Wednesday, October 31, 2007

ပခုက္ကူမှာ သံဃာတော်များက မေတ္တာပို့ ချီတက်ဆန္ဒပြပြန်

မဇ္ဈိမသတင်းဌာန
Wednesday, 31 October 2007 13:38 - မြန်မာစံတော်ချိန်

စက်တင်ဘာလ ၂၄ ရက်နေ့က လမ်းလျှောက် ဆန္ဒပြခဲ့ကြသော သံဃာတော်များ
တနိုင်ငံလုံးအနှံ့ သံဃာတော်များနှင့် လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့စေသော ပခုက္ကူမြို့တွင် ယနေ့တွင် ဘုန်းတော်ကြီး ကျောင်းတိုက် ၃ တိုက်မှ သံဃာတော် ၇၃ ပါးက မေတ္တာပို့ ချီတက် ဆန္ဒပြမှု ပြုလုပ်လိုက်ပြန်သည်။
ထင်မှတ်ဘဲ တလကျော် ကာလအတွင်း ပထမဆုံး ဆန္ဒပြပွဲ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်အစိုးရ ဦးစီးသော ကြံ့ခိုင်ဖွံ့ဖြိုးရေးများ၏ ဟန်ပြ ညီလာခံ ထောက်ခံပွဲများကို တန်ပြန် ဆန့်ကျင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။
အတိအကျ ပြောရရင် ၇၃ ပါးတိတိ၊ ၈ နာရီခွဲလောက်မှာ လမ်းမှာ တွေ့တယ်။ တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ အနောက်တိုက်ကနေ စလာတယ်။ ဗောဓိမဏ္ဍိုင်တိုင် ကျောင်းရယ်၊ မြတိုက်ကျောင်း ရယ်ကပေါ့နော်” ဟု ပခုက္ကူ ဒေသခံက ဆိုသည်။
သာသနာ့ ဝိပုလာကျောင်းတိုက် (အနောက်တိုက်) မှ စတင်၍ ဗိုလ်ချုပ် လမ်းအတိုင်း အရှေ့ဘက်သို့ ကြွချီလာရာတွင် ဗောဓိမဏ္ဍိုင် ကျောင်းနှင့် မြတိုက်ကျောင်းမှ သံဃာအချို့ ပူးပေါင်း ပါဝင်လာပြီးနောက် အကြိုတော်ရုံ လမ်းသို့ ချိုးဝင်ကာ အရှေ့တိုက် ကျောင်းဝင်း ဖြတ်ဝင်ခဲ့ပြီး ပေါက်လမ်းအတိုင်း အနောက်သို့ ကွေ့၍ ရွှေကူဘုရားတွင် မေတ္တာပို့ ဆုတောင်းခဲ့ကြသည်။
ဆက်သွယ်တဲ့လူတွေ နောက်ကျသွားလို့ မေတ္တာပို့ပွဲကို ဦးဇင်းတွေ အကုန်လုံး မသိလိုက်လို့ အခုလို လူနည်း သွားတာ။ အနောက်ကလာပြီးတော့ အရှေ့တိုက်ထဲကနေ မြောက်ဘက်ကို ထွက်တယ်။ တိုက်ထဲက ကိုယ်တော်တွေ ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ ရွှေကူဘုရားမှာ မေတ္တာပို့ပြီးတော့ လူစုခွဲတယ်။ နောက်ရက် ဆက်လုပ်ဖို့ဆိုတာကတော့ မသေချာသေးဘူး” ဟု စာသင်တိုက်ကြီး တခုမှ ဦးဇင်းတပါးက မဇ္ဈိမကို ပြောသည်။
ပီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က လောင်စာဆီ ဈေးနှုန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြနေသည့် ပခုက္ကူမှ သံဃာတော်များကို အာဏာပိုင်များက ကြိုးကွင်းပစ် ဖမ်းခြင်း၊ ဓာတ်တိုင်တွင် ကြိုးတုပ်ကာ ရိုက်နှက်ခြင်းနှင့် ဖမ်းဆီး လူဝတ်လဲခြင်းများ ပြုလုပ်ခဲ့သဖြင့် မကျေမနပ်ဖြစ်ကာ နအဖ စစ်ခေါင်းဆောင် အနေဖြင့် ဤဖြစ်ရပ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပြီး တောင်းပန်ရန်နှင့် မတောင်းပန်ပါက ပတ္တနိကုဇ္ဇန ကံဆောင် မည်ဟု ပခုက္ကူရှိ သောတုဇ္ဇန ဘိက္ခု စာသင်သား သံဃာတော်များ အဖွဲ့က ပြောဆိုခဲ့ပြီးနောက် မြို့ကြီး အများအပြားတွင် ရွှေဝါရောင် သံဃာလူထု ဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့သည်။
ဆိုပါ သံဃာ့ ဆန္ဒပြပွဲကြီးများကို စစ်အစိုးရမှ အကြမ်းဖက် နှိမ်နင်းလိုက်သဖြင့် စက်တင်ဘာလ နှောင်းပိုင်းတွင် ဆန္ဒပြပွဲများ ရပ်တန့်ခဲ့ပြီးနောက်ပိုင်း သံဃာထုဆန္ဒပြပွဲကို ပထမဆုံးအကြိမ် ပခုက္ကူတွင် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။
စ်အစိုးရက ညီလာခံ ထောက်ခံပွဲ တခုကို ယနေ့နံနက် ၆ နာရီခန့်က ပခုက္ကူ ခရိုင် အားကစားကွင်း၌ ကျင်းပရာ တအိမ်လျှင် တယောက် မတက်မနေရ တက်ရောက်ရမည် ဖြစ်ကာ တက်ရောက်ပါက ကျပ်ငွေ ၁၅ဝဝ ပေးမည်ဟု ရယက ဥက္ကဌများက စည်းရုံးခဲ့ကြသည်။ မတက်ရောက်ပါက ဒဏ်ငွေအဖြစ် ၃ဝဝဝ ကျပ် ပေးဆောင်ရမည်ဟုလည်း ပါရှိသည်။
သူတို့က ရွာကလူတွေကို အတင်းအကျပ် ခေါ်ပြီးတော့ ထောက်ခံပွဲလုပ်တယ်။ မြို့ခံ လူတွေကတော့ ဘောလုံးကွင်း မရောက်ခင် ဖြတ်လမ်းကနေ ပြန်ကြတယ်။ ရွာကလူတွေကတော့ ဘာမှန်းညာမှန်း မသိတော့ ဘောလုံးကွင်းထဲအထိ ပါသွားကြတယ်။ သူတို့ကိုတော့ ကားတွေနဲ့ ကြိုပို့လုပ်တယ် ပြောတယ်” ဟု ဒေသခံတဦးက ပြောသည်။

Tuesday, October 30, 2007

20071008 to know without “I”

