ်လည်း တော်တော်တိုးလာတယ်။ လူအများကလည်းပဲ ဒီဟာကို အားပေးကြတယ်” လို့ ပြောပါတယ်။
ကလောင်အမည်ကို အပိတ်ခံရတာကြောင့် စာပေပညာရှင် တချို့က သူတို့ရဲ့ စာမူတွေကို ကလောင်ပြောင်းပြီး ရေးကြည့်ပေမယ့် စာရေးသူတွေရဲ့ ကိုယ်ရေး ရာဇဝင်တွေကို စာပေစိစစ်ရေးက တောင်းလေ့ရှိတာကြောင့် အခက်အခဲ တွေ့ရပြန်ကြောင်း ကာတွန်းရေးဆရာ အော်ပီကျယ်က အခုလို ပြောပါတယ်။
“ကျနော်တော့ ကလောင်ပြောင်းသုံးပြီး ကာတွန်းဆွဲတာကိုတော့ ရှောင်တယ်။ ကျနော်တို့ရဲ့ စာတမျက်နှာကြောင့် မဂ္ဂဇင်း၊ ဂျာနယ်တွေ ထုတ်တဲ့အခါ သူတို့မှာ အဆင့်ဆင့် ဖြတ်ကျော်ပြီး လုပ်ရတော့ ပြဿနာတွေ၊ အခက်အခဲတွေ ဖြစ်မှာကို မလိုလားဘူး။ ဒါကြောင့် ကျနော် ဒီအတိုင်းပဲ ကာတွန်းမဆွဲဘဲ နေလိုက်တယ်” လို့ ပြောဆိုပါတယ်။
အခုလို အဖက်ဖက်က ပိတ်ပင်တားဆီးမှုတွေ အထပ်ထပ် လုပ်ထားလို့ ကာယကံရှင် အနုပညာရှင်တွေသာ မကဘဲ သူတို့ရဲ့ ပရိသတ်တွေ အတွက်ပါ စာပေဆိုင်ရာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ကြရတယ်လို့ အော်ပီကျယ်က အခုလို ထောက်ပြ ဝေဖန်ပါတယ်။
“အဓိကတော့ ကလောင်နာမည်ကို စာဖတ်သူတွေကလည်း အမြဲတမ်း မျှော်လင့်နေကြတယ်။ နောက် အားလုံးကလည်းပဲ ကျနော်ရေးတဲ့ ကာတွန်းလေးကို နှစ်ခြိုက်ကြတယ်လေ။ ဒါပေမယ်လို့ သူတို့တွေ ဖတ်ခွင့်မရှိတော့ ကျနော်တို့နဲ့ အလှမ်းဝေးသွားတာပေါ့” လို့ ဆိုပါတယ်။
စာပေစိစစ်ရေးက တချို့ စာပေအနုပညာရှင်တွေကို ဆင်ဆာက တင်းကျပ်၊ အကန့်အသတ်နဲ့ ထုတ်ဝေခိုင်းသလို အာဏာပိုင်တွေကို ဝေဖန်ပြောဆိုတဲ့ စာရေးဆရာတွေကို Black Lists စာရင်းမှာ မှတ်သားထားလေ့ ရှိပါတယ်။
ဒါပေမဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေရဲ့ ဂျာနယ်၊ မဂ္ဂဇင်း ထုတ်လုပ်သူတွေနဲ့ အာဏာပိုင်တွေရဲ့ အာဘော်ကို ပံ့ပိုးဝန်းရံ ရေးသားချက်တွေကို ထည့်သွင်း ထုတ်ဝေပေးတဲ့ စာပေ လုပ်ငန်းရှင်တွေကိုတော့ မျက်နှာသာ ပေးတာကတော့ ခေါက်ရိုးကျိုးနေတဲ့ နအဖ စာပေကင်ပေတိုင်ရဲ့ ကျင့်ဝတ်တခု ဖြစ်နေပြီလို့ ရန်ကုန် စာပေ အသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။
မကြာသေးခင်က ပြည်သူ့အချစ်တော် စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ ၉၂ နှစ်မြောက်မွေးနေ့မှာ စာပေလောကမှ ကဗျာဆရာတစုက အမှတ်တရကဗျာတွေ ဝေငှကြသလို၊ ကဗျာ ရွတ်ဆိုခဲ့ကြတဲ့အတွက် အာဏာပိုင်တွေက ကဗျာဆရာ နွယ်စိမ်းဝေ (၃ဝ နှစ်) ကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ဇနီးသည်က အခုလို ပြောပြပါတယ်။ “သူ့ကို ခဏဆိုပြီးတော့၊ မေးစရာတွေ ရှိလို့ဆိုပြီး ခေါ်ယူစစ်ဆေးတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ပြန်လွှတ်လိုက်တယ်။ ဘာတွေမေးတယ် ဆိုတာက ကျမ ခင်ပွန်းပဲ သိမယ်ရှင်။ အခု သူ ကားသွားပြင်နေတယ်” လို့ သူက ဆိုပါတယ်။
တချို့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ အများစုကတော့ အာဏာပိုင်တွေကနေ လိုက်လံ ရှာဖွေနေတာကြောင့် ပုန်းရှောင်နေရပါတယ်။
ကာတွန်းဆရာ အော်ပီကျယ်ရဲ့ မိတ်ဆွေတွေရေးတဲ့ စာမူမှာ အော်ပီကျယ် နာမည်ကိုတောင် ရေးသားဖော်ပြခွင့် မပေးပါဘူး။ ဦးအော်ပီကျယ်ကတော့ ကာတွန်းရေးဆွဲသူက ကာတွန်းကိုပဲ ရေးဆွဲသင့်တဲ့အကြောင်း အခုလို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။
“ကာတွန်းကတော့ အဓိက။ သူ့ဟာသူ ဝင်ငွေနဲသည် ဖြစ်စေ၊ များသည်ဖြစ်စေ ကာတွန်းဆရာက ကာတွန်း ရေးရမှာပဲလေ” လို့ ပြောဆိုပါတယ်။
Posted by Ko Myint Maung at Thursday, December 06, 2007 0 comments
တရုတ်က မြန်မာကို စစ်ကား ၄ဝဝ ခန့် တင်ပို့မည်
မျိုးကြီး
တရုတ်နိုင်ငံမှ မြန်မာစစ်တပ်သို့ စစ်ကား ၄ဝဝ ခန့် တင်ပို့မှာ ဖြစ်ပြီး ထက်ဝက်ကျော်သည် မြန်မာနိုင်ငံသို့ တင်ပို့ရန် ယနေ့နံက်ပိုင်းတွင် ရွှေလီမြို့သို့ ရောက်ရှိလာကြောင်း သတင်းရပ်ကွက်များက ပြောသည်။
တုံဖန်းကုမ္ပဏီထုတ် ဖော အမျိုးအစား ကားများဖြစ်ပြီး ဒိုင်နာကားအရွယ် (၆) ဘီးတပ် အပေါ့စား ယာဉ်ငယ်များ ဖြစ်သည်။
“ဒီနေ့မနက်ပိုင်းက စပြီးရောက်လာတာပဲ၊ ကားလေးတွေက ဒိုင်နာအရွယ် ဒီဇိုင်လည်း အဲဒီပုံစံပဲ။ ကားတွေ ရောက်လာတော့ ညစ်ပတ်လို့ ကျနော်တို့ ရေဆေးခုံတွေမှာ ရေဝင်ဆေးကြတာ” ရွှေလီရောက် မြန်မာအလုပ်သမား တဦးက ပြောသည်။
နအဖစစ်တပ် အသုံးပြုရန်အတွက် မူဆယ်-ကြယ်ခေါင် လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံအတွင်း ပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ယခုအခါ ပထမအသုတ် ရောက်ရှိလာသည့် ကားများကို ကြယ်ခေါင်မြို့ ကာစတန်ရုံးရှေ့တွင် စုပုံထားကြောင်း ကြယ်ခေါင်ရှိ မြန်မာကုန်သယ်တဦးက ပြောသည်၊၊
“ဟုတ်တယ် ကာစတန်ရုံးရှေ့မှာ အခုလောလောဆယ် ကားအစီး (၂ဝဝ) ကျော် စုပုံထားတယ်” အဆိုပါ မျက်မြင်ကုန်သည်က ဆိုသည်၊၊
စစ်ကားပေါင်း (၄ဝဝ)ခန့် မြန်မာနိုင်ငံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း တရုတ် အာဏာပိုင် သတင်းရပ်ကွက်က ပြောပြသည်။ စစ်ကားများမှာ ရောင်းချခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်းကိုကား ရှင်းရှင်းလင်းလင်း မသိရပါ။
နိုဝင်ဘာလဆန်းပိုင်းကလည်း နအဖစစ်တပ်အတွက် ဒုံးပစ်စဉ် ကား (၆) စီးကို တရုတ်ကြယ်ခေါင်မှတဆင့် မူဆယ် ပို့ဆောင်ခဲ့သေးကြောင်းလည်း သိရသည်၊၊
“စစ်ကားတွေပို့နေတာတော့ ပုံမှန်ပေါ့၊ မပို့တာတော့ တော်တော်လေးကြာသွားပြီ။ ဒီနှစ်ထဲမှာတော့ ဒုံးပစ်စဉ်ကားတွေရယ်၊ အခုစစ်ကား အသုတ်ရယ်၊ ခပ်စိပ်စိပ် ပြန်ပို့လာတယ်” ဟု တရုတ်-မြန်မာ နယ်စပ်နေ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်၊
“တရုတ်အပေါ်မှာ အများအမြင်မှာ မကောင်းဘူးပေါ့။ လောလောဆယ် နအဖကို ပံ့ပိုးပေးနေတာတွေလည်း အားလုံးက ဝိုင်းပြီး ပြောနေကြတာပဲ။ အခုလိုပြောနေတဲ့ကြားထဲက ပြောင်ပြောင်တင်းတင်း လုပ်လာတာ ဆိုတော့၊ ငါတို့ကတော့ နအဖအစိုးရကို ပြတ်ပြတ်သားသား ထောက်ခံတယ်လို့ ပြချင်တာလားတော့ မသိဘူး” ဟု ဆက်ပြောသည်။
