Tuesday, May 20, 2008

နာဂစ် ဗီစီဒီများ မြန်မာပြည်တွင်း လူကြိုက်များ

မြင့်မောင်
မဇ္ဈိမသတင်းဌာန
အိန္ဒိယ။ ။ နာဂစ်မုန်တိုင်းဒဏ် အလူးအလဲခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေးမြို့နယ်အတွင်းက အဖြစ်အပျက်များကို ဗီဒီယိုမှတ်တမ်းတင်ကာ စီဒီခွေများတွင် ထည့်သွင်း၍ ရန်ကုန်မြို့တွင် ရောင်းချနေရာ အရောင်းတွင်ကျယ်လျှက် ရှိသည်။
ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးများ၊ လူနှင့်တိရစ္ဆာန် ရုပ်အလောင်း များ၊ ရေဖုံးလွှမ်းနေသည့် လယ်ယာကွင်းပြင်များ အစရှိသည့် အနိဋ္ဌာရုံများနှင့် လေဘေးဒုက္ခသည်များကို တွေ့ဆုံမေးမြန်းချက်များ ပါဝင်ကာ စီဒီ ၃ ချပ်လျှင် ကျပ် ၁၅ဝဝ ဖြင့် လမ်းဆုံမီးပွိုင့်များနှင့် နေရာအချို့တွင် လွန်ခဲ့သည့် တပတ်မှစတင်ကာ လူသိထင်ရှား ရောင်းချနေခြင်း ဖြစ်သည်။
ရန်ကုန်ရှိ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အရက်ဆိုင်များတွင် နာဂစ်ဗီဒီယိုခွေဖွင့်ပြခြင်းများကို ရန်ကုန်တွင် နေရာအနှံ့ တွေ့ရ သည်။
"လူသေအလောင်းတွေက ဟိုနေရာတလောင်း၊ ဒီနေရာတလောင်းစီ ဖြစ်နေတယ်။ တချို့နေရာတွေမှာ အလောင်းတွေက ထပ်နေတယ်။ အုတ်ပုံတွေ၊ တိုက်ပျက်တွေအောက်မှာ အလောင်းတွေက ကြည့်ချင်စရာ မရှိဘူး။ ခေါင်းတွေပြားနေတဲ့ ပုံတွေ၊ မိသားစုလိုက် ကြိုးချီပြီး သေဆုံးနေတာတွေ၊ အလောင်းတွေ ရေထဲမှာမျောပါနေတာတွေ၊ ကိုင်းပင်တွေကြားမှာ ခေါင်းစိုက်နေပြီး ဆွဲမိဆွဲရာ ဆွဲပြီး သေဆုံးနေတာတွေ ပါတယ်" ဟု ကိုယ်တိုင် ဝယ်ယူကြည့်ရှုရသူ ရန်ကုန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ပြိုလဲပျက်စီးနေသည့် နေအိမ်နှင့် အဆောက်အဦများ၊ သစ်ပင်များ၊ အပျက်အစီးများအကြား ပိညပ်သေဆုံး မှုများအပြင် လေဘေးဒုက္ခသည်များ၏ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရသည့် နေထိုင် စားသောက်ရေး အခက်အခဲကြီးမားပုံများကို ရိုက်ကူးဖော်ပြထားချက်များလည်း ပါဝင်ကြသည်။
"အသက်ရှင်လျက်နဲ့ ကျန်နေတဲ့ သူတွေဆိုရင်လည်း အရာရာကို ကြောက်လန့်နေသလို ခံစားနေရတဲ့ သဘောရှိတယ်။ တချို့ဆိုရင် သွေးပျက်နေတဲ့ သဘောတွေ တွေ့ရတယ်။ တချို့က သားပျောက်ကို ရှာနေကြတယ်။ ဒုက္ခသည်တွေထားတဲ့ နေရာတွေမှာ အစားအသောက် မပြည့်စုံဆုံးဆိုတော့ လှူဒါန်းတဲ့ သူတွေလာရင် ကလေးတွေ ဝိုင်းအုံလိုက်တာတွေပါ တွေ့ရတယ်" ဟု ရန်ကုန်ဒေသခံက ဆက်ပြောသည်။
နအဖ စစ်အစိုးရ၏ ရုပ်မြင်သံကြား သတင်းဌာနဖြစ်သည့် MRTV က အဆိုပါဖြစ်ရပ်များကို တင်ပြခြင်းမရှိဘဲ မြန်မာစစ်တပ်က ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများ သယ်ယူနေပုံများနှင့်အတူ ပျက်စီးဆုံးရှုံးမှု နဲပါးသည့်နေရာများကို ရိုက်ကူးကာ အသားပေးတင်ပြခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။ "မုန်တိုင်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ ပါတယ်။ လက်တွေ့ခံစားနေရတဲ့ ဒုက္ခသည်တွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေလည်း ပါတယ်" ဟု အခြား ရန်ကုန်ဒေသခံက ပြောသည်။
သူက ဆက်ပြီး "လူတွေကတော့ အထူးအဆန်းဆိုတော့ ကြည့်ချင်မြင်ချင်ကြတာပေါ့။ ခွေထဲမှာပါတဲ့ဟာက အလောင်းကြီးတွေ မျောနေတဲ့ဟာတွေ၊ ကျွဲသေ၊ နွားသေ၊ ဆိတ်တွေ အကုန်၊ လူသေတွေ မျောနေတဲ့ဟာတွေ၊ အိမ်အပြိုအပျက်တွေ၊ ကလေးတွေသေတာကို၊ အနိဋ္ဌာရုံတွေကို လူတွေက မှတ်တမ်းအဖြစ်နဲ့ ဝယ်ထားတဲ့ သဘောမျိုးပေါ့။ သိမ်းထားတဲ့ သဘောမျိုးပေါ့" ဟု ပြောသည်။

နိုင်ငံတကာ မျိုးချစ်မြန်မာများရဲ့ လေဘေး ဒုက္ခသည်များအရေး လှုပ်ရှားမှု

မြင့်မောင်
မဇ္ဈိမသတင်းဌာန
မြန်မာလေဘေး ဒုက္ခသည်များအတွက် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများက ရန်ပုံငွေ ကောက်ခံမှု၊ မြန်မာပြည်တွင်းသို့ လိုအပ်သည့် ပစ္စည်းများ တင်ပို့မှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ လေဘေးဒုက္ခသည်များ ကူညီရေးစောင့်ရှောက်ရေး လုပ်ငန်းများတွင် လိုအပ်နေသည့် ဆေးဝါး၊ ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများလည်း လိုက်လံကောက်ခံ၍ ပို့ဆောင်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အိန္ဒိယ၊ စင်္ကာပူ၊ အင်္ဂလန်၊ ဂျပန်၊ ထိုင်းနှင့် မလေးရှားမှ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။
ဦးဇင်း အဲမွန် - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (အိန္ဒိယ)
မြန်မာ လေဘေး ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံရာတွင် ရူပီး ၅ သောင်းကျော် ရနေပြီ ဖြစ်သည်။ မြန်မာပြည်တွင်းမှာရှိ သာသနာ့ ဥသျှောင် အဖွဲ့ကြီးသို့ လွှဲပြောင်း ပို့သွားမည်ဖြစ်ကာ ၎င်းတို့မှတဆင့် လိုအပ်သည့် ဆေးဝါးနှင့် အခြားပစ္စည်းများ ဝယ်ယူ လှူဒါန်းသွားမည် ဖြစ်သည်။ ငွေသားများကို ဦးစွာ လွှဲပြောင်းပေးပို့မည် ဖြစ်ပြီး အဝတ်အစားများနှင့် ဆေးဝါးများကိုလည်း ထပ်မံ ပို့ဆောင်ရန် စီစဉ်ထားသည်။ အိန္ဒိယပြည်သူများထံမှလည်း အကူအညီများ ဆက်လက် ကောက်ခံနေသည်။
ကိုဝင်းကျော် (စင်္ကာပူ)
“စင်္ကာပူနိုင်ငံမှာ လေဘေးဒုက္ခတွေနဲ့ ပတ်သက်ပြီး အလှူခံနေဆဲ ဖြစ်ပါတယ်။ မနေ့က ကောက်ခံ ရရှိငွေ စုစုပေါင်းက စင်္ကာပူဒေါ်လာ ၁ သိန်း ၃ နဲ့ ၄ သောင်းကြား ရရှိပါတယ်။ ကောက်ခံ ရရှိငွေတွေကို အစိုးရလက်ထဲ မရောက်အောင်၊ ဒုက္ခသည်တွေလက်ထဲ တိုက်ရိုက် ရောက်အောင်၊ ကျနော်တို့တတွေ Overseas Burmese Patriots (OBP) ပြည်ပရောက် မျိုးချစ် မြန်မာများအဖွဲ့က ဦးဆောင်ပြီးတော့ ဒုက္ခသည်တွေလက်ထဲ တိုက်ရိုက်ရောက်အောင် လှူဒါန်းနေပါတယ်။ အစိုးရကနေပြီးတော့ အမျိုးမျိုး ပိတ်ပင်တားဆီးမှု ရှိပါတယ်။ အဲဒီ ကြားထဲကနေ အခက်အခဲပေါင်းစုံ ရှိပါတယ်။ ကျနော်တို့ လူတွေကို စစ်အစိုးရကနေ ခေါ်ယူ စစ်ဆေးနေတာတွေ ရှိပါတယ်။ ကျနော်တို့ ဘယ်လို အခက်အခဲတွေ ရှိနေပါစေ၊ ရောက်အောင် လှူဒါန်းမယ်။ စင်္ကာပူရောက်နေတဲ့ မြန်မာအားလုံးရဲ့ မျိုးချစ် မြန်မာများရဲ့ အလှူငွေကို စစ်အစိုးရလက်ထဲ မရောက်အောင်၊ ဒုက္ခသည်တွေလက်ထဲ ရောက်အောင် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းဖို့အတွက် အမြဲ ကြိုးစားနေပါတယ်။ ဆက်ပြီးတော့လည်း လှူဒါန်းနေပါတယ်။ ဘိုကလေး၊ ကွမ်းခြံကုန်းမှာ သောက်ရေ အခက်အခဲ ရှိတယ်လို့ သိရတယ်။ အဲဒီအတွက် ရေရှည် သောက်နိုင်အောင်အတွက် ရည်ရွယ်ပြီးတော့ သောက်ရေတွင်းတွေ တူးပေးဖို့အတွက် စင်္ကာပူမှာ လှူဒါန်းရရှိတဲ့ ငွေတွေနဲ့ စက်ရေတွင်းတွေ တူးပေးမယ်။ ကျနော်တို့ နိုင်ငံတကာက အကူအညီတွေ မရခင်မှာ ကျနော်တို့ အဖွဲ့ရဲ့ ကူညီမှုဟာ အတိုင်းအတာတခုထိ ထိရောက်တယ်လို့ ပြောချင်ပါတယ်။ စင်္ကာပူနိုင်ငံက ဆန်အိတ်ပေါင်း ၅ဝဝဝ ကျော် လှူဒါန်းပြီးပါပြီ။ ဆေးဝါးနဲ့ တခြားပစ္စည်းတွေလည်း လှူဒါန်းပြီး ဖြစ်နေပါတယ်။ ပြည်တွင်းမှာ လေဘေးကူညီမှု အသင်းတွေကို ဆန်အိတ်ပေါင်း ၅ဝဝ လှူဒါန်းထားတယ်။ ပြည်တွင်းမှာ လေဘေးအတွက် လုပ်ဆောင်နေတဲ့ ရဟန်းတော်တွေကတဆင့် ဆန်အိတ်ပေါင်း ၂၅ဝ လှူဒါန်းထားပြီး ဖြစ်ပါတယ်။ ဆေး၊ အာလူး၊ ပဲတို့ကိုလည်း စင်္ကာပူငွေ ၁ သောင်းခွဲဖိုးနဲ့ ညီမျှတဲ့ ပစ္စည်းတွေကိုလည်း လှူဒါန်းပြီး ဖြစ်တယ်”
ဒေါက်တာဝင်းနိုင် (အင်္ဂလန်)
“သာသနာ့ ဥသျှောင် အဖွဲ့ကနေ ဦးဆောင်ပြီး အလှူငွေ ကောက်နေပါတယ်။ သာသနာ့ ဥသျှောင် ဥက္ကဋ္ဌ မုဒုံ ဆရာတော်ကနေပြီး ပြီးခဲ့တဲ့ တပတ်က ပထမဆုံးရတဲ့ ပေါင် ၃ဝဝဝ ကို မြန်မာပြည်အတွင်းမှာ ရှိတဲ့ ဆရာတော်တွေ ဦးဆောင်တဲ့ အဖွဲ့ကို ပို့ဆောင်ထားပါတယ်။ လန်ဒန်ရှိ ဥထ်သမိ တက္ကသိုလ်မှာလည်း လေဘေးဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် လှူဒါန်းပွဲကို မနေ့က ကျင်းပခဲ့ပြီး ပေါင် ၆ဝဝဝ ကောက်ခံရရှိတယ်လို့ သိရပါတယ်။ ကျနော်တို့က အရမ်းလိုအပ်နေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်အောင်၊ လိုအပ်တာတွေ ပံပိုးပေးနိုင်အောင် ဒီကနေ လုပ်ပေးနေတာ ဖြစ်ပါတယ်။ တသီးပုဂ္ဂိုလ် အလှူရှင်တွေလည်း မြန်မာပြည်အတွင်းကို သွားရောက်ပြီးတော့ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို အကူအညီပေးဖို့ သွားနေတာတွေ ရှိပါတယ်။ ကျနော်တို့ လန်ဒန်ကနေ ဆောင်ရွက်မှုတွေကတော့ အခုအချိန်အထိ ဘာမှ အနှောင့်အယှက် မရှိသေးဘဲ ကူညီမှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါတယ်။ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်စူးပြီး လေဘေး ဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေအတွက် ရံပုံငွေရှာဖို့ လန်ဒန်မြို့မှာ လုပ်မယ် ဖြစ်ပါတယ်။ လေဘေးကူညီဖို့အတွက် ပို့ငွေပေါင်း ဒေါ်လာ ၁ သောင်းခန့်ရှိပြီး လိုအပ်တဲ့ဆေးဝါးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဖြစ်ပါတယ်။ နောက်ထပ် ကောက်ခံရရှိတဲ့ ငွေကိုလည်း လာမယ့် အပတ်ထဲမှာ ထပ်ပို့သွားအုံးမှာပါ”
ဒေါက်တာမင်းညို (ဂျပန်)
“ဂျပန်နိုင်ငံမှာရှိတဲ့ လေဘေး ကူညီထောက်ပံ့ရေး အသင်းက အလှူငွေ ယမ်း ၁ဝ သိန်း နီးပါးလောက် ကောက်ခံရရှိတယ် ပြောတယ်။ ကျနော်တို့က နေ့စဉ် ကောက်တာ ဖြစ်တယ်။ တနေ့ကို ၂ နာရီလောက်ပဲ ကောက်နိုင်တာ ဖြစ်တယ်။ တနေ့ကို ယမ်း ၇ သောင်းကနေ ၁ သိန်းကြား အလှူငွေ လက်ခံ ရရှိတာ ဖြစ်တယ်။ ကျနော် ဂျပန်မှာရှိတဲ့ အဖွဲ့အစည်းတွေကနေတဆင့် အလှူငွေတွေ ပေါင်းပြီးတော့ မြန်မာပြည်ထဲကို ပို့နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဂျပန်မှာရှိတဲ့ ပြည်သူတွေထံက လေဘေး ဒုက္ခသည်တွေအတွက် လူအင်အား စိုက်ပြီးတော့ အလှူခံလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေ ရှိတယ်။ ကောက်ခံရရှိတဲ့ အလှူငွေတွေကို မြန်မာပြည် အတွင်းမှာရှိတဲ့ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ လက်ဝယ်ကို ရောက်ရှိဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်။ အဖွဲ့အစည်းတွေအပြင် ပုဂ္ဂိုလိက ကျောင်းသူတွေကလည်း သူတို့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူလူထုအတွက် ဝိုင်းဝန်း လုပ်ဆောင်နေတာတွေ ရှိနေတယ်။ လူသားချင်း စာနာထောက်ထားတဲ့ မြန်မာပြည်က စာသင်နေတဲ့ ကျောင်းသူတွေ၊ လေဘေးဒဏ်ခံနေရတဲ့ ဒုက္ခသည် ပြည်သူတွေအတွက် မိမိတို့ လုပ်ဆောင်နိုင်တဲ့ အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်း လုပ်ဆောင်နေပါတယ်”
ကိုမြင့်စိုး - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (ထိုင်း)
“ထိုင်းနိုင်ငံအခြေစိုက် လေဘေးဒုက္ခသည်များ ကူညီရေးအဖွဲ့ကနေပြီး ပြီးခဲ့တဲ့ ရက်က မြန်မာပြည်အတွင်းကို လိုအပ်တဲ့ ဆေးပစ္စည်းနဲ့ အဝတ်အထည်တွေကို ပို့ဆောင်လိုက်ပါတယ်။ ကွန်တိန်နာ တစီး ရှိပါတယ်။ နိုင်ငံတကာမှာ နိုင်ငံခြားသားတွေက ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်း တချို့လည်း ပါတယ်။ ဒီပစ္စည်းတွေကို လေဘေးဒဏ် ခံနေရတဲ့ ဘိုကလေးနဲ့ လပွတ္တာမြို့ကို ပို့သွားမှာပါ။ ပို့လိုက်တဲ့ ပစ္စည်းတွေကတော့ မနေ့က ရောက်သွားပါပြီ။ ပြည်တွင်းမှာရှိတဲ့ လေဘေးကူညီရေး အဖွဲ့အစည်း အသီးသီးမှာ လိုက်လံ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်
ကိုကျော်ကျော် - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (မလေးရှား)
“မလေးနိုင်ငံအခြေစိုက် မြန်မာ လေဘေးဒုက္ခသည်တွေ ကူညီရေးအဖွဲ့က ဆေးဝါးနဲ့ တခြားပစ္စည်းတွေကို ပို့လိုက်ပြီ။ ဆေးဝါးနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ၊ အဝတ်အထည်တွေလည်း ပါတယ်။ အဓိက ပို့တဲ့ ပစ္စည်းတွေက ဝမ်းရောဂါနဲ့ ရေသန့်ဆေးပြားတွေပါ။ မလေးငွေ ၃ သောင်းနဲ့ ညီမျှတဲ့ ပစ္စည်းတွေ ပို့တာပါ။ နယ်ခြားမဲ့ ဆရာဝန်တွေကတဆင့် လိုအပ်တဲ့ တခြားဆေးဝါးတွေကို ကူညီထောက်ပံ့ပေးတယ်”