ငါ မပါဘဲ..သိဘို့ ပါ။
တရားအလုပ်က ပြောတာနားထောင်ဖ၊ို့ ဘယ်သူဘာပြောတယ်သိဖို့ဘယ်စာအုပ်ထဲမှာဘာရေးတယ်ဆိုတာသိဖို့
ဒီလောက်တင်မဟုတ်ပါဘူး။ ဦးဇင်းကဘာဟောတယ်ဆိုတာသိဖို့၊ ဘုရားကဘာဟောသွားတယ်ဆိုတာသိဖို့
အဲဒီသိတဲ့အသိကို လက်တွေ့စမ်းသပ်ဖို့ပြောတာမှန်မမှန်.. ဘုရားဘ၊ဲဘုန်းကြီးဘဲဆိုပြီးသူများယုံသလိုရောယောင်ပြီး ယုံကြည်လက်ခံရုံသက်သက်နဲ့ ဘုရားလိုရင်းမရောက်သေးပါဘူး။ ဘုရားကလည်းပြောသမျှနားထောင်၊ဘာမှလာမ
ပြောနဲ့ခိုင်းတာလုပ် ၊ငါ့ကိုယုံ၊ငါပြောတာကိုယုံ၊ ငါဘုရားပဲဆိုပြီးတငါငါနဲ့ဆုံးမတဲ့ပုံစံမျိုးမဟုတ်ပါဘူး။ ပြောလို့ သိတာထက် ဒါအမှန်တရားဘဲဆိုပြီးတော့မှစကားလုံးတွေနဲ့သိတာထက်၊ စကားလုံးမပါဘဲ၊ တိုက်ရိုက်သိဖို့ သတင်း
ဌာနတွေလိုဘယ်မှာတော့ဘာဖြစ်သွားပြီ၊ ဘယ်သူသေသွားပြီ၊ ဘာဖြစ်ကုန်ပြီ၊ဘာလုပ်ကုန်ပြီဆိုပြီးဒီလိုသိနေတာ
တရားမဟုတ်သေးဘူး၊ သူတို့ဟာကိုယ်တိုင်သိတာလည်းမဟုတ်ဘဲ၊ သတင်းအချက်အလက်တွေနဲ့ပြန်ပြီးဖောက်
သည်ချရုံနဲ့၊ ဘုရားလိုချင်တဲ့လိုရင်းမရောက်သေးပါဘူး၊ စကားမပါဘဲနဲ့ပုဂ္ဂိုလ်သတ္တ၀ါမပါဘဲနဲ့၊ အနတ္တတရားကိုသိဖို့
လိုပါသေးတယ်။ အတ္တနဲ့သိရုံနဲ့တငါငါနဲ့သိရုံနဲ့လိုရင်းမရောက်သေးပါဘူး၊ ဘယ်စာအုပ်ထဲမှာဘယ်လိုရေးထားတယ်
ဘယ်ဆရာတော်ကြီးကဘယ်လိုပြောတယ်၊ ဘယ်နေရာမှာဘယ်လိုဟောသွားတယ်။ ဒါတွေကိုဘာသာခြားတွေလဲ
သိတာဘဲ၊ ဘယ်စာအုပ်ဘယ်စာမျက်နှာနံပါတ်ဘယ်လောက်မှာဘယ်လိုရေးသွားတာဘဲဆိုတာ စာရေးဆရာကို
လက်ခံတာဘဲ စာတွေပေတွေကိုအတည်ပြုတာဘဲ၊ စာမပါဘဲနဲ့ပုဂ္ဂိုလ်သတ္တ၀ါ၊ ရေးသူဖတ်သူမပါဘဲ၊ တိုက်ရိုက်သိတဲ့
အသိမဟုတ်သေးဘူး၊ ဦးဇင်းပြောလို့၊မိဘပြောလို့၊ ဒါဦးလေးပဲ၊အဒေါ်ပဲ၊အဖေပဲ၊အမေပဲ၊ဆွေမျိုး၊မိတ်ဆွေ၊ဆရာမ
တွေပြောလို့သိတဲ့သင်ညာအသိ၊ငါအသိတွေဟာ တရားအသိမဟုတ်ဘူး၊ ပုဂ္ဂိုလ်သတ္တ၀ါအစွဲကိုဖြုတ်၊ ငါမပါ၊ဘယ်သူမပါတော့၊ ဘယ်သူပြောလို့မှတ်တာမဟုတ်တော့လည်းတရားကိုတရားအတိုင်းသိဖို့၊ ငါမဟုတ်တဲ့အမှန်တရားကို ငါမပါတဲ့သိရုံသက်သက်လေးသိဖို့ငါမရှိ၊ သူမရှိတော့ပရမတ်တရားအတိုင်းအနိစ္စ၊ဒုက္ခ၊အနတ္တ၊တရားအတိုင်းစိတ်၊
စေတသိတ်၊ရုပ်အတိုင်း ဘာကိုမှမမှီခိုတဲ့အသိဖြစ်ဖို့ ၊့ ဘယ်မှာမှလမ်းဆုံးနေတဲ့အသိဖြစ်ဖို့ ၊ ဦးဇင်းကဘုရားကိုယုံတယ်ဆိုတာက`ဘုရားပဲ..ဟုတ်မှာပဲ..ဆိုပြီး´ယုံတာမဟုတ်ပါဘူး ၊ လက်တွေ့လိုက်နာကျင့်ကြံအားထုတ်လို့သိလာတဲ့အသိပါ`ငါမပါတဲ့အသိဆိုတော့စိတ်ချရပါတယ်´`ငါ´သိကတော့ငါမေ့ဖို့သိနေတာပါ၊`ငါ´ပိုင်တယ်ဆိုတာ`ငါ´မပိုင်တော့ဖို့`ငါ´ရှင်တယ်ဆိုတာ`ငါ´သေဖို့သိနေတာ၊`ငါ´ပျိုတယ်ဆိုတာ`ငါ´အိုဖို့ပဲ။ဒါကြောင့်ဦးဇင်းပြောတဲ့အတိုင်း လက်တွေ့လုပ်ကြည့်ဖို့အရေးကြီးပါတယ်၊`စကားတွေစာပေတွေ´အသုံးပြုပြီးတော့မှသင်ယူလာတဲ့ အသိတွေနေရာမှာအလိုလိုအသိ၊ ကိုယ်ပိုင်အသိ၊ မှန်မှန်ကန်ကန်သိတဲ့အသိ၊ ပေါ်ပေါက်လာဖို့တရားအားထုတ်ရပါတယ်။ မျက်စိကိုအသာလေးမှိတ်ထားပါ၊ ခါးကိုမတ်မတ်ထား၊ ခေါင်းကိုမတ်မတ်ထား၊ တကိုယ်လုံးမှာရှိတဲ့အကြောတွေကိုလျော့ထားပါ ဘာမှမျက်စိဖွင့်နားစွင့်ပြီးတော့မှ၊ ဘာမှတွေးကြံနေရမှာမဟုတ်ဘူး၊ ကိုယ့်မှာဖြစ်နေကျစိတ်တွေကိုစွန့်လွှတ်ထားရမှာ၊ ပထမအဆင့်မှာကိုယ့်ကိုယ်ကိုသဘောလေးသက်သက်လို့လက်ခံပြီးတော့မှနဂိုလက်ခံထားတာမှန်သမျှစွန့်လွှတ်ပါ။ နဂိုအသိက…ငါအသိ၊ ငါသင်တယ်၊ ငါတတ်တယ်၊ ငါနားထောင်တယ်၊ ငါသိတယ်၊ ငါဖတ်တယ်၊ ငါသိတယ်။ ငါမပါရင်အကြောက်အလန့်ကင်းတယ်။ ဖြစ်ရုံသက်သက်ကလေးလို့လက်ခံပါ၊ တငါငါနဲ့သိနေတဲ့အသိတွေနဲ့ ကျေနပ်မနေပဲဘုရားဟောတဲ့တကယ့်စိတ်၊ စေတသိက်၊ရုပ်၊နိဗ္ဗာန်ကို သိဖို့ကြိုးစားပါ၊ ကြားတဲ့သဘောကထင်ရှားနေရင်လဲကြားတယ်ဆိုတဲ့သဘောလေးကို တိုက်ရိုက်သိနေပါ၊ ပြောသူမရှိ၊ ကြားသူမရှိ၊ ဘာအဓိပ္ပါယ်ဆိုတာမရှိ၊ ဘာ
စကားဆိုတာမရှိ၊ ကြားရုံသက်သက်သဘောလေးပဲရှိတယ်လို့မှန်မှန်ကန်ကန်ယူပါ။ ၀င်လေထွက်လေမှာစိတ်ရောက်နေရင်လဲ ၀င်လေထွက်လေနဲ့နှာသီးဖျားနဲ့ တိုက်ရိုက်ထိနေတဲ့သဘောလေးကိုတိုက်ရိုက်သိနေပါ။
ဦးဇင်းတရားဟောနေတာငါမပါဘူး၊ မှားစရာမရှိဘူး၊ ဟိုလူမျိုးစွဲ၊ ဒီလူမျိုးစွဲ၊ ဟိုမိဘစွဲ၊ ဟိုအကျင့်စွဲ၊ ဒီလိုအကျင့်စွဲ၊
ဟိုစွဲ၊ ဒီစွဲ၊ ဟိုခိုး၊ ဒီခိုးခိုးထားတော့ ဟိုကြောက်ဒီကြောက်ကြောက်နေရတဲ့အသိ၊ သတ္တိမရှိတဲ့၊ ကိုယ်ပိုင်မဟုတ်တဲ့အသိ၊ ဟိုရောဒီရော..များရာအမှန်တရားလုပ်တဲ့အသိပဲ၊ ငါအသိကတော့သတ္တိမရှိဘူး၊ ဦးဇင်းဟောနေတာငါမပါတဲ့အသိ၊ လုပ်နေတဲ့အလုပ်တွေကငါမပါတဲ့အလုပ်၊ ဒါကြောင့်တငါငါနဲ့ပညာသင်သလိုကျောင်းစာမေးပွဲကျမှာ၊ ကျောင်းထုတ်ခံရမှာ၊
ကြောက်မနေရဘူး၊ `တငါငါ´နဲ့စီးပွားရှာသလိုစီးပွားရေးလုပ်ငန်းမအောင်မြင်မှာ၊ စီးပွားပျက်သွားမှာပူစရာမရှိဘူး၊ `တငါငါနဲ့တရားအားထုတ်သလို`ငါ´တရားပျက်သွားမှာပူစရာမရှိဘူး၊ တငါငါနဲ့စကားပြောသလို`ငါ´မှားသွားမှာ`ငါ့´ကိုဘယ်သူကဘယ်လိုထင်သွားမှာ၊ ဘာမှပူစရာအကြောင်းမရှိဘူး၊ တငါငါနဲ့လုပ်နေတဲ့အလုပ်တွေလိုငါများမှားသွား
ပြီလားဆိုပြီး ကိုယ့်ကိုယ်ကိုသံသယဖြစ်စရာမရှိဘူး၊ ဒါကြောင့်ကိုယ့်ရဲ့ဘာဘဲညာဘဲစဉ်းစားပုံကြီးချဲ့တတ်တဲ့`ငါအသိ´ကိုစွန့်ထား၊`ငါ´ဘဲဆိုတဲ့ဘိုးဘွားအမွေ၊ မိဘအမွေဆက်ခံတဲ့အသိတွေကိုစွန့်လွှတ်ထား။ သဘောလေးသက်သက်သာသိပါ၊ ဘာဘဲညာဘဲဆိုတဲ့အစွဲတွေကိုဖြုတ်ပါ။ အလေ့အကျင့်ပြုလုပ်ပါ။ တငါငါနဲ့ကိုယ်ထင်ရာအမှန်တရားလုပ်တာတွေစွန့်လွှတ်ပါ။ အသိညာဏ်ရှိပါ၊ ကိုယ်လိုသူလိုချင်းဆရာမတင်တာကိစ္စမရှိဘူး၊ ဦးဇင်းတို့လဲဆရာမတင်ခဲ့
ပါဘူး၊ သူလုပ်နိုင်ရင်ကိုယ်လုပ်နိုင်ရမှာပေါ့ဆိုပြီး မာန်မာနအပြည့်နဲ့ ပညာသင်စီးပွားရှာခဲ့တာပဲ၊ တရားနဲ့တွေ့တဲ့အခါမှ ကိုယ်ဘယ်လိုမှဥာဏ်မမှီတာကို သွားတွေ့နားလည်သွားတယ်၊ ဒီအလုပ်က ကိုယ့်ရဲ့ပညာရေး၊စီးပွားရေးအတွေ့အကြုံတွေနဲ့ ပညာသင်ပိုက်ဆံရှာတဲ့အရည်အချင်းနဲ့ ဘယ်လိုမှလုပ်လို့မရတာသွားတွေ့ပါတယ်။ အသိဥာဏ်ရှိရှိနဲ့အရည်အချင်းတွေစွန့်ပြီး အနတ္တကိုဆရာတင်လိုက်တာဘဲ။ အဲလိုသတ္တိရှိဖို့လိုပါတယ်။ အကြောတွေလျှော့ထားပါ။ ကိုယ်တိုင်လဲသဘော၊ကိုယ့်စိတ်ထဲမှာပေါ်နေတာကိုလဲသဘောလေးသက်သက်လို့လက်ခံသိပါ ။ အာရုံတွေပေါ်နေတယ်ဆိုလဲ
ပေါ်နေတဲ့သဘောလေးကို တိုက်ရိုက်သိနေပါ။ နဖူးအထက်မှာစိတ်ရောက်နေရင်လဲသိရုံသက်သက်သဘောလေး၊ တခုခုသိနေတယ်ဆိုလဲ သိရုံသက်သက်သဘောလေးတွေကို တိုက်ရိုက်သိနေပါ။ နှလုံးသားမှာဖြစ်ဖြစ၊ဗိုက်မှာဖြစ်ဖြစ်
စိတ်ရောက်နေတယ်ဆိုရင်လဲ…လှုပ်ရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ လှုပ်တယ်ဆိုတဲ့စကားလုံး
ပညတ်မပါစေနဲ့ငါအသိကိုမစွန့်လို့ကတော့ ဦးဇင်းသိသလိုသိစရာအကြောင်းမရှိဘူး ၊`ငါ´ကို`ငါ´နဲ့ရှင်းလို့မရပါဘူး၊
`ငါ´ကို`ငါ´နဲ့ရှင်းနေလို့စစ်ပွဲတွေမပြီးဆုံးတာ၊ တငါငါနဲ့လူစွမ်းကောင်းလုပ်နေလို့….လက်ဝှေ့ပွဲတွေ၊ဘောလုံးပွဲတွေ
ဘယ်တော့မှမပြီးဆုံးတော့ဘူး။ နိုင်လိုက်ရှုံးလိုက်နဲ့ပဲ အရှုံးအနိုင်သံသရာကြီးလည်နေတာပဲ။ သူမသာကိုယ်မသာ
ဇာတ်ခင်းနေတာ၊ အခုဟောနေတာ ငါမပါဘဲပြောနေတာ ကိုယ့်ကြောင်းသူများအကြောင်းမပါဘူး။ အဲလိုမပါတဲ့အမှန်တရားကိုသိတဲ့သဘောလေးဘဲ အဲ့စိတ်လေးဖြစ်လာဘို့၊ အနတ္တဇာတ်လိုက်လေး ကိုယ့်ရဲ့နှလုံးသားမှာမွေးထုတ်ဘို့။ ကိုယ့်ရဲ့အတ္တဇာတ်လိုက်ကိုဘေးချိတ်ထားပါ၊ တစ်သံသရာလုံးသရုပ်ဆောင်လာခဲ့တာ `ငါ´ဆိုတဲ့အတ္တသရုပ်ဆောင်ကို စွန့်လွှတ်လိုက်တော့။ ဝေဒနာခံစားနေတယ်ဆိုလဲ ဖြစ်ရုံ၊ခံစားရုံသဘောလေးသက်သက်ကိုသာ တိုက်ရိုက်သိနေပါ၊ နာတယ်၊ ကျင်တယ်၊ မသိနဲ့။ ထိရုံ၊သိရုံ၊ခံစားရုံသက်သက်လေးသိတာ ငါမပါတဲ့အယူပါ။ တငါငါနဲ့ယူတဲ့အယူကတော့ မိဘတွေ၊ ဆရာသမားတွေသင်ပေးထားတဲ့အယူဘဲ၊ ငါသ…ိသိဖို့ကတော ဘုရား၊တရား၊သံဃာကိုအားကိုးနေစရာမလိုဘူး။ ငါမဟုတ်တဲ့အမှန်တရားအတွက်၊ ငါမပါဘဲသိဖို့အတွက်၊ တငါငါနဲ့သိမ်းပိုက်ထားတာတွေဦးဇင်းအကုန်စွန့်ခဲ့လို့
စွန့်ရကျိုးနပ်တဲ့တရားကိုနားလည်လာပါတယ်။ ငါသိဖို့၊ငါပညာတတ်ဖြစ်ဖို့၊ ငါစီးပွားရေးသမားဖြစ်ဖို့ ငါဆိုတဲ့အထင်မှား
ကြီး၊ အစွဲကြီးကိုစွန့်စရာမလိုပါဘူး။ ငါမဟုတ်တဲ့အမှန်တရားကိုသိဖို့အတွက်ကတော့ နဂိုသိနေကျငါသိထားတာမှန်သမျှစွန့်ဖို့လိုပါတယ်။ တငါငါနဲ့ရှင်းလို့မရတဲ့ပြသနာမှန်သမျှက စိတ်၊စေတသိက်၊ရုပ်၊သဘောပရမတ်နဲ့ရှင်းလို့ရပါ
တယ်။ ငါဆိုတဲ့ဇာတ်ကောင်နဲ့တော့ ပညာတတ်ပဲဖြစ်မယ်၊ သူဋ္ဌေးပဲဖြစ်မယ်။ လူ့လောကထဲကလူတွေသတ်မှတ်တဲ့လူ စွမ်းကောင်းပဲဖြစ်မယ်။ လူတွေသတ်မှတ်တဲ့တရားဥပဒေပဲနားလည်မယ်။ သစ္စာလေးပါးအမှန်တရားဆိုတဲ့ သဘာဝတရားဥပဒေကိုတော့ ပရမတ်တရားအစစ်ကိုတော့ နားလည်မှာမဟုတ်ဘူး။ ဒါကြောင့်ဇာတ်ကောင်ပြောင်းပါ။ ဓမ္မဇာတ်
လိုက်ကိုအားကိုးပါ။ ပုဂ္ဂိုလ်သတ္တ၀ါအစွဲ၊ ငါမှငါဖြစ်နေတဲ့အစွဲကိုဖြုတ်ပါ၊ နိဗ္ဗာန်ကိုတငါငါနဲ့သူတောင်းစားတောင်းယူသလိုတောင်းယူလို့မရဘူး၊ ဘုရားအစစ်၊တရားအစစ်၊သံဃာအစစ်ကို ဘယ်လိုမှသေသေချာချာနဲ့နားလည်မှာမဟုတ် ဘူး၊ `ငါ´မရှိဘူးဆိုတာကို ဘယ်လိုမှ`ငါ´နဲ့သိစရာအကြောင်းမရှိဘူး။ `ငါ´ရှိတယ်လုပ်နေတဲ့စိတ်က`ငါ´မရှိတဲ့အမှန်တရားကိုဘယ်လိုမှလက်မခံနိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယောက်ျားပဲ၊ မိန်းမပဲစွဲနေတဲ့စိတ်က `ယောက်ျား၊မိန်းမမရှိတာကိုဘယ်လိုမှလက်ခံလို့မရဘူး။ ကိုယ်တိုင်လဲသဘော… ကိုယ့်စိတ်ထဲမှာပေါ်နေတာ မှန်သမျှလဲဖြစ်ရုံသက်သက်၊ သဘော လေးသက်သက်ပါဘဲ၊ ဦးဇင်းတို့`ဘာမှမဟုတ်ဘူးဆိုတဲ့´ ခံယူချက်နဲ့ဆေးရုံပေါင်းစုံမှာရောဂါသည်တွေ၊ ဆရာဝန်တွေကို၊ ကျောင်းတွေမှာကျောင်းသားနဲ့ဆရာသမားပြသနာတွေကို တငါငါနဲ့ရှင်းလို့မရတာတွေလိုက်ရှင်းပေးကုသပေးနေတာပါ။ ဆေးရုံဆိုတာငါဆရာဝန်၊ငါလူနာဆိုပြီး၊ ကျောင်းဆိုတာကလဲငါဆရာ၊ငါကျောင်းသူ၊ငါကျောင်းသားဆိုပြီး၊ ရိပ်သာတွေမှာလဲငါယောဂီပဲဆိုပြီး တငါငါနဲ့ရှင်းနေတာတွေကိုအဲလိုအတ္တနဲ့ရှင်းလို့မရတာတွေကို အနတ္တနဲ့အောင်အောင်မြင်မြင်ရှင်းပေးနေတာပါ။ မိဘနဲ့သားသမီးပြသနာ၊ လင်နဲ့မယားပြသနာ၊ ယောဂီတွေရဲ့တငါငါနဲ့အားထုတ်ယူနေလို့ နားမလည်တဲ့ပြသနာ၊ ရှုပ်ထွေးနေတာတွေက ငါမဟုတ်တဲ့သဘောပရမတ်အနေနဲ့ စွမ်းဆောင်လို့ရပါတယ်။ တငါငါနဲ့ဘုရားရှာရင်လူတွေသတ်မှတ်တဲ့ဘုရားပဲတွေ့မယ် ။ ဘုရားအစစ်ဘယ်တော့မှမတွေ့ဘူး။ တငါငါနဲ့ တရားရှာရင်စာအုပ်ထဲကတရားပဲတွေ့မယ်။ လူပြောသူပြော၊တရားတွေစကားတွေပဲတွေ့မယ်။ တငါငါနဲ့နားထောင်နေရင ဦးဇင်းရှေ့ဆက်ပြောမဲ့စကားတွေကိုနားလည်မှာမဟုတ်ဘူး။ ငါမဟုတ်တဲ့အကြောင်းပြောနေတာကို ကိုယ်ကလဲ ငါမဟုတ်သလို ငါမပါဘဲနာမှအပေးအယူကိုက်တော့မယ်။ ဒုတိယအဆင့်မှာတော့ ပထမအဆင့်မှာ လက်ခံလိုက်တဲ့သဘောတွေကို `ဘာမှမဟုတ်ဘူး ‘ လို့ဆုံးဖြတ်ချက်ချ။ ဒီအဆင့်မှာ သဘော+ပရမတ်၊စိတ်၊စေတသိက်၊ရုပ်တွေကို ဘာမှမဟုတ်တဲ့အနတ္တပညာသင်ပေးနေပါပြီ။ ကိုယ့်ကိုယ်ကိုဘယ်လိုမှသဘောမထားပါန။
အလေ့အကျင့်ပြုလုပ်ပေးပါ။
အနတ္တပညာဆိုတာ တငါငါနဲ့လုပ်နေကျအလုပ်တွေကိုစွန့်လွှတ်တာ၊ ဘာမှမဟုတ်ဘူးလို့သာဆုံးဖြတ်ချက်ချပြီးဘာမှမဟုတ်တဲ့အဖြစ်ကိုသာခံယူနေရမှာ။သဘောပရမတ်ကလေးက ဘာမှမဟုတ်တဲ့အနိစ္စပညာ၊ဒုက္ခပညာ၊အနတ္တပညာကိုသင်ရမှာ။ ဖြစ်တာတွေသိတာတွေပြုလုပ်တာတွေရဲ့အားလုံးကိုဘာမှဟုတ်တဲ့အမှန်တရားကို နားလည်တဲ့အသိဥာဏ်ရှိရမယ်။ မြန်မာပြည် မှာနေရင်မြန်မာစကားတတ်ဖို့လိုသလို၊ နိုင်ငံခြားနေရင်သူတို့ဘာသာတွေရဲ့စကားတတ်ဖို့လိုသလိုပဲ။ သဘောပရ မတ်တွေအနေနဲ့အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့အမှန်တရားတွေသိဖို့လိုပါတယ်။ ဒါကြောင့် ဘာမှမဟုတ်ဘူးသာ ရွတ်နေ လိုက်ဘာကြီးလဲ၊ဘယ်လိုအလုပ်ကြီးလဲဆိုတဲ့ လူတွေးမတွေးနဲ့၊ လူမပါဘဲပြောနေတာကို အကင်းပါးပါးအသိဥာဏ်ရှိ ပါ။ စိတ်စိတ်ချင်းယှဉ်ပါ။ ဦးဇင်းစိတ်နဲ့အပေးအယူလုပ်ပါ။ ဦးဇင်းလဲဘုရားနဲ့ဘုရားတပည့်သားတွေရဲ့စိတ်နဲ့အပေးအယူလုပ်ခဲ့လို့ အခုလိုသိလာတာ၊ အမေမွေးတဲ့အသိ၊ ဆရာသမားတွေပေးတဲ့အသိမဟုတ်ဘူး။ ကိုယ့်စိတ်ပေးပြီးတော့ ဘုရားစိတ်ကိုယူလိုက်လို့ အဲလိုသတ္တိရှိလို့ တရားနဲ့ကိုယ့်ရဲ့စိတ်နဲ့တသားတည်းဖြစ်သွားပြီး တရားစိတ်ဖြစ်သွားတာ ယောကျာ်းစိတ်။ ငါ့စိတ်၊ဘာစိတ၊်ညာစိတ်တွေဘုရားကိုလှူလိုက်တာ။ ဘာဘဲညာဘဲဆိုတဲ့ပြိုင်ချင်ဆိုင်ချင်နေတဲ့ ကိုယ့်ရဲ့မာန်မာနကိုချပါ။ ယောကျာ်းပဲဆိုယောကျာ်းချင်း၊ မိန်းမပဲဆိုမိန်းမချင်း၊ ကျောင်းသားပဲဆိုကျောင်းသားချင်း၊ အာကစားသမားပဲဆိုအားကစားသမားချင်း၊ နိုင်ငံရေးသမားပဲဆိုနိုင်ငံရေးသမားချင်း၊ အချင်းချင်းပြိုင်ချင်ဆိုင်ချင်နေလို့ဘာဘဲညာဘဲဆိုတဲ့ ဆိုင်းဘုတ်တွေစွဲနေတာ၊ အဲဒီ့ပြိုင်ဆိုင်ချင်တဲ့စိတ်တွေကြောင့် ဘယ်တော့မှပြိုင်လို့ဆိုင်လို့မ ဆုံးတော့ဘူး။ အားကစားပွဲတွေဘယ်တော့မှမပြီးတော့ဘူး။ လက်ဝှေ့ပွဲတွေ၊ စစ်ပွဲတွေ၊ စာမေးပွဲတွေ ဘယ်တော့မှမပြီး တော့ဘူး။ ရှာတဲ့ဖွေတဲ့စီးပွားရေးလုပ်ငန်းတွေဘယ်တော့မှမရပ်တော့ဘူး။ အဆုံးမရှိတဲ့အလုပ်တွေလုပ်နေတာ အဆုံးမရှိအောင်ရူးသွပ်မိုက်မဲနေလို့၊ ဘယ်တော့မှချစ်လို့မ၀တော့ဘူး၊ ဘယ်တော့မှသေလို့အားမရတော့ဘူး။ တငါငါနဲ့လုပ်နေတာမှန်သမျှအဆုံးမရှိဘူး၊ အဓိပ္ပါယ်မရှိဘူး၊ လုပ်နေရတယ်ဆိုထဲက၀ဋ်လည်နေတာဘဲ၊ ဘယ်တော့မှဝဋ်ကြွေးပေးဆပ်လို့ဆုံးမှာမဟုတ်တော့ဘူး။ ဓမ္မအလုပ်၊ သစ္စာလေးပါးနိဗ္ဗာန်ဆိုတဲ့ချမ်းသာအစစ် အမှန်တရားရှာဖွေတဲ့အလုပ်မှာ တော့အဆုံးရှိပါတယ် ။ “ဘာမှမဟုတ်ဘူးသာရွတ်ပါ”ဘာလဲလို့မစဉ်းစားနဲ့။ စဉ်းစားလို့သိတဲ့တရားမဟုတ်ပါဘူး။ ကိုယ့်
ဦးနှောက်ထဲမှာသတ်မှတ်ထားတဲ့ဘုရား၊တရားတွေပဲရှိတယ်။ ပရမတ်တရားအစစ်ကိုပြောနေတာပါ။ ကိုယ့်မှာဖြစ်နေကျစိတ်တွေဘရိတ်အုပ်ထားပါ။ ဖြစ်နေကျ၊သိနေကျမဟုတ်တဲ့“ဘာမှမဟုတ်ဘူး”ဆိုတာကိုရွတ်နေပြီးဘာမှမဟုတ်တဲ့အဖြစ်ကိုခံယူပါ။ ဟိုစိတ်ပေါ်ဒီစိတ်ပေါ်ပေါ်လာရင်ပေါ်လာသမျှစိတ်တွေကိုဆန့်ကျင်ပါ။ ဘာမှမဟုတ်တဲ့အတွက် ဘာစိတ်မှဖြစ်စရာမလိုဘူးဆိုပြီး ဘာမှမဟုတ်တဲ့အမှန်တရားအားကိုးပြီးတော့မှဘာဘဲညာဘဲဆိုတဲ့အစွဲတွေဖုတ်
နေပါ။ ပရမတ်၊အနတ္တပညာလေးကိုသင်ပေးပါ။ လူ့လောကထဲက “ကကြီး၊ခခွေး”ဆိုတာကအတ္တပညာ၊ လူတွေထွင်
ထားတဲ့ပညာပဲ၊ စိတ်၊စေတသိက်၊ရုပ်ပရမတ်ပညာကတော့ သူ့ပင်ကိုယ်သဘာဝအတိုင်းရှိနေတဲ့အနတ္တပညာပါ။ လူ့
လောကထဲကိုဘာဘာသာညာဘာသာအဖြစ်ခံယူစရာလဲမလိုဘူး။ ယောကျာ်းတွေမိန်းမတွေအဖြစ် သဘောပရမတ်တွေကခံယူစရာမလိုဘူး။ ဘာမှမဟုတ်တဲ့အမှန်တရားကိုခံယူရဲဖို့ပဲလိုတယ်။ ဘာမှမဟုတ်တဲ့အဖြစ်ကိုလက်ခံနိုင်ဖို့ပဲလိုတယ်။ ဘာမှသိချင်မနေနဲ့၊မပြောချင်နဲ့၊မပြောချင်လို့မသိချင်လို့မလုပ်ချင်လို့မစားချင်လို့ချမ်းသာတာပါ။ စားနေရ
တာလုပ်နေရတာမှာ မငြိနေလို့ချမ်းသာတာ။ ငြိနေရင်ဆင်းရဲတယ်။ ငြိနေရင်ငါးမျှားချိတ်မှာမိနေတဲ့ငါးလိုပဲစွဲနေ၊ချိတ်နေ၊
ငြိတွယ်နေရင်မလွတ်မြောက်တော့ဘူး။ ဆင်းရဲပြီ။ တရားချမ်းသာက ဖြစ်တာတွေမငြိတွယ်တဲ့လွတ်မြောက်တဲ့ချမ်းသာ။ ပေါ်လာတဲ့စိတ်မှန်သမျှဆန့်ကျင်ပါ။ ဘာမှမဟုတ်တဲ့အရေးကိုကြီးပါ။ ဒုတိယအဆင့်မှာ ကိုယ်လုပ်နေကျမဟုတ်တဲ့အလုပ်ကိုပြုလုပ်ခြင်းအားဖြင့် ကိုယ်နဂိုလုပ်နေကျတငါငါနဲ့အတ္တလက်နက်ကိုင်ပြီး သောင်းကျန်းနေကျ အရူးထချင်နေကျ စိတ်အလုပ်တွေစွန့်လွှတ်ထားပြီး ဘာမှမဟုတ်တဲ့အမှန်တရားအားကိုးပြီး ပြတ်ပြတ်သားသားဆုံးမပါ။ ဖြစ်သမျှ၊သိသမျှ၊ပြုလုပ်သမျှဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူးလို့ရွတ်နေတာကိုက ဘာမှမဟုတ်ဘူး။ ဦးဇင်းတို့ကိုယ့်စိတ်ကိုဆုံးမနိုင်လို့ သူများစိတ်ကိုဆုံးမနိုင်ပါတယ်။ ကိုယ့်အတ္တကိုစွန့်လွှတ်နိုင်လို့သူများအတ္တကို ကောင်းကောင်းချေမှုန်းနိုင်
တယ်။ ကိုယ့်စိတ်ကိုဖြစ်ခွင့်ပေးနေရင်ဆုံးမှာမဟုတ်တော့ဘူး။ ဘယ်နေရာဘယ်အချိန်ဘယ်သူဘယ်ဝါဘာကိစ္စ၊ညာကိစ္စတွေမပြတ်တရစပ်သိနေလို့ စိတ်အစဉ်ကပြတ်တယ်မရှိဘူး။ အဲ့စိတ်အစဉ်က ဘာမှမဟုတ်တဲ့အဖြစ်ကို ခံယူ
ဘုရား၊တရား၊သံဃာအားကိုးပြီးတော့မှဘာမှမဟုတ်မှတော့ ဘာမှဖြစ်စရာမလိုတော့ဘူးဆိုပြီး ဖြစ်သမျှစိတ်တွေကိုဆန့်ကျင်နေပါ။ ဒုတိယအဆင့်မှာလုပ်နေကျမဟုတ်တဲ့ဘာမှမဟုတ်တာတွေကို မပြတ်တရစပ်သိမှတတိယအဆင့်
မှာ အနတ္တမျိုးစေ့ဖြစ်တာတွေကို ဘာမှမဟုတ်တာတွေရိပ်မိလာလိမ့်မယ်။ လက်ခံလာနိုင်ပါမယ်။ ဖြစ်တော့ဖြစ်နေတာပဲ ဖြစ်နေတာမှန်သမျှ ဘာမှမဟုတ်ပါလား၊ အတ္တမဟုတ်ပါလား၊ အချည်းနှီးပါလား၊ အလကားပါလား၊ အသုံးမကျပါ
လားလို့ မှန်မှန်ကန်ကန်ရိပ်မိလာလိမ့်မယ်။ ငါအသိကိုစွန့်မှဖြစ်တာတွေကိုဘာမှမဟုတ်ဘူးလို့ မှန်မှန်ကန်ကန်သိလာလိမ့်မယ်။ အဲ့အသိတန်ဘိုးရှိပါတယ်။ အလိုလိုအသိပါ။ ဟိုမှတ်ဒီမှတ်၊ဟိုဖတ်ဒီဖတ်၊ ဟိုနားစွင့်ဒီနားစွင့်၊ ဟိုသိဒီသိသိတဲ့အသိတွေက ကိုယ်လိုသူလိုသင်ညာအသိ၊ စာအုပ်တစ်အုပ်စီဒီတစ်ချပ်ရဲ့ပြောတဲ့အသိပဲရှိသေးတယ်၊ပြောသ
လောက်သိတာရှိသေးတယ်။ အမှန်တရားကိုတိုက်ရိုက်သိတာမဟုတ်သေးဘူး။ ဒါတွေကကိုယ်ပိုင်မဟုတ်ဘူး။ အခု
လုပ်ခိုင်းတဲ့အလုပ်ကလေးကကိုယ်ပိုင်ရတယ်။ ဦးဇင်းသိတဲ့အသိကကိုယ်ပိုင်အသိဘယ်တော့မှမေ့စရာမရှိဘူး။ ကိုယ်ပိုင်အသိဥာဏ်၊ကိုယ်ပိုင်ပစ္စည်း၊။ ကိုယ်ပိုင်အသိဥာဏ်ရှိတော့အလိမ်မခံရတော့ဘူးပေါ့။ တန်ဘိုးအရှိဆုံးကကိုယ်ပိုင်သိတဲ့အသိလေးပဲ။ ကိုယ်ပိုင်ဥာဏ်မရှိတော့ထာဝရဘုရားပဲဆိုပြီးတော့ သူများလိမ်လဲကိုယ်ကခံနေရမှာ။ ရော
ယောင်ပြီး ဘုမသိဘမသိနဲ့ ကိုးကွယ်နေရမယ်။ ဘိုးတော်ပဲ၊ဘွားတော်ပဲ၊ထွက်ရပ်ပေါက်ပဲဆိုပြီးတော့မှ သူများကပြောလဲကိုယ်ကဘာမှန်းမသိတော့ ရောယောင်ပြီးကိုးကွယ်နေရမယ်။ ကိုယ်ပိုင်ဥာဏ်မရှိရင်သူများပါးစပ်လမ်းဆုံးမယ် ။ သူများမှားသလိုမှားမယ်။ ကိုယ်ပိုင်ဥာဏ်မရှိရင်မှားစရာမရှိဘူး။ ဒုက္ခရောက်တယ်ဆိုတာကိုယ့်ရဲ့နှလုံးသားထဲမှာတရားမရှိရ င် ဒုက္ခရောက်တာပဲ။