Posted by Ko Myint Maung at Thursday, December 06, 2007 0 comments
ကံဆောင်သပိတ် ပျက်ပြားစေရန် ပခုက္ကူတွင် နအဖ မှ ဆွမ်းဆန်များ ကပ်လှူ
ထိန်လင်း
မကွေးတိုင်း ပခုက္ကူမြို့ရှိ စာသင်ကျောင်းတိုက်ကြီး ၄ ခုသို့ နအဖ အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးမှ လာရောက်ကာ ကံဆောင်သပိတ် ပျက်ပြားစေရန် ဆန်အိတ်နှင့် လှူဖွယ်ပစ္စည်းများကို မကြာသေးခင်က လာရောက် ကပ်လှူခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ဝ ရက်နေ့က အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း မှ သံဃာတော်များ၏ ပတ္တနိကုဇ္ဇနကံ ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သော ပခုက္ကူရှိ စာသင်တိုက်ကြီး ၄ တိုက်ကို ဆွမ်းဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများကို လာရောက်လှူတန်းခဲ့သည်။
“အလယ်တိုက်နဲ့ အရှေ့တိုက်က အကြီးပိုင်းတွေက ယူကြတာ များတယ်။ သံဃာငယ်တွေကတော့ မယူဘူး။ ကိုယ့်သဘောနဲ့ကိုယ် လမ်းပေါ် ထွက်ပုံကြတယ်။ လူတွေကို ပေးပစ်လိုက်တာတော့ ရှိတာပေါ့။ ဗောဓိမဏ္ဍိုင် ကျောင်းကတော့ ဘိုးဘွားရိပ်သာ သွားလှူလိုက်တယ်။ အနောက်တိုက်ကတော့ ပြတ်တယ်။ လုံးဝ အဝင်မခံဘူး” ဟု စာသင်တိုက်ကြီး တတိုက်မှ စာချ ဆရာတော်တပါးက မဇ္ဈိမကို ပြောသည်။
အခြား ဦးဇင်းတပါးကလည်း နအဖ လျှပ်စစ်စွမ်းအင်နှင့် စည်ပင်ဝန်ကြီးတို့မှ ကျောင်းတိုက်များသို့ လာရောက်လှူဒါန်းမှုနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုပြီး သူက ယခုလို ဆက်မိန့်ဆိုသည်။
“လျှပ်စစ်ဝန်ကြီးက ၇၁ အိတ် လှူတယ်။ ကြံ့ဖွံ့က ကျော်တင့် (မြို့နယ် ဥက္ကဌနှင့် ခရိုင်အတွင်းရေးမှူး) က ခွဲပြီး တပါးကို ၆ ပြည်စီ ပို့တယ်။ ဆန်တွေက အညံ့တွေပါ။ မကောင်းပါဘူး။ စည်ပင်ဝန်ကြီးက ဆန်အိတ် ၂ဝ ကို ပြီးခဲ့တဲ့ ၁၅ ရက်မှာ လာလှူသေးတယ်။ တတိုက်ကို အိတ် ၂ဝ လောက်စီ လှူတယ် ထင်တယ်။ ဦးဇင်းတို့တိုက်တော့ အိတ် ၂ဝ လာပို့တာပဲ” ဟု ဆိုသည်။
ဝန်ကြီးများ၏ အလှူကို လက်မခံသော အနောက်တိုက် ခေါ် သာသနာ့ဝိပုလာ ကျောင်းတိုက်ကို မဇ္ဈိမမှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလိုင်း ပြတ်တောက်နေသဖြင့် ခေါ်ဆို၍ မရခဲ့ပါ။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့တွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြနေသည့် သံဃာတော်များကို ဒေသအာဏာပိုင်များက ကြိုးကွင်းပစ်ဖမ်းခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ခြင်းနှင့် ဖမ်းဆီး၍ အတင်းအကျပ် လူဝတ်လဲခိုင်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် နအဖ စစ်အစိုးရအနေဖြင့် သံဃာတော်များကို ၁၇ ရက်နေ့ နောက်ဆုံးထား၍ ဝန်ချတောင်းပန်ရန် သံဃာ့ တပ်ပေါင်းစုကြီးက ပြောဆိုခဲ့သည်။
သို့သော်လည်း စစ်အစိုးရမှ တောင်းပန်ခြင်း မရှိသဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ နိုင်ငံတဝှမ်း၌ အာဏာပိုင်များကို ပတ္တနိကုဇ္ဇန ကံဆောင်လာသည်မှာ ယနေ့ထိတိုင် ဆက်လက် တည်ရှိနေကြောင်းနှင့် ပြန်လည် ရုပ်သိမ်းခြင်း မရှိသဖြင့် အာဏာပိုင်များမှ ယခုလို အလှူအတန်းများ ပြုလုပ်ကာ ကံဆောင်သပိတ် ပျက်ပြားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စာချဆရာတော်က မိန့်ကြားသည်။
၂ဝဝ၈ ခုနှစ် မတ်လတွင် စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ပထမပြန် စာမေးပွဲအတွက် စာမေးပွဲဖောင်များ ပေးပို့၍ ဖြေဆိုမည့် သံဃာတော် စာရင်းများကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကောက်ခံရာတွင် ပခုက္ကူရှိ အရှေ့တိုက်မှ သံဃာ ၂ ပါးသာ စာရင်း ပေးသွင်းထားကြောင်းနှင့် စာသင်တိုက်များတွင် စာချသံ စာအံသံများ တိတ်ဆိတ်နေကြောင်း စုံစမ်းသိရှိရသည်။
Posted by Ko Myint Maung at Thursday, December 06, 2007 0 comments
Wednesday, December 5, 2007
တမျိုးသားလုံး ညီညွတ်ရန် အဖွဲ့ချုပ် တောင်းဆို
မောင်ဒီး
တမျိုးသားလုံး ညီညွတ်မှု ရှိခဲ့သဖြင့် ကိုလိုနီနယ်ချဲ့ လက်အောက်မှ မြန်မာ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလို ယနေ့ ကာလတွင်လည်း မြန်မာတမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့ကျရောက်သော အမျိုးသား အောင်ပွဲနေ့တွင် ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၈၇ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ယခုအချိန်တွင် မြန်မာ တမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အန်အယ်ဒီက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အမျိုးသား အောင်ပွဲနေ့ဟာ ၁၉၂ဝ ခုနှစ် ကျောင်းသားသပိတ်က စတယ်။ အဲလို သပိတ်စပြီးတဲ့ နောက်မှာ အမျိုးသားတွေ ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ကြလို့ လွတ်လပ်ရေးရတယ်။ အခုလို အရေးကြီးတဲ့အချိန်မှာလည်း အမျိုးသားအားလုံး ညီညီညွတ်ညွတ်ရှိဖို့၊ ညီညွတ်ရေးသည်သာ အရေးကြီးတယ် ဆိုတာကို ကျနော်တို့ ဒီနေ့ ထုတ်ဖော်ပါတယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံး၌ ယနေ့နေ့လည် ၁၂ နာရီခွဲတွင် စတင်ကျင်းပပြီး သခင်သိန်းဖေ အပါအဝင် ဝါရင့် နိုင်ငံရေးသမားများ၊ နိုင်ငွေသိမ်းနှင့် လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင်အချို့နှင့် အခြား ဒီမိုကရေစီရေး လိုလားသူများ စုစုပေါင်း အင်အား ၄ဝဝ ခန့် တက်ရောက်ကြကာ အခမ်းအနားကို ၄ နာရီတွင် အနှောင့်အယှက်မရှိ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
အခမ်းအနား ကျင်းပပုံနှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ လုပ်ပါတယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား အောင်ပွဲနေ့ ကျေညာချက်ကို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့် ဖတ်ပါတယ်။ ဒုတိယပိုင်းမှာ စာရေးဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ ဦးကြည်အောင် (မန္တလေး)တို့က အမျိုးသား အောင်ပွဲနေ့နဲ့ ပတ်သက်တာလေးတွေ ဟောပြောသွားပါတယ်” ဟု ဆက်ပြောသည်။