နိုင်ငံတကာ မျိုးချစ်မြန်မာများရဲ့ လေဘေး ဒုက္ခသည်များအရေး လှုပ်ရှားမှု

မြင့်မောင်
မဇ္ဈိမသတင်းဌာန
မြန်မာလေဘေး ဒုက္ခသည်များအတွက် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများက ရန်ပုံငွေ ကောက်ခံမှု၊ မြန်မာပြည်တွင်းသို့ လိုအပ်သည့် ပစ္စည်းများ တင်ပို့မှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ လေဘေးဒုက္ခသည်များ ကူညီရေးစောင့်ရှောက်ရေး လုပ်ငန်းများတွင် လိုအပ်နေသည့် ဆေးဝါး၊ ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများလည်း လိုက်လံကောက်ခံ၍ ပို့ဆောင်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အိန္ဒိယ၊ စင်္ကာပူ၊ အင်္ဂလန်၊ ဂျပန်၊ ထိုင်းနှင့် မလေးရှားမှ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။ ဦးဇင်း အဲမွန် - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (အိန္ဒိယ) မြန်မာ လေဘေး ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံရာတွင် ရူပီး ၅ သောင်းကျော် ရနေပြီ ဖြစ်သည်။ မြန်မာပြည်တွင်းမှာရှိ သာသနာ့ ဥသျှောင် အဖွဲ့ကြီးသို့ လွှဲပြောင်း ပို့သွားမည်ဖြစ်ကာ ၎င်းတို့မှတဆင့် လိုအပ်သည့် ဆေးဝါးနှင့် အခြားပစ္စည်းများ ဝယ်ယူ လှူဒါန်းသွားမည် ဖြစ်သည်။ ငွေသားများကို ဦးစွာ လွှဲပြောင်းပေးပို့မည် ဖြစ်ပြီး အဝတ်အစားများနှင့် ဆေးဝါးများကိုလည်း ထပ်မံ ပို့ဆောင်ရန် စီစဉ်ထားသည်။ အိန္ဒိယပြည်သူများထံမှလည်း အကူအညီများ ဆက်လက် ကောက်ခံနေသည်။ ------------------------------------ကိုဝင်းကျော် (စင်္ကာပူ) “စင်္ကာပူနိုင်ငံမှာ လေဘေးဒုက္ခတွေနဲ့ ပတ်သက်ပြီး အလှူခံနေဆဲ ဖြစ်ပါတယ်။ မနေ့က ကောက်ခံ ရရှိငွေ စုစုပေါင်းက စင်္ကာပူဒေါ်လာ ၁ သိန်း ၃ နဲ့ ၄ သောင်းကြား ရရှိပါတယ်။ ကောက်ခံ ရရှိငွေတွေကို အစိုးရလက်ထဲ မရောက်အောင်၊ ဒုက္ခသည်တွေလက်ထဲ တိုက်ရိုက် ရောက်အောင်၊ ကျနော်တို့တတွေ Overseas Burmese Patriots (OBP) ပြည်ပရောက် မျိုးချစ် မြန်မာများအဖွဲ့က ဦးဆောင်ပြီးတော့ ဒုက္ခသည်တွေလက်ထဲ တိုက်ရိုက်ရောက်အောင် လှူဒါန်းနေပါတယ်။ အစိုးရကနေပြီးတော့ အမျိုးမျိုး ပိတ်ပင်တားဆီးမှု ရှိပါတယ်။ အဲဒီ ကြားထဲကနေ အခက်အခဲပေါင်းစုံ ရှိပါတယ်။ ကျနော်တို့ လူတွေကို စစ်အစိုးရကနေ ခေါ်ယူ စစ်ဆေးနေတာတွေ ရှိပါတယ်။ ကျနော်တို့ ဘယ်လို အခက်အခဲတွေ ရှိနေပါစေ၊ ရောက်အောင် လှူဒါန်းမယ်။ စင်္ကာပူရောက်နေတဲ့ မြန်မာအားလုံးရဲ့ မျိုးချစ် မြန်မာများရဲ့ အလှူငွေကို စစ်အစိုးရလက်ထဲ မရောက်အောင်၊ ဒုက္ခသည်တွေလက်ထဲ ရောက်အောင် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းဖို့အတွက် အမြဲ ကြိုးစားနေပါတယ်။ ဆက်ပြီးတော့လည်း လှူဒါန်းနေပါတယ်။ ဘိုကလေး၊ ကွမ်းခြံကုန်းမှာ သောက်ရေ အခက်အခဲ ရှိတယ်လို့ သိရတယ်။ အဲဒီအတွက် ရေရှည် သောက်နိုင်အောင်အတွက် ရည်ရွယ်ပြီးတော့ သောက်ရေတွင်းတွေ တူးပေးဖို့အတွက် စင်္ကာပူမှာ လှူဒါန်းရရှိတဲ့ ငွေတွေနဲ့ စက်ရေတွင်းတွေ တူးပေးမယ်။ ကျနော်တို့ နိုင်ငံတကာက အကူအညီတွေ မရခင်မှာ ကျနော်တို့ အဖွဲ့ရဲ့ ကူညီမှုဟာ အတိုင်းအတာတခုထိ ထိရောက်တယ်လို့ ပြောချင်ပါတယ်။ စင်္ကာပူနိုင်ငံက ဆန်အိတ်ပေါင်း ၅ဝဝဝ ကျော် လှူဒါန်းပြီးပါပြီ။ ဆေးဝါးနဲ့ တခြားပစ္စည်းတွေလည်း လှူဒါန်းပြီး ဖြစ်နေပါတယ်။ ပြည်တွင်းမှာ လေဘေးကူညီမှု အသင်းတွေကို ဆန်အိတ်ပေါင်း ၅ဝဝ လှူဒါန်းထားတယ်။ ပြည်တွင်းမှာ လေဘေးအတွက် လုပ်ဆောင်နေတဲ့ ရဟန်းတော်တွေကတဆင့် ဆန်အိတ်ပေါင်း ၂၅ဝ လှူဒါန်းထားပြီး ဖြစ်ပါတယ်။ ဆေး၊ အာလူး၊ ပဲတို့ကိုလည်း စင်္ကာပူငွေ ၁ သောင်းခွဲဖိုးနဲ့ ညီမျှတဲ့ ပစ္စည်းတွေကိုလည်း လှူဒါန်းပြီး ဖြစ်တယ်” ------------------------------------ဒေါက်တာဝင်းနိုင် (အင်္ဂလန်) “သာသနာ့ ဥသျှောင် အဖွဲ့ကနေ ဦးဆောင်ပြီး အလှူငွေ ကောက်နေပါတယ်။ သာသနာ့ ဥသျှောင် ဥက္ကဋ္ဌ မုဒုံ ဆရာတော်ကနေပြီး ပြီးခဲ့တဲ့ တပတ်က ပထမဆုံးရတဲ့ ပေါင် ၃ဝဝဝ ကို မြန်မာပြည်အတွင်းမှာ ရှိတဲ့ ဆရာတော်တွေ ဦးဆောင်တဲ့ အဖွဲ့ကို ပို့ဆောင်ထားပါတယ်။ လန်ဒန်ရှိ ဥထ်သမိ တက္ကသိုလ်မှာလည်း လေဘေးဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် လှူဒါန်းပွဲကို မနေ့က ကျင်းပခဲ့ပြီး ပေါင် ၆ဝဝဝ ကောက်ခံရရှိတယ်လို့ သိရပါတယ်။ ကျနော်တို့က အရမ်းလိုအပ်နေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်အောင်၊ လိုအပ်တာတွေ ပံပိုးပေးနိုင်အောင် ဒီကနေ လုပ်ပေးနေတာ ဖြစ်ပါတယ်။ တသီးပုဂ္ဂိုလ် အလှူရှင်တွေလည်း မြန်မာပြည်အတွင်းကို သွားရောက်ပြီးတော့ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို အကူအညီပေးဖို့ သွားနေတာတွေ ရှိပါတယ်။ ကျနော်တို့ လန်ဒန်ကနေ ဆောင်ရွက်မှုတွေကတော့ အခုအချိန်အထိ ဘာမှ အနှောင့်အယှက် မရှိသေးဘဲ ကူညီမှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါတယ်။ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်စူးပြီး လေဘေး ဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေအတွက် ရံပုံငွေရှာဖို့ လန်ဒန်မြို့မှာ လုပ်မယ် ဖြစ်ပါတယ်။ လေဘေးကူညီဖို့အတွက် ပို့ငွေပေါင်း ဒေါ်လာ ၁ သောင်းခန့်ရှိပြီး လိုအပ်တဲ့ဆေးဝါးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဖြစ်ပါတယ်။ နောက်ထပ် ကောက်ခံရရှိတဲ့ ငွေကိုလည်း လာမယ့် အပတ်ထဲမှာ ထပ်ပို့သွားအုံးမှာပါ” ------------------------------------ဒေါက်တာမင်းညို (ဂျပန်) “ဂျပန်နိုင်ငံမှာရှိတဲ့ လေဘေး ကူညီထောက်ပံ့ရေး အသင်းက အလှူငွေ ယမ်း ၁ဝ သိန်း နီးပါးလောက် ကောက်ခံရရှိတယ် ပြောတယ်။ ကျနော်တို့က နေ့စဉ် ကောက်တာ ဖြစ်တယ်။ တနေ့ကို ၂ နာရီလောက်ပဲ ကောက်နိုင်တာ ဖြစ်တယ်။ တနေ့ကို ယမ်း ၇ သောင်းကနေ ၁ သိန်းကြား အလှူငွေ လက်ခံ ရရှိတာ ဖြစ်တယ်။ ကျနော် ဂျပန်မှာရှိတဲ့ အဖွဲ့အစည်းတွေကနေတဆင့် အလှူငွေတွေ ပေါင်းပြီးတော့ မြန်မာပြည်ထဲကို ပို့နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဂျပန်မှာရှိတဲ့ ပြည်သူတွေထံက လေဘေး ဒုက္ခသည်တွေအတွက် လူအင်အား စိုက်ပြီးတော့ အလှူခံလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေ ရှိတယ်။ ကောက်ခံရရှိတဲ့ အလှူငွေတွေကို မြန်မာပြည် အတွင်းမှာရှိတဲ့ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ လက်ဝယ်ကို ရောက်ရှိဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်။ အဖွဲ့အစည်းတွေအပြင် ပုဂ္ဂိုလိက ကျောင်းသူတွေကလည်း သူတို့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူလူထုအတွက် ဝိုင်းဝန်း လုပ်ဆောင်နေတာတွေ ရှိနေတယ်။ လူသားချင်း စာနာထောက်ထားတဲ့ မြန်မာပြည်က စာသင်နေတဲ့ ကျောင်းသူတွေ၊ လေဘေးဒဏ်ခံနေရတဲ့ ဒုက္ခသည် ပြည်သူတွေအတွက် မိမိတို့ လုပ်ဆောင်နိုင်တဲ့ အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်း လုပ်ဆောင်နေပါတယ်” ------------------------------------ကိုမြင့်စိုး - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (ထိုင်း) “ထိုင်းနိုင်ငံအခြေစိုက် လေဘေးဒုက္ခသည်များ ကူညီရေးအဖွဲ့ကနေပြီး ပြီးခဲ့တဲ့ ရက်က မြန်မာပြည်အတွင်းကို လိုအပ်တဲ့ ဆေးပစ္စည်းနဲ့ အဝတ်အထည်တွေကို ပို့ဆောင်လိုက်ပါတယ်။ ကွန်တိန်နာ တစီး ရှိပါတယ်။ နိုင်ငံတကာမှာ နိုင်ငံခြားသားတွေက ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်း တချို့လည်း ပါတယ်။ ဒီပစ္စည်းတွေကို လေဘေးဒဏ် ခံနေရတဲ့ ဘိုကလေးနဲ့ လပွတ္တာမြို့ကို ပို့သွားမှာပါ။ ပို့လိုက်တဲ့ ပစ္စည်းတွေကတော့ မနေ့က ရောက်သွားပါပြီ။ ပြည်တွင်းမှာရှိတဲ့ လေဘေးကူညီရေး အဖွဲ့အစည်း အသီးသီးမှာ လိုက်လံ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်” ------------------------------------ကိုကျော်ကျော် - မြန်မာလေဘေး ဒုက္ခသည်တွေ ကူညီရေးအဖွဲ့ (မလေးရှား) “မလေးနိုင်ငံအခြေစိုက် မြန်မာ လေဘေးဒုက္ခသည်တွေ ကူညီရေးအဖွဲ့က ဆေးဝါးနဲ့ တခြားပစ္စည်းတွေကို ပို့လိုက်ပြီ။ ဆေးဝါးနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ၊ အဝတ်အထည်တွေလည်း ပါတယ်။ အဓိက ပို့တဲ့ ပစ္စည်းတွေက ဝမ်းရောဂါနဲ့ ရေသန့်ဆေးပြားတွေပါ။ မလေးငွေ ၃ သောင်းနဲ့ ညီမျှတဲ့ ပစ္စည်းတွေ ပို့တာပါ။ နယ်ခြားမဲ့ ဆရာဝန်တွေကတဆင့် လိုအပ်တဲ့ တခြားဆေးဝါးတွေကို ကူညီထောက်ပံ့ပေးတယ်”

လေဘေးဒုက္ခသည်တွေကို လူငယ်တွေက စတုဒိသာ ကျွေးမွေး


မြင့်မောင်
မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့တွင် နေထိုင်သည့် လေဘေးဒုက္ခသည် ၂ဝဝဝ ကျော်ကို ဒေသခံ လူငယ်များက ယနေ့ နံနက်ပိုင်းတွင် စတုဒိသာ ကျွေးမွေးခဲ့သည်။ စာသင်ကျောင်းများမှ ခုံများ၊ ပုဂံများ ဌားရမ်းကာ ရွှေပြည်သာကွေ့ တံတားကြီး မှတ်တိုင်အနီး လမ်းဘေးတွင် မဏ္ဍပ်ထိုးပြီး ယနေ့နံနက် ၅ နာရီခွဲမှ စတင်ကာ နာဂစ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို နံနက်စာအဖြစ် ဒေသခံလူငယ် ၂ဝ ကျော်က ကြက်သား ဆန်ပြုတ် တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။ “အခြေအနေတွေက တော်တော်ကို ဆိုးတယ်။ မီးလောင်ပြင်က ပြောင်းလာတဲ့ လူတွေဆိုရင် အိမ်တွေ ပြိုကျပြီးတော့ ဒုက္ခ ရောက်နေတာတွေ ရှိတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ လူငယ်တွေက အလှူဒါနလုပ်သင့်တယ်၊ အဲဒါတွေကို လိုက်ပြီးတော့ ထမင်းထုပ်တွေ ဝေပေး ချင်တယ်။ ဒါပေမဲ့ သူတို့ဘက် (အာဏာပိုင်များ) က လိုက်တားတာတွေ ရှိတဲ့အတွက် အဲဒါတွေ လုပ်ဖို့ အဆင် မပြေဘူး။ အခုဟာကို စဉ်းစားပြီးတော့ အလှူ လုပ်လိုက်တာပါ” ဟု အကျိုးဆောင် လူငယ်အမျိုးသမီးက မဇ္ဈိမကို ရှင်းပြသည်။ ဆန်ပြုတ်အိုးကို နံနက် ၃ အိုး၊ ညနေ ၃ အိုး ကျွေးရန် စီစဉ်ခဲ့သော်လည်း တမနက်ထဲ၌ပင် ကုန်စင်သွားခဲ့သည်။ ၃၆ ပြည် ဝင်ဆန့်သည့် ဆန်တအိတ်ခွဲနှင့် အသားဈေး အပါအဝင် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၂ သိန်းခွဲခန့် ဒါနပြုခဲ့ကြခြင်း ဖြစ်သည်။ ယနေ့တွင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပနေသဖြင့် စတုဒိသာပွဲတွင် ဆူပူမှုများ ဖြစ်မည်ကို ဒေသ အာဏာပိုင်များက စိုးရိမ်သဖြင့် လာရောက် သတိပေးတာမျိုး ရှိခဲ့သော်လည်း အလှူဒါန ကျွေးမွေးပွဲသည် တစုံတရာ အနှောင့်အယှက်မရှိဘဲ နေ့လယ် ၁၂ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ “ဒီဘက်က တာဝန်ယူတဲ့ လူငယ်တွေက အာဏာပိုင်တွေကို ကျမတို့ ကျွေးချင်လို့ စေတနာ သန့်သန့် လုပ်တာပါ၊ ကျမတို့ ထိန်းထိန်း သိမ်းသိမ်း လုပ်သွားမှာပါ၊ ဘာပြဿနာမှ မရှိစေရပါဘူး၊ ကျွေးပြီးတာနဲ့ အကုန်လုံး ပြန်သိမ်းသွားမှာပါလို့ ရှင်းပြပါတယ်။ သူတို့ဘက်က ရပ်ခိုင်းတာတွေတော့ မရှိပါဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ စတုဒိသာ ကျွေးမွေးနေစဉ် ဒေသတွင်းရှိ အလှူရှင်များက လတ်တလော လိုအပ် နေပြီ ဖြစ်သည့် ဝမ်းပိတ်ဆေး၊ အစာကြေဆေး အပါအဝင် ဆေးဝါးများ၊ ပတ်တီးလိပ်၊ ဂွမ်းလိပ်၊ သကြားလုံး၊ ယမ်ယမ် ခေါက်ဆွဲထုပ်များနှင့် အခြား အစားအသောက်များ၊ အဝတ်အထည် အဟောင်းများကို လူငယ်များမှတဆင့် ပေးကမ်းရန် လာရောက် လှူဒါန်းကြသည်။ လူငယ် အမျိုးသမီးက ဆက်ပြီး “ဒုက္ခရောက် နေတဲ့ ပြည်သူတွေက စတုဒိသာ လုပ်ရတဲ့ အပေါ်မှာ လာစားတဲ့အတွက် အားလုံးက ဝမ်းသာကျေနပ်မှုတွေ ရှိတယ်။ ထပ်ပြီးတော့ လုပ်လို့ ရမယ့်ဟာတွေကို လုပ်သွားဖို့ ကျမတို့ စဉ်းစားထား ပါတယ်။ အဆင်မပြေတဲ့ နေရာတွေမှာ ဆက်လုပ်သွားဖို့ စဉ်းစားထားပါတယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် မြန်မာများ လေဘေးအတွက် အလှူခံ

မြင့်မောင်
မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ နာဂစ် လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာရောက် သံဃာတော်များနှင့် မျိုးချစ်မြန်မာများက အလှူငွေများ ကောက်ခံရာတွင် အားတက်သရော ထည့်ဝင် လှူဒါန်းမှုများ ရှိနေသည်ဟု သိရသည်။သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် အဖွဲ့ခွဲတခုဖြစ်သည့် အင်္ဂလန်တွင် ယခုအခါ ကောက်ခံရရှိငွေပေါင်း ဒေါ်လာ ၁ သန်းကျော် ရရှိနေပြီ ဖြစ်သည်။ “ဘုန်းဘုန်းတို့ ကောက်ခံ ရရှိထားတာကတော့ ဒေါ်လာ ၁ သန်းကျော် ရှိနေပါပြီ။ အဓိက ဒုက္ခရောက်နေတဲ့ လပွတ္တာ၊ ဘိုကလေးတို့ နေရာမျိုးတွေမှာ လှူဒါန်းမှာ ဖြစ်တယ်။ လက်ရှိ လုပ်နေတဲ့ အသင်းအဖွဲ့တွေကို လှူဒါန်းမှာပါ” ဟု အဖွဲ့ကြီး၏ အတွင်းရေးမှူးဖြစ်သူ အင်္ဂလန်မှ ဆရာတော် ဦးဥတ္တရက မဇ္ဈိမကို မိန့်ကြားသည်။ ကောက်ခံ ရရှိငွေများဖြင့် အကူအညီ လိုအပ်နေသည့် လူမျိုးမရွေး၊ ဘာသာမရွေး ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် ဆေးဝါးများ ပံ့ပိုး ကူညီသွားမည် ဖြစ်သည်။ ဆရာတော်က “လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေက ဘာသာမရွေး၊ လူမျိုးမရွေး လှူဒါန်းနေတာ။ ဘုန်းဘုန်းတို့က ဝိုင်းကူညီပေးရမှာပါပဲ။ ကူညီနေတဲ့သူတွေက ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ဘဲနဲ့ ခရစ်ယာန်၊ အစ္စလာန် ဘာသာဝင်တွေ၊ ဘာသာခြားတွေက လှူဒါန်းတာ ဖြစ်တယ်။ လူသားချင်းစာနာတဲ့ အထောက်အကူနဲ့ လှူဒါန်းတာ ဖြစ်တယ်” ဟု ဆက်လက် မိန့်ကြားသည်။ အမေရိကန် အခြေစိုက် ရဟန်းတော်များ အဖွဲ့ချုပ်ကြီးက ကနေဒါ၊ လန်ဒန်၊ စင်္ကာပူ၊ သြစတေးလျ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမဏီ၊ အီတလီ၊ နယူးဇီလန်၊ သီရိလင်္ကာ၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများမှ အဖွဲ့ခွဲများကိုလည်း နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ယခုလ ၄ ရက်နေ့မှ စတင်ကာ အလှူငွေများ ကောက်ခံရန် ညွှန်ကြားထားသည်။ ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားများနှင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များက လေဘေးဒုက္ခသည်များ ကူညီရေးအတွက် လှုပ်ရှားမှုများကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေကြသည်။ ထိုင်း-မြန်မာ လေဘေး ကူညီရေးအဖွဲ့ (ယာယီ) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျော်လင်းဦးက “ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေ လုပ်ငန်းရှင်တွေ ကိုယ်၌က ကူညီ လှူဒါန်းချင်တယ်။ ဘယ်လို လှူရမလဲ၊ ဘယ်သူ့ကို လှူရမလဲ၊ ဘယ်လို ပို့ပေးမလဲဆိုတာတွေ ရှိတယ်။ အဲဒါတွေကို တာဝန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။ အလှူငွေ ကောက်ခံနေသည့် မြန်မာများကို ဘန်ကောက်မြို့ရှိ အလုပ်သမားများအပြင် အချို့ အလုပ်ရှင်များက သယ်ယူသွားလာရေး လွယ်ကူစေရန် မော်တော်ကား၊ ဓာတ်ဆီ ပေးကူကြောင်းနှင့် ထိုင်းတက္ကသိုလ် ကျောင်းသားများကလည်း အလှူငွေများ လိုက်လံ ကောက်ခံပေးကြောင်း ကိုကျော်လင်းဦးက ဆက်ပြောသည်။ စင်္ကာပူရောက် မြန်မာများကလည်း ယမန်နေ့အထိ စင်္ကာပူဒေါ်လာ ၁ဝ၃၄၆၇ ကောက်ခံရရှိပြီး ဖြစ်သည်။ “စင်္ကာပူဒေါ်လာ ၅ သောင်းနဲ့ ညီမျှတဲ့ ဆန်၊ ငါးခြောက်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို မြန်မာပြည်မှာရှိတဲ့ ဒေသ တော်တော်များများကို လှူဒါန်းနေပါတယ်” ဟု ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) အဖွဲ့မှ ဦးဆောင် လှုပ်ရှားသူတဦး ဖြစ်သည့် ကိုစိုးထွန်းက ပြောသည်။ ဝမ်းရောဂါ အပါအဝင် အခြားရောဂါများ ခံစားနေရသည့် ဒုက္ခသည်များအတွက် စင်္ကာပူဒေါ်လာ ၂ သောင်းကျော်ဖိုးရှိ ဆေးဝါးပစ္စည်းများလည်း ပေးပို့ပြီး ဖြစ်သလို၊ စင်္ကာပူဒေါ်လာ ၅ သောင်းနှင့် ညီမျှသည့် ဆန်များကို ဆက်လက်၍ ပေးပို့သွားမည် ဖြစ်သည်။ မြန်မာလူမျိုးများ အများဆုံး သွားရောက်သည့် ပင်နီစူလာ ပလာဇာရှိ လမ်းပြကြယ် စာကြည့်တိုက်၊ စင်းမြန်မာဆိုင်၊ လင်းလက်ဆိုင်၊ သပြေနုဆိုင်နှင့် စီးတီးပွိုင့်ဆိုင်တွင် အလှူငွေများ လက်ခံလျက်ရှိသည်။

လေဘေးထောက်ပံ့ရေးပစ္စည်း မှောင်ခိုဈေးကွက် ဖြစ်ထွန်း

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ မြန်မာလေဘေး ဒုက္ခသည်များအတွက် ပေးပို့ထားသည့် နိုင်ငံခြားအကူအညီများဟု ယူဆရသည့် အစားအစာနှင့် လူသုံးကုန်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဈေးအချို့တွင် ရောင်းချနေသည်။ နိုင်ငံခြားထုတ် ဘီစကွတ်မုန့်များ၊ အသားခြောက်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် မိုးကာ၊ တာလပတ်များကို ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေး၊ ဘိုကလေးဈေး၊ သိမ်ကြီးဈေးနှင့် အခြားဈေးအချို့တွင် ရောင်းချနေသည်ကို မြို့ခံများက တွေ့မြင်နေရခြင်း ဖြစ်သည်။ "ကျနော် ဝယ်ခဲ့တာက စီအန်အီး (အစိမ်းရောင်)၊ အမ်စီအက်၊ ပီအမ်ယူအက်၊ ဒီအိုင်အက်၊ အိုင်တီ စတဲ့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ဘီစကွတ်မုန့်မျိုးစုံနဲ့ ဥရောပနိုင်ငံထုတ် ရယ်ဒီမိတ် အသားချောင်းတွေ၊ ခေါက်ဆွဲခြောက်တွေ။ ဒီဈေးမှာ တခါမှမတွေ့ဖူးတာတွေ" ဟု ညောင်ပင်လေး ဈေးတွင် ကိုယ်တိုင်ဝယ်ယူသူတဦးက မဇ္ဈိမကို ပြောပြသည်။
ကြက်ခြေနီအဖွဲ့မှ လှူဒါန်းသော ပိုးသတ်ပြီးသား တစ်ရှုးထုတ်များကို ရန်ကုန်မြို့ မင်္ဂလာဈေးတွင် ပြန်လည် ရောင်းချမှု ပြုနေသည်ကို တွေ့ရစဉ်။ဈေးထဲတွင် တွေ့မြင်နေရသော ဘီစကွတ်မုန့်များနှင့် ပြီးခဲ့သည့် ၁၁ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းရှိ လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ဝေငှပေးသည့် မုန့်အမျိုးအစားများသည် တူညီနေသည်ဟု မြို့ခံတဦးက ပြောသည်။ မဇ္ဈိမ သတင်းထောက်တဦး ကိုယ်တိုင်လည်း မင်္ဂလာဈေးထဲတွင် ကြက်ခြေနီတံဆိပ်ပါ တစ်ရှုး ပါကင်ထုတ်များ ရောင်းချနေသည်ကို တွေ့ရှိခဲ့ရသည်။ယင်းကုန်ပစ္စည်းများကို ရေတပ်ဝန်း (ရိက္ခာသိုလှောင်သည့်တပ်) မင်္ဂလာဒုံ၊ သံလျင်နှင့် လပွတ္တာမှ ကျန်ရှိသည့် စစ်တပ်များမှ စစ်ကားများဖြင့် သယ်ဆောင်လာကာ ဈေးများတွင် ရောင်းချနေခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ ရန်ကုန်မြို့ခံတဦးကလည်း အတည်ပြု ပြောဆိုသည်။ "ညောင်ပင်လေးဈေးက ဆိုင်တခုမှာလည်း ဘီစကွက်တွေ တွေ့တော့ ကျနော်ခဏ စောင့်ကြည့်နေပါတယ်။ ဈေးရောင်းတဲ့သူက ဈေးလာဝယ်တဲ့ သူတွေကို နိုင်ငံခြားက ဘီစကွတ်ဆိုပြီး ရောင်းချနေတယ်" ဟု သူကပြောသည်။ သူ၏ မိတ်ဆွေ လေယာဉ်ကွင်း ဝန်ထမ်းတဦး၏ နေအိမ်မှာလည်း လေဘေးကယ်ဆယ်ရေး စားသောက်ကုန်ပစ္စည်းများကို တွေ့မြင်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။ "လေယာဉ်ကွင်း အလုပ်သမားအိမ်ကို မနေ့က ကျနော်အလည်သွားတော့ ငါးသေတ္တာဗူး ၁ ဒါဇင်၊ ဘီစကွက်မုန့် ၅ ထုပ်တွေ့လို့ ကျနော်ကမေးတော့ အလုပ်ကရလာတာတဲ့" ဟု သူက ပြန်ပြောပြသည်။ လူမူကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးကလည်း သူလည်းပဲ လေဘေးဒုက္ခသည်များအတွက် ပေးပို့ထားသည့် လူသုံးကုန်များကို ရန်ကုန်မြို့ရှိ ဈေးများတွင် ရောင်းချနေသည်ကို တွေ့ရှိခဲ့ရကြောင်း ယခုလို ပြောသည်။ "ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေက ဓာတ်ပုံတွေ အထောက်အထားတွေ ရယူထားတာ ရှိတယ်။ ညောင်ပင်လေးဈေးမှာ ဂျပန်နိုင်ငံအလံနဲ့ World Foods Program (WFP) ဆိုတဲ့ စာတမ်းပါတဲ့ ဆန်အိတ်၊ နို့ဆီတွေ ရောင်းနေတယ်။ (UNH) စာတန်းပါတဲ့ ခြင်ထောင်တွေကို ဘားလမ်းထိပ်မှာ ရောင်းနေတာ ရှိတယ်။ ခေါက်ဆွဲခြောက်ထုပ် ၁ ထုပ်ကို ၆ဝဝ နဲ့ ညောင်ပင်လေးဈေးမှာ ရောင်းနေတယ်။ ဒိ့ထက် ပိုဆိုးတာကတော့ လူနာတွေ အိပ်ဖို့အတွက် အသုံးပြုတဲ့ အမေရိကန်တဲ (ယာယီတဲ) တွေကို ၈၇ဝဝဝ နဲ့ မင်္ဂလာဒုံဈေးမှာ ဝယ်လို့ရပါတယ်" ဟု သူက ပြောသည်။ “စားနပ်ရိက္ခာတွေ အပြင်မှာ ရောင်းစားတာနဲ့ ပတ်သက်ပြီး လောလောဆယ် အတိအကျ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့ အနေနဲ့ ဒုက္ခသည်တွေဆီ အမြန်ဆုံး ရောက်ရအောင် ရည်ရွယ်ပါတယ်။ ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ အစားအသောက်တွေကို ဒုက္ခသည်တွေဆီ အလျင်အမြန် ပို့နိုင်ဖို့ လိုပါတယ်” ဟု အမေရိကန်နိုင်ငံ နယူးယောက်ရှိ IFRC (ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့)မှ မီဒီယာ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Matt Cachrame က ပြောသည်။ထိုင်းအခြေစိုက် WFP ၏ အာရှဒေသ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Paul Risley ကလည်း ဒုက္ခသည်များအတွက် ထောက်ပံ့ ပစ္စည်းများကို အာဏာပိုင်များက ပြင်ပတွင် ရောင်းစားနေသည့် ကိစ္စနှင့် ပတ်သက်၍ အတိအကျ မသိရသေးကြောင်းနှင့် မှန်ကန်မှု ရှိ၊ မရှိကိုမူ အမြန်ဆုံး အစီရင်ခံစာ ရရှိနိုင်ရန် ကြိုးပမ်းဆဲ ဖြစ်ကြောင်း ပြောသည်။