တရားမရှိတော့ မတရားရှိပြီးတော့မှ ကိုယ့်မတရားနဲ့ကိုယ်ထင်ရာ အမှန်တရား လုပ်ပြီးတော့မှ တစ်သံသရာလုံးက ကျင့်လာခဲ့တဲ့အတိုင်း ကျင့်ခဲ့ပြီးတော့မှ ယူလာခဲ့တဲ့ အယူယူပြီးတော့မှကိုယ့်အယူနဲ့ ကိုယ်ဒုက္ခ ရောက်နေတာ။ လုပ်ရတာမခက်ဘူး။ မလုပ်ချင်လို့ခက်တာ။ ဘာလိုမလုပ်ချင်လဲဆိုတော့ တစ်သံသရာလုံးက မလုပ်ခဲ့လို့မကြိုက်လို့၊ အတိတ်ကတရားအစစ်မတွေ့ခဲ့လို့၊ တရားအစစ်ကိုမကျင့်ခဲ့လို့။ ကိုယ်နားလည်တာဘဲတရားလုပ်ချင်နေလို့ဘဲ။ ကိုယ်နားလည်တဲ့တရားနဲ့ ကိုယ်နိဗ္ဗာန်သွားမယ်လုပ်နေတာဘဲ။ ဘာလို့မှားလဲဆိုတော့ အတုနဲ့အစစ်မှာ အစစ်ကိုလက်မခံနိုင်ဖြစ်နေလို့ဘဲ။ အဲ့အကျင့်ကိုစွန့်ရမယ်။ လူပြောသူပြောနဲ့သိနေတဲ့အသိတွေကို စွန့်ရဲတဲ့သတ္တိရှိရမယ်။
နားကကြားတဲ့အသိလေး၊ဦးနှောက်နဲ့သိတဲ့အသိလေး၊မျက်စိနဲ့မြင်တဲ့အသိလေး၊ဘယ်သူလဲဘယ်ဝါလဲဘယ်ဘုရားပဲဘယ်ဆရာတော်ပဲအဲဒီလိုအသိကိုမစွန့်ရဲရင်ဘယ်လိုမှဒီလိုသိလာမှာမဟုတ်ဘူး။ သင်ညာသိနဲ့ပညာသိလဲလိုက်ရတယ်။ အမှားအသိကိုစွန့်လိုက်တော့မှကိုယ်ပိုင်အသိကိုသိလာတာ။ ဘယ်ဘုရားပဲ၊အဖေပဲ၊အမေပဲ၊သူငယ်ချင်းပဲ၊ ဆွေမျိုးပဲ၊ဘယ်ရိပ်သာပဲ၊စားစရာပဲ၊၀တ်စရာပဲ၊နေစရာပဲဘာပဲညာပဲဘယ်သူဘယ်ဝါဘာကိစ္စ၊ညာကိစ္စ၊နာတယ်ကျင်တယ်၊ပူတယ်၊အေးတယ်၊ဘယ်နေ့ဘယ်နေရာ၊ဘယ်အချိန် ဒါတွေကသညာအသိ၊ အငှားအသိ၊ မြန်မာလူမျိုးတွေဆီက ငှားပြီးသိထားတဲ့အသိ၊ ဘိုးဘွားတွေဆီကငှားပြီးသိထားတဲ့အသိ၊ အဲဒီသညာအသိကိုအားကိုးနေရင်ဘယ်တော့မှပညာသိမသိဘူး။ စိတ်ကသညာအသိပဲစွဲနေတယ်။ အဖေအမေလုပ်နေရတာစွဲနေတယ်။ သားသမီးကလည်းအဖေ
အမေခေါ်နေရတာစွဲနေတယ်။မိဘကလဲသားမွေးသမီးမွေးတာတွေစွဲနေတယ်။ လူမမာကလဲရောဂါမွေးနေရတာစွဲနေတော့ရောဂါသည်ပဲဖြစ်နေတာပေါ့။ ရောဂါဖြစ်တာကိုငါဖြစ်တယ်ဆိုပြီးစွဲနေတာ၊ကြီးလဲငါကြီးပြီ။ သေလဲငါသေပြီ၊
မကောင်းလဲ“ငါ”၊ကောင်းလဲ“ငါ”လုပ်နေလို့ ဒုက္ခရောက်နေတာ။ ဒီတော့မကောင်းလဲမကောင်းရုံဘဲ၊ကောင်းလဲ
ကောင်းရုံပဲ၊“ငါ”မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူးလို့လက်ခံနိုင်ဖို့ကြိုးစား။ မိဘတွေဆရာသမားတွေဆီက Copyကူးတဲ့အသိကို အဟုတ်ကြီးမှတ်မနေနဲ့။ ဒါဦးနှောက်Copyကူးထားတာ၊ မိဘဦးနှောက်Copyကူးပြီးမှကိုယ့်အဖိုးအဖွားကဘယ်သူပဲဆိုပြီးCopyကူးထားတာ။ ဘာလူမျိုးပဲဘာဘာသာပဲဆိုတာCopyကူးထားတာ၊ အိမ်ငှားဘ၀လေးကျေနပ်နေရင်ဘယ်တော့မှအိမ်ရှင်ဖြစ်မှာမဟုတ်ဘူး။ လိုင်းကားစီးတာလေးကျေနပ်နေရင်ဘယ်တော့မှကိုယ်ပိုင်ကားစီးနိုင်မှာ
မဟုတ်တော့ဘူး။ ကိုယ်လိုသူလိုစိတ်တွေကိုCopyကူးချင်နေရင်ကိုယ်လိုသူလိုဘ၀ကဘယ်တော့မှမလွတ်မြောက်ဘူး။ ဦးဇင်းလဲဘုရား၊တရား၊သံဃာနဲ့တွေ့ပြီးတော့မ ဘုရားစိတ်၊တရားစိတ်၊သံဃာစိတ်ကုCopyကူးလိုက်တာ။ အဲဒါ
ကြောင့်ကိုယ်လိုသူလိုမဟုတ်တာသိလာတာပေါ့။ ကိုယ်လိုသူလိုမပြောနိုင်တာပြောနိုင်တယ်၊မလုပ်နိုင်တာလုပ်နိုင်
တယ်။ ဘယ်သူလဲ ဘယ်သူ့သားသမီးလဲဘယ်အရွယ်လဲ ဒါတွေစွဲနေရင်ဦးဇင်းပြောတာနားမလည်နိုင်ပါဘူး။ အဖေပဲ၊အမေပဲ၊ဆွေပဲမျိုးပဲဆိုတာစားစရာနေစရာပဲဆိုတာ တိရစ္ဆာန်တွေတောင်သိတယ်။ လူမျိုးမရွေးဘာသာမရွေးသိတယ်။ တစ်သံသရာလုံးသိလာတဲ့အသိတွေ၊ဒီအငှားအသိကိုစွဲနေလို့ကိုယ်ပိုင်အသိဥာဏ်မရှိတော့ဘူး။ မဆုံးနိုင်တဲ့အသိ
တွေလုပ်နေရင် ဘယ်တော့မှမဆုံးဘူး။ ဘာမှမဟုတ်ဘူးလုပ်ချရင်ဆုံးသွားမယ်။ ဖြစ်သမျှ၊သိသမျှ၊ပြုလုပ်သမျှဘာမှမဟုတ်ဘူး။ ဖြစ်တာတွေကိုဘာမှမဟုတ်ဘူးလို့ လက်ခံနိုင်ရင်အဲဒီ့အသိကိုတစ်မိနစ်လောက်ဆက်ခါဆက်ခါသိဖို့ကြိုး
စား။ အဖြစ်ကိုသိတာမဟုတ်တော့ဘဲဖြစ်တော့ဖြစ်နေပေမဲ့ဖြစ်တာတွေကို ဘယ်လိုမှသဘောမထားဘဲ ဘာမှမဟုတ်
ပါလားလို့ရိပ်မိလာလိမ့်မယ်။ နဂိုတုန်းကတော့`ငါ´ဖြစ်တာဘဲထင်နေတာပူငါပူတာဘဲ။ အေးငါအေးတာဘဲ၊ဖြစ်သမျှအငန်းမရလိုက်သိမ်းပိုက်နေတာဘဲ။ မှတ်တမ်းတင်နေတာ။ ဖြစ်တာကိုဘာဘဲညာဘဲအယူကိုမစွန့်နိုင်လို့ဘာမှမဟုတ်ဘူးလို့နားမလည်တာ။ ဘာမှမဟုတ်ဘူးလို့ယူလို့မရတာ။ မစွန့်ရဲရင်ဘုရားတောင်မဖြစ်ဘူး။ ထီးနန်းစည်းစိမ်စွန့်ရဲတယ်။ စကြာဝတေးမင်းစည်းစိမ်စွန့်ရဲတယ်။ ကိုယ်ကဘာမှမဟုတ်ဘဲနဲ့တောင်မစွန့်ရဲဘူး။ တစ်သံသရာလဲမ၀နိုင်အောင်သိ
နေတဲ့အသိတွေ၊ ဘာဘဲညာဘဲသိနေရင်ဘယ်တော့မှမ၀တော့ဘူး။ ဘာဘဲညာဘဲသိချင်နေတော့မှာဘဲ…အဲ့အသိစွန့်
စွန့်နိုင်မှဘာမှမဟုတ်တာကို သိမယ် ။ ကိုယ်သိထားတဲ့အသိမှန်သမျှစွန့်ရမှာ ငါသိထားတဲ့အသိမှန်သမျှစွန့်ရမှာ။ ငါပညာတတ်ပဲဆိုပြီးပညာတတ်သိကာ လူကြီးပဲဆိုပြီးလူကြီးသိကာ ထိန်းနေရင်ဘယ်တော့မှဆုံးမှာမဟုတ်တော့ဘူး။ ငါမိဘပဲဆိုပြီးမိဘသိကာထိန်းနေရင် အဘိုးအဘွားဖြစ်တော့လဲအဘိုးအဘွားသိသာဆက်ထိန်းပေတော့။ သေတော့လဲ
မသာအသိသာဆက်ပြီးတော့ ထိန်းနေပေတော့။ ဘယ်တော့မှဆုံးမှာ မဟုတ်တော့ဘူး။ အမှန်တရားအနတ္တသိတာကိုထိန်းလို့မရတော့ဘူး ။ သီလသိတာအစစ်၊ သမာဓိသိတာအစစ်၊ ပညာသိတာအစစ်ကို မဆုံးနိုင်တဲ့တငါငါနဲ့ဟန်ဆောင်တဲ့အရေးကိုသာကြီးနေရင် ငါမဟုတ်တဲ့အရေးကိုဘယ်လိုမှကြီးလို့မရဘူး။ လွတ်လပ်ရင်ချမ်းသာတယ်။ မလွတ်လပ်ရင်တခါလာလဲရှေးရှေးတုန်းကအကြောင်းပဲ….ဘယ်သူဘယ်ဝါပဲ၊တခါလာလဲဘာဖြစ်တယ်ညာဖြစ်တယ်။ ငါ့အကြောင်းသူ့အကြောင်းငါ့အိမ်သူ့အိမ်ပဲပြောနေရမယ်..ဘယ်တော့မှဆုံးမှာ
မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုဘယ်လိုမှသဘောမထားနဲ့။ ငါသိတာတရားဆိုရင်အကုန်လုံးကတရားသမားဖြစ်နေမှာပေါ့…
ကိုယ်တိုင်သိတဲ့အသိဆိုရဲရင့်တယ်။ တစ်ဆင့်ခံဆိုရင်၊ဟိုစာဖတ်ဒီစာဖတ်ဆိုရင်စာရေးဆရာကမှားနိုင်သေးတယ်။
ဘယ်သူပြောလို့သိတယ်ဆိုရင်ပြောတဲ့သူကမှားနိုင်သေးတယ်။ ဦးဇင်းတို့လဲမှားပြီးပြောတာလေးတွေရှိနိုင်သေး
တယ်။ ဘုရားမှမဟုတ်တာ မှားနိုင်တာချည်းပဲ တက်တက်စင်အောင်မမှားရင်တောင်မှအဓိပ္ပါယ်တလွဲကောက်မှားစရာရှိနိုင်သေးတယ်။ ကိုယ်ပိုင်အသိတိုက်ရိုက်အသိကျတော မှားစရာမရှိဘူး။ အနိစ္စကို၊ဒုက္ခကို၊အနတ္တကိုဘာမှမဟုတ်တာကို တိုက်ရိုက်သိတဲ့အသိကတော့မှားစရာကိုမရှိဘူး။ မှားရင်လဲမသိဘူး။ တကယ်သိရင်လဲမမှားတော့ဘူး။ ဗုဒ္ဓဘာသာတွေဘာသာပြောင်းတယ်ဆိုတာ ဘုမသိဘမသိနဲ့ကိုယ့်မိဘဗုဒ္ဓဘာသာဖြစ်တော့ ကိုယ်လဲရောယောင်ပြီး ဗုဒ္ဓဘာသာ
ဖြစ်နေတော့ ဟိုဘက်ကဘာဘဲညာဘဲအပြောကောင်းတော့…ဟိုဘက်ပါသွားတာ။ာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်
ဥာဏ်မရှိလို့ဘဲ။ ဘုရားမဟုတ်တဲ့မိဘ၊ဆရာသမားတွေသင်ပေးတဲ့အသိကိုစွန့်ပါ။ အဲလိုသတ္တိရှိဖို့လိုတယ်။ ကိုယ့်စိတ်ကမလွတ်မလပ်ဖြစ်နေတော့လိမ်သမျှခံနေရတယ်။ ခြောက်သမျှကြောက်နေရတယ်။ ချော့သမျှပျော့နေရတယ်။ အရူးလုပ်သမျှခံနေရတယ်။ မြှောက်ပေးသမျှဘ၀င်မြင့်နေရတယ။ ပြောသမျှလိုက်နားထောင်နေရတယ်။ မြင်မြင်သမျှလိုက်
ကြည့်နေရတယ်။ စားလို့ရသမျှဟိုစားဒီစားလျှောက်စားနေရတယ်။ လုပ်လို့ရသမျှတငါငါနဲ့လျှောက်လုပ်နေရတယ်။
သွားလို့ရသမျှဟိုသွားဒီသွားလျှောက်သွားနေရတယ်။ ကိုယ်လိုသူလိုလုပ်သလိုလုပ်နေရတယ်….အဆုံးမရှိဘူး။ ကိုယ့်မှာမရှိရင်သူများဆီကချေးရသလို တောင်းစားရသလိုပေါ….၊အခုလဲကိုယ့်ဆီမှာဘာဥာဏ်မှမရှိတော့ ကိုယ်သိတဲ့အသိက မိဘဆီကချေးငှားပြီးသိတဲ့အသိဘဲ ဘယ်တော့မှမဆုံးနိုင်တဲ့ ဘာဘဲညာဘဲအသိကိုစွန့်။ ဘာစွဲညာစွဲဖြုတ်၊စွန့်လိုက်ရင်အစွဲဖြုတ်လိုက်ရင်ဆုံးသွားမယ်။ ဘာဘဲညာဘဲလက်ခံပြီးပြောသမျှတစ်ခုခုပဲမြင်သမျှမြင်သမျှလောက်ပဲတစ်ခုခုပဲဆို
ပြီး။ စားလို့ရသမျှတစ်ခုခုပဲဆိုပြီးလိုက်စားနေရင်၊ သွားလို့ရသမျှတစ်နေရာရာပဲဆိုပြီးလျှောက်သွားနေရင်၊ လုပ်လို့ရသမျှဘာလုပ်ညာလုပ်ဆိုပြီးလျှောက်လုပ်နေရင် ဘယ်တော့မှမဆုံးတော့ဘူး။ စိတ်ကအတွေးတွေကိုမှီမနေနဲ့။ အဆွေး
တွေကိုမှီမနေနဲ့။ အကြောက်တွေကိုမှီမနေနဲ့။ ဟိုကြောက်ဒီကြောက်ဆိုရင်ဘယ်တော့မှကြောက်လို့မ၀အောင်
အကြောက်သံသရာကြီးကြောက်သက်ရှည်အောင်လုပ်နေပြီ။ ဟိုလိုဒီလိုဆိုရင်လောဘအသက်ရှည်အောင်လုပ်နေတာ။ ဘယ်တော့မှပိုတယ်ဆိုတာမရှိအောင်အလိုဇာတ်ကိုခင်းနေတာ။ ဟိုပူဒီပူဆိုရင်ဘယ်တော့မှအေးစရာမရှိအောင် အပူဇာတ်ကိုခင်းနေတာ။ ဟိုသံသယဖြစ်ဒီသံသယဖြစ်ဆိုရင် ဘယ်တော့မှစိတ်ချလက်ချယုံနိုင်စရာမရှိအောင် သံသယဇာတ်ကိုခင်းနေပြီ။ `စားပြီးပြီလားဆိုတော့´“စားပြီးပြီ”ပြောတော့ အခုအချိန်လေးဘဲမှန်တယ်။ နောင်တစ်ချိန်မစားရသေးဘူးဆိုတာဖြစ်လာအုံးမယ်။ “နေကောင်းလား”ဆိုတော့“ကောင်းတယ်”၊ ယာယီအလုပ်၊ သစ္စာမစိုက်တဲ့အမြဲမ
မှန်တဲ့အလုပ်တွေ ဦးဇင်းပြောပြတာတွေဟာအမြဲမှန်တဲ့စကား၊ မှားစရာမရှိတဲ့စကားတွေပါ။ ဒါကြောင့်သတ္တိရှိတယ်၊
မှန်ရင်ကြောက်စရာမလိုဘူး။ မှားလို့ကြောက်နေရတာ အမှန်တရားမှာအင်အားရှိတယ်၊ ငါဟန်ဆောင်နေရင် ကိုယ်လိုသူလိုဟန်ဆောင်ရဲတဲ့အင်အားပဲရှိတယ်။ လူဖြစ်တယ်ဆိုလူပူ…ပူနေရမယ်။ ကျောင်းသားဆိုကျောင်းသားပူ..ပူနေရမယ်၊ မိဘဆိုမိဘပူ..ပူနေရမယ်။ လူမမာဆိုရောဂါပူ…ပူနေရတယ်။ လူကြီးဆိုလူကြီးပူ…ပူနေရမယ်။ ကလေးဆိုကလေးပူ…ပူနေရ
မယ်။ ဘယ်ဟာမှအပူမကင်းဘူး။ ဘာမှမဟုတ်တာကိုသိရင်အပူကင်းတယ်။ တတိယအဆင့်မှာဖြစ်တာလေးကို ဘာမှမဟုတ်မှန်းသိလာရင် အဲ့အသိကိုဆက်ခါဆက်ခါဖြစ်အောင် ကြိုးစား တစ်ခုခုတစ်ယောက်ယောက်တစ်နေရာရာ
မဟုတ်တာသိတဲ့အသိ သိလာရင်အဲလိုသိတဲ့အသိကလဲအတ္တမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူးလို့လက်ခံနိုင်အောင်ကြိုးစား၊ အဲလိုကြိုးစားနိုင်မှစတုတ္ထအဆင့်မှာဖြစ်တာတွေရော၊ ထိတာရော ဘာမှမဟုတ်မှန်းသိတဲ့ဖြစ်တာတွေကို မငြိ
တွယ်တဲ့၊ မရှိမှန်းသိတဲ့အနတ္တဥာဏ်၊ ၀ိပသနာဥာဏ်စစ်စစ်ဖြစ်ပါမယ်။ ဖြစ်တာတွေကိုသိရုံသက်သက်နဲ့မပြီးသေးဘူး။ အဲ့ဝိပသနာဥာဏ်လေးကို ၁၀မိနစ်လောက်တဆက်တည်းသိအောင်ကြိုးစားဖို့လိုပါတယ်။ ဉာဏ်ဖြစ်လာရင် အဲ့ဟာကိုထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့စွမ်းအားသတ္တိရှိမှ ကိုယ်ပိုင်ရပါမယ်။ ပိုက်ဆံရရင်ပိုက်ဆံကိုထိန်းနိုင်မ သူဋ္ဌေးဖြစ်မှာပေါ့.. အလုပ်လုပ်ရင်လဲအလုပ်ကိုထိန်းသိမ်းမှအလုပ်မပြုတ်မှာပေါ့.. ဖြစ်တာရောသိတာရော အချည်းနှီးမှန်း၊ အလကားမှန်း၊ ဘာမှမဟုတ်မှန်းသိတာကို ဆက်ခါဆက်ခါသိဖို့ အလေ့အကျင့်ပြုလုပ်ပေးပါ။ ဘာပဲညာပဲမစဉ်းစားနဲ့သိနေရင်တိုက်
ဖျက်ဘာမှမဟုတ်မှန်းသိတာကိုဆက်ခါဆက်ခါသိဖို့ကြိုးစား၊ ဆက်ခါဆက်ခါသိလာရင်လဲ ဘာကိုမှသိမနေတဲ့စိတ် ကလေး ကိုယ်နှိုက်ကိုက ဘာမှသိစရာမရှိတာသိတဲ့ အနတ္တမျိုးစေ့လေးက အစဘာမှမဟုတ်ဘူးလို့ လက်ခံနိုင်ဖို့ဆက်
ကြိုးစား။ အတ္တရဲ့အခန်းကဏ္ဍဇာတ်သိမ်းနေပါပြီ။
Tags:
reply share
ဆရာတော် ဦးဥတ္တမသာရ၏ အမှန်တရားများ။
Aug 19, '07 7:10 PMfor everyone
-တည်မြဲမှု လုံးဝမရှိခြင်းသည်သာ သက်ရှိ၊သက်မဲ့ အားလုံးတို့ ၏ ဘယ်တော့မှ မပြောင်းလဲသော အမှန်တရား။
-မတည်မြဲတာကိုက သဘာဝတရား၊ အမြဲနားလည်လက်ခံနေနိုင်ဖို့ သာ ကြိုးစား။
-တနေ့ တနေ့ …. ကိုယ့် တဏှာနဲ့ ကိုယ် အအားမရှိအောင် ချာချာလည်နေကြတာဘ၀ပါဘဲ။
-အနိစ္စ၊ဒုက္ခ၊အနတ္တကို ငါ့ လင်၊ငါ့ သား၊ငါ့ မယား၊ငါ့  သား၊ငါ့ သမီး၊ငါ့ အမေ၊ငါ့ အဖေ၊ ဆိုပီး သိမ်းပိုက်ထားတဲ့ အတွက်ပူရဘီပေါ့ ။
-လှသလောက် အကျည်းတန်ရပီး လန်းသလောက်နွမ်းရတာချည်းဘဲ။
-သံသရာခရီးမှာ အခုလိုအကန်း၊အကန်းချင်း အားကိုးနေလို့  ဘယ်မှမရောက်နိုင်ဘဲ ၊(၃၁)ဘုံထဲမှာ ချာချာလည်နေတာပါ။
-ဖြစ်လေရာဘ၀၊ရောက်လေရာနေရာမှာ ငါ၊ငါ့ ဥစ္စာဖြစ်ဖို့ ချည်းသာအဆုံးမရှိအောင် လုပ်နေကြတာ ဘ၀ပါဘဲ။
-ကိုယ်ဖန်ဆင်းထားတဲ့ ကိုယ့် ဘ၀အတွက်တော့ ၊ကိုယ်ဟာ မရှိမဖြစ်၊အရေးပါအရာေ၇ာက်သူချည်းဖြစ်နေတယ်လို့ ထင်ရတာပါဘဲ။တကယ်တော့  ကိုယ့်တဏှာနဲ့ ကိုယ်ရှုတ်နေတာ။
-အသိဥာဏ်ရှိတဲ့ လူ့ ဘ၀မှာတောင်ကောင်းတာမလုပ်ရင်၊ ဒုက္ခရောက်နေသူကိုတောင် ကူညီရကောင်းမှန်းမသိတဲ့ တိရစ္ဆာန် ဘ၀မျိုးရောက်သွားရင် ကောင်းမှုဘယ်လိုလုပ်တော့ မလဲ။
-ဘာမဆိုစိတ်ပါဘဲ ၊ဖြစ်ချင်ရင် ဘာမဆိုဖြစ်တာပဲ။ ဘာမှမဖြစ်ဖို့ သာ ခက်တာပါ။
-ခန္ဓာကို ငါထင်ရင် ၀ိုင်းနှိပ်စက်သမျှငါချည်းခံပေတော့ ။
-ဘာမှမဟုတ်တာကို အဟုတ်ကြီးမှတ်ပြီး ကျေနပ်သာယာနေတာ ဘ၀ပါဘဲ။
-ကိုယ့်တဏှာနဲ့ ကိုယ်တော့ အ ရူးအမူးအငမ်းမရချည်းပါဘဲ။ ဘယ်ဘ၀မှ အရူးမကင်းဘူး။
-သူ့ လောကနဲ့ သူတော့ ကိုယ်လိုတဏှာကောင် ၊ မာနကောင်တွေနဲ့  ပြည့်နှက်နေတာ ပါဘဲ။
-ငါဆိုတဲ့မာန်မာနရှိနေသရွေ့ ကတော့ ကိုယ်လို မာန်မာနနဲ့ သူချင်းအဆုံးမရှိအောင် ပြိုင်ဆိုင်ရုံဘဲ။
-ပြိုင်တယ်ဆိုထဲက အရှုံးချည်းဘဲ ။ နဲနဲရှုံးတာနဲ့ များများရှုံးတာသာ ကွာတယ်။
-ဘာမှမဟုတ်တာကို အဟုတ်မှတ်ပီး အရေးတကြီးလုပ်နေတာ လောကပါဘဲ။
-မဟုတ်တာကို အဟုတ်လုပ်ထားတော့  ဟုတ်တာဘာမှန်းကို မသိတော့ ဘူး။
Tags:
reply share
The Lost Father
Jul 31, '07 10:07 AMfor everyone
An article bySayadaw U OttamasaraEdited by Florian Dobson"If we consider nibbana to be something, it is the only something. There can be nothing else except for nibbana because only nibbana exists eternally. If you want to understand something, you must clear your mind of obscurations, - you must purify 'your mind' to be mind only and stop grasping to the mind as 'mine'. The quality of mind and the quality of matter are quite opposite. Mind only - or pure mind - is very powerful, its quality of wisdom is unlimited. Mind can know everything, but matter is ignorance, it has no wisdom . That’s why when mind combines with the body of a man it becomes impure and its original power is lost. Man's body is only like the earth it is very heavy and weighs down the mind. So, if we accept ourselves as a man, as 'I', our mind is imprisoned in the body and everything we know is only an illusion, not the real something which is nibbana.Mind has become very attached to the life of a man, mind [even] thinks 'these are my hands, these are my legs, I am a man and this is my body'. Mind and body are like man and woman, they depend on each other. Man cannot live without woman, woman cannot live without man. So also, a man's body cannot live without the mind, and because of its attachments, mind cannot live without the body. But Man is the creation of mind, so mind has become a slave to its own creation of ‘a man '. Only when mind can detach from its creation, and can stay as mind only, it will become pure and regain its original power. With this power, mind can understand the only real ‘something’ which is nibbana. To understand the Truth, we must stop the mind from continuously connecting with the body. In other words, the mind must detach from the body and leave behind the field of mind and matter. We must divorce the mind and matter couple and stay with mind only. This is meditation - freeing the mind from matter. A free mind can understand everything, it understands how to combine with matter in order to create everything, and solve all problems. Humans are mistaken, because they depend on matter [material things], they depend on things like money, beauty, and on one another; but they never depend on the very powerful mind – the father mind. [In reality], man, woman, and animals are the product of the combination of mind and matter. Mind and matter are like husband and wife and the infinite living beings are like their children. But men and women think 'he is my father', 'she is my mother'. They don’t understand that in reality, the true parents are mind and matter. By accepting ourselves as 'a man', 'a woman' we are accepting ourselves as only the creation and not the creator. Humans use only their human abilities, so they can't understand the infinite creative quality of mind without matter - mind only, which is the very powerful father… the lost father. Zee: the god father Sayadaw: yes… [laughing] By meditation I discovered the lost father and learned to depend on mind only. Mind is the origin - it is very powerful, it is really the only thing to depend on. People are in trouble because what they depend on is unreliable. The rich depend on their money, the president depends on his power, people depend on others, but nobody depends on mind which is eternal. In meditation I depend only on mind, not 'my mind', only pure, empty mind. Mind is very powerful, that’s why if you want to understand the real something, if you want to know the truth of everything, you must stop depending on yourself as a man and learn to depend on mind only.
Tags: , , , , , ,