အလားတူပင် ရန်ကုန်မြို့ရှိ သခင်သိန်းဖေ၏ နေအိမ်တွင်လည်း အမျိုးသား အောင်ပွဲနေ့ အခမ်းအနား တရပ်ကို ကျင်းပခဲ့ရာတွင် ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့က နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထို့အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မြန်မာ့ရိပ်သာခန်းမတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၆ဝ ကျော်ကလည်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
သဘာပတိ ဦးပညာဝရက “အင်္ဂလိပ်အစိုးရ လက်အောက်မှာ တက္ကသိုလ် အက်ဥပဒေဆိုတဲ့ ကျွန်ပညာရေးစနစ်ကို တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက် တော်လှန်တဲ့နေ့ ဖြစ်တယ်။ နောက်ပိုင်းမှာ လွတ်လပ်ရေး ရခဲ့ပေမယ့် လွတ်လပ်ရေးရဲ့ အရသာကို မှုံပြပြသာ မြင်ခဲ့ရပါတယ်။ လွတ်လပ်ရေးကို ပြန်ရဘို့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ရာမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ် ကျော်ဇောပြောတဲ့ အတိတ်က ဖြစ်ခဲ့တဲ့ဟာတွေကို ခဏတဖြုတ် မေ့ပျောက်ထားပြီး တယောက်နဲ့တယောက် အပြစ်တင်မနေကြဘဲ နအဖ စစ်အစိုးရ ပြုတ်ကျဖို့ရာအတွက် အာရုံစိုက် လုပ်ဆောင်သွားကြဖို့ နှိုးဆော်လိုက်ပါတယ်” ဟု မိန့်ကြားခဲ့သည်။
Posted by Ko Myint Maung at Wednesday, December 05, 2007 0 comments
တမျိုးသားလုံး ညီညွတ်ရန် အဖွဲ့ချုပ် တောင်းဆို
မောင်ဒီး
တမျိုးသားလုံး ညီညွတ်မှု ရှိခဲ့သဖြင့် ကိုလိုနီနယ်ချဲ့ လက်အောက်မှ မြန်မာ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလို ယနေ့ ကာလတွင်လည်း မြန်မာတမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ယနေ့ကျရောက်သော အမျိုးသား အောင်ပွဲနေ့တွင် ပြောဆိုလိုက်သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၈၇ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ယခုအချိန်တွင် မြန်မာ တမျိုးသားလုံး ညီညွတ်ကြရန် လိုအပ်နေပြီဟု အန်အယ်ဒီက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အမျိုးသား အောင်ပွဲနေ့ဟာ ၁၉၂ဝ ခုနှစ် ကျောင်းသားသပိတ်က စတယ်။ အဲလို သပိတ်စပြီးတဲ့ နောက်မှာ အမျိုးသားတွေ ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ကြလို့ လွတ်လပ်ရေးရတယ်။ အခုလို အရေးကြီးတဲ့အချိန်မှာလည်း အမျိုးသားအားလုံး ညီညီညွတ်ညွတ်ရှိဖို့၊ ညီညွတ်ရေးသည်သာ အရေးကြီးတယ် ဆိုတာကို ကျနော်တို့ ဒီနေ့ ထုတ်ဖော်ပါတယ်” ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံး၌ ယနေ့နေ့လည် ၁၂ နာရီခွဲတွင် စတင်ကျင်းပပြီး သခင်သိန်းဖေ အပါအဝင် ဝါရင့် နိုင်ငံရေးသမားများ၊ နိုင်ငွေသိမ်းနှင့် လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင်အချို့နှင့် အခြား ဒီမိုကရေစီရေး လိုလားသူများ စုစုပေါင်း အင်အား ၄ဝဝ ခန့် တက်ရောက်ကြကာ အခမ်းအနားကို ၄ နာရီတွင် အနှောင့်အယှက်မရှိ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။
အခမ်းအနား ကျင်းပပုံနှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်းက “ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ လုပ်ပါတယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား အောင်ပွဲနေ့ ကျေညာချက်ကို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမြင့် ဖတ်ပါတယ်။ ဒုတိယပိုင်းမှာ စာရေးဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ ဦးကြည်အောင် (မန္တလေး)တို့က အမျိုးသား အောင်ပွဲနေ့နဲ့ ပတ်သက်တာလေးတွေ ဟောပြောသွားပါတယ်” ဟု ဆက်ပြောသည်။
အလားတူပင် ရန်ကုန်မြို့ရှိ သခင်သိန်းဖေ၏ နေအိမ်တွင်လည်း အမျိုးသား အောင်ပွဲနေ့ အခမ်းအနား တရပ်ကို ကျင်းပခဲ့ရာတွင် ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့က နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထို့အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မြန်မာ့ရိပ်သာခန်းမတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၆ဝ ကျော်ကလည်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
သဘာပတိ ဦးပညာဝရက “အင်္ဂလိပ်အစိုးရ လက်အောက်မှာ တက္ကသိုလ် အက်ဥပဒေဆိုတဲ့ ကျွန်ပညာရေးစနစ်ကို တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက် တော်လှန်တဲ့နေ့ ဖြစ်တယ်။ နောက်ပိုင်းမှာ လွတ်လပ်ရေး ရခဲ့ပေမယ့် လွတ်လပ်ရေးရဲ့ အရသာကို မှုံပြပြသာ မြင်ခဲ့ရပါတယ်။ လွတ်လပ်ရေးကို ပြန်ရဘို့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ရာမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ် ကျော်ဇောပြောတဲ့ အတိတ်က ဖြစ်ခဲ့တဲ့ဟာတွေကို ခဏတဖြုတ် မေ့ပျောက်ထားပြီး တယောက်နဲ့တယောက် အပြစ်တင်မနေကြဘဲ နအဖ စစ်အစိုးရ ပြုတ်ကျဖို့ရာအတွက် အာရုံစိုက် လုပ်ဆောင်သွားကြဖို့ နှိုးဆော်လိုက်ပါတယ်” ဟု မိန့်ကြားခဲ့သည်။
Posted by Ko Myint Maung at Wednesday, December 05, 2007 0 comments
တင့်ကားများ မြစ်ကြီးနားတွင် လှည့်ပတ်
မဇ္ဈိမသတင်းဌာန
စစ်အင်အား ပြသည့်အနေဖြင့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် နအဖ တင့်ကားအချို့ လှည့်ပတ် မောင်းနှင်ခဲ့ကြောင်း အပစ်အခတ်ရပ် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ အရာရှိတဦး အဆိုအရ သိရသည်။
“ကျနော်တို့ ဌာနချုပ်ကို တင့်ကားတွေ မြစ်ကြီးနားမှာ လှည့်ပတ်နေတဲ့ အကြောင်း လှမ်းပြောတယ်။ အထူးသဖြင့် စီတာပူ ရပ်ကွက်ထဲက ကေအိုင်အေ ရုံးရှေ့မှာပေါ့နော်” ဟု အမည်မဖော်လိုသူ အရာရှိက မဇ္ဈိမကို ပြောသည်။
မြစ်ကြီးနားတွင် နအဖ စစ်တင့်ကားများ လှည့်လည်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒေသခံ တဦးကလည်း အတည်ပြု ပြောဆိုသည်။