မြန်မာတပ်သားတဦး လက်နက်နှင့်အတူ မီဇိုရမ်မှာ ဖမ်းမိ

မြင့်မောင်

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ လက်နက်နှင့် ဝင်ရောက်လာသည့် မြန်မာတပ်သားတဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လုံးလေမြို့နယ် အတွင်းရှိ ကျေးရွာတရွာ၌ ဒေသ အာဏာပိုင်များက ယခုလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်။ စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် ခလရ ၂၆၈ ၊ တပ်ခွဲ ၄ မှ အသက် ၁၉ နှစ်အရွယ် တပ်သား ကိုစောစော (ကိုယ်ပိုင်နံပါတ် - တ၊၃၂၁ဝ၄၃၊ အဘ - ဦးစောထူးကဲ) သည် မြန်မာပြည်ထုတ် MA 1 သေနတ်၊ ကျည်ဆံ ၁၂ဝ နှင့်အတူ မီဇိုရမ်ပြည်နယ် လုံးလေမြို့နယ် အတွင်းရှိ Bualpui ကျေးရွာ၌ ယခုလ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် လိုင်မီးလူငယ်များ အစည်းအရုံး (YLA) နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ “မြန်မာစစ်အစိုးရရဲ့ လက်အောက်မှာ မနေချင်လို့၊ စစ်တပ်အတွင်းမှာလည်း မလုပ်ချင်ဘူး၊ စစ်တပ်ထဲကို မဝင်ချင်ဘဲနဲ့ အတင်းဖမ်းသွင်းလို့ ဝင်ခဲ့ရပေမယ့်၊ အချိန်အခါပေးလို့ ဒီဘက်ကို ထွက်ပြေးလာခဲ့တာ” ဟု ဒေသ အာဏာပိုင်များထံ လေ့လာ စုံစမ်းကြည့်သူ မြန်မာပြည်သား တဦးက မဇ္ဈိမကို ပြောသည်။ ကိုစောစောသည် ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ် နယ်စပ်ကျေးရွာ ဆိုးခွားတွင် တာဝန်ကျနေရာမှ မီဇိုရမ် ပိုင်နက်အတွင်းရှိ လုံးလေမြို့နယ် Bualpui ကျေးရွာသို့ ထွက်ပြေးလာရာ နောက်တရက် နံနက်ပိုင်းတွင် အဖမ်းခံရခြင်း ဖြစ်သည်။ လုံးလေ ရဲအရာရှိ S. Dawkumanga က “သူ့အမှုနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး စုံစမ်းနေတုန်းပါပဲ” ဟု ပြောသည်။ သူသည် ရန်ကုန်တိုင်း စမ်းချောင်း မြို့နယ်တွင် နေထိုင်သူဖြစ်ကာ နိုင်ငံခြားသား အက်ဥပဒေ၊ လက်နက် ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု ရဲသတင်းရပ်ကွက် တခုက ဆိုသည်။ ယခုအခါ သူ့ကို လုံးလေ အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး လာမည့် ၂၇ ရက်နေ့တွင် ရုံးထုတ်ရန် ရက်ချိန်း ပေးထားသည်။

Monday, May 12, 2008

နိုင်ငံတကာရောက် မြန်မာများ လေဘေးအတွက် အလှူခံ

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ နာဂစ် လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာရောက် သံဃာတော်များနှင့် မျိုးချစ်မြန်မာများက အလှူငွေများ ကောက်ခံရာတွင် အားတက်သရော ထည့်ဝင် လှူဒါန်းမှုများ ရှိနေသည်ဟု သိရသည်။သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် အဖွဲ့ခွဲတခုဖြစ်သည့် အင်္ဂလန်တွင် ယခုအခါ ကောက်ခံရရှိငွေပေါင်း ဒေါ်လာ ၁ သန်းကျော် ရရှိနေပြီ ဖြစ်သည်။ “ဘုန်းဘုန်းတို့ ကောက်ခံ ရရှိထားတာကတော့ ဒေါ်လာ ၁ သန်းကျော် ရှိနေပါပြီ။ အဓိက ဒုက္ခရောက်နေတဲ့ လပွတ္တာ၊ ဘိုကလေးတို့ နေရာမျိုးတွေမှာ လှူဒါန်းမှာ ဖြစ်တယ်။ လက်ရှိ လုပ်နေတဲ့ အသင်းအဖွဲ့တွေကို လှူဒါန်းမှာပါ” ဟု အဖွဲ့ကြီး၏ အတွင်းရေးမှူးဖြစ်သူ အင်္ဂလန်မှ ဆရာတော် ဦးဥတ္တရက မဇ္ဈိမကို မိန့်ကြားသည်။ ကောက်ခံ ရရှိငွေများဖြင့် အကူအညီ လိုအပ်နေသည့် လူမျိုးမရွေး၊ ဘာသာမရွေး ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် ဆေးဝါးများ ပံ့ပိုး ကူညီသွားမည် ဖြစ်သည်။ ဆရာတော်က “လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေက ဘာသာမရွေး၊ လူမျိုးမရွေး လှူဒါန်းနေတာ။ ဘုန်းဘုန်းတို့က ဝိုင်းကူညီပေးရမှာပါပဲ။ ကူညီနေတဲ့သူတွေက ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ဘဲနဲ့ ခရစ်ယာန်၊ အစ္စလာန် ဘာသာဝင်တွေ၊ ဘာသာခြားတွေက လှူဒါန်းတာ ဖြစ်တယ်။ လူသားချင်းစာနာတဲ့ အထောက်အကူနဲ့ လှူဒါန်းတာ ဖြစ်တယ်” ဟု ဆက်လက် မိန့်ကြားသည်။ အမေရိကန် အခြေစိုက် ရဟန်းတော်များ အဖွဲ့ချုပ်ကြီးက ကနေဒါ၊ လန်ဒန်၊ စင်္ကာပူ၊ သြစတေးလျ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမဏီ၊ အီတလီ၊ နယူးဇီလန်၊ သီရိလင်္ကာ၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများမှ အဖွဲ့ခွဲများကိုလည်း နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ယခုလ ၄ ရက်နေ့မှ စတင်ကာ အလှူငွေများ ကောက်ခံရန် ညွှန်ကြားထားသည်။ ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားများနှင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များက လေဘေးဒုက္ခသည်များ ကူညီရေးအတွက် လှုပ်ရှားမှုများကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေကြသည်။ ထိုင်း-မြန်မာ လေဘေး ကူညီရေးအဖွဲ့ (ယာယီ) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျော်လင်းဦးက “ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေ လုပ်ငန်းရှင်တွေ ကိုယ်၌က ကူညီ လှူဒါန်းချင်တယ်။ ဘယ်လို လှူရမလဲ၊ ဘယ်သူ့ကို လှူရမလဲ၊ ဘယ်လို ပို့ပေးမလဲဆိုတာတွေ ရှိတယ်။ အဲဒါတွေကို တာဝန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။ အလှူငွေ ကောက်ခံနေသည့် မြန်မာများကို ဘန်ကောက်မြို့ရှိ အလုပ်သမားများအပြင် အချို့ အလုပ်ရှင်များက သယ်ယူသွားလာရေး လွယ်ကူစေရန် မော်တော်ကား၊ ဓာတ်ဆီ ပေးကူကြောင်းနှင့် ထိုင်းတက္ကသိုလ် ကျောင်းသားများကလည်း အလှူငွေများ လိုက်လံ ကောက်ခံပေးကြောင်း ကိုကျော်လင်းဦးက ဆက်ပြောသည်။ စင်္ကာပူရောက် မြန်မာများကလည်း ယမန်နေ့အထိ စင်္ကာပူဒေါ်လာ ၁ဝ၃၄၆၇ ကောက်ခံရရှိပြီး ဖြစ်သည်။ “စင်္ကာပူဒေါ်လာ ၅ သောင်းနဲ့ ညီမျှတဲ့ ဆန်၊ ငါးခြောက်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို မြန်မာပြည်မှာရှိတဲ့ ဒေသ တော်တော်များများကို လှူဒါန်းနေပါတယ်” ဟု ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) အဖွဲ့မှ ဦးဆောင် လှုပ်ရှားသူတဦး ဖြစ်သည့် ကိုစိုးထွန်းက ပြောသည်။ ဝမ်းရောဂါ အပါအဝင် အခြားရောဂါများ ခံစားနေရသည့် ဒုက္ခသည်များအတွက် စင်္ကာပူဒေါ်လာ ၂ သောင်းကျော်ဖိုးရှိ ဆေးဝါးပစ္စည်းများလည်း ပေးပို့ပြီး ဖြစ်သလို၊ စင်္ကာပူဒေါ်လာ ၅ သောင်းနှင့် ညီမျှသည့် ဆန်များကို ဆက်လက်၍ ပေးပို့သွားမည် ဖြစ်သည်။ မြန်မာလူမျိုးများ အများဆုံး သွားရောက်သည့် ပင်နီစူလာ ပလာဇာရှိ လမ်းပြကြယ် စာကြည့်တိုက်၊ စင်းမြန်မာဆိုင်၊ လင်းလက်ဆိုင်၊ သပြေနုဆိုင်နှင့် စီးတီးပွိုင့်ဆိုင်တွင် အလှူငွေများ လက်ခံလျက်ရှိသည်။

ကြိမ်မီးအုံး ပြည်သူများနှင့် အသိဉာဏ် သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များကြောင့် ထပ်မံ နစ်နာကြရဦးမည့် အခြေအနေ