ရွှေကူဘုရားပွဲတော် ကျင်းပခွင့် ပိတ်ပင်ခံရ

မဇ္ဈိမသတင်းဌာန
Thursday, 25 October 2007 15:15 - မြန်မာစံတော်ချိန်
မကွေးတိုင်း ပခုက္ကူမြို့ရှိ နာမည်ကြီး ရွှေကူဘုရားပွဲကို မနက်ဖြန်ညတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဒေသခံ အာဏာပိုင်များက ကျင်းပခွင့်ကို ပိတ်ပင်လိုက်သည်။
သီတင်းကျွတ်ပွဲတော် အခါသမယတွင် သံဃာတော်များမှ စတင်၍ ဆန္ဒပြ အုံကြွခဲ့သည့် ပခုက္ကူမြို့တွင် အငြိမ့်ပွဲများ ပါဝင်သော ဘုရားပူဇော်ပွဲ ပြုလှည့်လည်ရန် စီစဉ်ထားသော်လည်း အာဏာပိုင်များက လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်လိုက်ခြင်း ဖြစ်သည်။
“ရွှေကူဘုရားပွဲ ဆိုတာက သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့ (သဘက်ခါ) ညတိုင်း မီးစက်တွေ ၇ လုံးလောက်နဲ့ မြို့တွင်းလှည့်လည် အပူဇော်ခံတယ်။ ကပွဲတွေ၊ အငြိမ့်တွေ၊ ပျော်ပွဲရွှင်ပွဲတွေကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် လုပ်ခဲ့တာ။ အကြီးအကျယ် ပေါ့နော်။ မနက်ဖြန်လို ညကတည်းက ဘုရားပွဲက စတာ။ ဒီနှစ်မှာတော့ အာဏာပိုင်တွေက လုပ်ခွင့်မပြုလို့ မလုပ်နိုင်တော့ဘူး” ဟု ရွှေကူဘုရား တာဝန်ရှိသူများနှင့် နီးစပ်သူ တဦးက ပြောသည်။
ပခုက္ကူမြို့တွင် သီဟိုဋ်ရှင်ဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေကူဘုရား ဟူ၍ တန်ခိုးကြီး ဘုရား ၃ ဆူရှိပြီး သီဟိုဋ်ရှင် ဘုရားပွဲတော်ကို ပြီးခဲ့သည့် နယုန်လ (ဇွန်လ) တွင် စည်ကားစွာ ကျင်းပခွင့်ရခဲ့သည်။
“အာဏာပိုင်တွေက မထိန်းနိုင်မှာ စိုးလို့။ ဘုရားပွဲ ဆိုတော့ လူစုလူဝေး ဖြစ်လာမှာ စိုးတာကြောင့် လုပ်ခွင့် မပေးတာလို့ပဲ ထင်ပါတယ်။ သိတဲ့ အတိုင်းပဲလေ၊ သံဃာတော်တွေရဲ့ သပိတ် ကံဆောင်မှုကို အကြမ်းဖက်ခဲ့တော့ လူတွေ စုရုန်းမိပြီး တခုခု ထပ်ဖြစ်မှာကို စိုးရိမ်တဲ့ သဘောပါပဲ” ဟု ပခုက္ကူမြို့ခံ တဦးက ပြောဆိုသည်။
ဖောင်တော်ဦး ဘုရားပွဲကို တန်ဆောင်မုန်းလ (နိုဝင်ဘာလ) တွင် ကျင်းပရန် ရှိသော်လည်း ကျင်းပခွင့် ပြုမည်၊ မပြုမည်ကို မသေချာသေးပေ။
သံဃာတော်များ၏ ဦးဆောင်မှု အောက်၌ စတင်ခဲ့သော ပခုက္ကူ ဆန္ဒပြပွဲအတွင်း ပါဝင် ပတ်သက်ခဲ့သူ ရွှေကူဘုရား ဂေါပက ဥက္ကဌ ဦးနေလကိုလည်း အာဏာပိုင်များက စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီး သရက်ထောင်တွင် ချုပ်နှောင် ထားသည်ဟုလည်း ကြားသိရသည်။

ဒေါ်စုနှင့် နအဖ တွေ့ဆုံ ဟု သတင်းထွက်ပေါ်

မဇ္ဈိမသတင်းဌာန
Thursday, 25 October 2007 15:21 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်သည့် အိမ်အမှတ် ၅၄ ၊ တက္ကသိုလ် ရိပ်သာလမ်းမှ အစိုးရ ဧည့်ဂေဟာသို့ ခေါ်ဆောင်သွားကြောင်း သံတမန်များကို ကိုးကား၍ သတင်းများက ဖော်ပြကြသည်။
အဘယ်တွက်ကြောင့် ခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူနှင့် ဒေါ်အောင်ဆန်း စုကြည်အကြား ဆက်ဆံရေး အရာရှိအဖြစ် ခန့်အပ်ထားသော အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံရန်အတွက် ဖြစ်သည်ဟု ပြောနေကြသည်။
နေအိမ် အကျယ်ချုပ် ကျခံနေသော ဒေါ်စုသည် အစိုးရ ဧည့်ဂေဟာတွင် နိုင်ငံခြား သံတမန်များနှင့် ဧည့်သည်များကို လက်ခံ တွေ့ဆုံရလေ့ ရှိသည်။
သူမ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဦးလွင်က မျက်မြင် သက်သေများနှင့် နိုင်ငံခြား သံတမန်များကို ကိုးကားပြီး မဇ္ဈိမသို့ ပြောကြားရာတွင် “သူ့အိမ်ကနေ အစိုးရ ဧည့်ဂေဟာကို ဒီနေ့ နေ့ခင်း ၂ နာရီလောက်က ခေါ်သွားတယ်” ဟု ပြောသည်။
“ဘာတွေ ပေါ်ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပေမယ့် အခုလို ဖြစ်လာတာကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဦးလွင် က ဆက်ပြောသည်။
သတင်းရေးသားချိန်တွင် ဧည့်ဂေဟာ၌ ရှိနေသေးလား (သို့မဟုတ်) အင်းလျားကန် အနီးရှိ နေအိမ်သို့ ပြန်ရောက်သွားပြီလား ဆိုခြင်းအပေါ် အတည်ပြုချက် မရသေးပါ။
စီအင်အင် သတင်းတရပ်က အမည်မဖော်သော စစ်တပ် သတင်းရပ်ကွက်ကို ကိုးကားပြီး ပြောကြားရာတွင် ဒေါ်စုကို နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ဆန္ဒပြသူများကို သွေးမြေကျ နှိမ်နင်းခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံပါမည်ဟု လူသိရှင်ကြား ကမ်းလှမ်းခဲ့သည်။

အဲယားပုဂံ စင်္ကာပူခရီးစဉ် ရပ်ဆိုင်းတော့မည်

မဇ္ဈိမသတင်းဌာန
Thursday, 25 October 2007 15:28 - မြန်မာစံတော်ချိန်
စစ်ခေါင်းဆောင်နှင့် ရင်းနှီး ကျွမ်းဝင်သော လုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan ၏ ရန်ကုန်- စင်္ကာပူ ခရီးစဉ်ကို နိုဝင်ဘာလ ၄ ရက်နေ့ အထိသာ နောက်ဆုံးထား ပြေးဆွဲတော့မည်။
မဇ္ဈိမက လက်ခံ ရရှိထားသော လေကြောင်းလိုင်း ဈေးကွက် မန်နေဂျာ၏ စာတစောင်တွင် အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် စင်္ကာပူရှိ ဘဏ်များက “တို့တတွေနဲ့ အဆက်အဆံ မလုပ်တော့ဘူးလို့” ဟု ဖော်ပြ ပါရှိသည်။
“နောက်လ အနည်းငယ်တိုင် အခက်အခဲကြီးတွေ ကြုံတွေ့နေရမှာ ဖြစ်တဲ့အတွက် စင်္ကာပူ ခရီးစဉ်တွေကို ခေတ္တ ရပ်နားထားမယ်” ဟုလည်း ပါရှိသည်။
အဲပုံဂံ ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက “သေချာပါတယ် ခေတ္တ ယာယီပါ။ နိုဝင်ဘာလ ၄ ရက်နေ့မှ စပြီး ရပ်လိုက်မှာပါ။ လက်မှတ်တွေ ဖြတ်ထားတဲ့ ခရီးသည်တွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးမှာပါ။ ဘယ်အချိန်မှာ ပြန်ပြီး ဖွင့်မယ်ဆိုတာ မသိရသေးပါဘူး။ ကြာမယ် မကြာဘူးဆိုတာလည်း ကျမတို့ မသိသေးပါဘူး။ ဘာကြောင့်ဆိုတာ အထက်လူကြီးတွေက ပြောပြမထားပါဘူးရှင်” ဟု ပြောသည်။
အခြား အဲပုဂံလေကြောင်းလိုင်း၏ ခရီးစဉ်များကိုမူ ဆက်လက် ပြေးဆွဲသွားမည် ဆိုသည်။
“ဘာကြောင့်လည်း ဆိုတော့ Sanction ကြောင့်ပါပဲ။ တခြားလိုင်းတွေက ပုံမှန် ဆွဲနေပါတယ်။ ရန်ကုန်-စင်ကာပူ လိုင်းပါပဲ။” ဟု အဲပုံဂံ လေကြောင်းလိုင်းမှ ဝန်ထမ်း တဦးကလည်း ပြောသည်။
ယမန်နေ့က မန္တလေးတွင် ပြုလုပ်သော လေကြောင်းလိုင်း အစည်းအဝေး တခုတွင် ဦးတေဇက ငွေကြေး အကြပ်အတည်း တွေ့ကြုံနေရကြောင်း ပြောဆိုခဲ့ပြီး အဲယားဘတ်စ် လေယာဉ်နှစ်စီးကို ပြန်လည် ရောင်းချမည်ဟု ပြောကြားသွားသည်ဟု ကုမ္ပဏီ အတွင်းလူများက ပြောသည်။
အဲပုံဂံ လေကြောင်းလိုင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစုနှင့် အလွန်ရင်းနှီးသူ ဦးတေဇ ပိုင်ဆိုင်သည့် လုပ်ငန်းတခု ဖြစ်သည်။ စစ်ခေါင်းဆောင် မိသားစုသည် ဦးတေဇနှင့် စီးပွား ရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်နေသည်ဟုလည်း အတိုက်အခံ သတင်းရပ်ကွက်က ပြောသည်။
လေကြောင်းလိုင်း သတင်းရပ်ကွက်အရ ရန်ကုန် - စင်ကာပှု လေကြောင်းလိုင်းကိုလည်း စစ်အစိုးရ၏ လက်ရှိ နိုင်ငံရေး ပြသာနာများ ပြီးဆုံးမှ ပြန်ပြီး ဆွဲနိုင်မည် ဟုသိရသည်။

ကျောင်းသူ ၂ ဦး သေဆုံးခဲ့ရသည့် ယာဉ်တိုက်မှု တရားစွဲခွင့်မရ

မျိုးကြီး
Monday, 29 October 2007 15:01 - မြန်မာစံတော်ချိန်
စစ်ကားတစီးက ဝင်တိုက်မိ၍ ရှမ်းပြည် လားရှိုးမြို့ အထက ၃ ကျောင်းသူ နှစ်ဦး သေဆုံးမှု ဖြစ်ပွားသည်မှာ တလကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တရားစွဲဆိုခွင့် မရသေးကြောင်း သေဆုံးသူများ၏ ဆွေမျိုးများက ပြောသည်။
လားရှိုးမြို့ ရပ်ကွက် ၁၂၊ နယ်မြေ ၃ တွင် နေထိုင်သည့် အထကကျောင်းသူ မဖြူသန့်ကိုနှင့် မအေးအမ်တို့ကို တပ်ကြပ် အောင်ကျော်စိုး မောင်းနှင်လာသည့် အမှတ် ၁ ဝန်တင် တပ်ရင်းမှ တိုယိုတာ စစ်ကား အမှတ် န/ဝ၅၁၂ က စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီကျော်တွင် တိုက်မိပြီး ကျောင်းသူနှစ်ဦး သေဆုံးခဲ့သည်။
သို့သော် မိသားစုဝင်များက အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးရုံးသို့ ဆက်သွယ်ပြောဆိုရာတွင် တာဝန်ရှိသူများက ပြန်လည် ခြိမ်းခြောက်နေသဖြင့် တရား စွဲဆိုနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။
“ယာဉ်တိုက်မှု ဖြစ်တာက ဂမ်ဘာရီ လားရှိုးမလာခင် ၂ ရက်က ဆိုတော့ အာဏာပိုင်တွေက တခုခု ဖြစ်မှာစိုးလို့ ထင်တယ်။ အဲဒီတုန်းကတော့ ကျမဆီ ခယက ဥက္ကဌ ကိုယ်တိုင်လာတယ်။ အမှန်အတိုင်း ဖြစ်စေရမယ် ဆိုပြီး လာနှစ်သိမ့်တယ်။ ကျမတို့လည်း ယုံတာပေါ့။ အဲလိုပြောတော့ ဂမ်ဘာရီလည်း ပြန်ရော ဒီနေ့အထိ ဘယ်သူမှ ပေါ်မလာတော့ဘူး။ လွန်ခဲ့တဲ့ ၂ ရက်လောက်က တိုင်းမှူးရုံးကို ဖုန်းဆက်တော့ ခင်ဗျား ဒီကိစ္စလေးလောက်နဲ့ ဘာမှ ဖုန်းဆက်စရာ အကြောင်းမရှိဘူးလို့ ပြန်ပြောတယ်” ဟု မဖြူသန့်ကို၏ အဒေါ်ဖြစ်သူ ဒေါ်လွင်လွင်က ပြောသည်။
သူက ဆက်ပြီး “သူတို့ရုံးက ရုံးအုပ်လောက် အဆင့်ရှိသူကို မေးကြည့်တော့ ယာဉ်တိုက်မှု ဖြစ်တဲ့ စစ်သားက အရမ်းတော်တယ်တဲ့၊ အရက်မသောက်ဘူး၊ ဖဲမရိုက်ဘူးတဲ့။ အဲဒီ တပ်ရင်းမှူးကလည်း နာမည်ပျက် မရှိဘူးတဲ့။ အဲဒီတော့ ထောင်ချဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူးတဲ့။ ဒီလောက် ပြဿနာလေးနဲ့ ထောင်ချရမှာ အရမ်းနှမြောဖို့ ကောင်းတယ်၊ မတော်တဆ ဖြစ်တာ၊ ဒါစစ်တပ်နဲ့ ဖြစ်တာ၊ ခင်ဗျားပါ နာသွားမယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်။
သေဆုံးသွားသူ နှစ်ဦး၏ မိဘဖြစ်သူများကို ဂရုဏာကြေးအဖြစ် တဦးလျှင် ကျပ် ၄ သိန်းစီ လျော်ကြေးပေးရန် စစ်တပ်မှ ပြောကြားလာခဲ့သော်လည်း မိဘများက ဥပဒေအရသာ အရေးယူရန် လိုလားပြီး လျော်ကြေးကို ငြင်းပယ် လိုက်သည်။
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းတွင် အမှုဖွင့်ခွင့်လည်း မရှိဘဲ အလောင်းများကိုလည်း နေ့တွင်းချင်း မီးရှို့သင်္ဂြိဟ် လိုက်ကြကြသည်။
တပ်မတော် ကျောင်းပို့ကျောင်းကြို ယာဉ်သည် အထက ၃ ကျောင်း အဝင်ဝတွင် ဆိုင်ကယ်တစီးကို ရှောင်တိမ်းရင်း ဆိုင်ကယ်သမားကို လှည့်၍ ဆဲဆိုနေစဉ် အရှိန်လွန်ကာ ကျောင်းသူ ၄ ဦး လျှောက်လာနေသည့် မြက်ခင်းပြင်ကို ကျော်ကာ ဝင်တိုက်မိရာမှ ယခုလို ၂ ဦးသေဆုံးပြီး၊ ကျန် ၂ ဦးမှာ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“မျက်ခင်းပြင်ပေါ် ကားက အရှိန်နဲ့ ကြိတ်လိုက်တော့ ၂ ယောက်စလုံးက ကားအောက်မှာ ဂျမ်းတုံးဖြစ်ပြီး ရပ်သွားတာ။ ဒါတောင် ကားသမားက မသိသေးဘူး။” ဟု ဒေါ်လွင်လွင်က ပြောသည်။