“လွန်ခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံး အပတ်လောက်က ဖြစ်ခဲ့တယ် ထင်တယ်။ ကျနော် အလုပ်က ပြန်လာတော့ မြို့လယ်ခေါင်မှာ တင့်ကားတွေ လှည့်နေတာကို မြင်ခဲ့ရတယ်” ဟု ဒေသခံက ပြောသည်။
မည်သည့်အတွက်ကြောင့် ယခုလို မြန်မာစစ်တပ်မှ စစ်အင်အား ပြသကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ကေအိုင်အေ အရာရှိက ဤသည်မှာ နအဖ စစ်အစိုးရ၏ မေတ္တာရပ်ခံချက်ကို လက်ခံရန် ပျက်ကွက်သည့်အတွက် ကေအိုင်အေသို့ သတိပေးချက်တရပ် ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းက အဖမ်းဆီးခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်လိုက်သည့် ကျေညာချက်ကို ကန့်ကွက်ရန်အတွက် ကြိုဆင် ရေးသားလာသည့် ကျေညာချက်ကို ဖိအားပေး လက်မှတ် ရေးထိုးခိုင်းရာ၌ ကေအိုင်အိုမှ ငြင်းဆိုခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု သတင်းများ ပေါ်ထွက်နေသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ်ပြန်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည် ကျေညာချက်တွင် တိုင်းရင်းသား လူနည်းစုများ အရေးကို အလေးထား စဉ်းစားနိုင်ရန် အလို့ငှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်။
ကျေညာချက် ပေါ်ထွက်ပြီး နောက်ပိုင်း နအဖ က တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အပစ်အခတ် ရပ်စဲရေး ရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ကို စေလွှတ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ဆန့်ကျင် တုံ့ပြန်ရန်အတွက် ဖိအားပေးခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။
“စစ်အစိုးရက သူတို့အင်အားကို အခုလို ပြသပြီး ကျနော်တို့ကို သတိပေးလိုတာ ဖြစ်နိုင်တယ်” ဟု ကေအိုင်အေ အရာရှိက ဆက်ပြောသည်။
Posted by Ko Myint Maung at Wednesday, December 05, 2007 0 comments
ဒေါ်စုကို ပံ့ပိုးပေးကြပါ။ ကိုယ့်တာဝန် ကိုယ်ကျေနိုင်ကြပါစေ (ဆောင်းပါး)
ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
လက်ရှိ ဗမာနိုင်ငံရဲ့ အခြေအနေဟာ သိမ်မွေ့တယ်လို့လဲ ဆိုနိုင်တယ်။ ကျနော် အမြဲတင်ပြခဲ့သလို ကျနော်တို့ နိုင်ငံရဲ့ နောက်ဆုံးမိုင် The last mile ကို ဒေါ်စု တယောက်ပဲ လျှောက်နိုင်ပါတယ်။ နိုင်ငံအတွက် ငြိမ်းချမ်းသောနည်းနဲ့ အဖြေရှာ ရမယ်ဆိုရင်၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ အဖြေရှာရမယ်ဆိုရင် လူထုကိုယ်စား၊ တိုင်းပြည်ကိုယ်စား ဒေါ်စုပဲ နောက်ဆုံးမိုင်ကို ဦးဆောင်လျှောက်နိုင်ပါတယ်။ တကမ္ဘာလုံးနဲ့ တပြည်လုံးက ဒေါ်စုကိုပဲ ယုံကြည်အားကိုးကြလို့ပါ။
ဒါပေမယ့် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်လေ့ရှိပါတယ်။ ပြည်သူအများက ငြိမ်းချမ်းရေးနဲ့ တိုင်းပြည် တိုးတက်ရေးကို လိုလားပေမယ့် ဓါးမိုးအုပ်ချုပ်လျှက်ရှိတဲ့ စစ်အာဏာရှင်တွေကလည်း တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာရှိမှ၊ ငြိမ်းချမ်းစွာ အဖြေရှာလို့ ရနိုင်ပါမယ်။ နိုင်ငံရေးဆိုတာ အာဏာနဲ့ ရောယှက်နေတာကြောင့် အာဏာလက်ကိုင်ထားသူတွေဟာ လွယ် လွယ်နဲ့ အာဏာကို လွှဲပေးလေ့ မရှိပါဘူး။ ဥပါယ်တမျည်နဲ့ ရှေ့တိုး နောက်ဆုတ် အမျိုးမျိုး ဉာဏ်ကစား လှည့်ဖျားပြီး မတတ်သာမှ အလျှော့ပေးလေ့ ရှိကြပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေဟာ အလွန်သိမ်မွေ့ပြီး ဒေါ်စုနောက်က "တသံ" တည်း ထွက်နိုင်မှ အင်အားပြနိုင်မှ တော်ရုံကျမယ်လို့ ထင်မြင်မိပါတယ်။
လူ့ဘ၀မှာ အခွင့်အရေး (opportunity) ဆိုတာ နှစ်ခါဆက်တိုက် လာလေ့ မရှိတတ်ကြပါဘူး။ ရတောင့်ရခဲ အသက်ပေါင်း များစွာနဲ့ ရင်းခဲ့ရတဲ့ အခွင့်အရေးကို လက်လွတ်မသွားစေချင်ပါ။ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ သုံးသပ်ပြီး ထောက်ခံသင့်တာကို ထောက်ခံ၊ လုပ်သင့်တာကို လုပ်ပြီး (အားလုံး) ကိုယ်စီ ကြိုးစားကြဖို့ လိုအပ်ပါတယ်။
တဘက်ကလည်း မျက်စေ့မှိတ်ပြီး မျှော်လင့်ချက် မပိုစေချင်ပါ။ ယနေ့အခြေအနေဟာ မျှော်လင့်ချက် ရောင်ခြည်သန်းတဲ့ အဆင့်ပင် မရောက်သေးပါ။ မျှော်လင့်စရာရှိနိုင်သည့် အခြေအနေသို့သာ ရောက်ပါသေးသည်။ မျှော်လင့်ချက် (hope) ပေး ပြီး နိုင်ငံရေးကစားနိုင်သည်ကိုလည်း မေ့၍ မရပါ။ ၁၉၈၈ (၈၈၈၈) ပြည်သူ့အုံကြွမှုကြီးတုန်းကလည်း စစ်တပ်က ဒီမိုကရေစီ ပေးမည့်ပုံယောင်ယောင်၊ နိုင်ငံရေးကစားပြီး နားလှည့်ပါးရိုက် အားလုံးကို လှည့်စားခဲ့ဖူးပါသည်။ မျှော်လင့်ချက် (hope) ပေးပြီး (၈၈၈၈) ပြည်သူ့အုံကြွမှုကြီးရဲ့ အရှိန် (momentum) ကို ရိုက်ချိုးခဲ့ဖူးပါသည်။ ယနေ့လည်း တွေ့ဆုံ ဆွေးနွေးရေး မျှော်လင့်ချက် ပေးထားရုံသာ ရှိပါသေးသည်။ (အရိပ်) ကိုသာ ဖော်ပြထားပါသည်။ အကောင်အထည်ကို မမြင်ရသေးပါ။
အမှန်ကို သတ္တိရှိရှိ ကြည့်တတ်လျှင် ဒေါ်စုသည် ကိုယ်ကျိုးစွန့်၍ အနစ်နာခံကာ တိုင်းပြည်အတွက် စေတနာထားကာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာသာ မပြောင်းမလဲ တောက်လျှောက် ရပ်တည်ခဲ့သော်လည်း (နအဖ) စစ်ဗိုလ်ချုပ် တို့က အလေးမထားခဲ့ဟု ဆိုနိုင်ပါသည်။ ဒီပဲယင်းတွင် လုပ်ကြံခဲ့ကြပြီး ဒင်းတို့ကပင် မတရား ပြည်သူ့ခေါင်းဆောင်ကို အိမ်တွင်း အကျဉ်းချခဲ့သည်မှာ ယနေ့ထက်တိုင်ပင် မဟုတ်ပါလား?
ဆင်းရဲမှုဒဏ်၊ အာဏာနှင့် မတရားဖိနှိပ်မှုဒဏ်ကို အနှစ် (၄၀) ကျော်ကျော် နှစ်ဘက်ညှပ် ခံနေရသော ပြည်သူလူထုက တဖန်လမ်းပေါ်မှာ ရဲရဲကြီး ၎င်းတို့၏ဆန္ဒကို ကြွေးကြော်ခဲ့မှ၊ အသက်ပေါင်းများစွာ စတေး၍ ထပ်မံတောင်းဆိုလာမှ၊ ကမ္ဘာ့ ပရိသတ်ကပါ တောင်းဆိုလာမှ ဘုရား၏သားတော် ရဟန်းတော်များ ဦးဆောင်တောင်းဆိုလာမှ၊ မနေသာတဲ့အဆုံး UN နဲ့ ဂမ်ဘာရီကို အသုံးပြုပြီး မျှော်လင့်ချက်နှင့် အရှိန်သတ်ရန် တွေ့ဆုံ ဆွေးနွေးရေးကဒ် (card) ကို ဖုန်သုတ်ကာ နိုင်ငံရေးစင်ပေါ် တင်ပြလာရသည် မဟုတ်ပါလား?