အောင်သူငြိမ်း
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင်မှ စစ်အစိုးရ၏ ညံ့ဖျင်းချက်နှင့် သဘောထား သေးသိမ်မှု၊ အာဏာရူးမှုတို့ကို လူအများ ပို၍ ထင်ထင်ရှားရှား သိလာကြရသည်။ မုန်တိုင်းတိုက်ခတ် ဖျက်ဆီး ခံလိုက်ရပြီးနောက် ဖြစ်ပျက်နေသည့် အခြေအနေ သတင်းများကို မြင်နေကြားနေရသည်မှာ ရင်နှင့်မမျှ၊ တခါတရံ မြန်မာပြည်သူတို့အဖို့ ကြေကွဲခံစားရဖန် များလွန်း၍ နောက်ထပ် ခံစားစရာ ရင်ပြင်၊ ကျစရာ မျက်ရည် ကျန်ပါဦးမည်လားဟုတောင် တွေးမိပါသည်။ ယခု အခြေအနေက ကြိမ်မီးအုံးဟု မြန်မာပြည်သူများ တင်စားပြောဆိုလေ့ ရှိသည့် တမြေ့မြေ့ကြေကွဲစရာ အဖြစ်ဆိုးမျိုး ဖြစ်သည်။ မုန်တိုင်း ဒဏ်ခံရသည့် ပြည်သူများကို စစ်အစိုးရက ဆက်၍ ဖိထောင်းနေသည်။ ဖြတ် ၄ ဖြတ်မဟုတ်။ ဖြတ် ၅ ဖြတ်ဟု ဆိုရတော့ မည် ထင်သည်။ မြန်မာစစ်အစိုးရက ပြည်သူတို့ကို ရန်သူသဖွယ် သဘောထားကာ ယခု နိုင်ငံတကာက အကူအညီပေးမည် ဆိုသည်ကိုပင် ဖြတ်တောက်နေသည်။ စစ်အစိုးရက ပေးမည့်အကူအညီများ၊ ငွေများသာ သူ့ထံ အပ်ပါ။ သူ့တွင် လုပ်ဆောင်နိုင်သော ပညာရှင်၊ အင်အား အရင်းအမြစ် ရှိသည်ဟု ဆိုနေသည်။ နိုင်ငံတကာ အလှူရှင်များက ဆုပ်စူး၊ စားရူး အခြေအနေ။ စစ်အစိုးရက အေးဓါးပြ တိုက်နေသည်။ ကပ်ဘေးဒဏ်သင့် ပြည်သူများကို အကြောင်းပြ၍ လှူဖွယ်ပစ္စည်းများကို လက်ဝါးကြီးအုပ် ထိန်းချုပ်ရန်၊ အာဏာ တည်ဆောက်ရန် ကြိုးပမ်းနေသေးသည်။ နိုင်ငံတကာရှိ လူသားချင်း စာနာထောက်ထားသည့် အကူအညီ ပေးအပ်သည့် အဖွဲ့အစည်းများက ဤသို့ ပေးလိုက်ရိုးထုံးစံ မရှိပါ။ သူတို့တွင် လိုက်နာ စောင့်ထိန်းရမည့် စည်းမျဉ်းများ ရှိသလို၊ စစ်အစိုးရကဲ့သို့ မျက်နှာလွှဲ ခဲပစ် လုပ်တတ်သူများ မဟုတ်ကြပါ။ ထိုမျှမက မြန်မာစစ်အစိုးရက မစွမ်းဆောင်နိုင်သည့် ယာဉ်၊ ပစ္စည်း၊ ကရိယာ၊ ကျွမ်းကျင်မှု၊ အရင်းအမြစ်ပေါင်းစုံ နိုင်ငံတကာ မိသားစုများတွင် ရှိနေကြပါသည်။ ဤသို့သော အကူအညီများကို ပစ်ပယ်၍ ငါတကောကောနေသည်မှာ စက်ဆုပ်ဖွယ်ပင် ဖြစ်ပါတော့သည်။ နာဂစ် မုန်တိုင်းပြီးနောက်မှ မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များကို စူးစိုက်ကြည့် ဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းဒဏ် အခြေအနေနှင့် ပတ်သက်၍ သတင်းများ သိလိုသောကြောင့် ဖြစ်သည်။ သတင်းများကြည့်ဖြစ်လေ၊ ဒေါသ ဖြစ်လေ ဖြစ်နေရသည်။ စစ်အစိုးရ သတင်းမီဒီယာများ ထုတ်လွှင့်နေသည်က မိမိသိလိုသည့် အချက်များ တခုမျှ မပါဝင်ပါ။ လွန်ခဲ့သည့် ၂- ရက်ခန့်က အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေး လုပ်သည်ကို ပြသည်။ ဤ ကော်မီတီက ဖွဲ့ထားသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်သည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး၊ ကျန်ဝန်ကြီးများ၊ ရန်ကုန်၊ မန္တလေး မြို့တော်ဝန်များ အပါအ၀င် ကော်မတီဝင်ပေါင်း ၃၀ ခန့်ပါသည်။ စာရွက်ပေါ်တွင် ရပ်ကွက်/ ကျေးရွာများအထိ ကော်မတီအဆင့်ဆင့် ရှိသည်ဟု ဆိုသည်။ သင်တန်းများလည်း အကြိမ်ကြိမ်၊ အဆင့်ဆင့်တွင် ပေးပြီးဟု ဆိုသည်။ လက်တွေ့တွင် မည်မျှ ထိရောက်သည်ကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။ လွန်ခဲ့သည့် ၂- ရက်ခန့်က ကျင်းပသည့် အစည်းအဝေးတွင်လည်း မိမိသိလိုသည့် သတင်းအချက်အလက်များကို သူတို့ မဖော်ပြခဲ့ကြပါ။ လူမည်မျှ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးဟု ထပ်မံ အသစ် ခန့်မှန်းပါသနည်း။ မဖော်ပြခဲ့ပါ။ အိုးအိမ်မဲ့ ပျက်စီးဆုံးရှုံးရသူများ မည်မျှ ရှိသနည်း။ ဤအချက်ကိုလည်း သတင်းတွင် မထုတ်ပြန်ပါ။ ထို့အပြင် ယာယီ ဒုက္ခသည်စခန်း မည်မျှ ရှိသနည်း။ ထိုစခန်းများတွင် ခိုလှုံနေထိုင်ကြသူ မည်မျှ ရှိသနည်း။ ဤအချက်များကိုလည်း မတွေ့ခဲ့ရပါ။ တွေ့ရသည်က ရုပ်မြင်သံကြား အောက်ခြေတွင် ပြေးနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ ယခု အစိုးရ သတင်းထုတ်လွှင့်ချက်များကို ယုံကြည်ကြရန်ဟူသည့် စာတမ်း ဖြစ်သည်။ ထို့အပြင် မြင်ကြားနေရသည်က ၀န်ကြီးများ တန်းစီထွက်၍ ဟန်ရေးပြနေပုံ ဖြစ်သည်။ ဒုက္ခရောက်သူများကို ဆက်ဆံနေ သည်မှာလည်း လူသားမဆန်လှပါ။ ဒုက္ခသည်ဆန် ရဖို့အရေး ပြန်ကြားရေး ၀န်ကြီးဆိုသူ ကျော်ဆန်းက ဟန်ပါပါ မိန့်ခွန်း ပေးနေသည်ကို နားထောင်နေကြရသည်။ ကြုံ့ကြုံ့လေးထိုင်ပြီး ကျေးဇူးတော် တင်ကြရသေးသည်။ ဤအရေးကို အမျိုးသားအရေး သဘောထားကူညီရန်နှင့် ကူညီလိုသူများက ဒေသအသီးသီးရှိ ကြံ့ဖွံ့ရုံးများသို့ လှူဒါန်းကြရန် ဆိုလာသည်။ အလှူခံပုံက သင်းသည်။ ဤအဖွဲ့ကို လူမုန်းနေသ၍ ဤနည်းဖြင့်ဆိုလျှင် အလှူငွေ မည်မျှ ထက်သန်စွာ လှူကြမည်ကို တွက်ဆနိုင်ပါသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကလည်း အလုပ် မဟုတ်သည်များကို လုပ်သည်။ ရေဘေး၊ လေဘေးသင့် ပြည်သူများကို လှည့်လည် ကြည့်ရှုအားပေးသည်မှာ သင့်သောကိစ္စ ဖြစ်သည်။ ပုသိမ်ရှိ စစ်ဌာနချုပ်သို့ ကိုယ်တိုင် သွားထိုင်၍ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ကိုယ်စား ကြီးကြပ်နေသည်။ ထားပါတော့။ သို့သော်လည်း ရဟတ်ယာဉ်ပေါ် ပစ္စည်းထမ်းတင်သည့် အထိ လုပ်နေသည်ကို ရုပ်မြင်သံကြားတွင် ပြနေသည်။ ဤသည်မှာ သူလုပ်ရမည့် အလုပ် မဟုတ်တော့ပါ။ ထို့အပြင် ခေါက်ဆွဲခြောက်၊ ရေဗူးအချို့၊ ငွေကြေးအချို့ ထောက်ပံ့ ပေးရုံဖြင့် ဖူလုံပြီဆိုသော ပြသမှုမျိုး လုပ်နေသည်မှာ ပို၍ မသိသား ဆိုးရွား နိုင်နေပါတော့သည်။ အမှန်တကယ်တွင် ရေရှည် တည်တံ့သည့် ပြန်လည်ထူထောင်ရေး (sustainable recovery) သဘော သဘာဝကိုလည်း မြန်မာ စစ်ဗိုလ်ချုပ်များက သိရှိထားဟန် မတူပါ။ ဤအခြေအနေတွင် စစ်အစိုးရက လူသားချင်းစာနာမှု အကူအညီဆိုသော ကိစ္စနှင့် ပတ်သက်၍ နားလည် သဘောပေါက်ခြင်း မရှိပုံ၊ နိုင်ငံတကာ အကူအညီနှင့် ပတ်သက်၍ ပို၍ သဘောပေါက် နားလည်မှု မရှိပုံ ထင်ရှား လာပါတော့သည်။ ပညာရှင်များက ဖော်ပြထားကြရာတွင် သဘာဝ ကပ်ဘေးဒုက္ခ ဆိုသည်မှာ လူသားနှင့် သဘာဝ ပတ်ဝန်းကျင်အကြား ဆက်စပ်နေမှု၊ သဟဇာတဖြစ်မှု ကျိုးပျက်စီးသွားခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ဒေသခံပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် ပိုမိုကြီးလေးသည့် ကူညီပံ့ပိုးမှုများ လိုအပ်လာပါသည်။ ဤအခြေအနေကို ယာယီ အရေးပေါ် အကူအညီဖြင့် ဖြေရှင်းပေးရုံမျှဖြင့် မရတော့ပါ။ ဒေသဆိုင်ရာရှိ လူထုများ၏ ရှင်သန် ရပ်တည်ရေး စွမ်းအင် (Local coping capacity) များလည်း ကျဆင်းသွားပြီ ဖြစ်ရာ၊ ပို၍ အားစိုက် ပံ့ပိုးရန် လိုနေပါတော့သည်။ ဆိုလိုသည်မှာ သဘာဝ ကပ်ဘေးများကြောင့် လူများ သေဆုံးမှု များလာသည်။ မိသားစုများ ပြိုကွဲကြရသည်။ အိုးအိမ်၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်။ မြန်မာပြည်၏ စပါးကျီဟု ခေါ်ဆိုနေသော ဧရာဝတီတိုင်းတွင် ဆိုပါစို့။ ဤမုန်တိုင်း ပြီးပြီးချင်း လူအများ သေဆုံးရပြီ ဖြစ်ရာ လုပ်အားရှင် အများအပြား ဆုံးရှုံးသွားပါသည်။ ထို့အပြင် ပြန်လည် ရှင်သန်ရန်အတွက် လယ်မြေများလည်း ဆားငံရေ၀င် ပျက်စီးရပြန်သည်။ နိုင်ငံတကာ ကျွမ်းကျင်သူများ ခန့်မှန်းချက်အရ နောက်ထပ် စိုက်ရာသီ ၂- ခု၊ ၃- ခုတိုင် ဤလယ်များ ပြန်စိုက်ရ ရဖွယ် မရှိပါ။ ကျွဲ-နွားများ ဆုံးရှုံးရသည်။ ၀မ်းစာစပါး၊ မျိုးစပါး များ ဆုံးရှုံးရသည်။ ထို့အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားမှုကို မူလအတိုင်း မည်သည့်အချိန်တွင် ပြန်ဖြစ်လာမည်ကို တွက်ဆ၍ပင် မရနိုင်တော့ပါ။ ဤအခြေအနေတွင် ဤလူထုများအတွက် ပြန်လည် ထူထောင်ရေး ဆိုသည်မှာ ကြီးလေးသည့် ကိစ္စ ဖြစ်ပါသည်။ အရင်းအမြစ်၊ ကျွမ်းကျင်မှု များစွာ လိုပါသည်။ ထိုမျှမကပါ။ သဘာဝဘေးဒဏ် ခံလိုက်ရသည့် ဒေသများသည် ချက်ချင်း ဆင်းရဲသွားကြပါသည်။ လက်ငင်းတွင်ပင် လုယက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နိုင်ပါသေးသည်။ ရရှိသည့် အကူအညီများ ထိန်းချုပ်နိုင်ရေးအတွက်လည်း ပဋိပက္ခများ ပိုမို ပြင်းထန် လာတတ်ပါသည်။ ထို့အပြင် ဤပြည်သူများ၏ ၀ယ်နိုင်အား (Purchasing power) လည်း ကျဆင်းသွားသောကြောင့် ဈေးကွက်များလည်း ပျက်စီးရပါသည်။ ထိုမျှမက အခြား အချက်များလည်း လိုက်လာပါ လိမ့်ဦးမည်။ လူများက အလုပ်အကိုင် မရှိတော့သည့် နေရာ၊ အရပ်မှ ပြောင်းရွှေ့မှုများ ပိုမို များပြားလာမည်။ လူကုန်ကူး ရောင်းချမှုများ၊ လူသားချင်း ရောင်းစား၍ အမြတ်ထုတ်မှုများလည်း ဖြစ်ပေါ်လာနိုင်သေးသည်။ ဤအနေအထားမျိုးတွင် နစ်နာဖွယ် အရှိဆုံးသူများမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ပါသည်။ အမျိုးသမီးများမှာ အိမ်ထောင် ရပ်တည်ရေး အတွက် အဓိက ရုန်းကန်ရသူများ ဖြစ်သောကြောင့် ကပ်ဘေးဒုက္ခနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာ လေ့လာချက်၊ ဆွေးနွေးချက်များလည်း များစွာ ရှိနေပါသည်။ ဤအနေအထားမျိုးတွင် အမျိုးသမီးများကို အခွင့်အရေး မြှင့်တင်ပေးရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မဖြစ်ပေါ်ရလေအောင် စောင့်ရှောက် ကာကွယ်ပေးရမည့် ကိစ္စများလည်း ရှိနေပါ သေးသည်။ ဖြစ်တတ်သည့် အတွေ့အကြုံတခုမှာ လူအများ သဘာဝကပ်ဘေးကြီးများ သင့်ကြရပြီးနောက် စိတ်ကျန်းမာရေးနှင့် ကိုယ် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ကြရခြင်းပင် ဖြစ်ပါသည်။ လေ့လာနေသူများအဆိုအရ ဆူနာမီ လှိုင်းကြီး ရိုက်ခတ်ခံရ ပြီးနောက် ၎င်းဒေသများတွင် စိတ်ပိုင်းဆိုင်ရာအရ အနည်းနှင့် အများဆိုသလို အနာတရ၊ စိတ်ဒဏ်ရာရ ခဲ့ကြပါသည်။ ဤ စိတ်ဒဏ်ရာများ၏ မျိုးဆက်အလိုက် ကူးစက်၍ ရေရှည် သက်ရောက်နိုင်ပုံများကိုပင် လေ့လာ ဆန်းစစ်နေကြပါသည်။ အဖြေ အတိအကျ မရှိကြသေးပါ။ သို့သော်လည်း သေချာသည်ကတော့ ဤသို့ ကပ်ဘေးဒုက္ခကြီးများ ကြုံခဲ့ရ၊ မိသားစုဝင်များ သေကွဲ၊ ရှင်ကွဲ ကွဲကြရသူများအဖို့ စိတ်ဒဏ်ရာများ ရရှိနိုင်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများ (counselling) လိုအပ်လာခြင်း ဖြစ်သည်။ ထို့အပြင် အခြားလူထု ကျန်းမာရေး ပြဿနာများ ရှိပါသေးသည်။ စစ်အစိုးရက ဤမျှ စဉ်းစားထားပုံ မပေါ် ပါ။ဤသို့သော ဖက်စုံအရေးများကို ဆောင်ရွက်ရန် ရန်ပုံငွေ အများအပြား လိုပါသည်။ ၀င်ရောက်ကူညီ ဆောင်ရွက်ပေးမှုနှင့် သင့်လျော်သော ဆုံးဖြတ်ချက်များ ပြုနိုင်ရန် အချက်အလက်များ၊ ဒေတာများ လိုပါသည်။ ထို့နောက်တွင်မှ လက်ငင်းအကူ အညီများနှင့် ရေရှည် အကူအညီများကို တွက်ချက်နိုင်ကြမည် ဖြစ်သည်။ (immediate and long-term effective aid) ဤသို့သောလုပ်ငန်းများ အားလုံးကို အစိုးရကသာ ဦးဆောင်၍ အကုန်လုံး ဆောင်ရွက်နိုင်မည် မဟုတ်သည်မှာ သေချာ ပါသည်။ လိုအပ်နေသည့် အရင်းအမြစ်များ မရှိသလို၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်မှုများလည်း ရှိမနေပါ။ စစ်အစိုးရက အိမ်နီးချင်းနိုင်ငံများမှ လေယာဉ် ၄-၅ စီးမျှနှင့် အကူအညီများ ရောက်လာသည်ကို ဂုဏ်ယူဖော်ပြနေသည်။ သူတို့ မိတ်ဆွေကောင်း ရထားဟန် ပြုနေသည်။ ထိုပစ္စည်းများကို ထိထိရောက်ရောက် ဖြန့်ပေးမည် ဆိုသော်လည်း၊ မိမိ တွေ့ရသလောက် ရဟတ်ယာဉ် ၇ စီးခန့်သာ ပျံဝဲ ပစ္စည်း သယ်ပို့နေကြသည်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။ ယခုအချိန်တိုင် မြန်မာနိုင်ငံအတွက် အကူအညီ ပေးမည်ဟု ကတိပြုထားကြသည်မှာ အမေရိကန်ဒေါ်လာ သန်း ၄၀ မျှသာ ရှိပါသေးသည်။ သို့သော် ဤအကူအညီ အများစုကိုသော်မှ စစ်အစိုးရ ပိတ်ဆို့ ဟန့်တားထားမှုများကြောင့် လက်ခံမရနိုင် ဖြစ်နေကြပါသေးသည်။ ၂၀၀၄ ခုနှစ် ဆူနာမီ အပြီးတွင် နိုင်ငံပေါင်း ၁၁-ခု ကပ်ဘေးဒဏ် ခံစားလိုက်ရ၍ လူပေါင်း ၂၂၀,၀၀၀ ခန့် သေကြေခဲ့ရပါသည်။ သို့သော်လည်း ဆူနာမီဖြစ်ပြီး ၁၂ ရက်အတွင်းမှာပင် နိုင်ငံတကာ အကူအညီပေးရေး ညီလာခံကို ခေါ်ယူနိုင်ခဲ့ပြီး၊ နိုင်ငံ ၁၉ ခုက ဒေါ်လာ သန်း ၄,၀၀၀ လှူဒါန်းမည်ဟု ကတိပြုခဲ့ကြပါသည်။ ဆူနာမီကပ်ဘေး ဒဏ်သင့်ခံရသူ လူတဦးချင်းက ပျမ်းမျှအားဖြင့် အကူအညီ ဒေါ်လာ ၅,၀၀၀ မှ ၆,၀၀၀ ကြား ရရှိခဲ့ကြပါသည်။ အခြား နိုင်ငံများတွင်လည်း အကူအညီ ရရှိရေးအတွက် လုံးပမ်းခဲ့ကြပြီး၊ နိုင်ငံတကာက ရက်ရောထက်သန်စွာ လှူဒါန်း ခဲ့ကြပါသည်။ အီရန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က လှုပ်ခဲ့သည့် ဘမ် ငလျှင်ကြီး (Bam earthquake) တွင် နိုင်ငံတကာက ဒေါ်လာ သန်း ၁,၅၀၀ လှူဒါန်းခဲ့ကြသည်။ (ဤငလျှင်တွင် လူ ၂၆,၀၀၀ သေဆုံးပါသည်။) ၁၉၉၉ ခုနှစ်က ဟွန်ဒူးရပ်စ် နိုင်ငံတွင် မစ်ခ်ျ ဟာရီကိန်း မုန်တိုင်းကြုံခဲ့ရာ နိုင်ငံတကာက ဒေါ်လာ သန်း ၃,၀၀၀ အကူအညီ ပေးခဲ့ပါသည်။ (ဤဖြစ်ရပ်တွင် လူ ၁၀,၀၀၀ သေဆုံးပါသည်။) ၁၉၉၈ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်လည်း နိုင်ငံတကာက အကူအညီအဖြစ် ဒေါ်လာ သန်း ၉၀၀ ပေးအပ်ခဲ့ပါသည်။ (ဤရေကြီးမှုတွင် လူ ၁,၀၀၀ သေဆုံးပါသည်။) ဤကိစ္စများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ ရရှိသည့် အကူအညီ ကတိပြုထားငွေ ဒေါ်လာ သန်း ၄၀ ဆိုသည်မှာ နည်းလွန်းလှပါသည်။ (ယခု မုန်တိုင်းဒဏ်တွင် သေဆုံးရသူ အစိုးရ စာရင်းအရ ၂၂,၀၀၀ နှင့် ပြင်ပ ခန့်မှန်းချက်များအရ ၁၁၀,၀၀၀ သေဆုံးရသည်ဟု ဆိုနေပါသည်။) ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါသည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ် သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံး ခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။ ဤ နိုင်ငံတကာ ညီလာခံ အောင်မြင်စေရန်လည်း မြန်မာ စစ်အစိုးရဖက်က လိုက်လျော အပေးအယူ လုပ်ရမှုများလည်း ရှိနိုင်သည်။ အထူးသဖြင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကိစ္စများ ဖြစ်သည်။ မြန်မာပြည်သူများ ကောင်းစားရေးအတွက် မျှတသော တောင်းဆိုမှုများလည်း ဖြစ်သည်။ စစ်အစိုးရ ကိုယ်၌က ဒီမိုကရေစီစနစ်ကို သွားတော့မည်ဟု ပြောဆိုနေချိန်တွင် ဤအချက်က ပြဿနာ မဟုတ်တော့ပါ။ ထို့အပြင် နိုင်ငံတကာက သဒ္ဒါစိတ် ယိုဖိတ်လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် အချိန်ပြည့် မြင်တွေ့နေရခြင်း (widespread real-time coverage) ဖြင့် အလှူရှင်အများကို ပို၍ တိုက်တွန်းနိုင်လိမ့်မည် ဖြစ်သည်။ ဤသို့ ဖြစ်စေရန်မှာ သတင်းမီဒီယာ ဌာနများကို လွတ်လပ်စွာ သွားရောက်ထိတွေ့ခွင့် ပေးရန်လည်း လိုအပ်နေပါသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် ငွေချေးယူရနိုင်သည့် နေရာများလည်း ရှိနေပါသေး သည်။ မကြာသေးမီကပင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို အစားအစာ ဈေးနှုန်းများ ကမ္ဘာတခုလုံးတွင် မြင့်တက်လာမှုကြောင့် အထူး ထိခိုက်နစ်နာဖွယ် ရှိနေသည့် အာရှနိုင်ငံများကို ကူညီပေးမည့် အစီအစဉ် ရှိနေပါသည်။ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃, ၀၀၀ အထိ တိုးမြှင့်ခဲ့ပါသည်။ အဓိကအားဖြင့် ချေးငွေပုံစံဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်စေရန်၊ ချဲ့ထွင်နိုင်ရန် ကူညီပံ့ပိုးမည် ဖြစ်ပါသည်။ သို့သော်လည်း ဤချေးငွေ ရနိုင်ရေးမှာ မြန်မာစစ်အစိုးရတွင် ပြဿနာ ရှိနေပါသေးသည်။ ယခင်မဆပ်ဘဲ ကျန်နေသော ကြွေးဆိုးများ ပြဿနာပင် ဖြစ်သည်။ ဤမျှသာမကပါ။ မြန်မာ အစိုးရတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance) ဖြစ်စေရန်နှင့် နိုင်ငံရေးအရ အလိုဆန္ဒ ရှိရန်လည်း လိုအပ်နေပါသေးသည်။ အိမ်နီးချင်း နိုင်ငံများ၏ အကူအညီမျှသာ မဟုတ်ပါ။ ကုလသမဂ္ဂနှင့် အင်အားကြီး နိုင်ငံများ၏ နိုင်ငံအရ လိုလားထောက်ပံ့ပေးလိုမှု ဆန္ဒရရှိအောင် ဆွဲဆောင် စည်းရုံးရန်လည်း လိုအပ်နေပါ သေးသည်။ ယခု အမေရိကန်ပြည်ထောင်စုက ကူညီမည်ဆိုသည်ကိုပင် ပိတ်ပင်ငြင်းပယ်မှုများ ပြုနေပြန်သည်။ ၀န်ကြီးချုပ် လုပ်နေသူ ဗိုလ်ချုပ်သိန်းစိန် ယခုကာလတွင် အခြေပြုရမည့် နေရာက ပုသိမ်မဟုတ်ပါ။ နိုင်ငံတကာနှင့် ကုလသမဂ္ဂ စင်မြင့်များတွင်သာ ဖြစ်ရပါမည်။ မြန်မာပြည်သူများအတွက် အကူအညီရရှိရေး ဆွေးနွေးပွဲ၊ ကွန်ဖရင့် စားပွဲဝိုင်းများ၌သာ ဖြစ်ရပါလိမ့်မည်။ ယခုတော့ ဤသို့ မဟုတ်ပါ။ မြန်မာစစ်အစိုးရ၏ ညံ့ဖျင်းပုံ၊ အမြင်တိုပုံဖြင့် မြန်မာပြည်သူများအဖို့ ခံရဖို့ ချည်းသာ ဖြစ်နေပါတော့သည်။
အောင်သူငြိမ်းအကိုးအကားPaul B. Spiegel, Differences in World Responses to Natural Disasters and Complex Emergencies, JAMA, April 20, 2005, Vol 293, No. 15.
နိုင်ငံ
ခုနှစ်
ရရှိသော နိုင်ငံတကာ အကူအညီ (USD)
လူသေဆုံးရမှု
ကပ်ဘေး သဘောသဘာဝ
နိုင်ငံ ၁၁ ခု
၂၀၀၄
၎,၀၀၀ သန်း
၂၂၀,၀၀၀
ဆူနာမီ
အီရန်
၂၀၀၃
၁,၅၀၀ သန်း
၂၆,၀၀၀
ဘမ် မြေငလျှင်
ဟွန်ဒူးရပ်စ်
၁၉၉၉
၃,၀၀၀ သန်း
၁၀,၀၀၀
ဟာရီကိန်း မစ်ခ်ျ
ဘင်္ဂလားဒေ့ရှ်
၁၉၉၈
၉၀၀ သန်း
၁, ၀၀၀
ရေဘေး
လိုင်ဘေးရီးယား
၂၀၀၄
၅၂၀ သန်း
မသိရ
ပြည်တွင်းစစ်ပြီး ပြန်လည်တည်ဆောက်ရေး
ဆူဒန်တောင်ပိုင်း
၂၀၀၄
၂၅ သန်း
၃. ၈ သန်း
(၆ နှစ်အတွင်း)
ပြည်တွင်းစစ်ပြီး ပြန်လည်တည်ဆောက်ရေး

တရားမျှတမှုမရှိသည့် မဲဆန္ဒခံယူပွဲဟု အန်အယ်ဒီ ပြောကြား


မဇ္ဈိမသတင်းဌာန
ချင်းမိုင်။ ။ ယမန်နေ့က ကျင်းပပြီးစီးသွားပြီ ဖြစ်သည့် နအဖ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် တရားမျှတမှု မရှိကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောပြထားသည်ကို တင်ပြလိုက်ပါသည်။ ''မကွေးတိုင်း နတ်မောက်မှာ ရွာပေါင်း သုံးရွာကို ကြိုတင် မဲပေးခိုင်းတယ်။ အဲဒီမဲတွေကို ထောက်ခံမဲပဲ ပေးရမယ်လို့ ပြောတယ်။ ပိတောက်ငုတ်ရွာမှာဆိုရင် ကန့်ကွက်မဲ ၁၅ မဲပါလို့ ကြံ့ခိုင်ရေးက မ၀တ ဥက္ကဌကို တိုင်တယ်လို့ ကြားတယ်''…………… ''ရေနံချောင်းမှာတော့ ကျနော်တို့ အဖွဲ့ဝင်တွေ ရှိတဲ့ နေရာမှာ မှန်မှန်ကန်ကန် စည်းကမ်းအတိုင်း လုပ်တယ်လို့ သိရတယ်။ ဒါပေမယ်လို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဝေးတဲ့ နေရာတွေမှာကျတော့ ဘယ်လိုလုပ်လဲဆိုတော့ မဲလာထည့်ရင် ထောက်ခံမဲ ထည့်မယ့် သူတွေက ငါတို့ ရှေ့မှာတင် ပေါ်တင်ထည့်၊ ထောက်ခံမဲ မထည့်ဘူးဆိုရင် ဟိုးအနောက်မှာ မဲပုံးထားထားတယ်။ အဲဒီမဲပုံးမှာ သွားထည့်ဆိုပြီး ပြောတယ်။ လုပ်တာကတော့ ထောက်ခံမဲ ထည့်တဲ့သူနဲ့ မထည့်တဲ့သူနဲ့ကို သိသာအောင် ခွဲလိုက်တာပေါ့။ ပြီးတော့ မဲရုံပတ်လည်မှာ ရဲတွေကို လက်နက် အပြည့်အစုံနဲ့ စောင့်ခိုင်းထားတယ်။ အဲဒီလိုဆိုတော့ လူတွေက ကန့်ကွက်မဲ မထည့်ရဲဘူး ဖြစ်ကုန်တယ်''…………… ''ပခုက္ကူ ကံမ မှာဆိုရင် ကြိုတင် မဲကောက်ထားတဲ့ မဲရုံတရုံ ရှိတယ်။ အဲဒီမဲရုံ တရုံလုံးမှာ ၁၀၀ ရာခိုင်နှုန်း အမှန်တွေချည်းပဲ လုပ်ထားတယ်လို့ ပြောတယ်။ ကန့်ကွက်မဲ လုံးဝ မပါဘူး'' ''ပခုက္ကူ (ယင်းကြိမ်) တိုက်နယ်ဆိုတာ ရှိတယ်။ အဲဒီမှာ မဲရုံ ၁၄ ရုံရှိတယ်။ ကျေးလက်အုပ်စုက ၁၃ ခု၊ အဲဒီ ၁၃ ခုကနေပြီးတော့ ဗဟိုလူငယ်တွေဆီ ရောက်လာတဲ့ သတင်းအရ ချောင်းကောက်ရွာ ဥက္ကဌ သိန်းထိုက်က ညကတည်းက ကြိုတင်မဲတွေကို ယူတယ်။ ပြီးတော့ တချို့ မဲတွေကို သူ့သဘောနဲ့သူ အမှန်တွေ ခြစ်ပြီးတော့ ထည့်တယ်''''နောက် ကြက်လျှာကျေးရွာက ဥက္ကဌ စိန်ကုလားကလည်း အဲဒီလိုပဲလုပ်တယ်။ အိုင်ကျင်နဲ့ မြို့မကျေးရွာတွေကတော့ စည်းကမ်းအတိုင်း လုပ်တယ်လို့ သိရတယ်'' ''ကမ္ဘာအေးနဲ့ ထနောင်းကုန်းကျေးရွာတွေကတော့ ရယက ဥက္ကဌ နဲ့ မဲရုံမှူးရှေ့မှာပဲ မဲပေးခိုင်းတယ်။ ဆန္ဒပြုခန်းထဲ သွားလို့ မရဘူး'' ''ဆတ်ကြီး ကျေးရွာ ဥက္ကဌ အောင်ကျော်မင်းက ဆိုရင် မဲလာပေးတဲ့ သူတွေကို ဘယ်လို ခြိမ်းခြောက်လဲ ဆိုတော့ ကန့်ကွက်မဲ ပေးမယ်ဆိုရင် သာရေးနာရေး၊ လူမှုရေးတွေ မကူညီပေးနိုင်ဘူး ဆိုပြီး ပြောတယ်'' ''ရွာသာအေး ဥက္ကဌ ဦးမောင်ဇော်မင်းတို့ကို ကျနော်တို့ဆီက နေပြီးတော့ ဘာကြောင့် ဒီလိုလုပ်တာလဲလို့ မေးကြည့်တော့ သူတို့ကို မယကနဲ့ သက်ဆိုင်ရာက မှာထားတယ်တဲ့။ ကန့်ကွက်မဲ တမဲမှ မပါဘူးဆိုရင် GSM တလုံးစီ ပေးမယ်တဲ့။ ကန့်ကွက်မဲတွေ များလို့ ရှိရင်တော့ ခင်ဗျားတို့လဲ ဒုက္ခရောက်မယ်တဲ့။ အဲလို ခြိမ်းခြောက်ထားတာ ရှိလို့ ဒီလို လုပ်တာပါလို့ ပြောတယ်''…………… ''ကရင်ပြည်နယ် ဘားအံမှာကတော့ မဲရုံကို သွားကြစို့ဆိုတဲ့ သီချင်းကို တချိန်လုံး ဖွင့်ထားတယ်။ အဲဒီလို ဖွင့်နေပေမယ်လို့ ၁၁ နာရီအထိ မဲလာပေးတဲ့ နှုန်းက အင်မတန်နည်းတယ်'' ''မီးတန် ကျေးရွာဆိုတာ ရှိတယ်။ အဲဒီက မဲရုံတွေမှာ ထူးဆန်းတာက ဘောပင် မထားထားဘူး။ အဲဒီတော့ ရွာသူရွာသားတွေက ဥက္ကဌနဲ့ ကော်မရှင် အဖွဲ့တွေဆီကနေ ဘောပင်မတောင်းရဲလို့ စာရွက်အလွတ်တွေကိုပဲ မဲပုံးထဲ ထည့်သွားတယ်'' ''လှိုင်းဘွဲ့မြို့ (က) ရပ်ကွက် အမှတ် ၆ မူလတန်းကျောင်းရုံးမှာ မဲရုံ လုပ်ထားတယ်။ အဲဒီမဲရုံ ပြိုကျသွားတယ်။ လူ ၈ ယောက် သေတယ်။ မဲရုံ ပြိုကျရတဲ့ အကြောင်းရင်းကတော့ မဲလာပေးတဲ့ သူများလို့ မဟုတ်ဘူး။ ဆောက်ထားတာ မခိုင်လို့''…………… ''မန္တလေးမှာတော့ အခြေအနေ မကောင်းဘူး။ မဲရုံ တာဝန်ရှိတဲ့ သူတွေက လာတဲ့သူတွေကို အမှန်ခြစ်ဖို့ ပြောတယ်။ နောက် ကြိုတင်မဲတွေ ယူထားတာ များတယ်။ အဲဒီ ကြိုတင်မဲတွေကလည်း အမှန်တွေပဲ ခြစ်ထားတယ်။ ဒီနေ့မှ လာထည့်တဲ့ သူကလည်း အင်မတန် နည်းတယ်''……………''မွန်ပြည်နယ် မော်လမြိုင်မြို့ ဒိုက်ကွင်းကျေးရွာမှာ မဲလာထည့်တဲ့ သူတွေကို ရယကနဲ့ တာဝန်ရှိသူတွေက အမှန်မဲ ထည့်ဖို့ပြောတယ်။ မဲအိုကုန်း ရပ်ကွက်မှာ ဆိုရင် ကျနော်တို့ အဖွဲ့ဝင် ခွန်နိုင်စိုး ဆိုတာ။ သူက မဲမထည့်ရသေးဘူး။ သူမဲ သွားထည့်တော့ သူ့ကို ကော်မရှင်က ခင်ဗျား မဲထည့်ပြီးသွားပြီ။ ထောက်ခံမဲ ပေးပြီးသွားပြီတဲ့။ မဟုတ်ဘူး ကျနော် မပေးရသေးဘူးလို့ ပြောတော့ ဒီမှာကြည့် ခင်ဗျား ပေးထားတာဆိုပြီး အဲဒီ လက်မှတ်ကို ပြတယ်။ သူ့မိန်းမကိုလည်း ထောက်ခံမဲ ပေးပြီးထားတယ် ဆိုပြီးတော့ မပေးခဲ့ရဘူး''