ညောင်ရွှေပွဲတော်နှင့် ရဟန်းများ မစားခဲ့ရသော ဆွမ်းတနပ်

မင်းလွင် (ရှမ်းပြည်)
Thursday, 25 October 2007 15:11 - မြန်မာစံတော်ချိန်
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ စတင်၍ အင်းလေး ဖောင်တော်ဦး ဘုရားသည် ကိန်းဝပ် စံပယ်တော်မူရာ ကျောင်းတော်မှ ဒေသစာရီ ကြွချီတော်မူရာ ညောင်ရွှေသို့ သီတင်းကျွတ်လဆန်း ၇ ရက်နေ့တွင် ဆိုက်ရောက်သည်။ ဤသည်ကို အကြောင်းပြု၍ ညောင်ရွှေ ပွဲတော်ဟူ၍ ရှမ်းပြည်တလွှား ထင်ရှား ကျော်ကြားလေသည်။ ရုပ်ပွားတော် ငါးဆူကို ကရဝိတ် ဖောင်တော်ပေါ်တွင် တင်ဆောင်လာပြီး ညောင်ရွှေ၊ နမ့်ကပ်ချောင်းပေါ်ရှိ ပြဿဒ်ဆောင်သို့ ပထမဦးစွာ ပင့်ဆောင်သည်။ ထိုမှတဆင့် ပန်းရထားလှည်းဖြင့် ပရိသတ်များက ညောင်ရွှေ၊ ဒေသစာရီ ကျောင်းတော်အထိ ပင့်ဆောင် ပို့ဆောင်ကြသည်။
ရုပ်ပွားတော်များ ကျောင်းတော်ပေါ်သို့ ရောက်ရှိသောအခါ ဆရာတော် သံဃာတော်များက လူထု ပရိသတ်များကို တရား နာကြားတော်မူလေသည်။ ထို့နောက်တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြကုန်သော ဘုရားဖူး ပြည်သူများက ရုပ်ပွားတော်များကို ကြည်ညိုသဒ္ဒါ ပွားခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း၊ သစ်သီး၊ ရေချမ်း၊ ဆီမီးနှင့် ပန်းများဖြင့် ပူဇော်ခြင်းများ ပြုလုပ်ကြလေသည်။
ယင်းဓလေ့ ထုံးစံ ပွဲတော်ကို ပဒေသရာဇ် ရှမ်းစော်ဘွားများက ကျင်းပ ပူဇော်ခဲ့ကြရာ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် လက်ထက်အထိ ဖြစ်သည်။ ဘာသာရေးကို ရိုသေ ကိုင်းရှိုင်းသည့် အနေဖြင့် စော်ဘွား မိသားစုများပင်လျှင် သာမန် ပြည်သူလူထုများနှင့် တန်းတူရည်တူ ပါဝင် ဆင်နွှဲခဲ့ကြသော်လည်း မဆလ လက်ထက်မှစ၍ ယခု နဝတ (ဝါ) နအဖ လက်ထက်ထိ တမူ ထူးခြား ပြောင်းလဲသွားသည်။ မဆလ လက်ထက်တွင် ပြည်နယ် ကောင်စီလူကြီးများ ကိုယ်တိုင် ညောင်ရွှေပွဲတော်သို့ အခွင့်ထူးခံ လူတန်းစားများသဖွယ် ချီတက်လာပြီး ဘုရားနှင့်တန်းတူ ဖူးမျှော်ခံလိုချင်စိတ် ဝင်ခဲ့သည်။
နအဖ ဗိုလ်သန်းရွှေ လက်ထက်တွင်တော့ ဖျက်မရသည့် သမိုင်းတရပ် အနေဖြင့် အမည်းစက် တွင်သွားခဲ့ပါသည်။ ဘုရားကတောင် ဗိုလ်သန်းရွှေအတွက် ရပ်တန့် စောင့်ဆိုင်း ပေးခဲ့ရသည်။ တရားနာကြား ပေးရမည့် ရွှေကျင် သာသနာပိုင် ဆရာတော်ကြီးနှင့်တကွ သံဃာတော်များ နေ့ဆွမ်း ငတ်ခဲ့ရသည်။ ဒေါ်ကြိုင်ကြိုင်နှင့် ဒေါ်မြမြစန်းတို့ လိုက်နာ စောင့်ထိန်းရမည့် အစဉ်အလာကို ဖျက်ဆီးခဲ့သည်။ ဤသည်က အချိန်ကာလမှာ ၁၉၉၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်ဖြစ်သည်။
ဖောင်တော်ဦး ရုပ်ပွားတော်များသည် ဖောင်တော်ဆိပ်မှ ကိန်းဝပ် စံပယ်တော်မူမည့် ဒေသစာရီ ကျောင်းတော်ဆီသို့ ပန်းရထားလှည်းဖြင့် ကြွချီနေသည်။ လူထု ပရိတ်သတ်ကြီးမှာ များပြားလှသဖြင့် လမ်းဘေး ဝဲယာဘက်တိုင်း ပြည့်လျှံနေသည်။ ဒေသစာရီ ကျောင်းတော်ပေါ်တွင် ရွှေကျင် သာသနာပိုင် ဖြစ်သော ညောင်ရွှေကန်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလနှင့် ပင့်ဖိတ်ထားသော သံဃာတော် အရှင်မြတ်တို့က တရားဟောရန် အဆင်သင့် ဖြစ်နေကြသည်။ အချိန်မှာ နံနက် ၁ဝ နာရီသာ ရှိသေးတာကြောင့် တရားနာကြားပြီးမှ ဆွမ်းဘုန်းပေးကြမည် ဖြစ်သည်။
ထိုစဉ်က အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုမှ ဦးဆောင်၍ ကြွချီလာသော ရုပ်ပွားတော်ပါ ပန်းရထားသည် ဒေသစာရီ ကျောင်းတော် ဧရိယာထဲသို့ ဝင်စပြုနေလေပြီ။ ထိုအချိန်မှာပင် ဆက်သွယ်ရေး တပ်မှူးမှ ဗိုလ်ချုပ် မောင်ဘိုထံ ကပျာကယာ သတင်း ပေးပို့နေသည်။ ဟဲဟိုးလေဆိပ်မှ နိုင်ငံတော် အကြီးအကဲများ ထွက်ခွာ လာနေကြောင်း၊ မိနစ်ပိုင်းအတွင်း ညောင်ရွှေကို ရောက်ရှိမည် ဖြစ်ကြောင်း၊ ဘုရား ရုပ်ပွားတော်များကို သူတို့ကိုယ်တိုင် ကျောင်းတော်ပေါ်သို့ ပင့်ဆောင်မည် ဖြစ်သောကြောင့် စောင့်ဆိုင်းထားရမည် ဖြစ်ကြောင်း၊ သတင်း ပေးပို့လာပါသည်။
ပွဲတိုင်းတွင် ပါလေရာ ဖြစ်သော အဖြူ၊ အစိမ်း ဝတ်စုံပိုင်ရှင် ကြံ့ဖွတ်များ ဗျာများသွားသည်။ ချက်ချင်း ဆိုသလို ဘုရားကျောင်း တံခါးပေါက်ထိပ်မှ နေ၍ ပန်းရထားလှည်းကို ပိတ်ဆို့ ထားလိုက်သည်။ ခေါင်းဆောင် ဖြစ်သူမှာ ပြည်နယ်ကြံ့ဖွတ် အတွင်းရေးမှူး ဦးဉာဏ်လင်း (ရွှေကျားပျံ - ဆေးလိပ်ခုံ) ဖြစ်သည်။ ပုံစံ အနေအထားမှာ ပန်းရထားလှည်း ရှေ့တိုးလာပါက အမဲဖျက်သလို ဖျက်သတ်မည့် သဘောရှိသည်။ ထိုအချိန်မှာပင် အနောက်မြောက် အရပ်ဆီမှ ဖုတ်သွင်းထားသော ရဟတ်ယာဉ် နှစ်စီး ပေါ်လာသည်။
ဖုတ်သွင်း ရဟတ်ယာဉ်များ ဖော်တော်ဆိပ်တွင် ဆင်းသက်မည် ဖြစ်သောကြောင့် ကြိုဆိုကြရန် ဗိုလ်ချုပ် မောင်ဘို ကိုယ်တိုင် ဆော်သြနေသည်။ အင်းရိုးရာ လှေလှော် ယိမ်းအဖွဲ့များ၊ ဆွမ်းပို့ ယိမ်းအက အဖွဲ့များ၊ ချက်ချင်း နမ့်ကပ်ချောင်းထဲ ဆင်း၍ နေရာ ယူကြရသည်။ လှေပေါ်တွင် ဖျာများခင်းနေဆဲ ဆင်းသက်လာသော ရဟတ်ယာဉ် အရှိန်ကြောင့် ဖျာများ လေထဲသို့ ပလူပျံသွားသည်။ ကရဝိက် ဖောင်တော်ပေါ်ရှိ ထီးတော်နှင့် သာသနာ့ အလံတော်များ လွင့်စင် ထွက်ကုန်ကြရသည်။ မြင်ရသော မြင်ကွင်းမှာ အော့နှလုံးနာစရာ ဖြစ်နေသည်။ ဖရိုဖရဲ နိုင်လွန်းသည်။ ပြာယာ ခတ်လွန်းသည်။
ပထမဦးဆုံး ရဟတ်ယာဉ်ပေါ်မှ မျက်နှာ သုန်သုန်မှုန်မှုန်ဖြင့် ဗိုလ်သန်းရွှေ ဆင်းသက်လာသည်။ သူ့နောက်တွင်မူ ဒေါ်ကြိုင်ကြိုင် ဖြစ်သည်။ ဒုတိယ ရဟတ်ယာဉ်ပေါ်မှ ပထမဦးဆုံး ဆင်းသက်လာသူက ဗိုလ်မောင်အေး ဖြစ်သည်။ အရပ်မြင့်မားပြီး ရုတ်တရက်ကြောင့် ရဟတ်ယာဉ် ဘောင်နှင့် ဦးခေါင်း တိုက်မိသွားပြီး ဦးထုပ်လည်း ပြုတ်ကျလုဆဲဆဲ ဖြစ်သွားသည်။ သတိဆွဲ အလေးပြုနေသော ဗိုလ်ချုပ်မောင်ဘို ပြန်လည် အလေးမပြုဘဲ ရှိနေရာ ဗိုလ်ချုပ် မောင်ဘိုခမျာ တောင့်တောင့်ကြီး အလေးပြု နေရရှာသည်။ ဇနီးဖြစ်သူ ဒေါ်မြမြစန်းက အလိုက်သင့် ယောဂီပုဝါလေး ထုတ်ပေးတော့မှ သင်ခန်းစာ ပေးခြင်းကို အဆုံးသတ်လိုက်သည်။
ဘုရားပန်း ရထားလှည်းကို ပိတ်ဆို့ထားသည့် ဦးဉာဏ်လင်း ဦးဆောင်သော ကြံ့ဖွတ်များ ဂိုဏ်းချုပ် နာယက ဗိုလ်သန်းရွှေ ကို မြင်သောအခါ လက်အုပ်ချီ၍ ကပျာကယာ ကြိုဆိုကြသည်။ (ဘုရားကို လက်အုပ်ချီခြင်း မရှိခဲ့ပါ)။ ဒေသစာရီ ကျောင်းဝထိပ်မှ နေ၍ စစ်ဗိုလ်ချုပ်များ ကိုယ်တိုင် ပန်းရထားကြိုးကို ဆွဲပြီး ဦးဆောင်သွားကြသည်။ ပုခုံးထက်တွင် ရွှေကြယ်ပွင့်နှင့်အတူ လိုက်ဖက်ခြင်း မရှိသော ယောဂီပုဝါ၊ လက်ကသာ ပန်းရထားကြိုးကို ဆွဲနေကြသော်လည်း ခါးတွင် လူသတ် သေနတ်များ ချိတ်ဆွဲထားသည်။ ရှေ့ဆုံး ဝဲဘက်မှ ဗိုလ်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်၊ ယာဘက်တွင် ဗိုလ်မောင်အေးနှင့် ဒေါ်မြမြစန်း၊ ထိုသူတို့ နောက်တွင် ဗိုလ်သိန်းဝင်း (လေ) နှင့် ဗိုလ်စိုးသိန်း (ရေ)၊ ထိုသူတို့ နောက်တွင်မူကား အခြားသော တပ်နယ်မှူးများနှင့် ကြံ့ဖွတ်များ ဖြစ်သည်။
ကျောင်းတော်ပေါ်တွင် တရားနာကြားတော့ အချိန်ကား နေ့လည် ၁၁ နာရီကျော်နေပြီ။ ငါးပါးသီလ တရား ပေးပြီးသောအခါ နေ့လည် မွန်းတည့်နေပြီ။ ဆရာတော် သံဃာတော် အားလုံး နေ့ဆွမ်း ဘုန်းပေးဖို့ရန် နေမွန်း တည့်သွားလေပြီ။ ဆွမ်းပွဲများ ပြင်ဆင် ပေးနေသော အင်းလူငယ် အဖွဲ့များ၏ မျက်နှာမှာ ဒေါသ ခက်ထန်နေသည်။ ပို၍ အကျည်းတန် မြင်ကွင်းမှာ ပလ္လင်ထက်တွင် ကိန်းဝပ် စံပယ်နေသော ရုပ်ပွားတော်များကို ဂေါပက လူကြီးအချို့က ပင့်ဆောင်ကာ ဒေါ်ကြိုင်ကြိုင် (သထုံ - ပအိုဝ့် အမျိုးသမီး) နှင့် ဒေါ်မြမြစန်း (နမ့်ခမ်း -ပလောင် အမျိုးသမီး) တို့ ရှိရာသို့ ယူဆောင်သွားသည်။ ရာဇဝင် အဆက်ဆက်၌ အမျိုးသမီးများ ဘုရား ရုပ်ပွားတော်ကို ရွှေမချရဟု တားမြစ်ခဲ့သော ကန့်သတ်ချက်သည် ယခုတော့ ချိုးဖောက် ခံလိုက်ရသည်။ ရုပ်ပွားတော်ကို ရွှေချသည်။ ဆံပင်နှင့် ပွတ်သည်။ လက်ဖြင့် ပွတ်သတ်ကာ အမည်မသိ ဂါထာများ ရွတ်ဖတ် နေကြသည်။ မြင်နေကြရသူ အပေါင်း မျက်ရည်မိုး ရွာသွန်းခဲ့ရရှာသည်။ ကြားရသူ အပေါင်း ဒေါသမုန်တိုင်း ထန်ခဲ့ကြရရှာသည်။
(ယင်းအဖြစ်အပျက်ကြောင့် ကျွန်ုပ်နှင့် ရင်းနှီးသော ရှမ်းပြည် နိုင်ငံရေး သမားဟောင်း ဆရာ-ဦးချစ်ဦး (ရွာကြီးတောင်) နှင့် ဆရာ ဦးတင်ဦး (နန္ဒဝန်ရပ်-ညောင်ရွှေ) တို့သည် သေလွန်သည်အထိ ဖော်တော်ဦး ဘုရားကို သွားရောက်၍ ရှိခိုးခြင်း မပြုကြတော့ပေ။)
ကြက်ခတ်ဝိုင်း လက်ရေးမှ မောင်ဘိုလက်သီး သွားတချောင်း
နှစ်စဉ်နှစ်တိုင်း တော်သလင်းလတွင် ညောင်ရွှေမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာတော်ပြန်ပွဲကြီးကို ကျင်းပလျက် ရှိပါသည်။ မူလ ဒါယကာမှာ နိုင်ငံတော် သမတဟောင်း စဝ်ရွှေသိုက် ဖြစ်သည်။ စဝ်ရွှေသိုက်သည် အင်းစိန် ထောင်ထဲ၌ (ဆေးထိုး သတ်ခံရ၍ဟု ပြောကြသည်။) ကွယ်လွန်သွားသည့် နောက်ပိုင်းတွင်လည်း ကျန်ရှိသော ညောင်ရွှေ ရပ်မိရပ်ဖများနှင့် ကန်ကြီးကျောင်းတိုက် ဆရာတော်တို့က လက်ဆင့်ကမ်း ဆက်လက် ကျင်းပခဲ့သည်။ နှစ်စဉ် လာရောက် ဖြေဆိုသူ သံဃာတော်များနှင့် သာမဏေများ ထောင်ကျော်ရှိခဲ့ရာ ယခုအချိန်တွင်မူ သုံးထောင်ကျော်လေပြီ။ စာတော်ပြန်ပွဲ ကျင်းပ ပြီးသောအခါ တပည့် ဒါယကာ၊ ဒါယကာမ အပေါင်းတို့က ဆွမ်းလောင်းလှူပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပသည့် ဓလေ့ထုံးစံပွဲ ရှိသည်။
လာရောက်ကြသော လူထု ပရိသတ်များကိုလည်း ထမင်းရည် ချောင်းစီးလောက်အောင် ဧည့်ခံ ကျွေးမွေးပါသည်။ ဟင်းလျာများ အနေဖြင့် တဆယ်သားခန့် အလေးချိန် ရှိသော ဝက်သားတုံးများကို လုံးချက်ပြီး၊ ဟင်းရည်အနေဖြင့် အင်းသားရိုးရာ ပဲလုံးဆေးခါးဟင်း၊ ငရုတ်သီးလုံး မွှေးမွှေးကြော်နှင့် ငါးမုန့်ခြောက်ကြော်တို့ ဖြစ်သည်။ ဝက်သား၏ ထုံးစံအရ (အီ) သော်လည်း အင်းသားဟင်းရည် ပဲလုံးဆေးခါးသည် အီခြင်းကို ချေဖျက်ပေးသည်။ ငရုတ်သီးခြောက်ကို မွှေးနေအောင် ကြော်ထားသောကြောင့် စပ်သော်လည်း ပါးစပ်ထဲတွင်မွှေးမွှေးလေးနှင့် တမူထူးကဲသည့် စပ်ခြင်းဖြစ်သည်။ တကြိမ် စားဖူးရုံဖြင့် စွဲမက် သွားလောက်အောင် လက်စွမ်းထက်သော အင်းလေးရိုးရာ စားစရာ ဖြစ်သည်။
ရွှေကျင် သာသနာပိုင် ဖြစ်သော စစ်ကိုင်း ရွှေဟင်္သာ ဆရာတော် ပျံလွန်တော်မူသောအခါ ညောင်ရွှေ၊ ကန်ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလသည် ရွှေကျင် သာသနာပိုင်အဖြစ် ရွေးချယ်ခြင်း ခံရသည်။ ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဖြစ်ခဲ့ဖူးသော ဗိုလ်မောင်အေးသည် ကန်ကြီးကျောင်း ဆရာတော်ကို ကြည်ညို ကိုးကွယ်သူ ဖြစ်သည်။ တိုင်းမှူးဘဝမှ ရာထူးတက်ပြီး ဗိုလ်သန်းရွှေအောက် ရောက်သွားသည့်တိုင် ဆရာတော်ကို စောင့်ရှောက် ကူညီပေးရန် ရပခ တိုင်းမှူးများကို မှာကြားလေ့ ရှိသည်။
၁၉၉၉ ခုနှစ်သည် “နအဖ နိဂုံး - ကိုးလေးလုံး” စကားကြောင့် နအဖ စစ်ဗိုလ်ချုပ်များ သောက များနေသော နှစ်ဖြစ်သည်။ သွေးချောင်းစီးမည်ဆိုသော နိမိတ်ကြောင့် နေအိမ် ခေါင်မိုးများကို ဆေးအနီ သုတ်ခိုင်းသည်။ စစ်ဗိုလ်ချုပ်များ ပြေးကိန်း ရှိသည်ဟူသော နိမိတ်ကြောင့် ဗိုလ်ချုပ်များကို မပြေးစေဘဲ ပြည်သူလူထုကို ပြေးခိုင်းသည့် အနေဖြင့် “မာရသွန် ပြိုင်ပွဲ” များကျင်းပကာ လူထုကို ပြေးခိုင်းသည်။ အဘက်ဘက်မှ အကြပ်ရိုက်သည့်နှစ်မို့ ဗိုလ်မောင်အေးသည် ကန်ကြီး ဆရာတော်ထံ ချဉ်းကပ်နေရသည်။
တော်သလင်းလတွင် ကျင်းပမည့် “ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာတော်ပြန်ပွဲကြီး” ကို စည်စည်ကားကား ကျင်းပပေးပါ့မည်ဟုလည်း ဂတိပြုသည်။ ဆရာတော်ကလည်း ရွှေကျင် သာသနာပိုင် အဖြစ် တာဝန် ယူထားတာကြောင့် မြေပြန့်မှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်များကို စုံစုံလင်လင် ဖိတ်ကြားပေးရန် တောင်းဆိုသည်။ ဗိုလ်မောင်အေးကလည်း ပြီးပြည့်စုံရမည်ဟု လျှောက်တင်ကြွားဝါသည်။ ဤသို့ဖြင့် “တော်သလင်းလ စာပြန်ပွဲ” သည် နီးသည်ထက် နီးလာပါတော့သည်။
ကျေးသီး-မိုင်းကိုင် ခရီးစဉ်တွင် ချောင်းမြောင်းပစ်ခတ် လုပ်ကြံခံရသော ဗိုလ်မောင်ဘိုသည် အသက်ဘေးမှ သီသီလေး လွတ်မြောက်လာသော အချိန်ဖြစ်သည်။ ကြောက်စိတ် မပြေသေးမီ ယခုလည်း ဗိုလ်မောင်အေး၏ အမိန့်ကြောင့် ညောင်ရွှေ စာပြန်ပွဲကို ပြင်ဆင် ပေးနေရရှာသည်။
စီမံ ခန့်ခွဲရာတွင်လည်း ရှမ်းပြည်နယ် ရဲမှူးကြီးကို အခမ်းအနား ပြင်ဆင်ရေး၊ ပြည်နယ် လဝကမှူးကို ကြိုဆိုနေရာ ချထားရေး၊ ဒု-တိုင်းမှူးကို ဘဏ္ဍာ ရှာဖွေရေး၊ ဗထူး တပ်နယ်မှူးကို လုံခြုံရေး၊ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူ (သင်္ချာ တတိယနှစ် - တောင်ကြီး တက္ကသိုလ်) ကို စာရင်းစစ်ဆေးရေး စသည်ဖြင့် တာဝန်များ ခွဲဝေပေးကာ ဆပ်ကော်မတီများ ဖွဲ့စည်းခိုင်းသည်။
ပြည်နယ် လဝကမှူး၏ ဆပ်ကော်မတီ အဖွဲ့သည် ကြိုဆိုနေရာ ချထားရေး တာဝန် ယူရသဖြင့် ကြံ့ဖွံ့အသင်းမှ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေသော ကားများကို သုံးစွဲလေသည်။ ဒီဇယ်ဆီများကို အလွန်အမင်း ထုတ်ယူပြီး အချို့ကို မှောင်ခို ထုတ်ရောင်းစားသည်။ ကားသမားများကို ဝေစု မပေးသဖြင့် ကားဆရာက ပညာပြတော့သည်။ စစ်ကိုင်း-မန္တလေးဘက်မှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်များကို သွားရောက် ကြိုဆိုသောအခါ ပြဿနာ တစုံတရာ မဖြစ်ခဲ့သော်လည်း စာရေးပြီး တိုင်ကြားရာတွင် လက်သံပြောင်သော ပဲခူး-ကြက်ခတ်ဝိုင်း ဆရာတော် အဖွဲ့နှင့် ပြဿနာ ပေါ်တော့သည်။
ဗိုလ်မျက်စောင်း အကြောင်းမရွေး
၁၉၉၉ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စာပြန်ပွဲတော်ကြီး ပြီးဆုံးသည့်နေ့ ဖြစ်သည်။ ထမင်းစား ဓမ္မာရုံပေါ်တွင် စစ်ယူနီဖောင်း ဝတ်ဆင်ထားသူများ အိနြေ္ဒ မရဘဲ အော်ဟစ် စားသောက် နေကြသောကြောင့် လူထုပရိသတ် များစွာမှာ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ အချို့မှာ ထမင်းပင် မစားသောက်တော့ဘဲ ပြင်ပ ထမင်းဆိုင်မှ ထမင်း ဝယ်ယူကာ ညောင်ရွှေ တိုဟူးသုပ်ဖြင့် ရေချောင်းဘေးတွင် စုဝေး စားသောက် နေကြသူများလည်း ရှိသည်။ အကြောင်းမှာ ဓမ္မာရုံပေါ်ရှိ ဗိုလ်မောင်အေး အဖွဲ့၊ ဗိုလ်မောင်ဘို အဖွဲ့ စစ်သားများနှင့် ကင်းကင်း နေလိုသောကြောင့် ဖြစ်သည်။
ထမင်းဝိုင်းမှ သမိုင်းတွင်မည့် ဖြစ်ရပ်နှစ်ခု ရှိခဲ့ပါသည်။ ဗိုလ်မောင်အေး အဖွဲ့မှ ဗိုလ်မှူးချုပ် ကျော်ဆန်း (နောင်အခါ ပြန်ကြားရေး ဝန်ကြီး) ဆိုသူသည် ညစ်ထေးထေး (ဝါကျင်ကျင်) လက်ဆေးရည်ခွက်ကို အင်းလေး-ပဲလုံး ဆေးခါးဟင်းရည်ခွက် ထင်၍ မှားသောက်မိခဲ့ပါသည်။ ထိုဖြစ်စဉ်ကို အနီးရှိ လွိုင်လင် တပ်နယ်မှူး၊ ဗိုလ်မှူးချုပ် ပြည့်စုံ (နောင်အခါ စီးပွား-ကူးသန်း ဝန်ကြီး) သိရှိသွား၍ မထိန်းနိုင်ဘဲ အော်ဟစ် ရယ်မော လိုက်သေးသည်။
ကွမ်းအလွန်စားသော ဗိုလ်မောင်ဘိုသည် ထမင်း စားပြီးသောအခါ အားပါးတရ လက်ဆေးရန် အတွက် ရေစင်သို့ ရောက်လာသည်။ လူပရိတ်သတ် များလွန်းသောကြောင့် ရွှေဝါဆပ်ပြာကို အပိုင်းပိုင်း တုံးတစ်ထားသောကြောင့် ဗိုလ်မောင်ဘို တယောက် နို့မလှိုင်လုံး ထင်မှတ်ကာ ချက်ချင်း ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။ လက်သုပ်ပုဝါ အသင့်ကိုင်ထားသော ကြံ့ဖွတ်-ဦးဉာဏ်လင်း တွေ့ရှိသွား၍ ဆပ်ပြာဖြစ်ကြောင်း ရှင်းပြရာ ဗိုလ်မောင်ဘိုက “အညှီအဟောက်တွေ များလွန်းတော့ လက်ဆေးရုံတင် မကဘူး၊ ငါက အူတွေပါ ဆေးတဲ့အနေနဲ့ ဆပ်ပြာကို မျိုချတယ်ကွ” ဟု ချော်လဲရောထိုင် စကားဖြင့် အရှက်ပြေ ပြောလိုက်သည်။
ဓမ္မာရုံကြီးတွင် ကန်ကြီး ဆရာတော်လည်းဖြစ် ရွှေကျင် သာသနာပိုင်လည်း ဖြစ်သော ဆရာတော်သည် တရားဟောကြား၍ ငါးပါးသီလ ပေးနေလေသည်။ ထူးခြားနေသည်မှာ ဓမ္မာရုံ၏ မှန်စီ ရွှေချထားသော တိုင်တိုင်းတွင် ဒါယကာဟောင်း စဝ်ရွှေသိုက်၏ ဓာတ်ပုံများကို ချိတ်ဆွဲ ထားသောကြောင့် ဗိုလ်မောင်အေး တယောက် ဘဝင်မကျ ဖြစ်နေသည်။ တရားနာကြားပြီး ရေစက်ချပြီးသော အခါ မျက်နှာရမည် အထင်ဖြင့် ဆရာတော်ထံ ချဉ်းကပ်ကာ မှိုရသည့် မျက်နှာဖြင့် “ဆရာတော်ဘုရား ပြီးပြည့်စုံတော်မူပြီး သဘော ကျတော်မူပါရဲ့လား” ဟု မေးမြန်း လျှောက်တင်တော်မူသည်။ ဆရာတော်က “အစစ အရာရာတိုင်း ပြီးပြည့်စုံပေမယ့် ဘုန်းကြီး မျှော်နေရှာတဲ့ ကြက်ခတ်ဝိုင်း ကိုယ်တော် ရောက်မလာတာတော့ စိတ်မကောင်းဘူး” ဟု ဖြေကြားလိုက်သည်။ လက်တဖက်မှလည်း ကြက်ခတ်ဝိုင်း ကိုယ်တော်၏ အတိုင်အတော ထူသည့်စာကို ဗိုလ်မောင်အေးကို လှမ်းပေးလိုက်သည်။ မျှော်လင့် ရည်မှန်းထားချက်များ ဖြစ်မလာ၍ ဗိုလ်မောင်အေး၏ နီရဲနေသော မျက်စောင်းသည် အနီးရှိ ချစ်ဇနီးချော ဒေါ်မြမြစန်း ကို ကျော်ကာ တိုင်းမှူး ဗိုလ်မောင်ဘို ထံသို့ စူးစိုက် ရောက်ရှိ သွားလေတော့သည်။
ရဟတ်ယာဉ် ပျံတက်ခါနီးချိန်တွင် မောင်အေး၏ ဒေါသသံ၊ ကြိမ်းမောင်းသံတို့သည် ရဟတ်ယာဉ် အသံနှင့်အတူ ဆူညံနေသည်။ ခန္ဓာကိုယ်ကို မတ်မတ် ကော့ထားရသော တိုင်းမှူးမောင်ဘို ကြက်သေသေကာ မှင်တက်စွာ နာခံနေရသည်။ ဆူပူသူက အရပ် ကလန်ကလား၊ လက်ညှိး တကားကားနှင့် ဖြစ်ပြီး နာခံနေရသူက ကြောင်တောင်တောင် မျက်နှာ၊ ပြူးကျယ်ကျယ် မျက်လုံးနှင့်မို့ လွန်စွာ လိုက်ဖက်သင့်လှသော မြင်ကွင်း ဖြစ်နေသည်။
နောက်ဆုံးရလဒ်
ညောင်ရွှေမှ တိုင်းမှူး မောင်ဘို ဦးဆောင်သော ကားတန်းကြီးသည် မိုင်ကုန် ဖွင့်မောင်းကာ တောင်ကြီးသို့ ချီတက် သွားလေသည်။ ရှမ်းပြည်နယ် အစည်းအဝေး ခန်းမရုံးတွင် ကားတန်းသည် ရပ်တန့်လိုက်ပြီး ဆပ်ကော်မတီ တာဝန်ခံများ တန်းစီရပ် နေယူလိုက်သည်။ တိုင်းမှူးကား ဝင်လာတော့ အားလုံး သတိဆွဲ၊ အသက်မရှူ ရဲလောက်အောင် ငြိမ်သက်နေရသည်။ တန်းစီနေရာ ယူထားကြသူများထဲတွင် ရှမ်းပြည်နယ် ဘော်လီဘော ဥက္ကဌလည်းဖြစ်၊ လတ်တလော ညောင်ရွှေ စာပြန်ပွဲတွင် ကြိုဆို နေရာချထားရေး ဆပ်ကော်မတီ တာဝန်ခံလည်း ဖြစ်သော ပြည်နယ် လ-ဝ-က မှူးသည် အရပ် အမြင့်ဆုံး ဖြစ်သည်။ ဗိုလ်မောင်ဘို တယောက် ပါးစပ်မှ အမြုပ်တစီစီ ထွက်နေရင်း ကားပေါ်မှ ပြေးဆင်းလာကာ ပြည်နယ် လ-ဝ-က မှူး၏ မျက်နှာတည့်တည့်ကို လှမ်းထိုးလိုက်လေသည်။ လက်သီးချက်သည် တော်တော် ပြင်းပုံရသည်။ ဆောင်းထားသော လ-ဝ-က ဦးထုပ်ပင် မြေခ ကျသွားရှာသည်။
ကြံ့ဖွတ် အတွင်းရေးမှူး ဦးဉာဏ်လင်းက ကောက်ယူမည် လုပ်စဉ် “ဟို ... ခွေးမသားက ဘာလို့ လှမ်းကောက်တာလဲ။ မင်းပါ အဆစ်နာချင်လို့လား” နေ့ခင်းက ဆပ်ပြာခဲကို မလိုင်လုံး ထင်၍ ကောက်ယူ စားမိသောကြောင့် ဆပ်ပြာ တန်ခိုးပြကာ အမြုပ်များ ထွက်လာသည်ကို မြင်ရသူ အပေါင်းက တိုင်းမှူး မောင်ဘိုသည် စိတ်ကြီးလျှင် ဝက်ရူးပျံရောဂါ ထတတ်သည်ဟု ပြောစမှတ် တွင်သွားလေသည်။
မမေ့နိုင်သောအရာများမှာ
ကြက်ခတ်ဝိုင်း ဆရာတော်၏ စာမြင်တိုင်း ဗိုလ်မောင်အေးသည် ဒေါသထွက်ကာ ပျံလွန်တော်မူရှာပြီ ဖြစ်သော ညောင်ရွှေ ကန်ကြီး ဆရာတော် ဘဒ္ဒန္တဝိမလ၏ သာဓု အနုမောဒနာကို သတိရလျက် ရှိသည်။ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ မျက်စောင်းကို မြင်ယောင်မိတိုင်း ဒု-ဗိုလ်ချုပ်ကြီး မောင်ဘိုသည် ဒေါသထွက်ကာ သတိဆွဲ၊ ငြိမ်သက်စွာ ရပ်တန့်နေခြင်းကို သတိရနေသည်။ ပင်စင် ယူသွားရှာပြီ ဖြစ်သော ရှမ်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေး (လ-ဝ-က) မှူးသည် ဟောင်းလောင်း ဖြစ်နေသော သွားနှင့် ဒီဇယ် ပီပါများကို မြင်ယောင်မိတိုင်း ကရင်၊ မွန်၊ တနင်္သာရီဒေသ စစ်တိုင်းမှူးကြီး မောင်ဘို ကို ကျိန်ဆဲ နေတတ်လေသတည်း။
မင်းလွင် (ရှမ်းပြည်)