ဤဖြစ်ရပ်များကို သက်သေပြု၍ နိုင်ငံရေးတွေး တွေးမယ်ဆိုရင် (နအဖ) စစ်ဗိုလ်တွေ စိုးရိမ်ထိပ်လန့်တာ၊ ပြည်သူ့အုံကြွမှု တခုပဲလို့ တွေးဆနိုင်ပါတယ်။ ကျနော့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်တခုထဲနဲ့ ပြောရရင် ပြည်သူ့အုံကြွမှု ရှေ့တလှမ်း မတိုးနိုင်ခင် တဖက်က ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းပြီး၊ တဖက်က မျှော်လင့်ချက်ပေးပြီး အုံကြွမှုအရှိန်ကို ရိုက်ချိုးလိုက်တာလို့ ပဲ ရိုးရိုးသားသား သုံးသပ်မိတယ်။ နိုင်ငံရေးမှာ ရေမှုတ်တဖက်၊ မီးတစဖက် လုပ်ကြတာ လူ့သမိုင်း ပေါ်လာကတည်းကပါပဲ။
အရေးအကြီးဆုံးက နိုင်ငံရေးလှည့်ကွက်ကို နားလည်ပြီး၊ သတိရှိကြဖို့ပါ။ ကြိုတင်ပြင်ဆင်ထားဖို့ပါ။
ဒေါ်စုရဲ့ ကြီးမားတဲ့ စွန့်လွှတ်ချက်တွေကို ကျနော် အလေးမပြုဘဲ မနေနိုင်ပါ။
ဒေါ်စုရဲ့ တိုင်းပြည်အပေါ် စေတနာကို မလေးစားဘဲ မနေနိုင်ပါ။
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်တာဝန်ကို ပခုံးပေါ်တင်ပြီး သတ္တိရှိရှိ ဦးဆောင်ရဲတာကို အသိအမှတ်ပြု ဦးညွှတ်ရပါမယ်။ ဒါကြောင့် ဒေါ်စုကို ကျနော် အမြဲတမ်း ထောက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုနောက်က တသံတည်း ထွက်ကြဖို့ တောင်းဆိုနေတာပါ။
အာဏာကိုင်ထားတဲ့ (နအဖ) စစ်ဗိုလ်တွေနဲ့ ဉာဏ်ကစားကြရာမှာ အသိဉာဏ်တခုထဲ အားကိုး၍ မရပါ။ (အင်အား) လိုပါတယ်။
အာဏာ ယစ်မူးနေကြတဲ့ စစ်ဗိုလ်ချုပ်တွေက လူ (၅) သိန်းရှိတဲ့ စစ်တပ်ကို (အား) ယူထားပါတယ်။ တရုတ်နဲ့ ဗမာကွန်မြူနစ်တွေရဲ့ ဘုရားသခင်ဖြစ်တဲ့ မော်စီတုံး ဟောကြားခဲ့တဲ့ အာဏာဟာ သေနတ်ပြောင်းဝက လာတယ်ဆိုတဲ့ ဟောကြားချက်ကို နှလုံးသွင်း ခံယူထားပါတယ်။ ပေါက်ဖော် တရုတ်ကြီးကို ရှိခိုးဂါဝရပြုပြီး တရုတ်ကြီးရဲ့ အရိပ်ကို ခိုလှုံလျှက် ရှိတယ်။
ဒေါ်စုရဲ့ အင်အား၊ ကျနော်တို့အားလုံးရဲ့ အင်အားဟာ ဘာလဲ?
မှန်ကန်သော ယုံကြည်မှု၊ စေတနာနဲ့ သန်း (၅၀) သော ပြည်သူတွေပဲ ဖြစ်တယ်။ ဒါပေမယ့် သန်း (၅၀) ရှိသော ပြည်သူကို ဘာကြောင့် (၅) သိန်းသာရှိတဲ့ စစ်တပ်က ဖိနှိပ်နိုင်တာလဲ? နိုင်ငံရေးမှာ disorganized majority လို့ဆိုတဲ့ စုစည်းမှုနဲ့ ဖွဲ့စည်းမှု မရှိတဲ့ (လူများစု) ကို၊ Organized minority လို့ခေါ်တဲ့ စုစည်းမှုနဲ့ ဖွဲ့စည်းမှုရှိတဲ့ လူနည်းစုက ဗိုလ်ကျအနိုင်ကျင့် တတ်ပါတယ်။ စစ်တပ်မှာ ဖွဲ့စည်းမှုရှိတယ်။ စည်းကမ်းရှိတယ်။ စစ်တပ်တိုင်းမှာ တသွေး၊ တသံ၊ တမိန့်ဆိုတဲ့ အမိန့်နာခံ ရတဲ့ ၀န်ထမ်းရှိတယ်။ ဂရစ် စပါတာ Sparta ခေတ်ကတည်းက စစ်တပ်ဆိုတာ unit နဲ့ တိုက်တယ်။ ဒါကြောင့် (၅) သိန်း သာ ရှိတဲ့ စစ်တပ်က unit အနေနဲ့ ရပ်တည်နိုင်တယ်။ ပစ်ဆိုရင် မိုက်မိုက်ကန်းကန်း သံဃာတော်တွေပါ မရှောင် ပစ်တာပါ။
ပြည်သူဆိုတာ သန်း (၅၀) ဆိုပေမယ့် ဖွဲ့စည်းမှု မရှိဘူး။ တဖက်က စစ်တပ်က ဖွဲ့စည်းမှုမရှိအောင် ဖိနှိပ်ချုပ်ချယ်ထားသလို တဖက်ကလည်း ညီညွတ်မှ အင်အားဖြစ်မယ်ဆိုတဲ့ (အသိ) ကို မဖော်ထုတ်နိုင်ကြဘူး။ ဒီ့အပြင် လူမျိုးရေးစိတ်ဓါတ်တွေနဲ့ လူမျိုးရေး တိုက်ပွဲတွေ၊ မယုံကြည်မှုတွေကို တိုင်းပြည်အကျိုးကို ကြည့်ပြီး မဖျောက်ဖျက်နိုင်ကြဘူး။ ဗမာလူမျိုးစုတခုထဲမှာ တောင် အဖွဲ့တွေကွဲပြီး အစိတ်စိတ်အမွှာမွှာ ကွဲနေကြပြန်တယ်။ ဒါကြောင့် သန်း (၅၀) ရှိပေမယ့် (အင်အား) ဆိုတာ မပြနိုင် ဖြစ်နေကြတာပါပဲ။
ကျနော်တို့ ဗမာနိုင်ငံရဲ့ ရာဇ၀င်ကို ပြောင်းနိုင်တာ အတွင်း (အင်အား) ပဲ ဖြစ်တယ်။ အပြင် (အင်အား) ကို မမျှော်ကိုးကြပါနဲ့။ နိုင်ငံတိုင်း ကိုယ့်နိုင်ငံ အကျိုးမပါဘဲ ကိုယ်ထိလက်ရောက် မပါနိုင်ပါဘူး။ သူ့ရဲ့သားကောင်း လူငယ်တွေကို ယုံကြည်မှု တခုတည်းနဲ့ မစွန့်ဝံ့ပါဘူး။ သမတဘုရှ် (Bush) ဟာ ဒီမိုကရေစီ ယုံကြည်မှုအတွက်၊ ဗမာနိုင်ငံအတွက် သက်သက်၊ အမေ ရိကန် စစ်သားလူငယ်တွေရဲ့ အသက်ကို မစွန့်ခိုင်းပါဘူး။ ဈေးမကြီးတဲ့လေနဲ့သာ ထောက်ခံ အားပေးနေတာပါ။ ဆူဒန်နိုင်ငံ၊ ဒါဖောပြည်နယ် (Durfur) လူသတ် ဖိနှိပ်မှုအတွက် တကမ္ဘာလုံးက တောင်းဆိုနေတာတောင် စစ်ကူမပေးခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးရုံသာ ရှိပါတယ်။
ဒေါ်စုရဲ့ ပြဿနာ
လက်ရှိ တွေ့ဆုံဆွေးနွေးရေး အခြေအနေ တကယ်ဖြစ်ခဲ့ရင် လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွေးဉာဏ် (capacity) နဲ့ အရည်အချင်း ဒေါ်စုမှာ ရှိတယ်လို့ ကျနော်လုံးဝ ယုံကြည်ထားတယ်။ (နအဖ) ဘက်က ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး အမျိုးမျိုး လှည့်စားလိမ့်မယ်လို့လည်း မျှော်လင့်ထားရပါမယ်။
တွေ့ဆုံဆွေးနွေးရေး ဖြစ်ခဲ့ရင် အချိန်အတိုင်းအတာ တခုအတွင်း တိုးတက်မှု ရှိဖို့လိုအပ်ပါတယ်။ မျှော်လင့်ချက်ပေးပြီး သက်သက် အချိန်ဆွဲ ကစားတာမျိုး မဖြစ်သင့်ပါ။ သို့သော် ဖြစ်ခဲ့ရင် Plan B လို့ခေါ်တဲ့ နောက်ချန်ကွက် တကွက်ကို နိုင်ငံရေးအရ အသင့်ရှိနေရပါမယ်။ နိုင်ငံရေးမှာ ဆိုစကားတခု ရှိပါတယ်။ Prepare to fight while you talk and prepare to talk while you fight ပါတဲ့။ ဆွေးနွေးချိန်မှာ တိုက်ပွဲအတွက် ပြင်ထားပါ။ တိုက်ပွဲဝင်ချိန်မှာ ဆွေးနွေးဖို့ ပြင်ထားပါတဲ့။
ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ချက်ကတော့ ပေးရင်ပေး၊ မပေးရင်တိုက်ယူ၊ နောက်တချီ လူထုဆန္ဒအားနဲ့ အပြီးသတ် တိုက်ယူရပါမယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးကို တိုက်ယူပေးခဲ့တဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ ခံယူချက်တခုဖြစ်ခဲ့တဲ့ - ရရင်ရ မရရင်ချ- ဆိုတဲ့ ခံယူချက် (မူ) အတိုင်းပါပဲ။
အတွေးအခေါ် ပဋိပက္ခ