တရားမျှတမှုမရှိသည့် မဲဆန္ဒခံယူပွဲဟု အန်အယ်ဒီ ပြောကြား - စာ - ၂

မဇ္ဈိမသတင်းဌာန
ပဲခူးတိုင်း သာယာဝတီ သံဖြူကျေးရွာမှာ မဲရုံတွေမှာ ကျောင်းဆရာမတွေက အမှန်ခြစ်ပုံတွေကို ပြပြီးတော့ မဲလာထည့်တဲ့သူ အားလုံးကို အမှန် ခြစ်ခိုင်းတယ်'' ''ချောင်းသုံးခွအုပ်စု မဲရုံမှူး ကျောင်းအုပ်ဆရာ ဦးဝင်းရွှေနဲ့ ကော်မရှင် ရယက ဥက္ကဌဟောင်း ဦးလှစိုးတို့က မဲထည့်တဲ့သူတွေ ဒီကိုလာကြ မင်းတို့ မလုပ်တတ်ရင် ငါတို့ ပြမယ်။ ဟောဒီမှာ အမှန်ခြစ်၊ အမှန်ပဲ ခြစ်လို့ ပြောတယ်။ လူတွေက တွန့်ဆုတ်ဆုတ် ဖြစ်နေကြတော့ ဘောပင်တွေကို ဆွဲလုပြီးတော့ သူတို့ ကိုယ်တိုင်ပဲ အမှန်တွေ ခြစ်ပြီး မဲပုံးထဲ ထည့်လိုက်ကြတယ်'' ''ကျွန်းကုန်းကျေးရွာ အုပ်စု၊ ရယက ဥက္ကဌ ဦးဌေးကြိုင်က မဲရုံရှေ့ကနေပြီး မဲရုံကို လူတွေ လာလာ မလာလာ ငါ့သဘောနဲ့ငါ ထည့်တယ်ကွာ ဆိုပြီး လူတွေအားလုံးအတွက် ထောက်ခံမဲတွေ ထည့်ပြီး ၁၁ နာရီမှာ မဲရုံပိတ်ပြီး မဲပုံးကို ကော်မရှင်ကို အပ်လိုက်တယ်။ ဘယ်သူမှ မဲထပ်မထည့်ရတော့ဘူး'' ''စာကလေး ကျေးရွာအုပ်စု ရယက ဥက္ကဌ ဦးဝင်းမောင်က လယ်သမားတွေဆီကနေ ဘဏ်စာအုပ်တို့ မှတ်ပုံတင်တို့ကို စာရင်း ကောက်ကတည်းက သိမ်းထားတယ်။ ပြီးတော့ မဲထည့်တဲ့ နေ့ကျတော့ ထောက်ခံမဲ မထည့်ရင် ဘဏ်စာအုပ်ကိုလည်း သိမ်းမယ်။ လယ်မြေတွေကိုလည်း သိမ်းမယ်လို့ ပြောတယ်။ ထောက်ခံမဲ မထည့်ချင်ရင် မဲရုံကို မလာနဲ့။ လာရင်တော့ အမှန်ပဲ ထည့်ရမယ်လို့ ပြောတယ်'' ''ဘိုကလေးတောင် ကျေးရွာမှာ ရယက ဥက္ကဌနဲ့ ကြံ့ခိုင်ရေး စည်းရုံးရေးမှူး ကိုမြင့်ဌေးက မှတ်ပုံတင်တွေ ကြိုယူထားပြီးတော့ သူတို့ဘာသာပဲ မဲထည့်လိုက်ကြတယ်။ မဲရုံကို လာပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် မဲထည့်ချင်တဲ့သူတွေကို မင်းတို့ သိပ်ထည့်ချင်လားလို့ မေးတယ်။ ထည့်ချင်ရင်ဆိုရင် ဆန္ဒပြုခန်းထဲအထိ လိုက်လာမယ်ဆိုပြီး လိုက်လာပြီးတော့ ထောက်ခံမဲ ထည့်ခိုင်းတယ်'' ''မြောက်ပန်းဈေး ကျေးရွာ မဲရုံမှူးအဖြစ်တာဝန်ယူတဲ့ ကျောင်းဆရာမ ဒေါ်ခင်မိုးက အဘိုးကြီး အဘွားကြီးတွေကို ထောက်ခံမဲ ထည့်ခိုင်းတယ်။ သူက အဲဒီ အဘိုးအဘွားတွေကို ဘာပြောလဲဆိုတော့ ထောက်ခံမဲ မထည့်ရင် မကောင်းဘူး။ အနာဂတ်က မသေချာဘူး။ လယ်မြေတွေလည်း အသိမ်းခံရမယ်။ ရွာကလည်း နှင်ထုတ်ခံရမယ်။ အဲဒီတော့ အဖိုးတို့ အဖွားတို့ အလုပ်ရှုပ်မခံနဲ့ ထောက်ခံမဲပဲ ထည့်လိုက်လို့ ပြောတယ်'' ''ပဲခူးတိုင်း က၀မြို့နယ် ကျောင်းတိုက်ကျေးရွာက မဲရုံတွေနဲ့ မဲရုံးမှူးတွေ ရှေ့မှာ အမှန်ထည့်ဖို့ ပိုစတာတွေ ကပ်ထားတယ်။ ကော်မရှင်က လူတွေကလည်း အမှန်ထည့်ဖို့ ပြောတယ်။ က၀မြို့နယ် တမြို့နယ်လုံး အဲဒီအတိုင်းပဲ''…………… ''ဧရာဝတီတိုင်း ကျုံပျော်ကျေးရွာမှာ ထောက်ခံမဲ မထည့်တဲ့သူတွေကို ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်းပေးရမယ်လို့ အသံချဲ့စက်နဲ့ လိုက်ကြေညာတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ်က သတင်းပို့တယ်'' ''ပန်းတနော်မှာတော့ အဲဒီလို အသံချဲ့စက်နဲ့ လိုက်ကြေညာတာ မရှိပေမဲ့ အဲလိုမျိုး လိုက်ပြောတာတွေ ကြားရတယ်။ မြို့မ အရှေ့ရပ်ကွက်၊ တောချောင်း၊ သိမ်ကုန်းကျေးရွာတို့မှာ ရယကတွေက ကြိုတင်မဲထည့်ခိုင်းပြီး ထောက်ခံမဲ ရအောင် လုပ်သွားတယ်''…………… ''ကချင်ပြည်နယ် မိုးညှင်းမြို့မှာတော့ ကြိုတင်မဲတွေ အားလုံးကတော့ ထောက်ခံမဲတွေ ဖြစ်ပြီး ဒီနေ့ သွားပေးတဲ့သူတွေကတော့ အကုန်လုံး ကြက်ခြေခတ်ခဲ့တယ်လို့ သိရတယ်။ မိုးကောင်း မြစ်ကြီးနားလည်း ဒီအတိုင်းပဲ''…………… ''အခု ကျနော်တို့ နောက်ဆုံးရတဲ့ မဲစာရင်းက ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် စာတိုက်ရပ်ကွက် - ထောက်ခံမဲ ၉၀၇ကန့်ကွက်မဲ ၁၄၇ပယ်မဲ ၇ကြိုတင်မဲ ၄၀၀ ပေးထားတယ် ''မဲပေးခွင့်ရှိသူ သဘောအတိုင်းပေးရတာက ၁၄၄၁ မဲ၊ မဲကို ကိုယ်စားပြုမဲတွေ ထည့်တာလည်းရှိတယ်။ ကြိုတင်မဲကို အိမ်ပေါက်စေ့ ယူထားတယ်။ ကြိုတင်မဲပေးတော့ စာအိတ်လုံးဝ မပေးဘဲ မဲကိုလည်း အမှန်ခြစ်ပြီးသားမဲကို လာပေးတာ။ မကျေနပ်တဲ့သူတွေက ဒီလိုတော့ မရဘူး စာရွက် အလွတ်ကို ပေးလို့ ပြောပြီး ထည့်ကြလို့ ကန့်ကွက်မဲက ဒီလောက်ရတာ''…………… ''မြင်းခြံ သက်ကြီးတန်းမဲရုံ အမှတ် ၈ ရပ်ကွက် ရယက ဥက္ကဌ ဦးတင်ရွှေ ထောက်ခံမဲ အတင်းအကြပ် ပေးခိုင်းတယ်။ နားမလည်တဲ့ သူတွေကို ထောက်ခံမဲသာ ပေးခိုင်းတယ်။ ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင်တွေ မဲရုံနားမှာ စောင့်နေတယ်။ အထကမှာ ရှိတဲ့ မဲရုံမှာလည်း ဆရာမတွေက ထောက်ခံမဲသာ ပေးခိုင်းတယ်။ ထောက်ပံ့ဝင်း မဲရုံမှာလည်း အဓမ္မ ထောက်ခံမဲ ပေးခိုင်းတာတွေ ရှိတယ်'' ''မင်းလှမြို့ အမှတ် ၄ ရပ်ကွက်မဲရုံမှာ စုစုပေါင်း မဲပေးနိုင်တဲ့ လူပေါင်းက ၄၁၂ ယောက်၊ အဲဒီတော့ ကန့်ကွက်မဲ ၃၇ မဲ၊ ထောက်ခံမဲ ၁၃မဲ၊ ပယ်မဲက ၁ မဲ။ အဲဒီလို ရေနေရင်းနဲ့ ကန့်ကွက်မဲက များနေတော့ ရေနေတာကို ရပ်လိုက်ပြီးတော့ အနားက စောင့်ကြည့်နေတဲ့ လူတွေကို ရပြီရပြီ သွားတော့ဆိုပြီး ပြောတယ်။ မသွားဘူးလို့ ပြန်ပြောတော့ ဆက်မရေတော့ဘဲ ရပ်လိုက်တယ်။ အတင်းအကြပ် ပြန်ခိုင်းလို့ ပြန်ခဲ့ရလို့ စောင့်ကြည့်တဲ့ အဖွဲ့က ၁၀ ယောက်က ပြန်ခဲ့ရတယ်။ ……………''မြောက်ဥက္ကလာက အဖွဲ့ဝင်လူငယ် နှစ်ယောက်က လှည်းကူးမြို့နယ်မှာ မှတ်တမ်းယူဖို့ သွားကြတယ်။ ရောက်သွားတော့ မြို့ပေါ်မှာကတော့ အခြေအနေက သိပ်ထူးတာ မတွေ့ရဘူး။ မဲထည့်တဲ့ သူတွေကလည်း အရမ်းနည်းနေတယ်။ ဒါနဲ့ ရွာဘက်ကို ဆင်းတယ်။ ငါးဆူတောင်ရွာကို ရောက်တော့ ရယက ကနေ အတင်းလက်ဆွဲပြီး အမှန် ခြစ်ခိုင်းနေတာတွေ တွေ့တော့ အဲဒါကို သူတို့က မှတ်တမ်းယူတယ်။ အဲဒါကို မှတ်တမ်းယူလို့ ဆိုပြီး ရယကနဲ့ ကြံ့ခိုင်ရေးက သူတို့ကို ဖမ်းပြီး ငါးဆူတောင် ရယကရုံးကို ခေါ်သွားတယ်။ ဘယ်ကလဲမေးတော့ NLD ကပါလို့ ပြောတယ်။ မင်းတို့ကို NLD က လွှတ်တာလားလို့ မေးတော့ သူတို့က အဖွဲ့အစည်း လွတ်အောင်ဆိုပြီး မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် လာတာပါလို့ ပြောလိုက်တယ်။ မင်းတို့ ဒီလိုလုပ်လို့ မရဘူး။ မင်းတို့ကို အရေးယူလို့ ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ကင်မရာထဲက သူတို့ ရိုက်ထားတဲ့ ပုံတွေကို ဖျက်ပစ်လိုက်တယ်။ သူတို့ ည ၉ နာရီလောက်မှ ပြန်ရောက်ကြတယ်''