နိုင်ငံ့ စစ်တပ်သည် ခေါင်းဆောင်သစ် ရလိမ့်မည် (ဗေဒင် ဟောစာတမ်း)

ညံ့ကောင်း
ဆရာကြီး ဦးသန်းရွှေ
Friday, 26 October 2007 15:31 - မြန်မာစံတော်ချိန်
လာမည့် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် မဟာအင်္ဂါဂြိုလ်မင်းသည် သိန်းချီသော အရှိန်အဝါဖြင့် အသံကုန် မြည်ဟည်း၍ ကမ္ဘာမြေဆီသို့ ချည်းကပ်လာရာမှ ဗြဂ္ဂဇာခေါ် နောက်ပြန် ခွဲခွာတော့မည် ဖြစ်ရာ မဟာကာလဇာတာ သည်ကား ပြည်ထောင်စု မြန်မာနိုင်ငံအတွက် အတိတ်နမိတ် မျိုးစုံကို ဖော်ပြလျှက် ရှိပေတော့သည်။
အသံကုန်မြည်ဟီး၍ မဟာပထဝီ မြေကြီးထံ ပြင်းထန်သော အဟုန်ဖြင့် ချည်းကပ်လာသော အင်္ဂါဂြိုလ်မင်းသည် နိုဝင်ဘာ လဆန်းပိုင်းမှစ၍ ကမ္ဘာမြေကြီးနှင့် အနီးဆုံးဆီသို့ ရောက်ရှိ၍ ဗြဂ္ဂဇာ ပြုရန် ၄င်း၏အဟုန်ကို ဘရိတ်ဖမ်းချိန် ဖြစ်ရာ အင်္ဂါဂြိုလ်မင်း၏ ပါပသတ္တိမျိုးစုံကို အစွမ်းကုန် မြင်ရမည့် အချိန်အခါ ဖြစ်ပေတော့သည်။
အင်္ဂါဂြိုလ်မင်း၏ ကိုယ်ပွားဟု ပြောရမည့် မြန်မာ စစ်တပ်သည် နိုဝင်ဘာ လလယ်ပိုင်းအထိ သွေးထွက်သံယိုမှု မျိုးစုံ၊ မတရားမှု မျိုးစုံ၊ အမျိုး ဘာသာ၊ သာသနာတို့အား ဖောက်ပြန် စော်ကားမှု မျိုးစုံကို ပြုမူလိမ့်မည်ဟု ကျမ်းဂန် အထောက်အထားများက ပြဆိုလျှက် ရှိတော့သည်။ မဟာကာလဇာတာ အင်္ဂါဂြိုလ်မင်းကို မြန်မာ့လွတ်လပ်ရေး ဇာတာ တနင်္ဂနွေ ဂြိုလ်မင်းက ခုနှစ်တန့် အမြင် နှင့် မြင်ယှဉ်တားရာ မြန်မာမင်း ဧကရာဇ်သည် စစ်တပ်၏ ဖောက်ပြန်သော အပြုအမူမျိုးစုံကို အမိန့်တော် မှတ်လိမ့်မည်ဟု ညွှန်ပြသည်။
သို့သော် အဆိုပါ အင်္ဂါဂြိုလ်မင်း ဗြဂ္ဂတကျင့်ချိန် နိုဝင်ဘာ(၂၁) ရက်နေ့ နောက်ပိုင်းမှစ၍ စစ်တပ်သည် ပုံမှန် အပြုအမူတို့မှ ဖောက်ပြန်၍ ကျင့်ကြံမည် ဖြစ်ရာ ဖြစ်ရိုးဖြစ်စဉ် နာခံမှု နှင့် သွေးထွက်သံယို ပြုကျင့်မှုတို့ကို ရပ်တန့်လျှက် ၄င်းအား ခုနှစ်တန့် အမြင်နှင့် မြင်ယှဉ်ထားသူ တနင်္ဂနွေ ဂြိုလ်မင်းကို ဂြိုလ်စစ် ထိုးလိမ့်မည် ဖြစ်ရာ မင်းဧကရာဇ်သည် ဆွေပြတ်၊ မျိုးပြတ် သွတ်ချာပါတ ဖမ်း၍ အသက်ခန္ဓာ အိုးစားကွဲရမည်ဟု ဆိုလိုပေ၏။ ထိုကာလ၌ စစ်တပ်သည် ခေါင်းဆောင်သစ်ကို ရရှိလတ္တံ။
လူငယ် စစ်ခေါင်းဆောင်တို့သည် သွေးစွန်းထားသော စစ်တပ်ကို တလျော် ကင်ပွန်းတို့နှင့် ဆေးကြောလိမ့်မည်။ နိုင်ငံ့ဝန်ကို နွားလား ဥဿဖတို့လို ထမ်းလိမ့်မည်။ ပညာရှိ သူတော်ကောင်းတို့၏ အကြံကို နာခံလိမ့်မည်။ လွန်လေပြီးသော အစိုးရ အဆက်ဆက်/ ကွဲပြားနေသော နိုင်ငံရေး အမျိုးမျိုးကို စုစည်းပေးမည့် ခေါင်းဆောင်သစ်ကို ရရှိလိမ့်မည်။ နိုဝင်ဘာလ မှ ဧပြီလ ကာလသည် စေ့စပ်ဆွေးနွေး ညှိနှိုင်းမှု အမျိုးမျိုး၊ စည်းဝေးပွဲ အမျိုးမျိုး၊ စာချုပ် သဘောတူမှု အမျိုးမျိုး ပြုလုပ်မည့်ကာလ ဖြစ်လိမ့်မည်။ နိုင်ငံရေးသမား အပေါင်းသည် ရှောင်ဖယ်နေရာမှ စစ်တပ်၏ လုံ့လကို အသိအမှတ်ပြုကာ ပေါင်းမိကြချိန်တွင် ပြည်ထောင်စု မြန်မာနိုင်ငံသည် အထွဋ်အထိတ်သို့ ရောက်ရှိချိန် ဖြစ်ရလိမ့်မည်။ သံသယဖြင့် စောင့်ကြည့်နေသော အမေရိကန်၊ အင်္ဂလိပ်တို့သည် ၂ဝဝ၈ခုနှစ်၊ မြန်မာ နှစ်ဆန်းချိန်တွင် မြန်မာနိုင်ငံသစ်ကို အသိအမှတ် ပြုကြလတ္တံ။ ၂ဝဝ၈ခုနှစ်၊ မြန်မာနှစ်ဆန်းချိန်တွင် မြန်မာနိုင်ငံသစ်၏ အလံသစ် နှင့် ထိပ်သီး မြန်မာနိုင်ငံကို ကမ္ဘာ့လူထုက လေးစားခန့်ညား ကြလိမ့်မည်။