ဒီနေရာမှာ လက်တွေ့ကို အားသန်တဲ့ အတွေးအခေါ် Realism (or) Realpolitik နဲ့ ပညာတတ် အတွေးအခေါ်လို့ ခေါ်ရမယ့် Intellectual thinking based idealism တို့ရဲ့ အတွေးအခေါ် ပဋိပက္ခ ရှိလာပါတယ်။ ဒီမိုကရေစီကို နှစ်ပေါင်းရာချီပြီး ကျင့်နေခဲ့တဲ့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့ကို အခြေပြုတဲ့ ကောလိပ် ကျောင်းကြီးတွေဖြစ်တဲ့ ဟားဗတ် (Harvrad) တို့လို၊ အောက်စဖို့ဒ် (Oxford) တို့လို ကောလိပ်ကျောင်းတွေမှာ Idealism လို့ ခေါ်ရမယ့် ခေတ်မီ တွေးခေါ်မှုတွေကို အခြေခံတဲ့ အတွေးအခေါ်အရ အကြမ်းဖက်မှု၊ သတ်ဖြတ်ရက်စက်မှု မပါတဲ့၊ သွေးမြေမကျတဲ့ Non-violent အတွေးအခေါ်တွေဟာ ကြီးစိုး လွှမ်းမိုးလေ့ရှိတယ်။ ဒါကြောင့် Harvard ကအောင်လာတဲ့ ဗမာလူငယ်တစု ဆိုရင် ပညာတတ်အတွေးလို့ ဆိုနိုင်တဲ့ compromise တို့၊ dialogue တို့ကို ရှေ့တန်းတင် ဆွေးနွေးလာကြတယ် မဟုတ်ပါလား? ပညာတတ်အမြင်နဲ့ ကြည့်ရင် နားလည်နိုင်ပါတယ်။ လူ့အခွင့်အရေး Human rights ကို ရှေ့တန်းတင်ထားတဲ့ ယနေ့လို (၂၁) ရာစုမှာ ဘာကြောင့် သွေးထွက်သံယိုမှုကို စိတ်ကူး ဦးစားပေးရမှာလဲ?
ဒါပေမယ့် ကမ္ဘာကြီးမှာ တတန်းထဲ ညီမျှမှု မရှိတဲ့အတွက် နိုင်ငံတိုင်းမှာ လူ့အခွင့်အရေးကို ဦးစားပေးခြင်း၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ Rule of law ဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် လူ့အခွင့်အရေးကို အလေးမပေးတဲ့၊ စစ်ဘီလူးစိတ်ဝင်နေတဲ့ အာဏာကို စွဲမက်နေတဲ့ (နအဖ) ဗိုလ်ချုပ်တွေကို စာအုပ်ကြီးဖွင့်ပြီး ရှင်းပြ ဆွေးနွေးလို့တဖုံ၊ ဗုဒ္ဓတရားတော်တွေ ဖွင့်ပြီး ဆွေးနွေးလို့ ရနိုင်ပါ့မလား? ဆိုတဲ့ ပြဿနာ ပေါ်လာပါတယ်။ မရရင် နောက်တကွက် ဘာလုပ်မလဲ ဆိုတာကို စဉ်းစားစရာ ဖြစ်လာပါတယ်။
နိုင်ငံရေးမှာ (အာဏာ) ပါလာတဲ့အတွက် နိုင်ငံရေးဟာ အလွန် အန္တရာယ်ကြီးပါတယ်။ အန္တရာယ်နဲ့အတူ စွန့်လွှတ်မှုတွေ ပါလာတယ်။ (အင်အား) ပြိုင်တဲ့နေရာမှာ ရင်ဆိုင် တိုက်ခိုက်မှု (confrontation) ကို ရှောင်၍ မရပါ။
(နအဖ) က မည်သို့ပင် စွပ်စွဲစေကာမူ ကျနော့အမြင်အရ ဒေါ်စုဟာ သွေးထွက်သံယိုမှုကို အားမပေးခဲ့ပါ။ ၎င်း၏ ယုံကြည်ချက် ဖြစ်သည့် non-violence အပေါ် အစဉ် ရပ်တည်ခဲ့သည့်အပြင် မိခင်စိတ် ကြီးမားသည့်အတွက် လူငယ် လူရွယ်လေးတွေရဲ့ အသက်ကိုစွန့်ခိုင်းရန် မခိုင်းရက်ဟု မြင်မိပါသည်။
သို့သော် ဆွေးနွေးပွဲ မဖြစ်လျှင်သော်လည်းကောင်း၊ ပျက်ခဲ့လျှင်သော်လည်းကောင်း၊ Plan B နောက်ချန်ကွက် အနေနှင့် လူထုအားနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရေး confrontational people upraising ကို အားမပေးခဲ့၍ နအဖဘက်က လုပ်နိုင်ခြေအား များခဲ့ပါသည်။ ဒေါ်စုသာ သေမထူး၊ နေမထူး ထချကြလော့ ဟု တခွန်းဟခဲ့လျှင် နအဖ မတုန်လှုပ်စရာ မရှိပါ။ ဒေါ်စု၏ မိခင်စိတ်၊ စိတ် ကောင်းရှိမှုကို သိသိကြီးနှင့် အသာယူခဲ့သည်ကို မခံချင်စိတ် ပြင်းထန်စွာ ခံစားမိပါသည်။
ဒေါ်စု၏ ခံယူချက်နှင့် မိခင်စိတ်ကို နားလည်မိပါသည်။
အကြမ်းဖက်နည်းကို သုံးမည်လော၊ ရှောင်မည်လော ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းက ကြုံလာခဲ့ကြရပါသည်။ ဦးသိန်းဖေမြင့် ရေးတဲ့ (ကျော်ငြိမ်း) စာအုပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ မျိုးချစ်စိတ်ပြင်းတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကို သိန်းဖေမြင့်၊ ကိုကျော်ငြိမ်း၊ ကိုအုန်းတို့ဟာ ("ဃ") ဆိုတဲ့ အဖွဲ့ကလေး ဖွဲ့ခဲ့ကြတယ်။ ညအမှောင်ထဲမှာ ဆွေးနွေးကြစဉ်က ဒီ ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်။ ကိုနုက ဘာသာရေး ကိုင်းရှိုင်းတာကြောင့် အကြမ်းဖက်နည်းကို ကိုယ်တိုင်ကျင့်သုံးဖို့ မလိုလားဘူး။ ဒါကြောင့် ဖဆပလ ဖွဲ့စဉ်ကလည်းကောင်း၊ UG ဖွဲ့ကြစဉ်ကလည်းကောင်း မပါဝင်ခဲ့ကြဘူး။ ဒါပေမယ့် မတားမြစ်ခဲ့ဘူး။
ဒေါ်စုဟာလည်း သူရဲ့ခံယူချက်ဟာ အကြမ်းမဖက်တဲ့နည်း non-violence အပေါ် ရပ်တည်နေတဲ့အတွက် တွေ့ဆုံ ဆွေးနွေးရေးကိုပဲ တောင်းဆိုခဲ့ပေမယ့်၊ တခြားခံယူချက်များကို မဟန့်တားခဲ့ပါ။
ထို့ကြောင့် ကျနော်၏ အမြင်ကို ရဲရဲတင်ပြရပါလျှင် Plan B ကို ကျန်တဲ့သူတွေက ဖော်ဆောင်နိုင်အောင် ပြင်ဆင်ထားမှ နိုင်ငံအတွက် ဆွေးနွေးရမယ့် ဒေါ်စုမှာ (အင်အား) ပိုရှိပါမယ်။
မိုးမပြို - ပြိုခဲ့သည်ရှိသော်ဟူသော အတွေးနှင့် ဒေါ်စု၏ တောင်းဆိုချက်များ၊ ဆွေးနွေးချက်များကို (နအဖ) က ညစ်ပတ် လှည့်စား၍ လက်မခံ ရှောင်တိမ်းခဲ့သော် လူထုအင်အားပြရန် အသင့်ပြင်ထားရမည်မှာ ကျနော်တို့ အားလုံး၏ တာဝန် ဖြစ်ပေသည်။
ဖဆပလ လွတ်လပ်ရေး တောင်းစဉ်က၊ ဗိုလ်ချုပ်အောင်ဆန်းကို လေးလေးနက်နက် လေ့လာလျှင် ဗိုလ်ချုပ်တို့ဟာ ရရင်ရ- မရရင်ချ ဆိုတဲ့မူကို ရှေ့က ဗန်းပြထားပေမယ့် မချဘဲနဲ့ (အင်အား) ပြပြီး လွတ်လပ်ရေး တောင်းဆိုရေးမှုကို သုံးခဲ့ကြတယ်။ သူ့ခေတ် သူ့အခါက နေမ၀င် အင်ပါယာကြီးကို တည်ထောင်ခဲ့တဲ့ အင်္ဂလိပ်ကို အံတုရတာ မလွယ်ခဲ့ပါ။ ဗိုလ်ချုပ်ဟာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ တပ်မတော်ကို အားယူပြီး ဖဆပလ အဖွဲ့ကြီးကို တည်ဆောက်ခဲ့တယ်။ ပြီး ကရင်လူငယ်စတဲ့ အဖွဲ့ အစည်း ပေါင်းစုံ၊ ဘကြီးဘဖေကဲ့သို့ လက်ျာသမားတွေအပြင် ဦးနုကဲ့သို့ တသီးပုဂ္ဂလ နိုင်ငံရေး ခေါင်းဆောင်တွေကို သိမ်းသွင်းပြီး ဖဆပလကြီးကို အားဖြည့်ခဲ့ပြီး လူထုရဲ့ ထောက်ခံမှုကို အရယူခဲ့တယ်။ နေသူရိန် အစည်းအဝေးကြီးလို လူထု အစည်းအဝေးတွေ ခေါ်ပြီး ဖဆပလရဲ့ (အင်အား) ကို ပြခဲ့တယ်။ အင်္ဂလိပ် အစိုးရက ရုပ်ပြနေရာပေးပြီး ပါဝင်ဖို့ ကမ်းလှမ်းလာတော့ ငြင်းဆိုခဲ့တယ်။ ဖဆပလရဲ့ အင်အားကိုပြပြီး အင်္ဂလိပ်က လေးလေးစားစား ကမ်းလှမ်းလာမှ၊ တန်းတူ အစိုးရ အဖွဲ့ထဲ ၀င်ခွင့်ရမှ ၀င်ခဲ့တယ်။
ဘာကြောင့် အင်္ဂလိပ်က ကမ်းလှမ်းလာရတာလဲ?
ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ အင်္ဂလိပ်က စစ်ပန်းလျက် ရှိတယ်။ ချာချယ်ပြုတ်ပြီး အက်တလီ တက်လာတယ်။ အစိုးရ အပြောင်းအလဲ ဖြစ်တယ်။ တခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ကြီးနောက်မှာ ပြည်သူတွေ တခဲနက်ရှိ တယ်ဆိုတာ ထင်ရှားတယ်။ ဖဆပလနောက်မှာ တော်လှန်မှုဖြစ်က တော်လှန်နိုင်တဲ့ စစ်တပ်ရှိတယ်။ စစ်မှုထမ်းဟောင်း တွေဖြစ်တဲ့ (ပြည်သူ့ရဲဘော်) အဖွဲ့တွေ ရှိတယ်။ စစ်အပြီးမို့ လက်နက်ကလည်း မရှားလှပါ။ ဒါတွေအားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ အင်အားတွေ ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေးကို တနှစ်အတွင်းပေးဆိုပြီးရင်ကော့ ပြီး တောင်းနိုင်ခဲ့ကြတာပါ။
ဒါက သူ့အချိန်နဲ့ သူ့အခြေအနေ
ယနေ့ အခြေအနေကို ကြည့်ရအောင်..
ဒေါ်စု သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ တိုင်းပြည်တာဝန်ကို ပခုံးပေါ်တင်ပြီး ကိုယ်ကျိုးစွန့်ကာ အာဏာရှင် စစ်အုပ်စုကို သတ္တိရှိရှိ ရဲရဲကြီး ရင်ဆိုင်ခဲ့တယ်။ ပြည်သူက တခဲနက် ထောက်ခံ အားပေးခဲ့ကြတယ်။ ကမ္ဘာက လေးစားထောက်ခံလာကြရတယ်။
ဗိုလ်ချုပ် အနောက်မှာ ဖဆပလ အဖွဲ့ကြီး ရှိရုံမက အားကိုးရတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရှိတယ်။ ဗိုလ်ချုပ်ကို အသိဉာဉ် (Capacity) နဲ့ အရည်အချင်းပြည့်တဲ့ မျိုးချစ်ခေါင်းဆောင်တွေက ၀ိုင်းရံထားတယ်။
ဒေါ်စုနောက်မှာ NLD ဆိုတာ ရှိပေမယ့် အားကိုးရမယ့် ဗိုလ်ချုပ်တင်ဦးနဲ့ ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်တွေကို ဒေါ်စုနည်းတူ ဖမ်းဆီးထားတယ်။ တိုင်းပြည် အပြင်ဘက်ကို ရောက်နေတဲ့ ဗမာ နိုင်ငံသား အားလုံးကို စုစည်းပြီး အင်အား တည်ဆောက်ကာ အပြင်အားနဲ့ အတွင်းမှာ အင်အား တည်ဆောက်ရမယ့်အစား နိုင်ငံရေး နကန်းတလုံးမှ နားမလည်တဲ့ လူက ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ ဒေါ်စုနာမည် အလွဲသုံးစားလုပ်ပြီး နိုင်ငံရေး လုပ်စားနေကြတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးကာ ပြည်တွင်းမှာ နိုင်ငံရေး အဆောက်အအုံ မတည်ဆောက်နိုင်ကြပါ။
(နိုင်ငံရေးမှာ တည်ဆောက်မှုဆိုတာ ရေရှည်ကို ကြိုကြည့်တတ်ပြီး အချိန်ယူ တည်ဆောက်ရပါတယ်။ မီးခလုတ်လို လိုအပ်မှ အဖွင့် အပိတ်လုပ်၍ မရပါ။ ၂၀၀၃ ခုနှစ် ကတည်းက ပြည်တွင်း UG လိုအပ်တယ်ဆိုတာ ကျနော် မဇ္ဈိမမှာ ရေးသားခဲ့ပါတယ်။)
ဒေါ်စုခမျာ နောက်လှည့်ကြည့်လျှင် ရဲရဲကြီး အားကိုးနိုင်လောက်တဲ့ လူမရှိပါ။
အားလုံးက ဒေါ်စုကို စောင့်နေကြပါသတဲ့...