Sunday, May 11, 2008

နိုင်ငံတဝှမ်း ဆန္ဒမဲပေးပွဲများ ပြီးဆုံးပြီ - စာ - ၃

မဇ္ဈိမသတင်းဌာန
ဟန်ပြသာသာရှိတဲ့ မဲပေးပွဲဟု မုံရွာသားကပြော
ကြိုတင်မဲ အတော်များများ ကောက်ယူပြီးသား ဖြစ်နေသဖြင့် ယနေ့ ကျင်းပသည့် ဆန္ဒမဲပေးပွဲသည် သရုပ်ပြပွဲသာသာ ဖြစ်နေသည်ဟု မုံရွာဒေသခံက ပြောသည်။ ဒေသခံ (အောင်မင်္ဂလာရပ်ကွက်) “ကြိုတင် ဆန္ဒမဲ ထက်ဝက်ကျော် ကောက်ပြီးသားပဲ၊ မဲရုံက သရုပ်ပြပွဲ သာသာရှိတာ။ ကျန်တဲ့ မဲဆန္ဒလေးကို ကောက်သင်းကောက်ရတဲ့ သဘောပါပဲ။ ကြိုတင်မဲပေးတဲ့ သူတွေက အေးချင်ကြတဲ့ လူ၊ သက်သာချင်ကြတဲ့ လူ၊ ကြောက်တဲ့ လူတွေက ပေးလိုက်တာ ဖြစ်တယ်။ သူတို့ လမ်းကြောင်းတဲ့ နောက်ကို လိုက်သွားကြတဲ့ လူတွေပေါ့။ ဒီနေ့ မဲပေးရတဲ့ သူတွေကတော့ လျို့ဝှက်စနစ်ပါပဲ။ ကျန်တဲ့ ကြိုတင်မဲတွေကို ပြောတာ မဟုတ်ဘူးနော်။ မဲရုံမှ ဗီဒီယိုတွေ ရိုက်ယူထားတာတွေ ရှိတယ်။ လျှို့ဝှက်မဲရုံထဲ ဝင်တာ တွေ့လိုက်တယ်။ လူတွေ ရောက်လာတာ ရိုက်တယ်။ ရဲတွေ မီးသတ်တွေ ရှိတယ်”ဒေသခံ (ဘုန်းစိုးရပ်ကွက်) “ကြိုတင်မဲတွေ ယူထားတော့ မကောင်းပါဘူး။ လုံခြုံရေးတွေ ရှိတယ်။ မီးသတ်တွေ၊ ရဲတွေ၊ ယူနီဖောင်း မပါတဲ့ အရပ်ဝတ်စား ဝတ်ထားတဲ့ စစ်သားတွေ၊ အန်ကယ်တို့က တယောက်ချင်းထည့်တာ၊ တချို့ကတော့ မိသားစုတခုလုံးအတွက် အဲဒီလို ထည့်တာတွေ ရှိတယ်”
မဲပေးသူတွေကို ဓာတ်ပုံရိုက်ယူတဲ့ ကလေးမြို့လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၀၀ - မြန်မာစံတော်ချိန်စစ်ကိုင်းတိုင်း ကလေးမြို့တွင် မဲဆန္ဒ လာထည့်သူများကို အာဏာပိုင်များဘက်က ဓာတ်ပုံ ရိုက်ယူသလို၊ အချို့ မဲဆန္ဒရှင်များ မဲစာရင်းတွင် မပါသဖြင့် အိမ်ပြန် လှည့်ရသည်များ ရှိသည်ဟု ဒေသခံတဦးက ပြောသည်။ “မဲထည့်ရမယ့် အချိန်ကတော့ မနက်က ၆ နာရီကနေ ညနေ ၄ နာရီထိပါ။ မနက်စောစော သွားတဲ့ လူတွေကိုတော့ ဓာတ်ပုံတွေ ရိုက်တယ်။ အနီးကပ် ရိုက်တယ်။ ဓာတ်ပုံသမား ၅ ဦးလောက် ရှိတယ်။ မဲထည့်တဲ့ အပြင် လက်မှတ်လည်း ထိုးခိုင်းတယ်တဲ့။ မနက်က သွားကြတဲ့ အသိတွေက ပြန်ပြောပြတာ။ ကျမတို့ သွားတဲ့ အချိန်မှာတော့ မဲလာထည့်လူက ၃ဝ ကျော်၊ ၄ဝ နီးပါးလောက်တော့ ရှိမယ်။ လုံခြုံရေး စောင့်နေတဲ့ လူတွေကလည်း ၂၅ ယောက်လောက် ရှိမယ်။ ဓာတ်ပုံတွေလည်း ရိုက်တယ်။ အဝေးကပဲ ရိုက်တာ။ စစ်သားတွေရော၊ ကြံ့ဖွံ့တွေရော၊ မီးသတ်တွေရော၊ အရပ်ဝတ်တွေနဲ့လည်း ရှိတယ်။ ကြိုတင် ထောက်ခံမဲ ထည့်ထားတဲ့ လူတွေလည်း ရှိတယ်၊ သူတို့တွေက ဌာနဆိုင်ရာ လူတွေပါ။ ကျမတို့ကတော့ အခုမှ ထည့်တာ ဘုန်းကြီးဆန္ဒ၊ လူ့ဆန္ဒအတိုင်း ထည့်ခဲ့တာ၊ လုံခြုံရေးတွေရှိလည်း မကြောက်ဘူး။ စိတ်ထဲမှာ ရည်ရွယ်ထားတာကိုပဲ ရအောင်ထည့်မယ် ဆိုပြီး ထည့်ခဲ့တာ။ ဘာမှတော့ လာပြောဆိုတာ မရှိခဲ့ပါဘူး။ နယ်မြေ ၅၊ နယ်မြေ ၆၊ နယ်မြေ ၇ ဆိုပြီး နယ်မြေတွေ ခွဲထားတယ်။ မဲတပုံးထဲ ထားထားတာ၊ လာတဲ့ လူတွေအားလုံး တပုံးထဲပါပဲ ထည့်ရတာ။ အထက ၁ ကျောင်းခန်းမဆောင် အားကစား ရုံထဲမှာပါ။ မဲပေးရတာတော့ အဆင်ပြေခဲ့ပါတယ်။ နာမည်နဲ့ မှတ်ပုံတင်တော့ ရေးထားခဲ့ရပါတယ်။ ၄၊ ၅ ဦးလောက်ကိုတော့ နာမည်မပါလို့ နေ့လယ်လောက်မှ ပြန်လာဆိုပြီး ပြန်လွှတ်တာတွေ ရှိတယ်။၊ ရာသီဥတုလည်း ကောင်းပါတယ်။ ဈေးလည်း မပိတ်ပါဘူး။ လူတွေကလည်း သွားနေကြတာပါပဲ”
မလှိမ့်တပတ်နဲ့ ကြိုတင်မဲ ယူခဲ့တာကို မန္တလေး မဲဆန္ဒရှင်များ အခုမှ သိရလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်မန္တလေး မဲဆန္ဒရှင် အချို့သည် ယနေ့ ကျင်းပသည့် ဆန္ဒမဲပေးပွဲသို့ သွားရောက် မဲထည့်စဉ် သူတို့အနေနှင့် ကြိုတင်မဲ ပေးခဲ့ပြီး ဖြစ်ကြောင်း မဲရုံ တာဝန်ရှိသူများ ပြောပြမှ သိရသည်။ ဒေသခံတဦးက - “ကျနော်တို့ အလုပ်ထဲက ကလေးတွေ မဟာအောင်မြေမြို့နယ်၊ သံလျပ်မော် အနောက်က အကွက် ၃၉ဝ-၃၉၁ က အမှတ် ၃၄ မူလတန်းကျောင်းက မဲရုံမှာ မဲမပေးခဲ့ရဘူး။ သူတို့ကို လက်မှတ်ပဲ ထိုးခိုင်းလိုက်တယ်။ သူတို့ကို ကြိုတင်မဲ ပေးပြီးပြီလို့ ပြောလွှတ်လိုက်တယ်။ မိန်းကလေး အများစု အဲလို ခံလိုက်ရတယ်။ သူတို့ ကြိုတင်မဲ မပေးရသေးဘူး ခင်ဗျ။ သူတို့ကို ဝေထားတဲ့ စာရွက်ကလေးတွေနဲ့ သွားတော့ သူတို့ကို အဲလို ပြောလွှတ်လိုက်တာပါ။ NLD ကလည်း မဟုတ်ပါဘူး။ သူတို့ ဘာမှ နားမလည်လို့ ခံလိုက်ရတာပါ။ ၈ နာရီမှာ သွားပါတယ်။ သွားတဲ့အခါမှာ ကျနော်တို့ မဲရုံမှာ လူ ၁ဝ ယောက်လောက်ပဲ ရှိပါတယ်။ မဲရုံအခန်းတွေက ၆ ခန်းရှိတယ်။ မဲပုံး ၂ ခု ထောင်ထားပါတယ်။ ကျနော် သွားတဲ့အချိန်က စောလို့လားမသိဘူး လူတွေ ခပ်ပါးပါးပါပဲ။ မဲရုံမှာ ကျောင်းဆရာမတွေက ရပ်ကွက်က ပေးထားတဲ့ စာရွက်တွေနဲ့ နာမည်စာရင်းတွေနဲ့ တိုက်ပြီးတော့ လက်ခံပါတယ်။ စုစုပေါင်းက အယောက် ၂ဝ လောက် ရှိတယ်။ လုံခြုံရေးလည်း အပြည့် ယူထားပါတယ်။ walking talking တွေနဲ့ အရပ်ဝတ်တွေက ၃ ယောက်လောက် ရှိတယ်။ သူတို့ကြည့်ရတာ ရဝတ လူတွေနဲ့ တူပါတယ်။ လုံခြုံရေးနဲ့ ယူနီဖောင်းနဲ့က ၅ ယောက်လောက် ရှိတယ်။ ကျနော်တို့ မဲရုံမှာ သတင်းထောက် တယောက်မှတော့ မတွေ့ရဘူး”လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၂၅ - မြန်မာစံတော်ချိန်ရန်ကုန်မြို့နေ NGO ရုံးမှ ၀န်ထမ်းတဦးက "ဒီနေ့ က ရန်ကုန်မှာက မြို့ထဲမှာက မဲမပေးရဘူးလေ။ ဘယ်သူကမှလဲ မဲကိစ္စ စိတ်မ၀င်စားကြဘူး။ စားဖို့ပဲ လုံးပန်းနေကြရတာ။ အခြားနယ်တွေက ပေးပေး မပေးပေး စိတ်မ၀င်စားကြဘူး။ ဒီလောက်လူတွေ ဒုက္ခ ရောက်နေတာကို မဲပေးဖို့ လုပ်နိုင်ကြသေးတယ်" ဟု ပြောကြားသွားသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကြက်ခြေခတ်တွေ များနေသတဲ့လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၂၅ - မြန်မာစံတော်ချိန်ဒေသခံ (၁) “ဒီမနက်ကနေ မဲရုံစဖွင့်တော့ ပေးနေကြပြီ။ လွတ်လွတ်လပ်လပ်ပါပဲ။ မဲရုံနဲ့ မလှမ်းမကမ်းမှာ ရဲ ၂ ယောက် စောင့်တယ်။ လက်မှတ်ပေးသူ၊ ကော်မရှင်နဲ့ အရပ်ဝတ် ရဲတွေ ၂ ယောက်လောက်ပဲ စောင့်ကြပ်တယ်။ မှတ်ပုံတင် တိုက်ပြီးတော့ မဲပြားနဲ့ တိုက်ပြီး မှန်တယ်ဆိုရင် လက်မှတ်ထိုးပြီး ဆန္ဒပြုလိုက်တယ်၊ ပြီးတော့ မဲပုံးမှာ ထည့်ခဲ့လိုက်တယ်။ ကျနော်ကတော့ ကျနော့် ဆန္ဒအတိုင်း ပြုလိုက်တယ်။ ကျနော်ကတော့ ကိုယ့်ရဲ့ နှစ် ၂ဝ လောက်မှာ ရတဲ့ အခွင့်အရေးဆိုတော့ ကိုယ့်ရင်ထဲမှာ ရှိတဲ့အတိုင်း ထည့်လိုက်တယ်။ ကိုယ်က နားလည်ပြီးသား။ တချို့ဆိုရင် မထည့်ရဲကြဘူး။ နောက်ပြီး မဲကို ဘယ်လို သွားထည့်ရမယ်တောင် မသိကြဘူး။ကျနော့်အမြင် ပြောရရင်တော့ အခုလာထည့်တဲ့ လူတွေက မကြောက်တဲ့ လူတွေ ဖြစ်တယ်။ ကြောက်တဲ့ လူတွေက ကြိုတင်မဲ ထည့်ပေးကြပြီ။ ရက်ကွက်ထဲက လူကြီးတွေက အဲဒီနေ့မှာ တန်းစီရမယ်၊ အလုပ်ပြုတ်မယ်၊ လူတွေ များမယ်၊ ဒီနေ့ ထည့်ရင်တော့ မတိုးရဘူး ဘာညာပြောပြီး အရင်တပတ်က ထည့်ပြီးကြပြီ။ဒီမှာက ရပ်ကွက် ၅ ခုရှိတယ်။ မြို့မ၊ အောင်သပြေ၊ အရှေ့စု၊ စိမ်းမြေ့ရတနာ၊ အုတ်ကျင်း ရပ်ကွက်များ ရှိတယ်၊ မဲထည့်လို့ရတဲ့ လူတွေက တရပ်ကွက်မှာ ၅ဝဝဝ လောက်ရှိမယ်၊ ခန့်မှန်းခြေ စုစုပေါင်းက ၁ဝဝဝဝ မဲထည့်ပိုင်ခွင့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ကျနော်ထင်တယ်။ ဒီနေ့ ညနေ ၄ နာရီအထိ ဖွင့်မယ်ဆိုတော့ စောစောပြီးမယ်လို့ ထင်တယ်။ မဲရုံကတော့ တရပ်ကွက်မှာ ၂ ရုံလောက်ရှိတယ်ဆိုတော့ ခန့်မှန်းခြေ ၁ဝ ရုံလောက် ရှိမယ်ထင်တယ်”ဒေသခံ (၂) “လုံခြုံရေးကတော့ ရဲနဲ့ မဲလက်မှတ် ထုတ်ပေးသူ၊ စောင့်ကြည့်နေသူ ပေါင်းရင် ၅ ယောက်၊ ၆ ယောက်ရှိတယ်။ ဒီမှာက ၅ အိမ်လောက်မှာ ၃ အိမ်လောက်ကတော့ အသက်ကြီးတဲ့ သူတွေကို ကြိုတင်မဲ ထည့်ခိုင်းတယ်။ ရုံမှာဆိုရင် လူမတိုးနိုင်မှာ စိုးလို့၊ နောက်ပြီး တကယ်လို့ ကြက်ခြေခတ်ထည့်ရင် ဝန်ထမ်းတွေကိုတော့ အလုပ်ပြုတ်မယ်၊ ငွေကျပ် ၁ သိန်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံရမယ်၊ အောင်ဆန်းစုကြည်ကို သဘောကျရင် အမှားခြစ်ပါ၊ ဒီအစိုးရကို မကြိုက်ဘူးဆိုရင် အမှန်ခြစ်ပါ ပြောပြီး အမှန် အမှတ်အသားကို ခြစ်ခိုင်းတယ်။ကျမနဲ့အတူ သွားတဲ့လူတွေ ၁၂ ယောက်တော့ အမှားခြစ် ခြစ်ခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ တချို့ဆိုရင် ဘယ်နားမှာ ဘယ်လို လုပ်ရမှာလဲလို့ မေးတော့ သေချာ မရှင်းပြဘူး။ သူတို့က ဒီနားလေးမှာ အမှန်ခြစ်လိုက် ဟိုပုံးကို ထည့်လိုက် ပြောတယ်။ နောက်ပြီး ခန်းစီးကို ခဏခဏ လာပြီး ကြည့်တယ်လေ။ မဲခန်းမှာဆိုရင်လည်း အောက်ခံမှာ ကုမုဒြာဂျာနယ်မှာ ပါတဲ့ မီးလောင်နေတဲ့ပုံကို အခန်းတိုင်းမှာ ဒီစာစောင် အောက်ခံ ထည့်ထားပေးတယ်။ ကျမက အိမ်ကတယောက်အတွက်ပါ ထည့်တော့ နှစ်ခန်း ဝင်ရတယ်။ အဲဒီနှစ်ခန်း စလုံး အဲဒီပုံပဲ။ ကျမထင်တာက လူတွေကို မီးအန္တရာယ်တွေကို အမှုမဲ့ အမှတ်မဲ့ လှန်ကြည့်ပြီး စိတ်ပြောင်းအောင် လုပ်တယ်လို့ ထင်တယ်”ဒေသခံ (၃) “ဒီနေ့လုပ်တာကတော့ အမှန်အကန်ပါပဲ။ ဒါပေမဲ့ ကျမက တပ်နဲ့ နီးစပ်တယ်။ မနေ့က ညနေ ၅ နာရီမှာ ဒီမိုးညှင်း စစ်တပ်ထဲက လူတွေ အစည်းအဝေး ခေါ်ပြီးတော့ အားလုံးကို ခေါ်ပြီးတော့ ဒီနေ့ မနက် ၅ နာရီမှာ အကုန် တန်းစီမယ်၊ အမှားတခုမှ မပါစေရဘူး။ ကန့်ကွက်မဲ မထည့်ရဘူး။ အကုန်လုံး အမှန်နော် သူတို့ရှေ့မှာ အမှန်ခြစ်ပဲ ဖြစ်ရမယ်၊ အမှားခြစ် မဖြစ်ရဘူး၊ အားလုံး အမှန်ပဲနော် ဆိုပြီး အစည်းအဝေးကို သိမ်းလိုက်တယ်။ကျမကတော့ အမှားခြစ် ခြစ်ခဲ့တယ်။ မဲရုံက များတော့ လုံခြုံရေးက ဖြန့်ထားလား မသိဘူး၊ ရဲအများကြီးတော့ မရှိဘူး။ မဲရုံရဲ့ အပြင်ဘက်မှာ ကုလားထိုင်မှာ ထိုင်စောင့်နေတယ်”ဒေသခံ (၄)“ကျမ သွားထည့်တဲ့အချိန် ၁ဝ နာရီလောက်မှာ ၁ဝ ယောက်၊ ၁၅ ယောက်လောက်ပဲ ရှိသေးတယ်။ အဲဒီ လူတွေကို ကျမ လက်တို့ကြည့်တော့၊ မေးတော့ ကြက်ခြေခတ်ပဲ ထည့်ခဲ့တယ်လို့ ပြောတာပဲ။ နောက်ပြီး မဲရုံကို ကဒ်ကလေး ပေးတယ်၊ အခန်းထဲမှာ ဝင်ပြီး ခြစ်ခဲ့တယ်။ ကျမနဲ့ နီးစပ်သူတွေကတော့ ကြက်ခြေခတ်တာပဲ”
မုံရွာမြို့က ဆန္ဒမဲပေးပွဲမှာ မိသားစုဝင်များ ကိုယ်စား မဲပေးနိုင်တယ်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၀၀ - မြန်မာစံတော်ချိန်“ကျနော်တို့တော့ ပြန်ခဲ့ပြီ။ ကျနော်နဲ့ တွေ့ခဲ့တဲ့ တော်တော်များများကတော့ ကြက်ခြေခတ်တွေပဲ ကြားနေရတယ်။ လုံခြုံရေး ချထားတာတွေ ရှိတယ်။ မဲရုံအနီး ပေ ၅ဝ လောက်မှာ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတွေ စောင့်နေတယ်။ တော်ရုံတန်ရုံ နားမလည်တဲ့သူတွေ ကြောက်သွားမှာ စိုးရတယ်။ တအိမ်ထဲကနေ ပြီးတော့ မိသားစု အားလုံးအတွက် ကိုယ်စားပြုပြီးတော့ တယောက်ထဲကနေ မဲပေးလို့ရတယ်။ အိမ်ထောင်စု တော်တော်များများက တယောက်ထဲ မဲလာပေးကြတယ်။ တယောက်တမဲ မဟုတ်ဘူးအကို၊ တယောက်ထဲကနေ မိသားစုတွေအတွက် မဲပေးကြတယ်။ ဝင်ဝင်ချင်း မဲ လက်မှတ် ထုတ်ဖို့ရာအတွက် လက်မှတ်ထိုးရတယ်။ မုံရွာမြို့ မဲရုံအမှတ် ၃ ဖြစ်တယ်။ ပြည်သူတွေက သတင်းနားထောင်၊ ဘာထောင်ဆိုတော့ ရိက္ခာတွေ လက်မခံ၊ ဘာမခံဆိုတော့ လူတော်တော်များများက ဒေါသတွေ ထွက်နေတယ်။ ကိုယ်လည်းမလုပ်နိုင်၊ သူများလာလုပ်တာလည်း မကြိုက်ဘူးဆိုတော့ တော်တော်များများက မကျေနပ်ကြဘူးပေါ့။ မဲထည့်တဲ့သူတွေ တော်တော်များများ ပြောတာကတော့ ရှေ့မှာ လုပ်သွားကြတဲ့ သူတွေက ဘဝတွေနဲ့ ရင်းပြီးတော့ လုပ်နေသွားကြတယ်။ ကျနော်တို့ ဒီစာရွက်လေးပေါ်မှာ ကြက်ခြေခတ် မပေးနိုင်ရင် အင်မတန်မှ ရှက်စရာ ကောင်းတယ်။ မဲရုံမှာ မဲတွေ ရေတွက်မယ်လို့ ကြားတယ်။ ကျနော်တို့ ရပ်ကွက်က မဲရုံမှူးတွေကတော့ အရက်သမားတွေ ဖြစ်နေတယ် ခင်ဗျာ။ အရက်ဆိုင်မှာ တောက်တိုလုပ်တဲ့ သူတွေက မဲရုံမှာ စာရေး ဝင်လုပ်နေကြတယ်”
စွမ်းအားရှင်များအား စုစည်းနေလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်ရှိ ပြည်သူ့ ရင်ပြင်အတွင်းတွင် စွမ်းအားရှင်များအား စုစည်းနေသည်ကို ယမန်နေ့က စတင်၍ တွေ့ရှိရသည်။ဒိုင်နာကား ၁၈ စီးခန့်နှင့် ဘက်စ်ကား ၁၀ စီးခန့် ရပ်နားထားသော ပြည်သူ့ရင်ပြင် အတွင်းတွင် လူအများအပြားအား စုစည်းနေကြောင်းတွေ့ရသည်။ တရက် ၃၀၀၀ ကျပ်နှုန်းဖြင့် ခေါ်ယူထားကြောင်း သိရှိရပြီးရန်ကုန်မြို့တွင်း အမှိုက်များ လိုက်လံ ရှင်းလင်းရန် ဖြစ်သည်ဟု ၀န်ထမ်းတဦးက ပြောသည်။ကားများပေါ်သို့ လူအများအပြား ပြည့်အောင် တင်ဆောင်ကာ မောင်းနှင် ထွက်ခွာသွားခြင်းကို တွေ့ရှိရသဖြင့် အမှိုက်များ မည်သို့ ရှင်းမည်ကို မသိရသော်လည်း ယနေ့တွင် ကျင်းပမည့် လူထု ဆန္ဒခံယူပွဲ နှင့် ပတ်သက်ပြီး အသုံးချဖွယ် ရှိသည်ဟု သိရသည်။
မန္တလေးမှာ ၆ နာရီမှစတင် မဲပေးလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၄၀ - မြန်မာစံတော်ချိန်စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲမှာ မန္တလေးတွင် ယနေ့ နံနက် ၆ နာရီ ကတည်းက စတင်နေပြီ ဖြစ်သည်။ မန်းဒေသခံ တဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ -"မဲရုံကို နေ့လည်ကျမှ သွားမှာ။ ကျမကတော့ သွားပေးကို ပေးရမယ်။ ကျမတို့ ရပ်ကွက်ထဲမှာ သွားကြတဲ့သူတွေ များပါတယ်။ ကျမ အသိတယောက်ကတော့ အစက သွားပေးမယ်ဆိုပြီး ခုတော့ မသွားတော့ဘူးတဲ့။ အောက်ပြည်မှာက ဒီလောက် ဒုက္ခတွေ ရောက်နေကြတာ သူတို့လုပ်တာ မတရားဘူး မသွားနိုင်ဘူးလို့ ပြောပြီး စိတ်တွေ ဆိုးနေတယ် " ဟု မဇ္ဈိမသို့ ပြောသွားသည်။ ပြီးခဲ့သည့် အပတ်က ၀င်ရောက်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် အပျက်အစီးများ ရှိခဲ့သော ဒေသများ ဖြစ်သည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ် စုစုပေါင်း (၅)မြို့နယ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်မြို့နယ်၊ ကန်ကြီးဒေါင်မြို့နယ် ၊ သာပေါင်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်။ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်ဂပူမြို့နယ်၊ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် စုစုပေါင်း (၁၉)မြို့နယ်တို့ကို ပုံမှန်အခြေအနေသို့ ရောက်ရှိပြီး ဒေသများဖြစ်၍ ယခင် သတ်မှတ်ထားသော မေ ၁၀ ရက်နေ့တွင် မဲပေးနိုင်ပြီဖြစ်ကြောင်း စစ်အစိုးရမှ ထုတ်ပြန် ကြေငြာထားသည်။
ဆန္ဒခံယူပွဲ ကျင်းပနေပြီဖြစ်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၃၀ - မြန်မာစံတော်ချိန်စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ဆန္ဒခံယူပွဲမှာ ယနေ့ စတင် ပြုလုပ်နေပြီ ဖြစ်သော်လည်း MRTV နှင့် MRTV 4 တို့မှ ပြုလုပ်နေသော မဲဆန္ဒပေးပွဲနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါ။ MRTV တွင် မဲဆန္ဒ သွားရောက် ပေးကြရန် နှိုးဆော်သော သီချင်းများ၊ ထောက်ခံမဲပေးရန် လှုံဆော်သံများကိုသာ ထုတ်လွှင့်လျက် ရှိသည်ကိုသာ တွေ့မြင်နေရသည်။MRTV4 တွင်လည်း ပြီးခဲ့သည့် နေ့များက ရန်ကုန်မြို့တွင်းနှင့် လေဘေးဒဏ်သင့် နေရာအချို့တို့တွင် ပြုလုပ်ခဲ့သော ကယ်ဆယ်ရေး လုပ်ငန်း အချို့တို့ကိုသာ ပြန်လည် ပြသလျက် ရှိသည်။

နိုင်ငံတဝှမ်း ဆန္ဒမဲပေးပွဲများ ပြီးဆုံးပြီ - စာ - ၂

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 11:15 - မြန်မာစံတော်ချိန်
တယောက်က မဲ မပေး၊ တယောက်က ထောက်ခံမဲလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၄း၁၀ - မြန်မာစံတော်ချိန်ကချင်ပြည်နယ် ဖာကန့်မြို့နယ် ငှက်ပျောတော ကျေးရွာမှ ဒေသခံနှစ်ဦး ပြောကြားချက် - ဒေသခံ (၁) “ကျမတို့ အိမ်မှာတော့ ဘာမဲလက်မှတ်မှ လာမပေးထားဘူး၊ တချို့အိမ်တွေမှာဆိုရင် မဲလက်မှတ်ပေါ့နော်၊ ကြိုတင် လာပေးထားတယ်လို့ ပြောတယ်။ တချို့အိမ်မှာ မပေးဘူး။ ဒါပေမဲ့ မဲလက်မှတ် မပေးထားရင်လည်း သွားထည့်ကြတယ်လေ။ ကျမတို့တော့ သွားမထည့်ဖြစ်ဘူး”ဒေသခံ (၂) “ကျနော်တို့ကတော့ အလာကတည်းကနေ စိတ်ချမ်းသာသလို အမှန်ခြစ်ထားတယ်လေ။ ကျနော့်အိမ်မှာတော့ မဲလက်မှတ် လာပေးထားတယ်လေ။ အဲဒီ မဲလက်မှတ်ပေါ်မှာ ကိုယ်ကြိုက်တဲ့ဟာကို ရေးပြီး ထည့်ပေးပါလို့ လာပြောသွားတယ်လေ။ အဲဒီတော့ ကျနော်တော့ အမှန်ခြစ်ပြီး စိတ်ချမ်းသာသလို ထည့်ပေးခဲ့တယ်လေ”
အမျိုးသမီးရေးရာအဖွဲ့က မဲပေးခန်းထဲဝင်ပြီး အမှန်ခြစ်ခိုင်းနေလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၄း၀၀ - မြန်မာစံတော်ချိန်ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် မဲရုံတွင် အမျိုးသမီးရေးရာ အဖွဲ့က ဆန္ဒမဲ ရေးခြစ်သည့် အခန်းထဲသို့ ဝင်ရောက်ကာ ထောက်ခံမဲ ထည့်ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။ ကုန်သည်အမျိုးသား (၅ဝ နှစ်) “ဒီကနေ့ မဲထည့်ရတာတော့ လူထု အခြေအနေကတော့ ကောင်းတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က ညစ်ပတ်တာတွေ ရှိနေတယ်။ အမျိုးသမီးရေးရာက အခန်းထဲထိ အမှန် ခြစ်ခိုင်းတာတွေ ရပ်ကွက် တော်တော်များများမှာ လုပ်နေတယ်။ ရွာတွေမှာတော့ ၈ ရက်နဲ့ ၉ ရက်လောက်ကတည်းက ကြံ့ဖွံ့တွေဖြစ်တဲ့ ရယကတွေက တအိမ်ဝင် တအိမ်ထွက် ထောက်ခံမဲ ထည့်ခိုင်းနေတယ်လို့ သိရတယ်။ အခုကတည်းက နာမည်နဲ့ လက်မှတ်ထိုးလိုက်ပါ၊ ၁ဝ ရက်နေ့ကျရင် လာစရာ မလိုတော့ဘူးပေါ့ ဆိုပြီး နာမည်နဲ့ လက်မှတ်တွေကို တောင်းတယ်။ ပြီးရင် သူတို့က ထောက်ခံမဲဖြစ်အောင် ပြောင်းပစ်မယ့် အနေအထားတွေ လုပ်နေတယ်။ အခု အမှတ် ၅ ရပ်ကွက် မဲရုံမှာလည်း ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင် ၂ဝ လောက်နဲ့ အမျိုးသမီးရေးရာက လူတွေ အပါအဝင် အားလုံးပေါင်း ၃၅ ယောက်လောက်ရှိတယ်။ မဲရုံနားက မြသိန်းတန် ဘုရားမှာလည်း ပြည်က ခေါ်လာတဲ့ လက်နက်ကိုင် ရဲတွေ ၁ဝဝ လောက် စောင့်နေတယ်။ ဒါတွေက မဲလာထည့်တဲ့ လူတွေကို စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေ ဖြစ်စေတယ်။ တချို့က ကိုယ့်ဆန္ဒနဲ့ ကိုယ်ထည့်ဖို့ လာပေမယ့် ဒီလိုမသိမသာ ခြိမ်းခြောက်မှုတွေကြောင့် ကိုယ်ထည့်ချင်တာ မထည့်ရဲတဲ့ လူတွေ ရှိနေတယ်။ ဒါပေမဲ့ ဒီမနက်မှာ အသက် ၇ဝ ကျော်တဲ့ လင်မယားနှစ်ယောက်က လာပြီး “နင်တို့တွေ ... စောင့်ကြည့်ကြည့်၊ မကြည့်ကြည့် ငါတို့ကတော့ လုံးဝ ကြက်ခြေခတ်ပဲ” ဆိုပြီး လူပုံ အလယ်မှာကို ကြက်ခြေခတ်ပြီး ပုံးထဲ ထည့်ပစ်တာ တွေ့ရတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ၉ဝ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့တဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေနဲ့ အခု မဲထည့်တဲ့ဟာ လုံးဝ ကွာသွားတယ်ဗျာ။ ၉ဝ တုန်းကဆိုရင် လွတ်လွတ်လပ်လပ် ထည့်လို့ ရတယ်။ မျှော်လင့်ချက်တွေလည်း အရမ်း ထက်သန်ခဲ့တယ်။ အခုတော့ ကျနော်တို့ ဘာမဲထည့်ထည့်၊ ဘာမဲတွေ ဘယ်လောက်များများ သူတို့က သူတို့ စိတ်ကြိုက်ဖြစ်အောင် လုပ်မှာပဲဆိုတော့ သိပ်ကြီး မျှော်လင့်ချက် မထားတော့ပါဘူး” ကျောင်းဆရာမတဦး (၃၆ နှစ်) “ကျမ အခန်းထဲဝင်ပြီး အမှားခြစ်မလို့ လုပ်နေတုန်း အမှန်ခြစ်ပါ၊ အမှန်ခြစ်ပါဆိုပြီး အမျိုးသမီးရေးရာက မိန်းမတွေ လာပြောတယ်။ ကျမကလည်း ဘာလို့ အမှန် ခြစ်ရမှာလဲဆိုပြီး ကြက်ခြေခတ် ပေးလိုက်တာပဲ။ ကျမတို့ အမှတ် ၅ ရပ်ကွက်က နည်းနည်း စိတ်ဓာတ်ပြင်းထန်တဲ့ ရပ်ကွက်မို့ သူတို့ခိုင်းတိုင်း လုပ်တာ နည်းတယ်။ အားလုံးနီးပါး ကြက်ခြေခတ်ပဲ။ ဒီလို ကိုယ့်ဆန္ဒနဲ့ကိုယ် မဲလာထည့်နေတာကို လာနှောင့်ယှက်တာကြီးက တော်တော် မလွတ်လပ်ဘူး။ ကျမတို့ ဘယ်လိုမှ လွတ်လွတ်လပ်လပ် မဲထည့်ခွင့်ရတယ်လို့ မဆိုလိုနိုင်ဘူး”
အမှန်ခြစ်ပြီးသား မဲကိုပဲ ထည့်ခိုင်းလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၃၀ - မြန်မာစံတော်ချိန်ကချင်ပြည်နယ် မြစ်ကြီးနားရှိ ရပ်ကွက် အချို့တွင် အမှန်ခြစ်ပြီးသား ထောက်ခံမဲကိုသာ အာဏာပိုင်များက ထည့်ခိုင်းနေသည်ဟု သိရသည်။ အမျိုးသမီးတဦး “ကျမ တခုတွေ့တယ်။ ကျမတို့ ရပ်ကွက်ကျတော့ အမှန်နဲ့ အမှား အကွက်ပါတယ်။ ခေမာသီရိ ရပ်ကွက်မှာတော့ အမှန် ခြစ်ထားပြီးသား သွားထည့်ရတယ်။ သူတို့ကို ကျမ မေးတော့ မသိပါဘူး။ မမိုက်လိုက်တာ ကျမတို့ကို အရမ်း နိုင်စားတယ်တဲ့။ သူတို့ အမှန် ခြစ်ထားပြီးသားကို သွားထည့်ပေးရတာ၊ ဘာမှ မထူးပါဘူးဆိုပြီး ရီနေကြတယ်လေ။ အမှန် ခြစ်ထားတယ်။ နောက်မှာ နာမည်နဲ့ မှတ်ပုံတင်ပဲ ရေးပြီး မဲပုံးကို ထည့်လိုက်ရုံပဲ။ အံ့သြတယ်။ တရပ်ကွက်နဲ့ တရက်ကွက် မတူဘူး။ ဘာဖြစ်လို့လဲ မသိပါဘူး။ ကျမတို့ ရပ်ကွက်ကျတော့ အမှားနဲ့ အမှန် ခြစ်ရသေးတယ်”အမျိုးသားတဦး “ကျနော်တို့ ရှမ်းစုတောင်ကတော့ အလကကျောင်းမှာ မဲရုံ ဆောက်ထားတယ်။ အဲဒီမှာ ဒီမနက် ၆ နာရီကနေ သွားထည့်တယ်။ အိမ်သား အားလုံးအတွက် ကျနော်ပဲ ထည့်ခဲ့ရတယ်။ အိမ်သား ၉ ယောက် ရှိတယ်။ အားလုံး အမှားခြစ်ပဲ လုပ်တယ်။ ကျနော့် အသိုင်းအဝိုင်းတွေလည်း အများကတော့ အမှားခြစ်မှာပဲ။ ဒါပေမဲ့ မှားတာထည့်ထည့်၊ မှန်တာပဲ ထည့်ထည့် သူတို့လုပ်ချင်သလို လုပ်မှာပဲ”
မန္တလေး မဟာအောင်မြေမြို့နယ်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၂၅ - မြန်မာစံတော်ချိန်မန္တလေး မဟာအောင်မြေမြို့နယ် ရုံးသာရပ်ကွက်မှ မဲရုံတွင် မဲပေးရာ၌ ကြံ့ဖွံ့များ စောင့်ဆိုင်းနေသည်မှာ မတွေ့ရပဲ လွတ်လပ်စွာ မဲပေးခွင့် ရခဲ့ကြောင်း ဒေသခံတဦးမှ ပြောသည်။ မဲပေးသူများသည် တဖွဲဖွဲ လာရောက်လျက်ရှိပြီး ခပ်မြန်မြန်သာ သွားနေကြကာ တစုံတရာ စိုးရွံ့နေပုံရသည်ဟု သူကပြောသည်။ "မနက် ၆နာရီကတည်းက မဲရုံ စဖွင့်နေတာ။ ရောက်သွားတာက မနက် ၁၁ နာရီလောက်က။ လာပေးတဲ့သူတွေကတော့ တဖွဲဖွဲ လာနေကြတာပဲ။ တွေ့ခဲ့တာကတော့ အယောက် ၂၀ လောက်ရှိတယ်။ ကြံ့ဖွံ့တွေ ဘာတွေ စောင့်နေတာတော့ မတွေ့မိဘူး။ အနားက တယောက်ကို မေးကြည့်တော့ လွတ်လွတ်လပ်လပ် ပေးရပါတယ်တဲ့။ ကန့်ကွက်ခဲ့တယ်တဲ့။ နောက်တယောက်ကတော့ ကြောက်လို့ ထောက်ခံမဲပဲ ပေးခဲ့တယ်တဲ့။ မဲပေးခွင့် မရလို့ လှည့်ပြန်ခဲ့ရတာတွေတော့ မကြားမိသေးဘူး။ သတင်းထောက်တွေလာတာလဲ မတွေ့ရသေးဘူး။ အားလုံးကတော့ ခပ်သုတ်သုတ်ပဲ သွားနေကြတယ်။ သူတို့ ကန့်ကွက်မဲ ပေးလိုက်ရင် သိသွားပြီး တခုခု ဖြစ်မှာကိုလဲ ကြောက်နေကြတယ်" ဟု သူကပြောသည်။ သူ့အနေဖြင့် ယခု မဲပေးခြင်းသည် ပထမဆုံး အတွေ့အကြုံ ဖြစ်သည်။ မျှော်လင့်စရာ မရှိ၍ စိတ်ပျက်မိ၍ မဲမပေးခဲ့ပါဟု သူက ထပ်ပြောသည်။ အဆိုပါ မဲရုံသည် နေ့လည် ထမင်း စားချိန်ဖြစ်သော ၁၂ နာရီတွင် ခေတ္တပိတ်မည်ဟု သူက ပြောသည်။
မြစ်ကြီးနား ဒေသခံတဦး ပြောဆိုချက်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၂၀ - မြန်မာစံတော်ချိန်“မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ ဖွင့်ထားတယ်။ လူတွေ တအားများမယ်။ မထည့်ရင်လည်း မရဘူးလေ၊ နာမည်က ကောက်ထားတာ ဆိုတော့။ အမှန်ခြစ်ရင်လည်း ရွေးကောက်ပွဲ လုပ်မယ်၊ အမှန်မခြစ်ရင်လည်း ဆန့်ကျင်တယ်ဆိုပြီး သူတို့ပဲ ဆက်အုပ်ချုပ်နေအုံးမှာပဲလေ။ အဲဒီတော့ အားလုံး အမှန်ပဲ ခြစ်ကြတော့မှာပေါ့။ ငါတို့က မဲသာထည့်ရတာ၊ အခြေခံမူကြမ်းမှာ သူတို့ ဘာတွေ ရေးထားမှန်းလည်း မသိဘူး။ မဲရုံမှာလည်း မကပ်ထားဘူး။ မဲရုံ လူကြီးတွေတော့ ရှိတယ်။ လုံခြုံရေးတွေတော့ မရှိပါဘူး။ ဓာတ်ပုံရိုက်တာတော့ ရှိတယ်။ နာဂစ် မုန်တိုင်းအတွက်တော့ မြစ်ကြီးနားက (ကျပ်ငွေ) သိန်းပေါင်း ၁ သန်းလောက် ရှိတယ်လို့ သိရတယ်။ တိတိကျကျတော့ မသိပါဘူး။ ဒုက္ခသည်တွေ အတွက်တော့ ငါတို့တွေက ထည့်ကြပါတယ်။ ကျောက်စိမ်း သူဋ္ဌေးတွေကလည်း ထည့်ဖို့ အစီအစဉ်ရှိတယ်”