အာရှတန်ဖိုးရဲ့ နေဝင်ချိန်

ကျော်ခေါင်
Friday, 26 October 2007 15:35 - မြန်မာစံတော်ချိန်
မြန်မာပြည်မှာ စစ်အစိုးရက ပြည်သူပြည်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အကြား အမြဲလိုလို အငြင်းအခုံ ဖြစ်နေရတဲ့ အချက်ကတော့ စီးပွါးရေး ဒဏ်ခတ် ပိတ်ဆို့မှုနဲ့ စစ်အစိုးရအပေါ် ဖျောင်းဖြ နားချပြီး စည်းရုံးမှုဆိုတဲ့ မူဝါဒ ဖြစ်ပါတယ်။
မြန်မာပြည် အရေးဟာ နိုင်ငံတကာ အလယ်မှာ လူ့ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းရတဲ့ ဖြစ်ရပ် ဖြစ်တယ် ဆိုတာကိုတော့ ကမ္ဘာပေါ်က လူသားတိုင်း၊ နိုင်ငံတိုင်း လက်ခံထားကြပြီး ပဋိပက္ခတွေကို ဖြေရှင်းကြတဲ့ နည်းနာတွေကို စွမ်းနိုင်သလောက်တော့ ထုတ်သုံးကြပါတယ်။ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေရေး အတွက် အနောက်နိုင်ငံတွေရဲ့ မူဝါဒက စီးပွါးရေး ပိတ်ဆို့ အရေးယူရေး ဖြစ်ပါတယ်။ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံတွေကတော့ ပိတ်ဆို့ ဒဏ်ခတ်ရေးကို ဆန့်ကျင်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးလို့ သူတို့ခေါ်တဲ့ အချိုသပ် နားချရေး သံခင်း တမန်ခင်း နည်းကိုသာ တစိုက်မတ်မတ် ကျင့်သုံးနေဆဲပါ။
မြန်မာပြည်အပေါ် စီးပွါးရေး ပိတ်ဆို့မှုဟာ ထိရောက်မှု မရှိတဲ့အပြင် သာမန် ပြည်သူတွေသာ ဒီပိတ်ဆို့မှုကြောင့် ဒုက္ခ ရောက်ရတယ်ဆိုတဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကို ဒီဆယ်စုနှစ်အတွင်း လှိုင်လှိုင် ပြောနေရာကနေ သူတို့ရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ် လုပ်ဆောင်မှုဟာလည်း မအောင်မြင်ပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆမ်း ဝီရာယုဒါ ကိုယ်တိုင် သြဂုတ်လအတွင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အာဆီယံရဲ့ မြန်မာပြည်အပေါ် ထားတဲ့ သူတို့မူဝါဒကတော့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဆဲပါပဲ။ ဒါဖြင့် အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုဟာ တကယ်ပဲ ထိရောက်မှု ရှိရဲ့လား။ ဘာ့ကြောင့် ပိတ်ဆို့ရေးမူကို ဆက်ပြီး ကျင့်သုံးနေတာလဲ။
ဒါကတော့ နိုင်ငံရေးစနစ် ပြောင်းလဲမှ နိုင်ငံ့ စီးပွါးရေးနဲ့ ကျန်အပိုင်းတွေပါ ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုတဲ့ အယူအဆနဲ့ စီးပွါးရေး ကောင်းမွန်တဲ့ အခင်းအကျင်းရှိမှ နိုင်ငံရေးနဲ့ကျန် အစိတ်အပိုင်းတွေပါ ပြောင်းလဲလာမယ် ဆိုတဲ့ အယူအဆ (၂)ခုဟာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး လွန်ဆွဲမှုကြီး ဖြစ်ပေါ်လာစေတာပါပဲ။ ဒီနေရာမှာ အနောက်နိုင်ငံတွေဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စေဖို့ စီးပွါးရေးအရ ဘေးကြပ်နံကြပ် ဖြစ်လာစေအောင် ဖိအားပေးရေးကို မူဝါဒတစ်ခုအဖြစ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြပါတယ်။
စီးပွါးရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ကျင့်သုံးတဲ့အခါမှာ အဓိကအချက် (၅)ချက် ရှိပါတယ်။ နိုင်ငံ တစ်နိုင်ငံက ကျင့်သုံးနေတဲ့ အစိုးရရဲ့ နိုင်ငံရေး မူဝါဒတွေ ပြောင်းလဲစေရေး (နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး၊ နျူးကလီးယား လက်နက် မထုတ်လုပ်နိုင်အောင် တားဆီး ဟန့်တားရေး ကဲ့သို့သော အချက်များ)၊ တည်ဆဲအစိုးရ ပြိုလဲသွားစေရေး (အစိုးရ တစ်ရပ်ရဲ့ စီးပွါးရေး အခွင့်အလမ်းတွေကို ချိုးဖျက်ပစ်သည့် အချက်များ)၊ တည်ငြိမ်မှု ကင်းမဲ့နေတဲ့ အစိုးရ တစ်ရပ်က စစ်ရေးအရ ကျူးကျော်နိုင်သည့်အရေးကို ဟန့်တားရေး၊ စစ်တပ် တစ်ခု၏ စစ်ရေး ခြိမ်းခြောက်မှု အလားအလာများကို အားနည်းချိနဲ့သွားစေရေး (စစ်အင်အား အဆမတန် တိုးချဲ့နေခြင်း)နဲ့ အခြားသော ရည်ရွယ်ချက်များဖြင့် ပိတ်ဆို့ရေး (တောင်အာဖရိက နိုင်ငံတွင် အသားအရောင် ခွဲခြားမှု ရပ်တန့်သွားစေရန်) စတဲ့ အကြောင်းရင်းတွေကြောင့် စီးပွါးရေး ပိတ်ဆို့မှုကို ကျင့်သုံးကြတာ ဖြစ်ပါတယ်။
ဒီမူဝါဒကို ကျင့်သုံး လုပ်ဆောင်တဲ့ အခါမှာလည်း ပစ်မှတ်ထားခံရတဲ့ နိုင်ငံတနိုင်ငံရဲ့ အခင်းအကျင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ပိတ်ဆို့ အရေးယူမှု ထိရောက်စေရေး အတွက် (၁)။ ပိတ်ဆို့ခံရမယ့် နိုင်ငံဟာ ဧရိယာအရ သေးငယ်ပြီး စီးပွါးရေး အားနည်းနေတဲ့အပြင် နိုင်ငံရေး အခြေအနေပါ မတည်မငြိမ် ဖြစ်နေရမယ် (၂)။ အဲဒီနိုင်ငံဟာ စီးပွါးရေး ပိတ်ဆို့တဲ့နိုင်ငံနဲ့ မဟာမိတ် ဖြစ်ရမယ် (၃)။ ပိတ်ဆို့ အရေးယူမှုတွေကို အချိန်တိုတိုအတွင်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရေး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရမယ် (၄)။ ပိတ်ဆို့မှုကြောင့် ပိတ်ဆို့တဲ့ နိုင်ငံတွေ ဆုံးရှူံးရတဲ့ ကုန်သွယ်မှု ပမာဏက နည်းပါးရမယ် (၅)။ ပစ်မှတ်ထားတဲ့ နိုင်ငံကို လုပ်စေချင်တဲ့ အပြောင်းအလဲဟာ သေးငယ်ရမယ် ဆိုတဲ့ အချက်တွေ ပြည့်စုံတဲ့အခါမှာ ဒဏ်ခတ် အရေးယူမှုဟာ အင်အား ကြီးကြီးမားမားနဲ့ကို ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည် ပိတ်ဆို့ အရေးယူမှု ထိရောက်မှု ရှိတယ်၊ မရှိဘူးဆိုတာ ဒီအချက်တွေနဲ့ တိုင်းတာနိုင်သလို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ အချိန်တိုအတွင်း အကောင်အထည်ဖော်ဖို့ ခေါင်းမာ တင်းခံနေတဲ့ အခြေအနေတွေကို ဖယ်ရှားလိုတဲ့ ရည်ရွယ်ရင်းကြောင့် ကျင့်သုံးနေတဲ့ မူဝါဒကို သဘောပေါက်နိုင်ပါတယ်။ အာဏာသိမ်း စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွါးရေးအရ မတည်ငြိမ်ဘူး၊ ဂလိုဗယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာ မဖြစ်မနေ ထိစပ် ပတ်သက်နေရတဲ့ အခြေအနေတွေကြောင့် အခွင့်အလမ်းတွေ ဆုံးရှူံးရတဲ့ ပမာဏတွေ ပိုပိုပြီး ကြီးလာနေတယ်၊ ပိတ်ဆို့မှုကို အာခံရင်း ပြည်တွင်း ဖိနှိပ်မှုတွေ အရှိန်မြင့်လာတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးက နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပါဆိုတဲ့ တွန်းအားတွေ ညီညီညာညာ ပေါ်လာတာတွေဟာ ရေခံမြေခံတွေ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ပိတ်ဆို့မှုဟာ အလုပ်မဖြစ်ဘူး၊ ပူးပေါင်း ဆောင်ရွက်ရေးသာလျင် လက်တွေ့ကျတယ် ဆိုတဲ့ နိုင်ငံအချို့ ကိုယ်တိုင် စစ်အစိုးရနဲ့ မကင်းနိုင်တာကြောင့် သူတို့နိုင်ငံရဲ့ ဘဏ္ဍာရေး ထိခိုက်တော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ ဖြစ်လာနေပါတယ်။
မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးရဲ့ ဂယက်ကြောင့် အချိန်တိုတိုအတွင်း အနောက် နိုင်ငံတွေရဲ့ အရေးယူမှု၊ နောက်ဆက်တွဲ ပိတ်ဆို့ရေး ဥပဒေတွေ ပြဌာန်းမှုတွေကြောင့် စစ်အစိုးရရဲ့ ငွေကြေး အရင်းအမြစ်တွေ လျှပ်တပြတ်အတွင်း ပြတ်တောက် သွားခဲ့ပါတယ်။ စီးပွါးရေး တည်ငြိမ်မှ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်လာစေမယ်ဆိုတဲ့ အယူအဆကို ချိုးဖျက် နိုင်လိုက်တဲ့အခါ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယ အစိုးရတွေ ကိုယ်တိုင်က မြန်မာပြည်မှာ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မဖြစ်မနေ လုပ်ဖို့ လိုနေပြီလို့ ထုတ်ဖော် ပြောလာရတဲ့ ကိန်းကို ဆိုက်သွားပါတယ်။ ဒါဟာ ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရ အလဲထိုးခံလိုက်ရတဲ့ ကနဦးအချက် ဖြစ်ပါတယ်။
နောက်ထပ် စစ်အစိုးရ ရင်ဆိုင်နေရတာက ၁၉ နှစ်လုံးလုံး မလုပ်ချင်ဆုံး အလုပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို လုပ်ပါမယ်လို့ ကတိပေးခဲ့ရတာပါပဲ။ ဒါတွေဟာ စီးပွါးရေး ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ ဖိအားကို မငြင်းဆန်နိုင်တဲ့ အခြေအနေကို ဆိုက်ရောက် သွားစေတာမို့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုဟာ ထိရောက်မှု ရှိတယ် ဆိုတာပါပဲ။ ဒီပိတ်ဆို့မှုတွေကြောင့် သူတို့ ကိုယ်တိုင် ထိခိုက်ပါတယ်လို့ စစ်အစိုးရ ကိုယ်တိုင် ဝန်ခံလာပြီး တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စေချင်ရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရမယ်လို့ အပေးအယူ လုပ်လိုတဲ့သဘော တီးခေါက်လာပါတယ်။
လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန် ပြည်ထောင်စုက ထပ်မံ ပြဌာန်းဖို့ရှိတဲ့ Burma JADE Act 2007 ဟာ ကုလသမဂ္ဂက တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေးရေး အမြန်ဆုံး စတင်ရေး ခြေလှမ်းတွေ နှောင့်နှေးအောင် အချိန်ဆွဲနေတာကို ရပ်တန့်စေဖို့ နောက်ထပ် လှမ်းနေတဲ့ အင်အားပြင်းတဲ့ ဖိအား ဖြစ်ပါတယ်။ ဒီသီတင်းပတ် အတွင်းမှာလည်း တောင်အာဖရိကနဲ့ ဆွစ်ဇာလန် နိုင်ငံတွေက မြန်မာပြည်က တင်သွင်းလာတဲ့ အဝတ်အစားနဲ့ ရေထွက် ပစ္စည်းတွေကို ဆိပ်ကမ်း ရောက်ပြီးမှ ပြန်ပို့ခံလိုက်ရတဲ့ သီးခြားအဓိပ္ပါယ်နဲ့ အရေးယူမှုကြောင့် စစ်အစိုးရရဲ့ ရပ်တည်ရေးဟာ ပိုပြီး အကြပ်ရိုက်စေခဲ့ပါတယ်။ စစ်အစိုးရရဲ့ ဆွေမျိုးသားချင်း ကောင်းစားရေး စီးပွါးရေး မူဝါဒကို ကျားကန်ပေးနေတဲ့ အလိုတော်ရိ စီးပွါးရေး သမားတွေရဲ့ လုပ်ငန်းတွေ အမည်ပျက် စာရင်းထဲ ထည့်သွင်းခံရတာတွေ၊ သူတို့ရဲ့ ဘဏ္ဍာရေး စာရင်းတွေကို ပိတ်ဆို့လိုက်တာတွေကြောင့် စင်္ကာပူ အပါအဝင် ဒေသတွင်းက နိုင်ငံတွေကပါ မြန်မာ စစ်ဗိုလ်တွေကို အကာအကွယ် ပေးနိုင်ရေးဆိုတာ ခက်ခဲလာပါတယ်။ ဒါ့ကြောင့် အပြောင်းအလဲတွေ လုပ်ပါလို့ ထုတ်ဖော် ပြောလာနေသလို စစ်တပ်ကို ဖယ်ရှားလိုက်ရင် အီရတ်က အခြေအနေတွေလို ဖြစ်လာမယ်လို့ ဗေဒင်ဆရာလိုလို လေသံတွေ ပစ်လာပြီး စစ်အစိုးရ ပြုတ်ကျရေးတော့ မလုပ်ပါနဲ့၊ အာဏာ ခွဲဝေရေးလုပ်ပြီး အရပ်သား အစိုးရ ဖွဲ့ပါလို့ ပြောလာကြပါတယ်။ ဆူဟာတိုလွန် ကာလတွေကို နမူနာ ယူပါတို့၊ မြောက်ကိုရီးယား အရေး (၆) နိုင်ငံ ဆွေးနွေးပွဲအတိုင်း လိုက်ပါတို့ ပြောလာပါတယ်။ ဒါဟာ ဒေသတွင်း နိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်ရေး မူဝါဒ ဗုန်းခနဲ လဲပြိုသွားတာကို သိက္ခာ ဝိုင်းဆယ်ကြတဲ့ သဘောပါပဲ။
ဒါပေမယ့် အာဆီယံဟာ စီးပွါးရေး ပိတ်ဆို့မှုကို မထောက်ခံပါဘူးလို့ တွင်တွင် ပြောနေရတာ ဘာ့ကြောင့်လဲ။ အဖြေကတော့ ခေတ်မီရေး၊ ချမ်းသာ ကြွယ်ဝရေးမူကြောင့် စီးပွါးရေး၊ ကုန်သွယ်ရေးကို ထိခိုက်မှုကို မလိုလားခြင်းနဲ့ တရုတ်နိုင်ငံရဲ့ မြန်မာပြည် ပေါ်လစီအပေါ် သတိထားနေခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာပြည်အပေါ် သြဇာ လွှမ်းမိုးမှုကို အာဆီယံ နိုင်ငံတွေဟာ သိပ်ကို စိုးရိမ်ကြပါတယ်။ တရုတ်သြဇာ ပျံ့နှံ့မှုကို ဟန့်တားနိုင်ရေးအတွက် အာဆီယံအဖွဲ့ကို ထူထောင်ခဲ့ရတာ ဖြစ်ပါတယ်။ အနောက် မဟာမိတ် နိုင်ငံတွေလို မြန်မာပြည်ကို ပိတ်ဆို့လိုက်ရင် တရုတ် လွှမ်းမိုးမှုနဲ့ စီးပွါးရေးဟာ မြန်မာပြည်မှာ တမိုးလုံး ဖျောက်ဆိပ် ဖြစ်သွားမှာပါ။ ဒါကို အိန္ဒိယကလည်း အဖြစ်မခံနိုင်ပါဘူး။ အိန္ဒိယနဲ့ အာဆီယံ တဦးကိုတဦး ဈေးကွက်အရ လိုအပ်နေကြတာမို့ မြန်မာပြည်ဟာ သူတို့ကြားက ပင်မ အဆက်အသွယ်ကြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆီယံဟာ ကုလသမဂ္ဂ အလိုအတိုင်းသာ လုပ်ပါ၊ ထောက်ခံပါတယ်လို့ တစိုက်မတ်မတ် ပြောလာပါပြီ။
မြန်မာစစ်အစိုးရရဲ့ ခေါင်းမာမှုကို တစ်ချက်တည်း အလဲထိုးနိုင်မယ့် ကစားကွက်ကတော့ တရုတ်ကို ဖိအားပေးတဲ့နည်း ဖြစ်ပါတယ်။ တရုတ် အစိုးရသာ ရေရှည်အမြင်နဲ့ မြန်မာပြည် အရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားကို ဖိအားပေးသလို မြန်မာ စစ်ခေါင်းဆောင်ကို ဖိအား ပေးနိုင်ရင်တော့ သေချာပေါက် အပြောင်းအလဲ ရှိပေမယ့် တရုတ်အစိုးရက သေချာပေါက် အမြတ်ကျန်မှ ဒီပွဲကို ဝင်နွှဲမှာပါ။ သူ့သြဇာသုံးပြီးမှ အိန္ဒိယနဲ့ ဝေစုခွဲရမယ် ဆိုရင်တော့ ရှူံးနေသေးတာမို့ ဈေးတင်ထားတဲ့ အခြေအနေမှာ ရပ်တည်နေတာပါ။ ဂလိုဗယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာ မြန်မာပြည် အရေးဟာ ကမ္ဘာ့နိုင်ငံ တနိုင်ငံချင်းစီရဲ့ အမျိုးသား အကျိုးစီးပွါးတွေကြားမှာ မဗေဒါက အယက်အကန် ခံနေဆဲပါပဲ။ ကမ္ဘာကြီး ပြောင်းလဲသွားတာကြောင့် မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းကလည်း အချိန်တွေ ကြာမြင့်ခဲ့ရသလို ဒီမိုကရေစီ အောင်ပွဲကို ညတွင်းချင်း မရနိုင်တဲ့ ခရီးရှည်တွေကို တအိအိ ဖြတ်သန်းနေရဆဲပါ။ ဒါပေမယ့် အဲဒီလှိုင်းကြောင့်ပဲ စစ်အစိုးရဟာ ကြောက်ခမန်းလိလိ ဖိအားတွေကို အလူးအလဲ ခံနေရတာလည်း ဖြစ်ပါတယ်။ အဲဒါကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူတွေရဲ့ သဘောတူညီမှု မရှိဘဲ စစ်အစိုးရက ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာ လုပ်ခွင့်မရှိတော့ဘူး ဆိုတဲ့ ရွှေဝါရောင် ဂယက်ကြီးပါပဲ။
နောက်ထပ်တခေါက် ဒီမေးခွန်းကို ပြန်မေးပါရစေ။ မြန်မာပြည်အပေါ် စီးပွါးရေး ပိတ်ဆို့မှုဟာ ထိရောက်ပါရဲ့လား။ လီကွမ်ယူရဲ့ တစ်ချိန်တုန်းက စီးပွါးရေး ပြောင်းလဲပြီးမှ နိုင်ငံရေး ပြောင်းလဲမှု ရှိနိုင်မယ်ဆိုတဲ့ အာရှတန်ဖိုးဟာ သက်တမ်းမကြာခဲ့ဘူး ဆိုတာပါပဲ။ မြန်မာပြည်က သက်သေပြပါလိမ့်မယ်။