ဒေါ်စုအတွက် ရင်နာမိပါတယ်။
ဒါကြောင့် ဒေါ်စုကို စစ်ဗိုလ်လူမိုက်တစု ဗိုလ်ကျ စော်ကားလာရင် (အင်အားပြဖို့၊ လူထုအုံကြွမှုကို ဖော်ဆောင်နိုင်ဖို့၊ နိုင်ငံရေး အဆောက်အအုံ လိုအပ်ပါတယ်။ ဒီနိုင်ငံရေး အဆောက်အအုံ (political infrastructure) ကို ကျနော်တို့ အားလုံး (၀ိုင်း) တည်ဆောက်ရပါမယ်။
ဒါဟာ ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်ပေသည်။ ဆက်ရန်-နိုင်ငံရေးအဆောက်အအုံကို စစ်အာဏာရှင် လက်အောက်မှာ ဘယ်လိုတည်ဆောက်နိုင်မှာလဲ? (မှတ်ချက်။ ။. ကျနော်၏တင်ပြချက်ကို နားလည် သဘောပေါက်သူ ရှိသလို၊ နားမလည် လက်မခံသူများလည်း ရှိမှာပါ။ အပြင်မှာနေပြီး ကြီးမကျယ်ပါနဲ့ ဆိုသူများ ရှိမှာဧကန်ပါ။ ဝေဖန်နိုင်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီကို ယုံလျှင် ဝေဖန်မှု ကို ခရီးဦးကြို ပြုရမှာပါ။ စေတနာနှင့် ဝေဖန်လာလျှင် စဉ်းစားရပါမည်။ စော်ကားလာသူရှိလျှင် စော်ကားလာသူကိုသာ သနားရုံ ရှိပါသည်။ နိုင်ငံရေးမှာ မိမိယုံကြည်မှုကို ရဲရဲတင်ပြနိုင်ခွင့် ရှိရပါမည်။ ကျနော် တက္ကသိုလ်အောင်တဲ့နှစ် (၁၉၇၄) မှာ ကျောင်းက အောင်အောင်ချင်း ဦးသန့် အရေးအခင်းမှာ ပါဝင် ဦးဆောင်ခဲ့ပါတယ်။ ဘယ်အရေးအခင်းမဆို အန္တရာယ်နှင့် မကင်းခဲ့ပါ။ အကောင်းဆုံး အရွယ်မှာ ထောင်ထဲမှာ (၅) နှစ် ဒုက္ခစရိယ ကျင့်ကြံခဲ့ရပါတယ်။ ခေတ်အလိုက် ပေးဆပ်ခဲ့ပါတယ်။ တာဝန် မလစ်ဟင်းခဲ့ပါ။ ကျနော်ရဲ့အတွေး၊ ကျနော့်အရေးကို ယုံကြည်၍သာ ရေးခဲ့ခြင်း ဖြစ်ပါသည်။)
Posted by Ko Myint Maung at Wednesday, December 05, 2007 0 comments
Monday, December 3, 2007
နအဖ စစ်တိုင်းမှူးရာထူးများ အပြောင်းအလဲလုပ်
မဇ္ဈိမသတင်းဌာန
နအဖ သည် သူ၏ စစ်တိုင်းမှူး အများအပြားကို ရာထူး တိုးမြှင့်ပေးလိုက်ခြင်းသည် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို အကြမ်းဖက် နှိပ်ကွပ်ပြီးနောက် ဟန်ပြ အပြောင်းအလဲများ လုပ်ပြခြင်းသာ ဖြစ်သည်ဟု ဝေဖန်သူများက သုံးသပ်ကြသည်။
တပ်မတော်ရေးရာနှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ တောင်ကုတ် အစြေခိုက် အမှတ် ၅ စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ် (စကခ - ၅) ကွပ်ကွဲရေးမှူး ဗိုလ်မှူးချုပ် မြင့်စိုးကို အနောက်မြောက်တိုင်း (နမခ) စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ရာထူး တိုးမြှင့်ပေးလိုက်သည်ဟု သိရသည်။
စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ဆွေကိုလည်း အနောက်တောင်တိုင်း (နတခ) စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ပြီး၊ သူ့နေရာတွင် အမှတ် ၈၈ ခြေမြန်တပ်မ ဌာနချုပ် (တမခ - ၈၈) တပ်မမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ကို အစားထိုးလိုက်သည်။
စစ်ရုံးချုပ်မှ စစ်ဦးစီး ဗိုလ်မှူးချုပ် တင်ငွေကို အလယ်ပိုင်းတိုင်း (လပခ) တိုင်းမှူးအဖြစ် ခန့်ထားလိုက်သလို၊ သူ့နေရာတွင်မူ ရှမ်းပြည်နယ် မိုင်းနောင် အခြေစိုက် အမှတ် ၂ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် ဆန်းဦးကို အစားထိုးခဲ့သည်။
ကလေးဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ - ကလေး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဌေး ကိုလည်း အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူးအဖြစ် ခန့်အပ်လိုက်သည်။
ယခုလို တပ်မတော်အတွင်း ရာထူးတိုးမြှင့်မှုများ လျှို့ဝှက်စွာ ပြုလုပ်နေသဖြင့် အတည်ပြုရန် ခက်ခဲသော်လည်း ရာထူးတိုးမြှင့် ခန့်အပ်ခံရသူများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ရုံးချုပ်သို့ အစီရင်ခံကြရကြောင်း သိရသည်။
အနောက်မြောက်ပိုင်းတိုင်း (နမခ) တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် သာအေး ကို ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) အဖြစ်လည်းကောင်း၊ အလယ်ပိုင်းတိုင်း (လပခ) တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ခင်ဇော် ကို အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ်လည်းကောင်း၊ အနောက်တောင်တိုင်း (နတခ) တိုင်းမှူးဟောင်း သူရမြင့်အောင် ကို စစ်ရေးချုပ် အဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်ဟု သတင်းရပ်ကွက်များက ဆိုသည်။
နအဖ သည် အချိန်နှင့်အမျှ သူ၏ တိုင်းမှူးများကို အပြောင်းအရွှေ့ လုပ်ခြင်းသည် အစဉ်အလာတခု ဖြစ်သော်လည်း အချို့စစ်ရေး အကဲခတ်များက ယခု အပြောင်းအရွှေ့သည် နအဖ အနေဖြင့် သူ၏ တပ်အတွင်းမှာပင် အပြောင်းအလဲများ ပြုလုပ်လာပြီဟု ပြသလိုကြောင်း သုံးသပ်ကြသည်။
“စစ်တပ်ထဲမှာ အပြောင်းအလဲ နည်းနည်း လုပ်ပြီးတော့ စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲ ကောင်းလာနိုင်မယ်၊ အလားအလာ ရှိလာမယ်ဆိုပြီး လူထုကို ပြချင်တဲ့သဘော ပိုရှိတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောသည်။
အခြားတဘက်တွင် နအဖ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေသည် သူ့အတွက် ပိုမို အားကောင်းလာစေရန် သူ၏ လူယုံများကို ရာထူး တိုးပေးခြင်းအားဖြင့် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
သူက ဆက်ပြီး “အဲဒီအပြောင်းအလဲကို ကြည့်လိုက်ရင် သန်းရွှေက သူ့လူတွေ အားပိုကောင်းလာအောင်တို့၊ ရွှေမန်းနဲ့ နီးစပ်တဲ့လူတွေ နေရာရလာအောင် လုပ်တဲ့သဘောလည်း ပါတယ်။ စီနီယာ ကျတာကိုလည်း ရွေးလိုက်သလို၊ သန်းရွှေ၊ ရွှေမန်းနဲ့ နီးစပ်တဲ့ လူတွေကို ဆွဲတင်လိုက်တာလည်း ပါတယ်” ဟု နအဖ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အကြား အားပြိုင်မှုကို ရည်ညွှန်းပြီး ဦးဝင်းမင်းက ပြောဆိုလိုက်သည်။
Posted by Ko Myint Maung at Monday, December 03, 2007 0 comments
ဗိုလ်ချုပ်သန်းရွှေ ပြုတ်မယ့်ကိန်းရောက်ပြီ (ဆောင်းပါး)
ဆောင်းပါး
ဆြာသြ
ပုံမှာ ပါတဲ့အတိုင်း ကလင်ဒါခွင်ကျ ရန်ကုန်လူတွေ တွက်ချက်ထားပါတယ်။ မှန်မမှန်ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တွက်ချက်ပုံကတော့ဦးနုဟာ ၁၉၅၄ မှာ ကမ္ဘာအေးဘုရားကို တည်ခဲ့ပါတယ်ကမ္ဘာအေး ဆိုတာက ကမအ တို့ ပေါင်းထားတာ ဖြစ်တယ်က=၂မ=၅အ=၁အားလုံးပေါင်းတော့ ၈ ရပါတယ်တည်ခဲ့တာက ၁၉၅၄ ပါဦးနု = ဥနဥ=၁န=၇ပေါင်းတော့ ရှစ်ရပါတယ်အဲဒီတော့ဘုရားတည်တဲ့ ခုနှစ် ၁၉၅၄ မှာ နေ့နံ ဂဏန်း ရှစ်ပေါင်းလိုက်တော့ ၁၉၆၂ ရပါတယ်။ ဦးနုဟာ ၁၉၆၂ မှာ ပြုတ်ကျခဲ့ပါတယ်နေ၀င်းက ၁၉၇၇ မှာ ၀ိဇရ ဘုရားကို တည်ခဲ့ပါတယ်ဝိဇရ = ၀ဇရ၀=၄ဇ=၃ရ=၄အားလုံးပေါင်း ၁၁ ရပါတယ်တည်ခဲ့တာက ၁၉၇၇ မှာ ဖြစ်ပါတယ်နေ၀င်း = န၀န=၇၀=၄ပေါင်းတော့ ၁၁ ရပါတယ်ဘုရားတည်တဲ့နှစ် ၁၉၇၇ မှာ နေ့နံ ဂဏန်း ၁၁ ပေါင်းလိုက်တော့ ၁၉၈၈ ရပါတယ် အဲဒီနှစ်မှာ ဦးနေ၀င်း ပြုတ်ကျခဲ့ပါတယ်ဦးသန်းရွေက ၁၉၉၇ မှာ စွယ်တော် ကို တည်ခဲ့ပါတယ်စွယ်တော် = စတစ=၄တ=၇ပေါင်းတော့ ၁၀ ရပါတယ်တည်တဲ့နှစ်က ၁၉၉၇ ပါသန်းရွှေ = သရသ=၆ရ=၄ပေါင်းလိုက်ရင် ၁၀ ရပါတယ်ဘုရားတည်တဲ့နှစ် ၁၉၉၇ မှာ နေ့နံ ၁၀ ပေါင်းကြည့်ရင် ၂၀၀၇ ရပါတယ်။ကလင်ဒါအရ ဆိုရင်တော့ ဒီနှစ်မှာ ဦးသန်းရွေ ပြုတ်ဖို့ ရှိပါတယ်။ကလင်ဒါ မှန်မမှန်ကို စောင့်ရဦးမှာပါ။
ဆြာသြ
Posted by Ko Myint Maung at Monday, December 03, 2007 0 comments