နိုင်ငံတဝှမ်း ဆန္ဒမဲပေးပွဲများ ပြီးဆုံးပြီ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 11:15 - မြန်မာစံတော်ချိန်
ဆန္ဒမဲပေးပွဲတွေ နိုင်ငံတဝှမ်း ကျင်းပနေပြီလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် - မြန်မာစံတော်ချိန်မုန်တိုင်းဒဏ်ကြောင့် တတိုင်းပြည်လုံး ပူဆွေးသောက ရောက်နေသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ရက်ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံမှုများ ကြားမှပင် မြန်မာစစ်အစိုးရက သတ်မှတ်ပြီး ဖြစ်သည့် ယနေ့တွင် နိုင်ငံတဝှမ်း၌ ဆန္ဒမဲပေးပွဲများ စတင်လိုက်ပြီ ဖြစ်သည်။ ယခု ကျင်းပဆဲ ဖြစ်သည့် ဆန္ဒမဲပေးပွဲများ၏ အခြေအနေ အရပ်ရပ်ကို မဇ္ဈိမက အချိန်နှင့်တပြေးညီ တင်ပြသွားပါမည်။-------------------------
ကိုယ့်လူနဲ့ ကိုယ် မဲရေတွက်တယ်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၈း၃၀ - မြန်မာစံတော်ချိန်ဦးသန်းဖေ (ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ) ၏ ပြောကြားချက်“မဲရုံ ပိတ်တဲ့အချိန်မှာ တော့်တော့်ကို စိတ်မကောင်း ဖြစ်ရတယ်။ ၄ နာရီ ထိုးတဲ့အချိန်မှာ ပြည်သူလူထု တယောက်မှ မရှိစေရ၊ ခြံတခါးကို ပိတ်တယ်၊ မဲရုံကို ပိတ်တယ်၊ သူတို့ လက်ခုပ်ထဲကရေ၊ သူတို့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလို မှောက်လိုက်ကြတယ်။ အားလုံး ပြန်လာရတယ်။ အနားမှာ ရှိတဲ့လူတွေတောင် မောင်းထုတ်ခံရတယ်၊ ဒါက အထက်က အမိန့်လို့ ပြောတယ်၊ ဘာမှ သတင်း မရသေးဘူး။ ချောင်းကောက် ရပ်ကွက်က အမှတ် ၂ မဲရုံက လျှို့ဝှက်သတင်းတော့ ရတယ်ဗျ၊ ၉၈ ရာနှုန်းထိ ကန့်ကွက်မဲ။ လူ ၁ဝဝဝ ကျော်မဲရုံးမှ ၂ဝ ကျော်သာ ထောက်ခံတယ်။ ဒါပေမယ့် ကန့်ကွက်မဲတွေရဲ့ ၆ဝ ရာခိုင်နှုန်းက ပယ်မဲ ဖြစ်သွားတယ်။ ဘယ်လို ဖြစ်သွားလဲဆိုရင် ကြက်ခြေခတ်တဲ့ နေရာမှာ နည်းနည်းပါးပါး မညီမညာဖြစ်ရင် ပယ်မဲ လုပ်လိုက်တယ်။ မညီမညာ ဖြစ်အောင်လည်း သူတို့က အောက်က စားပွဲဟာ။ ချောင်းကောက် စာသင်ကျောင်းက အဆိုးဆုံးခုံကို ရွေးထားတယ်၊ ဟိုဘက်လိမ့်၊ ဒီဘက်လိမ့်နဲ့ ကျနော် ကိုယ်တိုင် အဲဒီမှာ မဲပေးခဲ့တယ်။ ကျနော် ကိုယ်တိုင် မနည်းကို ထိန်းပြီး ကြက်ခြေ ခတ်ခဲ့တယ်။ အဲဒီတော့ စာမတတ်တဲ့ လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ လက်တုံခြေတုံတွေက ဘယ်လို ညီညီညာညာ ရေးခြစ်နိုင်မလဲဗျာ၊ ဒါကို အခွင့်ကောင်းယူပြီး ပယ်မဲ လုပ်လိုက်ကြတယ်။”
ကြက်ခြေခတ်များသော်လည်း မယုံရဲလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၇း၅၀ - မြန်မာစံတော်ချိန်စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှ ကုန်သည်တဦး (၃၂ နှစ်) ပြောဆိုချက် - “ဒီမှာက မနေ့ညကတည်းကနေ မဲထည့်ဖို့အတွက် သူတို့ လိုက်ပေးတယ်။ ကြိုတင်မဲ ထည့်မလား၊ အဲဒါတွေ လိုက်မေးတယ်။ သူတို့ ရှေ့မှာ တခါထဲ ထည့်ရမယ်ပေါ့။ အဲဒါ မဟုတ်ရင် မဲရုံမှာပဲ ထည့်မလားဗျာ၊ မဲရုံမှာ ထည့်မယ်ဆိုရင်လည်း မဲစာရွက် သုံးရွက်ပေးတာပေါ့ဗျာ။ကျနော်ကတော့ မနက်ဖြန် လာထည့်မယ်လို့ ပြောလိုက်တယ်။ ဒီနေ့မနက် ၈ နာရီမှာ သွားထည့်တယ်။ ကြိုတင်ယူရမယ့် လက်မှတ်တွေကလည်း များတယ်။ ကြိုယူရတယ် ဆိုတော့ ရယက လူတွေဆိုတော့ လူရှေ့သူရှေ့ လုပ်ရတယ်ဆိုတော့ တမျိုး ဖြစ်သွားမှာပေါ့ဗျာ။ ထောက်ခံမဲ ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ မဲရုံမှာ သွားထည့်သူတွေကတော့ ကြက်ခြေခတ်ပဲ များမယ်လို့ ထင်တယ်ဗျာ။နောက်ပြီး လုံခြုံရေးကတော့ ကြံ့ဖွံ့နဲ့ မီးသတ်တွေ ကျနော်တို့မှာတော့ နည်းတယ်။ အားလုံး တွက်ကြည့်မယ်ဆိုရင် ၁၅ ယောက်လောက် ရှိမယ်။ ရဲရော အကုန်ပေါင်းပေါ့နော်။ ဒီအခြေခံ ဥပဒေမူကြမ်းကိုလည်း ပြည်သူအားလုံး ကြည့်ရတာ စိတ်ဝင်စားတာ မရှိဘူး။ ရေဒီယို နားထောင်တာတွေ များသောအားဖြင့် ကြက်ခြေခတ် များမယ်လို့ ကျနော်ထင်တယ်။ သူတို့ကတော့ စည်းရုံးတယ်ဗျာ၊ ဘာဖြစ်လို့လဲ ဆိုတော့ စည်းရုံးတာက ကောင်းကောင်းမွန်မွန် ပြောတာတွေ ချိုချိုသာသာ ပြောနေတာ ရှိတယ်။ သူတို့ကတော့ ကန့်ကွက်မဲကိုလည်း ထောက်ခံမဲ ရာနှုန်းပြည့်ဆိုပြီး လုပ်သွားမယ်လို့ ထင်တယ်ဗျာ။ မဆလခေတ်က ထည့်ဖူးတယ်ဗျာ။ အမဲထည့်တော့လည်း အဖြူထဲ ရောက်သွားတာပဲဗျာ။ ကျနော်တွေ့ခဲ့တဲ့ အတွေ့အကြုံပေါ့။ ၉ဝ ရွေးကောက်ပွဲမှာ ကျနော်တို့ထက် ကြီးတဲ့ လူကြီးတွေ ထည့်တာ၊ အဲဒါတွေ ပြောပြတယ်။ “မင်းတို့ကွာ အလကားပါ။ မဲသာ ထည့်ပေါ့ကွာ။ အဖြူကို အမဲ ဘယ်နှစ်ပြားပါတယ်” ဆိုပြီး လုပ်လိုက်တာပါပဲတဲ့”
၉ဝ ရွေးကောက်ပွဲနှင့်ကွာခြား၊ စိတ်ချမ်းသာမှုမရှိလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၃၀ - မြန်မာစံတော်ချိန်ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ ဒူကထောင် ရပ်ကွက်မှ အသက် ၅ဝ အရွယ် အမျိုးသမီးတဦးက ယခု ဆန္ဒခံယူပွဲသည် ၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ကွာခြားမှုရှိပြီး မဲထည့်ခွင့် မလွတ်လပ်သည့်အပြင် အစိုးရကိုယ်၌က ထောက်ခံမဲ ထည့်ခိုင်းနေသဖြင့် စိတ်ချမ်းသာမှု မရှိကြောင်း ပြောသည်။ “ဒီမနက် ၆ နာရီမှာ သွားတန်းစီရတယ်၊ ရပ်ကွက်ထဲမှာ မဲရုံ ၇ ရုံ ရှိတယ်။ အများပိုင်းက ကန့်ကွက်မဲ ထည့်ကြတယ်။ ကျမလည်း ကန့်ကွက်မဲ ထည့်ခဲ့တယ်။ ဘာမှ တင်းကြပ်တာတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ် ထည့်ခွင့် ရှိပါတယ်။ ဒူကထောင် ရပ်ကွက်မှာ မဲပုံ ၇ ခုရှိတယ်။ တခြား ၈ ကနေ ၁၂ ထိကတော့ အထက ၇ မှာ ရှိတယ်။ ရာသီဥတုကတော့ ပုံမှန်ပါပဲ။ အစိုးရက မဲထည့်တဲ့ နေရာမှာ လုံခြုံရေးတော့ ရှိတယ်။ ဘာမှတော့ မနှောင့်ယှက်ပါဘူး။ မဲထည့်ပြီးတဲ့ နောက်တော့ နာမည်စာရင်းကိုလည်း သွားထည့်ရတယ်။ အစိုးရက ဓာတ်ပုံ၊ ဗီဒီယိုလည်း ရိုက်တယ်။ မြစ်ကြီးနားမြို့နယ်ထဲက လမ်းမကြီးတွေမှာ မနေ့ညကတည်းက ကားဖြတ်ခွင့် ပိတ်ထားတယ်။ ဈေးတွေလည်း သူတို့ဟာ သူတို့ ပိတ်ကြတာ ထင်တယ်။ တော်တော်များများ ထက်ဝက်ကျော် ပိတ်ထားကြတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ အခု ဆန္ဒခံယူပွဲက ကွာခြားမှု အများကြီး ရှိတယ်။ အရင်တုန်းကလောက် မဲထည့်ခွင့် မလွတ်လပ်ဘူး။ အစိုးရက ဒါထည့်ရမယ်ဆိုပြီး ထောက်ခံမဲ ထည့်ခိုင်းတာတွေ ရှိတယ်။ ဒါကြောင့် စိတ်ချမ်းသာမှု မရှိဘူး။ ဒုက္ခသည်တွေအတွက်တော့ ဒူကထောင် ရပ်ကွက်က အားလုံးက စိတ်မကောင်းကြပါဘူး။ စိတ်မကောင်းရုံကလွဲပြီး ဘာမှတော့ မတတ်နိုင်ပါဘူး”
အမျိုးသမီးရေးရာတွေ မဲလုပြီး အမှန်ခြစ်လို့ ပွဲဆူသွားလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၁၅ - မြန်မာစံတော်ချိန်အဖွဲ့ဝင်တဦး - လူထုဆန္ဒခံယူပွဲ စောင့်ကြည့်ရေးအဖွဲ့ (မြင်းခြံ) ၏ ပြောကြားချက်“ကျနော်တို့ မြင်းခြံမှာ ဆန္ဒမဲပေးတဲ့ ကိစ္စကတော့ တကယ့်ကို ဗရုတ်သုက္ခ ဆန်တယ်ဗျ။ မဲလာပေးတဲ့ လူတွေ (အဓိက အမျိုးသမီးတွေ) ကို ကြံ့ဖွံ့နဲ့ အမျိုးသမီးရေးရာတွေက မဲရုံပေါက်ဝမှာ စောင့်နေပြီး မဲကိုလု၊ အတင်း အမှန်ခြစ် နေတယ်ဗျ။ တကယ့်ကို ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ရပ်ကွက်တွေက အမှတ် ၁၉၊ ၁၇၊ ၁၈၊ ၆၊ ၁၁ ရပ်ကွက်တွေ။ လူတွေက သူတို့ မဲတွေကို ပြန်တောင်းရင်လည်း မပေးဘူး။ အမှန် ခြစ်ပြီးသား မဲကိုပဲ ပုံးထဲ အတင်း ထည့်ခိုင်းနေတယ်။ ဒါ့ကြောင့် လူတွေက မကျေမနပ် ဖြစ်နေကြတယ်။ ၁၈ ရပ်ကွက်မှာဆို လုံးဝကို မဲသွားမပေးကြတော့ဘူး”ပြောရဲဆိုရဲသည့် အမျိုးသမီး အချို့က ကော်မရှင် လူကြီးများကို သွားရောက် တိုင်တန်းရာတွင်လည်း အရေးယူပေးခြင်း မရှိပေ။နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုး၏ ဇာတိဖြစ်သော တောင်သာမြို့နယ်ရှိ ကန်မြဲ-ဇကျမ်းရွာတွင်လည်း မဲရုံအတွင်းရှိ ဆန္ဒပြုရန် အခန်းထဲတွင် မင်မထင်သော ဖောင်တိန်များ ထားပေးပြီး ဖောင်တိန် တောင်းသည့်အခါ ရုံစောင့်များက မဲကို တောင်းယူကာ အမှန် ခြစ်ပေးသဖြင့် ရွာသူရွာသားများက မဲကို ဆက်လက် ထည့်ဝင်ခြင်း မပြုတော့ကြောင်း သိရသည်။
မဟာအောင်မြေ လွတ်လပ်၊ မဲရေတွက်မှုတော့ စိုးရိမ်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၀၀ - မြန်မာစံတော်ချိန်မန္တလေးတိုင်း မဟာအောင်မြေမြို့ရှိ မဲရုံအမှတ် (၁) တွင် မဲထည့်ရာတွင် လွတ်လပ်မှု ရှိသော်လည်း မဲရေတွက်ရာ၌ မည်သည့်နေရာတွင် သွားရောက်ရေတွက်မည်ကို မသိသဖြင့် စိုးရိမ်မိကြောင်း ဒေသခံ အမျိုးသားတဦးက ပြောသည်။ “ဒီဘက်ကတော့ ရွာကနေ စုထားတဲ့ ရပ်ကွက်ဆိုတော့ တနယ်ထဲကနေ လာကြတဲ့ သူတွေဆိုတော့ ဘာမှ လုံခြုံရေးတွေ ယူထားတာ မရှိဘူး။ မဲရုံ စောင့်နေသူတွေက ၆ ယောက်လောက် ရှိတယ်။ ဆရာမ ၄ ယောက်၊ ဟိုနောက်ထပ် ၆ ယောက်က အရပ်သား။ ကျောင်းဆရာမတွေက မဲစာရွက်တွေ ဝေပေးတယ်။ လွတ်လွတ်လပ်လပ် ထည့်လို့ ရပါတယ်။ ကိုယ့်လူတွေချည်းပဲ။ ရွှတ်နောက်နောက်နဲ့ ကိုယ်ထည့်ချင်တာ ထည့်တာပဲ။ ကျနော်တို့ကတော့ ထုံးစံပေါ့၊ ခတ်တာပေါ့ဗျာ။ ခေတ်အဆက်ဆက် ကြက်ခြေခတ် ထည့်ခဲ့တယ်။ တခြားနေရာမှာတော့ ဒီလို မလွတ်လပ်ဘူးလို့ ပြောတယ်။ ကျနော်တို့ မဲပေးတဲ့ရုံမှာ မဲပေးခန်းပေါင်း ၁၈ ခန်းရှိတယ်။ ၈ ရပ်ကွက်မှာ ၂ ရုံခွဲထားတယ်။ ဆိုတော့ တရုံမှာ ၃ ရပ်ကွက် ရှိတယ်။ စုစုပေါင်း လူ ၁ဝဝ နီးပါးလောက် ရှိတယ်။ ကျနော်တို့ မိသားစုတွေ သွားထည့်ကြတယ်။ ရွာကနေလာတဲ့ ကလေးတွေကိုလည်း ထည့်ခိုင်းတယ်။ ကျနော်တို့ အနာမခံနိုင်ဘူးလေ။ရာသီဥတုက မိုးအုံ့တယ်။ ဒီမှာကတော့ အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ မဲပုံးကို ဘယ်မှာ သွားရေတွက်မှာလည်း မသိတော့ စိတ်ပူတယ်။ လမ်း ၄ဝ၊ ၈၁ လမ်း ဘုံကျောင်းကတော့ အေးအေးဆေးဆေး ရှိတယ်။ ဒီမှာကတော့ စိတ်တိုင်းကျတာပေါ့ဗျာ။ တခြား နေရာမှာတော့ မပြောတတ်ဘူး။ ဒီလို ပုံစံမျိုးဆိုရင်တော့ ကျေနပ်ပါတယ်။ ဒီလိုပုံစံမျိုး တခြားနေရာမှာတော့ မရှိလောက်ဘူးလို့ တွက်ပါတယ်။ ဒီနယ်မြေက ကိုယ့်နယ်မြေဆိုတော့ အခန်းလေးထဲမှာ ကိုယ်စိတ်တိုင်းကျ ထည့်တယ်”
လုံခြုံရေးရှေ့မို့ နောက်ကြောင်းအေးအောင် ထောက်ခံခဲ့ရလွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၄၅ - မြန်မာစံတော်ချိန်စစ်ကိုင်းတိုင်း တမူးမြို့တွင် ကျင်းပသည့် ဆန္ဒမဲပေးပွဲအကြောင်း ဒေသခံအချို့ကို ဆက်သွယ် မေးမြန်းထားပါသည်။ အမျိုးသားတဦး “မဲရုံအမှတ် ၁၂ မှာ မဲသွားပေးရတာပါ။ ၁ဝ နာရီလောက်မှာ ထောက်ခံမဲ သွားပေးခဲ့ပါတယ်။ ဒီတိုင်းပြည်မှာ ဆက်နေနေအုံးမှာ ဆိုတော့ နောက်ကြောင်း အေးရအောင်ပေါ့ကွာ။ ကန့်ကွက်ရင်လည်း ထောက်ခံတာပဲ ဖြစ်မှာပဲ။ ကျနော်က အဲလိုပဲ ထင်တယ်။ ဘာထည့်ထည့် မထူးပါဘူးဗျာ။ မဲပုံးက တပုံးပါပဲ။ သူတို့တွေ (လုံခြုံရေးတွေ) ရှေ့မှာပဲ မဲထည့်ခဲ့ရတာ။ မဲထည့်မယ့် လူတွေကို မဲထည့်တာနဲ့ ပတ်သက်ပြီး ဘာသိချင်လဲ၊ ဘာရှင်းပြရမလဲဆိုပြီး လုံခြုံရေးတွေ ကြံ့ခိုင်ရေးတွေပေါ့ လာမေးပါတယ်။ မီးသတ်၊ ကြက်ခြေနီ၊ ရဲ၊ ဝတ်စုံတွေနဲ့ရော အရပ်ဝတ်တွေနဲ့ရောပါ။ ၁၅၊ ၁၆ လောက်ရှိတယ်။ များတယ်။ အပြင်ရော၊ အတွင်းမှာရော ရှိတယ်။ မဲလာပေးတဲ့ လူတွေက ၂ဝ လောက် ရှိတယ်။ နာမည်မပါတဲ့ လူတွေကိုလည်း မှတ်ပုံတင် ပြခိုင်းပြီး မဲပေးခိုင်းတယ်။ မှတ်ပုံတင်ပါရင် ရတယ်။ နေရပ်လိပ်စာလည်း တိတိကျကျ ပြောပြီးတော့ ထည့်လို့ရတယ်။ ဓာတ်ပုံရိုက်တာလည်း မရှိဘူး။ သတင်းထောက်တွေလည်း မရှိပါဘူး။ ဖုန်းလိုင်းတွေတော့ အဝေးပြောတွေ အားလုံး မနေ့ ညနေပိုင်းကတည်းက ပိတ်ထားတယ်။ အခု အချိန်အထိပဲ။ ဈေးတွေတော့ ဖွင့်ပါတယ်။ လူတွေလည်း သွားနေကြတာပါပဲ။ ရွာထဲက လူတွေ တော်တော် သွားကြပါတယ်”
အမှောင်ထဲမှာ ဘာမဲပုံးမှန်းမသိဈေးသည် အမျိုးသမီး “ပါရဲချောင်းကနေ တမူး အမှတ် ၃ ရပ်ကွက် အမှတ် - ၅ ကျောင်းမှာ မဲသွားပေးခဲ့ရတယ်။ ဓာတ်ပုံရိုက်တဲ့လူ တယောက်တော့ ရှိတယ်။ မနက် အစောကြီးသွားတော့ မဲပေးတဲ့လူ ၁ဝ ယောက်လောက် ရှိတယ်။ နာမည်ရှာပေးပြီးတော့ လက်မှတ် ထိုးရတယ်။ မဲပြားလေး ပေးတယ်၊ နံပါတ်လေးတွေ ရေးထားတယ်၊ မဲပုံးက ၂ ခု ထားထားတယ်။ မဲပုံးမှာ စာတော့ ရေးထားတယ်။ ဒါပေမဲ့ အခန်းထဲမှာ မှောင်နေတာ ဘာမှ မမြင်ရတော့ မဲပုံးတခုထဲက ကြိုက်တဲ့ပုံးထဲ ထည့်ခဲ့တယ်။ လုံခြုံရေးက ၅ ဦးလောက်တော့ ရှိတယ်။ စစ်သားတွေပါ။ နမ့်ဖာလုံဈေးကတော့ မနက်က ပိတ်ထားတယ်။ ၁ဝ နာရီလောက်မှ ပြန်ဖွင့်တယ်။ မဲပေးခဲ့ရတဲ့အပေါ်တော့ ဘာခံစားချက်မှလည်း မရှိပါဘူး။ ထောက်ခံမဲပဲ ပေးလိုက်ပါတယ်။ ပေးပြီးသွားတော့ အေးသွားတာပါပဲဆိုပြီး ပေးခဲ့တာပါ”မဲမပေးသူ အမျိုးသား “နမ်ဖာလုံက လူနည်းစုဆိုတော့ ကြက်ဥကကို အစရှာမရသလိုပါဘဲ၊ ဘယ်သူတက်လာ၊ တက်လာ နမ်ဖာလုံဟာ နမ်ဖာလုံဘဲ ဖြစ်စေရမယ်ပေါ့။ နမ်ဖာလုံ ကျောင်းကြီးမှာ မဲသွားပေးရတာပါ၊ ပေးချင်တဲ့ သူတွေပေါ့၊ ကျနော်ကတော့ မဲသွားမပေးပါဘူး”
စည်းရုံးတလှည့် ခြိမ်းခြောက်တလှည့် ဗန်းမော်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၃၀ - မြန်မာစံတော်ချိန်ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဟန်သေးကျေးရွာ အုပ်စုမှ ဖန်ကာကုန်းရွာတွင် ဆန္ဒမဲ ပေးခိုင်းရာ၌ ဒေသ အာဏာပိုင်များ ကိုယ်တိုင် ဆန္ဒမဲပေးသူများကို ထောက်ခံပေးရန် အနီးကပ် တိုက်တွန်းနေသလို၊ မီးသတ် တပ်ဖွဲ့ဝင်များကိုလည်း ထောက်ခံမဲသာ ပေးရန် ပြောဆိုထားကြောင်း အသက် ၂၈ နှစ်အရွယ်ရှိ အရန် မီးသတ် တပ်ဖွဲ့ဝင်က ပြောသည်။ “ဒီနေ့တော့ နေရာတိုင်းမှာ မဲပေးရတယ်။ သူတို့က မဲပေးသူတွေ အားလုံးကို အမှန်မဲပဲ ထည့်ရတယ်။ ပြီးတော့ သူတို့ အမှားခြစ်မယ် ဆိုရင်လည်း မဖြစ်နိုင်ဘူး။ မဲရုံမှာ စောင့်ကြည့်နေတဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ခြိမ်းခြောက်ထားတော့ စိတ်ထဲမှာ အမှားခြစ်မယ် ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဥက္ကဋ္ဌကိုယ်တိုင် ကြိုပြီး အားလုံး အမှန်ခြစ်ရမယ်နော်၊ အမှန်ခြစ်မှ အန္တရာယ် မရှိဘူးတဲ့။ တခြား ရဲတို့၊ ကြံ့ဖွံ့တို့ လာစောင့်နေတာတော့ မရှိဘူး။ အရန် မီးသတ်အဖွဲ့တွေပဲ ရှိတယ်။ အထဲမှာလည်း အရန်မီးသတ်ပဲ ရှိတယ်။ ကျနော်တို့ ရပ်ကွက်ဆိုရင် လူ ၃ ထောင်လောက် ရှိတယ်။ တနေရာနဲ့တနေရာ မတူဘူး။ မြို့ထဲမှာဆိုရင် ၄ ၊ ၅ ထောင်လောက် ရှိတယ်။ဒီကျေးရွာက ဥက္ကဋ္ဌက ရွာသားအားလုံးကို “ကဲကဲ ဒီမှာ အမှန်ခြစ်နော်။ ဘာမှ ကြောက်နဲ့နော်” လို့ ပြောတယ်။ နောက်ပြီးတော့ မဲအခန်းကနေ ထွက်လာပြီ ဆိုတာနဲ့ သူတို့က မဲလက်မှတ်ကို ယူလိုက်တယ်။ ပြီးတော့ မဲပုံးကို သွားထည့်လိုက်တယ်။ လူတွေကလည်း ကြပ်လို့ နေမှာပေါ့။အရန်မီးသတ်နဲ့ ကြံ့ဖွံ့တွေက အစိုးရရဲ့ အဖွဲ့အစည်း ဖြစ်လို့ဆိုပြီး သူတို့က အမှား လုံးဝ မထည့်ရဘူးလို့ ကျနော်တို့ကို မီးသတ်ဦးစီး ကိုယ်တိုင် ပြောတယ်။ ပြီးခဲ့တဲ့ ရက်မှာ သူတို့ အားလုံးကို ခေါ်ပြီး ပြောတယ်။ အမှားခြစ်ရင် ထောင်ဒဏ် ၇ နှစ်ချမယ်၊ မှတ်ပုံတင်နဲ့ တိုက်ကြည့်ရင် ဘယ်သူ အမှား ထည့်တယ်ဆိုတာ သိတယ်ဆိုပြီး။ ရွာသားတွေက ကြောက်ကြတယ်လေ။ အားလုံးက အမှန်ပဲ ခြစ်ကြတယ်။ ကျနော်ကတော့ အရန်မီးသတ်က ဆိုတော့ အဲဒီ အရန်မီးသတ် ဝတ်စုံဝတ်ပြီး ကျနော့်စိတ်မှာ ရှိတဲ့အတိုင်း အမှားခြစ်ခဲ့တယ်”
တောင်ကုတ် ဆန္ဒမဲ အခြေအနေနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းဖေ ပြောကြားချက်လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၄း၄၀ - မြန်မာစံတော်ချိန်“တောင်ကုတ်မှာ ကြိုတင်မဲပေးတဲ့ စနစ်က ထူးတယ်ဗျ၊ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၁ ပတ်ကတည်းက ကောက်ပြီးသား။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရယက၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ အားလုံးကို ထောက်ခံမဲ ပေးခိုင်းထားတယ်၊ ပြည်သူလူထုနဲ့ နအဖ အဖွဲ့လောက် စံထိုးလိုက်တဲ့အခါ ၃ ပုံ ၁ ပုံက နအဖအဖွဲ့၊ ပြည်သူလူထုက ၃ ပုံ ၂ ပုံလောက် ရှိတယ်”“မနက်ပိုင်း အခြေအနေက လူတွေက နားမလည်ဘူး၊ ကျနော်တို့က သိအောင်ပြောတယ်၊ ရှင်းပြတယ်၊ မြို့ပေါ်မှာ မဲရုံတိုင်းမှာ ၂ ယောက်စီ နေရာ ချထားတယ်”“ထောင့်ငါးရာ၊ နှစ်ထောင် မဲရုံတွေ ၁ဝ ရုံလောက်ရှိတယ်။ တောင်ကုတ်မြို့ပေါ်မှာ။”“ထောက်ခံတဲ့ လူတွေက မရှိသလောက်ပဲ။ တောင်ကုတ် ၁၆ ရက်ကွက်က မဲရုံ အမှတ် ၁ ရယ်၊ ၂ ရယ်က ကျနော် အခု ပြန်လာတယ်၊ ကန့်ကွက်မဲက ၉ဝ ရာခိုင်နှုန်းလောက် ရမယ်လို့ ခန့်မှန်းတယ်။”

လေဘေးဒုက္ခသည်တွေကို လူငယ်တွေက စတုဒိသာ ကျွေးမွေး

မြင့်မောင်
မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 19:31 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့တွင် နေထိုင်သည့် လေဘေးဒုက္ခသည် ၂ဝဝဝ ကျော်ကို ဒေသခံ လူငယ်များက ယနေ့ နံနက်ပိုင်းတွင် စတုဒိသာ ကျွေးမွေးခဲ့သည်။ စာသင်ကျောင်းများမှ ခုံများ၊ ပုဂံများ ဌားရမ်းကာ ရွှေပြည်သာကွေ့ တံတားကြီး မှတ်တိုင်အနီး လမ်းဘေးတွင် မဏ္ဍပ်ထိုးပြီး ယနေ့နံနက် ၅ နာရီခွဲမှ စတင်ကာ နာဂစ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို နံနက်စာအဖြစ် ဒေသခံလူငယ် ၂ဝ ကျော်က ကြက်သား ဆန်ပြုတ် တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။ “အခြေအနေတွေက တော်တော်ကို ဆိုးတယ်။ မီးလောင်ပြင်က ပြောင်းလာတဲ့ လူတွေဆိုရင် အိမ်တွေ ပြိုကျပြီးတော့ ဒုက္ခ ရောက်နေတာတွေ ရှိတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ လူငယ်တွေက အလှူဒါနလုပ်သင့်တယ်၊ အဲဒါတွေကို လိုက်ပြီးတော့ ထမင်းထုပ်တွေ ဝေပေးချင်တယ်။ ဒါပေမဲ့ သူတို့ဘက် (အာဏာပိုင်များ) က လိုက်တားတာတွေ ရှိတဲ့အတွက် အဲဒါတွေ လုပ်ဖို့ အဆင်မပြေဘူး။ အခုဟာကို စဉ်းစားပြီးတော့ အလှူ လုပ်လိုက်တာပါ” ဟု အကျိုးဆောင် လူငယ်အမျိုးသမီးက မဇ္ဈိမကို ရှင်းပြသည်။ ဆန်ပြုတ်အိုးကို နံနက် ၃ အိုး၊ ညနေ ၃ အိုး ကျွေးရန် စီစဉ်ခဲ့သော်လည်း တမနက်ထဲ၌ပင် ကုန်စင်သွားခဲ့သည်။ ၃၆ ပြည် ဝင်ဆန့်သည့် ဆန်တအိတ်ခွဲနှင့် အသားဈေး အပါအဝင် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၂ သိန်းခွဲခန့် ဒါနပြုခဲ့ကြခြင်း ဖြစ်သည်။ ယနေ့တွင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပနေသဖြင့် စတုဒိသာပွဲတွင် ဆူပူမှုများ ဖြစ်မည်ကို ဒေသ အာဏာပိုင်များက စိုးရိမ်သဖြင့် လာရောက် သတိပေးတာမျိုး ရှိခဲ့သော်လည်း အလှူဒါန ကျွေးမွေးပွဲသည် တစုံတရာ အနှောင့်အယှက်မရှိဘဲ နေ့လယ် ၁၂ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ “ဒီဘက်က တာဝန်ယူတဲ့ လူငယ်တွေက အာဏာပိုင်တွေကို ကျမတို့ ကျွေးချင်လို့ စေတနာ သန့်သန့် လုပ်တာပါ၊ ကျမတို့ ထိန်းထိန်း သိမ်းသိမ်း လုပ်သွားမှာပါ၊ ဘာပြဿနာမှ မရှိစေရပါဘူး၊ ကျွေးပြီးတာနဲ့ အကုန်လုံး ပြန်သိမ်းသွားမှာပါလို့ ရှင်းပြပါတယ်။ သူတို့ဘက်က ရပ်ခိုင်းတာတွေတော့ မရှိပါဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ စတုဒိသာ ကျွေးမွေးနေစဉ် ဒေသတွင်းရှိ အလှူရှင်များက လတ်တလော လိုအပ်နေပြီ ဖြစ်သည့် ဝမ်းပိတ်ဆေး၊ အစာကြေဆေး အပါအဝင် ဆေးဝါးများ၊ ပတ်တီးလိပ်၊ ဂွမ်းလိပ်၊ သကြားလုံး၊ ယမ်ယမ် ခေါက်ဆွဲထုပ်များနှင့် အခြား အစားအသောက်များ၊ အဝတ်အထည် အဟောင်းများကို လူငယ်များမှတဆင့် ပေးကမ်းရန် လာရောက် လှူဒါန်းကြသည်။ လူငယ် အမျိုးသမီးက ဆက်ပြီး “ဒုက္ခရောက်နေတဲ့ ပြည်သူတွေက စတုဒိသာ လုပ်ရတဲ့ အပေါ်မှာ လာစားတဲ့အတွက် အားလုံးက ဝမ်းသာကျေနပ်မှုတွေ ရှိတယ်။ ထပ်ပြီးတော့ လုပ်လို့ ရမယ့်ဟာတွေကို လုပ်သွားဖို့ ကျမတို့ စဉ်းစားထားပါတယ်။ အဆင်မပြေတဲ့ နေရာတွေမှာ ဆက်လုပ်သွားဖို့ စဉ်းစားထားပါတယ်” ဟု ပြောသည်။

Thursday, May 8, 2008

နေရာအချို့တွင် လုယက်မှုများ ပေါ်ပေါက်နေ

မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းကြောင့် စားဝတ်နေရေး ခက်ခဲမှု ကြီးမားသည့် ရန်ကုန်တိုင်းအတွင်း နေရာအချို့တွင် လုယက်မှုများ ဖြစ်ပွားနေသည်။ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသလို စားဝတ်နေရေး အကျပ်အတည်း၊ အိုးမဲ့အိမ်မဲ့ ပြဿနာများနှင့်အတူ လုယက်မှုများပါ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ “ရန်ကုန်မြို့ ကြည့်မြင်တိုင် အဝေးပြေးကားဂိတ် မရောက်ခင် မှတ်တိုင်လမ်းဘေးက ဆန်ဆိုင်ကို ဝင်လုတာ” ဟု ကြည့်မြင်တိုင် မြို့ခံတဦးက ပြောသည်။ တောင်ဒဂုံမြို့နယ် ကြည်စုကျေးရွာရှိ ကုန်စုံဆိုင်လေး၌ ယမန်နေ့ ညနေပိုင်းတွင် လူ ၁ဝ ဦးခန့်က လုယက်မှုတခု ကျူးလွန်ခဲ့သေးသည်။ “လင်မယား နှစ်ယောက်နဲ့ မိခင်ကို ဝင်ရိုက်ပြီးတော့ ဆိုင်အတွင်းမှာရှိတဲ့ စားသုံးကုန် ပစ္စည်းတွေကို ယူသွားတယ်။ လင်မယား နှစ်ယောက်ကတော့ အခု ဆေးရုံ တင်ထားရတယ်။ မိခင်ကတော့ နည်းနည်းပဲ ကွဲပြဲတဲ့အတွက် အိမ်ကို ပြန်ရောက်နေတယ်” ဟု တောင်ဒဂုံမြို့ခံက ပြောသည်။ ရွှေပြည်သာ မြို့နယ်တွင်လည်း ကြက်ခြံတခု ယမန်နေ့ ညနေပိုင်းက ဝင်ရောက် လုယက်ခံလိုက်ရသည်။ “ရွှေပြည်သာ အမှတ် ၉ ရပ်ကွက် နဲ့ ဃ ရပ်ကွက် အတွင်းမှာရှိတဲ့ အစိုးရနဲ့ တဝက်စီ မွေးတဲ့ ကြက်ခြံကို ပန်းခြံအတွင်းမှာ ရှိတဲ့၊ အိုးအိမ်မဲ့ဖြစ်နေတဲ့ လူ ၄ဝ လောက်က ကြက်ခြံကို ဝင်လုတာ။ ကြက်တွေကို သူတို့ နိုင်သလောက် ယူသွားတာ။ ဒါကို ကြက်ခြံပိုင်ရှင်က မပြောရဲဘဲ ကြည့်နေရတယ်” ဟု မျက်မြင်သက်သေ ဒေသခံ တဦးက ပြောသည်။ ဒဂုံမြို့သစ် တောင်ပိုင်း နံနက်ဈေးအတွင်းရှိ ဆန်ဆိုင်တဆိုင်ကိုလည်း ဈေးနှင့်ကပ်ရက် ဘောလုံးကွင်းဘက်မှ ဖောက်ထွင်း လုယူသွားသည်။ ရန်ကုန်တဖက်ကမ်း ဒလ နှင့် နီးစပ်သည့် ဒေသများတွင်လည်း လုယက်မှုများ ထူပြောသည့် သတင်းများ ထွက်ပေါ်နေသည်။

ရန်ကုန် ကုန်ဈေးနှုန်း ခုန်ပျံတိုးမြင့်

မြင့်မောင် -
မဇ္ဈိမသတင်းဌာန
အိန္ဒိယ။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းတွင် အခြေခံ ကုန်ဈေးနှုန်းများ တနေ့တခြား မြင့်မား ခုန်တက်လာသည်။ပြီးခဲ့သည့် သောကြာနေ့ ညမှ စနေနေ့ နံနက်ပိုင်းအထိ တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လမ်းများပေါ်တွင် သစ်ပင်နှင့် ဓာတ်တိုင်များ လဲပြိုနေသလို၊ လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ကာ သွားလာရေး နှောင့်နှေးနေပြီး ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံ စားသောက်ကုန်များ၊ လောင်စာဆီဈေးများသည် ယခင်ထက် ခုန်တက်နေခြင်း ဖြစ်သည်။“အရင်က ၈ ပေ သွပ်တချပ်ကို ရောင်းဈေးက ကျပ် ၇၅ဝဝ- ၈ဝဝဝ ရှိတယ်။ ဒီနေ့ ပေါက်ဈေး ၁၄ဝဝဝ ရှိတယ်။ ပုသိမ်ပေါ်ဆန်း ဆန်က အရင်တုန်းက ၂၄ ပြည် တအိတ်ကို ၂၁ဝဝဝ ရောင်းတဲ့ဟာက ၃၅ဝဝဝ ဖြစ်နေတယ်။ ဖယောင်တိုင်း ၃၂ တိုင်ပါ အထုတ်ကြီးကို အရင်တုန်းက ရောင်းခဲ့တဲ့ ဈေးက ၈ဝဝ ၊ အခုဟာက ၂၃ဝဝ ဖြစ်သွားတယ်။ မီးမရတဲ့အတွက် ဖယောင်းတိုင်တွေက အရမ်းကို ဈေးတက်သွားတယ်” ဟု ဒဂုံမြို့သစ် တောင်ပိုင်းရှိ ကုန်စုံဆိုင် ပိုင်ရှင်တဦးက ပြောသည်။ယခင်က ကြက်ဥတလုံး ၁၃ဝ ကျပ်ရှိရာမှ ယခုဆိုလျှင် ၃ လုံးလျှင် ၁ဝဝဝ ကျပ်၊ ချဉ်ပေါင်ရွက် ၃ စီးသည် ကျပ် ၁ဝဝ ခန့် ဈေးတက်သွားသည်ဟု အိမ်ရှင်မတဦးကလည်း ပြောသည်။သူက ဧည့်မထဆန် တပြည် ကျပ် ၈ဝဝ မှ ၁၅ဝဝ၊ ကြက်သွန်နီအသေး ၁ဝ ကျပ်သားသည် ၃၅ဝ ကျပ်ရှိရာမှ ၇ဝဝ အထိ ဖြစ်သွားကာ ကြက်သွန်နီအကြီး ၁ဝ ကျပ်သားသည် ၆ဝဝ ကျပ်မှ ၉ဝဝ အထိ မြင့်တက် သွားသည်ဟုလည်း ဆိုသည်။ ထို့ပြင် မီးသွေး ၁ဝ ပိဿာသည် ကျပ် ၃ဝဝဝ မှ ယခုအခါ ၈ဝဝဝ ကျပ်၊ အများသုံး ဆီတပိဿာသည် ၄ဝဝဝ မှ ၈ဝဝဝ ကျပ်အထိ၊ ဓာတ်ဆီ-ဒီဇယ်ဆိုလျှင် ၄၅ဝဝ မှ ယနေ့ပေါက်ဈေး ကျပ် ၁၈ဝဝဝ၊ ပင်လယ်ငါး တပိဿာ ၂ဝဝဝ ကျပ်ဈေးမှ ၅ဝဝဝ၊ ငါးမြစ်ချင်းဈေးသည် ကျပ် ၆ဝဝဝ ရှိခဲ့ရာမှ ယနေ့ ပေါက်ဈေး ၁ဝဝဝဝ ကျပ်ဖြစ်သွားကာ အိုင်အိုဒင်းဆား ၁ဝ ကျပ်သား တထုပ်သည် ကျပ် ၁၅ဝ မှ ကျပ် ၈ဝဝ အထိ ရောက်သွားသည်။