အကြမ်းမဖက်ခြင်းရဲ့ တန်ခိုး

ဆောင်းပါး
ရဲမင်းထွန်း
Monday, 29 October 2007 11:47 - မြန်မာစံတော်ချိန်
မြန်မာစစ်အုပ်စုက ဘုန်းဘုန်းတို့ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့တာဟာ အံ့သြစရာ မဟုတ်ပါ။ ပြည်သူများ အမြင်မှာ စစ်အုပ်စု ဗိုလ်ချုပ်များ အပေါ် ယုံကြည် အားထား လက်ခံနိုင်မှု ရှိရှိသမျှ အားလုံး ဆုံးရှုံး ကွယ်ပျောက်သွားပြီ ဖြစ်လို့ အာဏာ ထိန်းချုပ်ရေး အတွက် အင်အားသုံး နှိမ်နင်းရေး နည်းလမ်း တစ်ခုသာ ကျန်ရှိခဲ့ပါတယ်။
ဒါပေမယ့်၊ သူတို့မှာ သေနတ်နဲ့တင့်ကားတွေ ဘယ်လောက်ပဲရှိရှိ ဒီလို အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက် သတ်ဖြတ်တဲ့ မသတီစရာ အလုပ်တွေကို လုပ်ကိုင်ဖို့မှာ အောက်ခြေက သာမန် စစ်သားလေးတွေ အပေါ်မှာ မှီခိုနေရဆဲပါ။ သမိုင်းက သင်ကြားမှုက အမိန့်နာခံမှုတွေ ရပ်ဆိုင်းသွားတာနဲ့ တချိန်မှာ၊ ဒါမှမဟုတ် ဘက်ပြောင်းကြပြီ ဆိုတာနဲ့ တပြိုင်နက် စစ်အုပ်စုတွေရဲ့ အာဏာဟာလည်း ဖရိုဖရဲ ပြိုကွဲ ကျဆင်းသွားရောတဲ့။
ဒီလို သမိုင်းစက္ခု မှန်ပြောင်းနဲ့ ကြည့်မယ်ဆိုရင်တော့ ရွှေဝါရောင် တော်လှန်ရေးဟာ မပြီးဆုံးသေးပါဘူး။ တာစူစပဲ ရှိပါသေးသည်။
အကြမ်းမဖက်တဲ့ တော်လှန်ရေး တိုက်ပွဲမှာ အာဏာ ဖီဆန်မှုဟာ အဓိက အကျဆုံးပါ။ မဟတ္တမ ဂန္ဒီကြီးက အာဏာအထက်ဆုံး ဆိုတဲ့သူတွေတောင်မှ အုပ်ချုပ်ခံ ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု မပါရင် အုပ်ချုပ်လို့ မရပါဘူးတဲ့။ လမ်းမတွေပေါ် လူအစုအဝေးနဲ့ အင်အားပြမှ၊ အကြမ်းမဖက် လှုပ်ရှားမှု အောင်မြင်ရမှာ မဟုတ်ပါဘူးတဲ့။ ပြည်သူတွေက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရပ်ဆိုင်းပြီး အမိန့်နာခံဖို့ ငြင်းဆန်ပါကလည်း လက်ရှိ စနစ်ရဲ့ တည်ရှိမှုအပေါ် ထိခိုက် အင်အားချိနဲ့စေမှာ ဖြစ်ပါတယ်တဲ့။
မြန်မာနိုင်ငံအတွင်း စစ်အစိုးရကို အာဏာ ဖီဆန်တဲ့ လုပ်ရပ်တွေ ဆက်လက် ဖြစ်ပေါ်နေသေးကြောင်း သတင်းတွေ ပေါက်ကြား ထွက်ပေါ်လာနေဆဲပါ။ အစိုးရ ဆန့်ကျင်သူများရဲ့ အဆိုအရ လူမြင်ရာ အုတ်တံတိုင်း နံရံတွေ၊ အကျဉ်းထောင် နံရံတွေ၊ မိုးပျံ ပူပေါင်းတွေနဲ့ နောက်ဆုံး အင်းအိုင် မြစ်ချောင်းတွေထဲက ဖောင်များပေါ်မှာပါ အစိုးရ ဆန့်ကျင်တဲ့ ပိုစတာများကို တွေ့မြင်နေရပါသတဲ့။
ဆန့်ကျင် ဆန္ဒပြမှုတွေဟာ အကြမ်းမဖက် လှုပ်ရှားမှု တိုက်ပွဲကြီး တခုလုံးနဲ့နှိုင်းယှဉ်ရင် အင်အား အတိုင်းအဆခြင်း မတူညီပေမယ့်လို့ အကြမ်းမဖက်ရေး မူရဲ့ နည်းဗျူဟာ တခုတော့ ဖြစ်ပါတယ်။ ထိုနည်းတူ၊ လူတွေထောင်နဲ့သောင်းနဲ့ချီပြီး လမ်းပေါ်ထွက်လာပြီး ဖိနှိပ် အုပ်ချုပ် သူတွေရဲ့ စိတ်သဘောထား ရုတ်ချည်း ပြောင်းလဲအောင် လုပ်နိုင်တဲ့ ပြည်သူအင်အား ဆိုတာကလည်း ထူးထူးခြားခြား နားလည်ရ ခက်ခဲတဲ့ အရာတခုတော့ မဟုတ်ပါ။
ပြည်သူ့အင်အား ဆိုတာ အကြမ်းမဖက်ရေး နည်းပေါင်းစုံကို အရှည်တည်တံ့စွာ မဟာဗျူဟာ မြောက် အသုံးချစေတဲ့အရာ ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့ နည်းတွေထဲမှာ လူထုနဲ့ဝန်ထမ်းတွေက အမိန့်အာဏာ ဖီဆန်လို့ အာခံမှု၊ သပိတ်မှောက်မှု၊ ဆန္ဒပြမှုနဲ့ အစိုးရနဲ့ မပူးပေါင်းရေး နည်းလမ်းတွေ ပါဝင်ပါတယ်။ အကြမ်းမဖက် ဆန့်ကျင်ရေး တဦးဖြစ်တဲ့ ဂျန်းရှပ် (Gene Sharp) ကတော့ အကြမ်းမဖက် ဆန့်ကျင်ရေး လှုပ်ရှားမှုပေါင်း (၁၉၈) မျိုးကို စာရင်း ပြုစုထားပြီး လှုပ်ရှားမှု တခုတိုင်းဟာ လှုပ်ရှားမှု အသစ်တခုကို ဖန်တီး ဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။
အကြမ်းမဖက်ရေး လှုပ်ရှားမှုမှာ မဟာဗျူဟာမြောက် ရည်ရွယ်ချက် (၄) ရပ် ရှိပါတယ်။ ဒါတွေက တိုင်းနိုင်ငံတခု၊ ဒေသတခုနဲ့ မြို့ကြီးတမြို့တို့ရဲ့ပုံမှန် လှုပ်ရှားမှုတွေကို ရပ်ဆိုင်း စေနိုင်ပါတယ်။ အဲဒီကမှ စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လို့ မရဘဲ ဖြစ်စေပါတယ်။ ချီလီ နိုင်ငံက ရက်စက် ကြမ်းကြုတ်တဲ့ သြဂတ်စတို ပီနိုချေး လက်ထက်မှာ အတိုက်အခံတို့ တောင်းဆို လှုပ်ရှားခဲ့တာကတော့ ပုံမှန်နှုန်းထားမှ အရှိန်လျှော့ချလို့ ဖြည်းဖြည်းချင်းသာ အလုပ်လုပ်ရေး ဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ တရက်မှာ ချီလီ မြို့တော် စန်တီယာဂို မြို့သူမြို့သားတွေဟာ အရှိန်တဝက်လျှော့လို့ လမ်းလျှောက်ခြင်းနဲ့ အရှိန့်လျှော့ ကားမောင်း ပြသခဲ့ပြီး သူတို့တတွေ ခံစားနေရတာ ဒီလောက်နဲ့ လုံလောက်ပြီ ဖြစ်ကြောင်းကို တစုံ တယောက်မှ အန္တရယ် ကျရောက်ခြင်း မရှိစေဘဲ ဗိုလ်ချုပ်များကို ပြောကြားခဲ့ကြပါတယ်။
ပြည်တွင်းနဲ့ အဆက်အသွယ် ရှိနေဆဲ ပြည်ပမှာ ခိုလှုံနေသူ မြန်မာတယောက်က နိုင်ငံရေး လှုပ်ရှားသူများ အနေနဲ့ ပြည်သူများအား အစိုးရနဲ့ မပူးပေါင်းရေးနဲ့ စက်ရုံများနဲ့ လုပ်ငန်းခွင်သို့ မသွားရောက်ရေးကို လှုံ့ဆော်ထားတယ်လို့ ဆိုပါတယ်။
စီးပွားရေး ဘာသာရပ်နဲ့ နိုဘယ်လ်ဆု ရရှိထားသူ သောမတ် ရှီးလင်းက နှစ်ပေါင်း(၃ဝ)က အခြေအနေကို ပြန်ပြောင်း ထောက်ပြရင်း အကြမ်းမဖက်တဲ့ လှုပ်ရှားမှုဟာ ဖိနှိပ်အုပ်ချုပ်သူတွေ လိုအပ်မယ့် ငွေကြေး၊ အစားအသောက်၊ ထောက်ပံ့ရေး ပစ္စည်းများနဲ့ လူအင်အားကို ပေးအပ်ခြင်း မရှိဘဲ ငြင်းဆန်ရေး ဖြစ်တယ်လို့ ပြောကြားပါတယ်။
ဖိလစ်ပိုင် နိုင်ငံက အာဏာရှင် ဖာဒီနန် မားကို့စ်ကို တော်လှန်ခဲ့တဲ့ ပြည်သူ့ တော်လှန်ရေးအတွင်း ပြည်သူတွေက အစိုးရနဲ့ အဆက်အသွယ်ရှိတဲ့ ဘဏ်များကနေ စုဆောင်းငွေများ ပြန်လည် ထုတ်ယူခြင်း၊ ရေဖိုး၊ မီးဖိုးများ မပေးဘဲ ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ ငွေကြေး အကြီးအကျယ် လိုအပ်နေပြီး တလွဲတချော် စီမံခံနေရတဲ့ စီးပွားရေး အပေါ် အကြီးအကျယ် ဖိအား ဖြစ်ပေါ်စေခဲ့ပါတယ်။ ဖိနှိပ်မှုကိုလည်း အလကား လုပ်လို့ မရတာကြောင့် မားကိုစ်ဟာ ငွေ အမြောက်အမြား လိုအပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူခိုင်းစေတဲ့ စစ်သားတွေကို ကျွေးဖို့၊ သယ်ယူ ပို့ဆောင်ဖို့၊ လက်နက် တပ်ဆင်ဖို့တို့အပြင် ထိပ်တန်းက ခေါင်းဆောင်တွေနဲ့ အတွင်းစည်းက လူတွေ ဆက်လက် သစ္စာခံဖို့ အတွက်လည်း ငွေနဲ့ပဲ ဝယ်ယူရတဲ့အတွက် ဖိနှိပ်မှုဟာ သူ့အတွက် ငွေကြေးများစွာ ကုန်ကျစေပါတယ်။
အကြမ်းမဖက်တဲ့ မဟာဗျူဟာနဲ့ လှုပ်ရှားမှုတွေဟာ အုပ်ချုပ်သူ စစ်အစိုးရကို အထောက် အပံ့ ပေးနေတဲ့ ထောက်တိုင်များကိုလည်း အင်အားချိနဲ့ စေပါတယ်။ အဲဒါတွေကတော့ ရဲအဖွဲ့နဲ့ စစ်တပ်တို့ အပါအဝင် ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တဲ့ အဖွဲ့အစည်းနဲ့ အုပ်စုများပါ။ ပြည်ပ မှာ ခိုလှုံနေသူ မြန်မာတဦးက မြန်မာ စစ်သားများ အနေဖြင့် အမိန့်ကို အပြည့်အဝ နာခံခြင်း မရှိတော့ကြောင်း၊ အချို့ဟာ ခွင့်မဲ့ ပျက်ကွက်နေကြကြောင်းနဲ့ နအဖအတွင်းက ထိပ်တန်း စစ်ခေါင်းဆောင် နှစ်ဦးအကြား မပြေလည်မှုဟာ ထင်ထင်ရှားရှားကြီး ဖြစ်ပေါ်နေကြောင်း ပြောကြားပါတယ်။
ယခင် အကြမ်းမဖက်ရေး လှုပ်ရှားမှု တိုက်ပွဲများမှ ရရှိတဲ့ သင်္ခန်းစာအရ လက်စားချေမှု မပါဝင်ဘဲ တရားမျှတတဲ့ လူ့အဖွဲ့အစည်း ပေါ်ထွက်လာရေး အမြင်ကို အားလုံး သိရှိစေရန် ကြေညာ ပြောကြားချက်ဟာ အရေးကြီးပါတယ်။ မျှတတဲ့ ဒီလူ့အဖွဲ့အစည်းမှာ ဖိနှိပ်သူများ ဖက်မှ ဘက်ပြောင်း ခိုလှုံလာသူတွေအတွက် နေရာတနေရာ ရှိမည်ဖြစ်ကြောင်း သိထားစေရေး ဖြစ်ပါတယ်။
နောက်ဆုံး အချက်အနေနဲ့၊ အကြမ်းမဖက်ရေး လှုပ်ရှားမှု ကိုယ်တိုင်ကိုယ်က ပြည်သူလူထုမှ အစိုးရ ဆန့်ကျင်ရေး လုပ်ဆောင်လာရေးကို စွဲဆောင် စေနိုင်ပါတယ်။ အရေအတွက် တိုးတက် များပြားလာတဲ့ မြန်မာနိုင်ငံသား တော်တော်များများဟာ အစိုးရရဲ့ ညပိုင်း သတင်း ကြေညာချက် စတင်တဲ့ အချိန်မှာ ရုပ်မြင်သံကြားများ ပိတ်ခြင်းအပြင် အမှောင်ချ နေထိုင်၍ အစိုးရ ဆန့်ကျင်သူများကို ထောက်ခံသော သင်္ကေတကို ပြသလျှက် ရှိနေကြကြောင်း သိရှိရပါတယ်။
ဒီလိုနဲ့ ဗိုလ်ချုပ်တွေ အနေနဲ့ နှုတ်ဆိတ် ငြိမ်သက်မှုတွေကို လိုလားတဲ့အတိုင်း ရတော့တာပေါ့။ ဒါပေမယ့် ဒါဟာ တချိန်မှာ တိုးတက် ကြီးထွားလာနိုင်ချေရှိတဲ့ ငြိမ်ငြိမ်သက်သက်နဲ့ စုစည်း လှုပ်ရှားမှုပါ။ ဒီလို ဖြစ်ရပ်အနေနဲ့ (၁၉၉၇)ခုနှစ်မှာ တူရကီ နိုင်ငံအတွင်း လာဘ်ပေး လာဘ်ယူ ခြစားမှုကို ကန့်ကွက်တဲ့ သန်းပေါင်း (၃ဝ) ရှိတဲ့ လူထုက မီးအမှာင်ချကာ ဆန္ဒပြလို့ ပေါ်ပေါက်ခဲ့ဘူးပါတယ်။
အကျဉ်းကျခံနေရစဉ် အတွင်းက မာတင်လူသာကင်းက 'နာကျင်မှုတွေနဲ့ ဒွန်တွဲ ရရှိခဲ့တဲ့ အတွေ့အကြုံအရ ဖိနှိပ်သူများမှ လွတ်လပ်မှုကို ဘယ်တော့မှ ပေးအပ်ခြင်းမရှိဘူး ဆိုတာ ကျွန်ုပ်တို့ နားလည် သိရှိပါသည်' 'လွတ်လပ်မှုကို ဖိနှိပ်သူများကသာ တောင်းဆိုရပါမည်'ဟု ရေးသား ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဒီနည်းအတိုင်း လုပ်ဆောင်နေကြပြီး မရှိန်မပျက် ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
ရဲမင်းထွန်း
(၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ထုတ် International Herald Tribune သတင်းစာပါ ဆောင်းပါးရှင် Shaazka Beyerle နှင့် Cynthia Boaz တို့၏ The Power of nonviolence ကို ပြန်ဆိုသည်။)
(ဘာသာပြန်သူ ဦးရဲမင်းထွန်းသည် နအဖစစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသခဲ့ကြသော ရဟန်း သံဃာတော်များကို အင်အားသုံး သတ်ဖြတ် ဖြိုခွင်းခဲ့ခြင်းကို ကန့်ကွက်သောအားဖြင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လက်ထောက် အတွင်းဝန် အဖြစ်မှ နှုတ်ထွက်ခဲ့သူဖြစ်သည်။ အယ်ဒီတာ)

ရွှေဝါရောင်တိုက်ပွဲတွင် ပါဝင်သူ ရခိုင် သံဃာတော်နှစ်ပါး ဘင်္ဂလားဒေ့ရှ်ရောက်



အင်တာဗျူး
မဇ္ဈိမသတင်းဌာန
Monday, 29 October 2007 21:28 - မြန်မာစံတော်ချိန်
ရွှေဝါရောင် တော်လှန်ရေးအတွင်း ပါဝင် လှုပ်ရှားခဲ့သူ ရခိုင်သံဃာတော် နှစ်ပါးသည် စစ်အာဏာပိုင်များ၏ လိုက်လံ ဖမ်းဆီးခြင်းမှ လွတ်ကင်းစေရန်အတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ ခက်ခဲစွာ ထွက်ပြေးခဲ့ပြီးနောက် ယနေ့တွင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့သည်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရတနာလမ်းမှနေ၍ ရာဇဂြိုလ် စာသင်တိုက်တွင် အလိုတော်ပြည့် ဓမ္မစာရိယ တက္ကသိုလ်၌ ပညာသင်ကြားနေရင်း ရန်ကုန်မှ ရွှေဝါရောင်ဆန္ဒပြပွဲတွင် ၅ ရက်တိုင် ပါဝင်ခဲ့သည့် ဦးအိန္ဒ ပညာ (သက်တော် ၂၆ နှစ်) နှင့် ဦးမာဂိန္ဒ (သက်တော် ၂၁ နှစ်) တို့အနက် ဦးအိန္ဒပညာကို ဆက်သွယ် မေးမြန်းထား သည်များကို တင်ပြလိုက်ပါသည်။
မေး။ ။ဦးဇင်းတို့ ဘယ်နေ့တုန်းက ထွက်ခဲ့တာလဲဘုရား။
ဖြေ။ ။အောက်တိုဘာလ ၁၁ ရက်နေ့က ရန်ကုန်က ထွက်လာတာ။ လမ်းမှာ နည်းနည်းတော့ ဦးဇင်းတို့ကို စစ်တာ ပေါ့။ ဒါပေမဲ့ လျောလျောရှူရှူတော့ ရောက်ပါတယ်။
မေး။ ။လမ်းမှာ ဘယ်လို လာခဲ့ရပါသလဲ။
ဖြေ။ ။ရန်ကုန်ကနေပြီးတော့ ရဲအောင်လံ ကားကို စီးပြီးတော့ တောင်ကုတ်ကနေ ဒကာတဦးရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ခ်ျကို သွားမဲ့ဘုတ်ကို မှောင်ခိုနဲ့ လာခဲ့ရတာပါ။
မေး။ ။လမ်းမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့လဲ။
ဖြေ။ ။တောင်ကုတ်မှာတော့ စစ်တယ်။ လမ်းမှာလည်း တည်းမယ့် ဘုန်းကြီးကျောင်း မရှိဘူး။ သိပ်ချောင်ချောင်ချိချိ မရှိတော့ တည်းခို ရိပ်သာမှာ အိပ်ရတာပေါ့။ ရဲသားတွေက ၃ ခါတောင် လာစစ်တယ်။ ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ အခက်အခဲ တွေ့တာကတော့ ထုံးစံတိုင်းပေါ့။ ဟိုတုန်းကတော့လို သိပ်မချောင်တော့ဘူးပေါ့။ ဆန္ဒပြတာတွေ ကြားထား တဲ့ အခါကျတော့ သိပ် မလွတ်လပ်တော့ဘူးလေ။
မေး။ ။ရန်ကုန်မှာ ဆန္ဒပြပွဲမှာ ဦးဇင်းတို့က ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ခဲ့တာလဲဘုရား။
ဖြေ။ ။စက်တင်လာလ ၁၉ ရက်နေ့က စပြီးတော့ ဥပုသ်နေ့ပေါ့နော် စပါဝင်ခဲ့တာ။ ၂၆ ရက်နေ့ထိ ပါဝင်ခဲ့တာပေါ့။
မေး။ ။ဆန္ဒပြပွဲမှာ ဦးဆောင်ပြီး ပါဝင်ခဲ့တာလား။
ဖြေ။ ။ဦးဆောင်ပြီးတော့ ပါဝင်ခဲ့တာတော့ မဟုတ်ပါဘူး။ နေ့တိုင်းလိုလိုတော့ ပါဝင်ခဲ့တယ်။
မေး။ ။ဦးဇင်းတို့ ကျောင်းကို အာဏာပိုင်တွေက လာဖမ်းတာလား။
ဖြေ။ ။လာဖမ်းမယ်လို့တော့ ကြားနေတာ။ လာလည်း လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း ကြည့်နေတာပေါ့။ စစ်ကားတွေနဲ့ လာဖမ်းတဲ့ အခါကျတော့ ဦးဇင်းတို့က ထွက်ပြေး နေတာပေါ့။
မေး။ ။ပြည်တွင်းက ဆန္ဒပြပွဲတွေ အပေါ်မှာ ဦးဇင်းတို့ ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ပြည်တွင်းက ဆန္ဒပြတာတွေကတော့ ထူးခြားမှုတော့ ရှိမှာပါ။ လူတွေလည်း တော်တော်လေး နစ်နာခဲ့ကြ တာပေါ့။ ပြည်တွင်းမှာလည်း ရန်ကုန်မြို့မှာဆို ဘုန်းကြီးတွေ တော်တော်များများ မရှိကြတော့ဘူးလေ။ ဘုန်းကြီးတို့ ကျောင်းက သံဃာအပါး ၈ဝ ကျော်ဆိုရင် အခု မရှိသလောက် ဖြစ်ကုန်ပြီ၊ တပါးမှ ရှိကြတော့မှာ မဟုတ်ပါဘူး။ ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးတော့ စတေးရလိုက်တယ် ဆိုပါတော့။ ငြိမ်းချမ်းလာမယ်လို့ ယုံကြည် မိပါတယ်။
မေး။ ။ဦးဇင်းတို့ အခု ဘယ်လို ဆက်လုပ်မယ်လို့ စဉ်းစားထားလဲ ဘုရား။
ဖြေ။ ။ဦးဇင်းတို့ကတော့ ပြည်တွင်းမှာ နေရတာ သိပ်လည်း အဆင်မပြေဘူး။ နအဖ စစ်အစိုးရကိုလည်း မုန်းတီး ရွံ့ရှာနေတဲ့ အခါကျတော့၊ ဒီကို ထွက်လာလိုက်တဲ့ အခါကျတော့ ကူညီမဲ့ လူတွေလည်း ရှိကြတယ်။ လောလောဆယ် တော့ ဘာတွေ လုပ်ရမယ် ဆိုတာတော့ မစဉ်းစားမိသေးပါဘူး။
မေး။ ။မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဦးဇင်း အနေနဲ့ ဘာများ ပြောချင်ပါသလဲရှင်။
ဖြေ။ ။အစိုးရဆိုတာ ပြည်သူကိုချစ်တဲ့ အစိုးရ ဖြစ်သင့်တာပေါ့။ ချစ်ဖို့ ဆိုတာကလည်း ပြည်သူ အားကိုးလောက်တဲ့ အစိုးရ ဖြစ်သင့်တာပေါ့။ အားကိုးလောက်တဲ့ အရည်အချင်း မရှိရင်တော့ ပြည်သူလူထုတွေက ဆက်လက် တော်လှန်နေ မှာပါပဲ။ နှောင့်ယှက် နေမှာပဲ။ ဦးဇင်းတို့လည်း ဆွမ်း လုံလုံလောက်လောက် မရတော့ ဒကာ၊ ဒကာမတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဒီဒုက္ခတွေကို ဦးဇင်းတို့က မခံနိုင်တော့လို့ အခုလို သပိတ်မှောက်တာပါ။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ သံဃာတော်တွေကို ပြောချင်တာကတော့ နအဖ စစ်အစိုးရကို ဆက်လက်ပြီး သပိတ် မှောက်ကြပါ။ အလေးအနက် လုပ်မယ်ဆိုရင် ပဓါန စာမေးပွဲတွေကို သံဃာတော်တွေ မဖြေကြဖို့ ပြောချင်တယ်။ ဒါဟာ စစ်အစိုးရကို သပိတ်မှောက်ရာ ရောက်မယ်လို့ ပြောချင်ပါတယ်။
(စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး အပြီး ဘင်္ဂလားဒေ့ရှ်သို့ သံဃာ အပါး ၃ဝ ရောက်ရှိလာပြီး ဖြစ်ပါသည်။ ပထမ ၄ ပါး၊ ဒုတိယ ၁၁ ပါး၊ တတိယ ၁၂ ပါးနှင့် စတုတ္ထ ၁ ပါး ပေါင်း ၂၈ ပါး ပြန်ရောက်ခဲ့သော်လည်း ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ မဟုတ်ပါ။ မြန်မာနိုင်ငံတွင် သွားရောက်၍ ပညာသင်နေသည့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား သံဃာတော်များ ဖြစ်ပါသည်။ စစ်အာဏာပိုင်များမှ ရခိုင်ပြည်နယ် အတွင်း ဒေသ အသီးသီးမှ ပြန်လည် ပို့ဆောင် လိုက်သဖြင့် နေရပ်ရင်းသို့ ပြန်လည် ကြွချီလာကြခြင်း ဖြစ်ပါသည်။ ယခု ရောက်ရှိလာသည့် ရဟန်းပျို သံဃာနှစ်ပါး သည် ရန်ကုန် လှုပ်ရှားမှု အတွင်း ပါဝင်ခဲ့ပြီးနောက် ဖမ်းဆီးမခံရရန် ထွက်ပြေး ခိုလှုံလာခြင်း ဖြစ်သည်။ ယခု သံဃာတော်များကို ကော့စ်ဘာဇာ အခြေစိုက် မြန်မာ အတိုက်အခံ အင်အားစု (ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ) Opposition Force of Burma (Bangladesh) မှ တာဝန်ယူ စောင့်ရှောက် ကူညီထားကြောင်း သိရသည်။)

Wednesday, October 24, 2007

ဒေါ်စုဓာတ်ပုံများ ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့်ရ


အောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်။
တွေ့ဆုံ ဆွေးနွေးရေး အကြောင်း ရေးသားချက်ကြောင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဓာတ်ပုံများ ပြည်တွင်းဂျာနယ် အချို့တွင် ဖော်ပြခွင့် ရခဲ့ကြသည်။
အပတ်စဉ် ထုတ်ဂျာနယ်များ ဖြစ်သည့် မြန်မာတိုင်းမ်၊ ရန်ကုန်တိုင်းမ်၊ ယုံကြည်မှုနှင့် လျှပ်တပြက် ဂျာနယ်တို့တွင် ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၊ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံး သတင်းတွင် ဖော်ပြခွင့် ရကြသည်။
“တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဆိုင်ရင်တော့ ထုတ်ခွင့်ပေးတယ်။ သတင်းစာတွေထဲမှာကိုက တွေ့ဆုံ ဆွေးနွေးရေး အကြောင်းတွေ ပါတယ်လေ။ တွေ့ဆုံ ဆွေးနွေးတဲ့ စကားတွေကိုသာ ထည့်လို့ရမှာပေါ့။ ဒါပေမယ်လို့ နောက်တပတ်လောက် ဆိုရင်တော့ ထည့်လို့ မရတော့ဘူး။ ဘာမှ ကိစ္စမရှိဘဲနဲ့ ထည့်လို့ရမှာ မဟုတ်ဘူး” ဟု ပေါ်ပြူလာ ဂျာနယ်မှ အယ်ဒီတာ ဦးဟိန်းလတ်က မဇ္ဈိမကို ပြောသည်။
ဒေါ်စု ဓာတ်ပုံ ပါရှိသည့် ဂျာနယ်များ ထုတ်ဝေရာတွင် မိမိတို့ ဆန္ဒကြောင့် ထုတ်ဝေခြင်း ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှ တာဝန်ခံ တဦးကလည်း ယခုလို ပြောဆိုခဲ့သည်။
“ကျနော်တို့က ကိုယ့်ဟာကိုယ် ထည့်တယ်၊ စိစစ်ရေးကို တင်တယ်။ ပထမတော့ ကျနော်တို့ သတင်းစာမှာ ၄ ပုံ ထည့်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဦးအောင်ကြည်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဂမ်ဘာရီ ပုံရယ် ထည့်ပါတယ်။ ပထမမှာတော့ ဒေါ်စုပုံ အဖြုတ်ခံရတယ်။ ဒါပေမဲ့ ကျနော်တို့ သေချာ ညှိနှိုင်းတော့ ဗိုလ်ချုပ် အောင်ကြည် ပုံ ဖြုတ်ပြီးတော့ ဒေါ်စုပုံ ထည့်လိုက်တာပါ” ဟု တာဝန်ခံက ပြောသည်။
ဒေါ်စုပုံကြောင့် မြန်မာတိုင်းမ် ဂျာနယ် ရောင်းကောင်းနေကြောင်းနှင့် ယခင်ကဆိုလျှင် ဂျာနယ်များ ရောင်းအားကျခြင်းကြောင့် ဂျာနယ်တိုက်များ ပြန်သိမ်းရသည့် အခြေအနေ ရှိခဲ့ကြောင်း ၎င်းဂျာနယ် တာဝန်ခံက ဆက်ပြောသည်။
“ခါတိုင်းဆိုရင် ဂျာနယ် မရောင်းရလို့ ပြန်သိမ်းလိုက်တာတွေ ရှိတယ်။ ကျနော်တို့ ဂျာနယ်က ၁၉ ရက်နေ့က ထုတ်တယ်။ ထုတ်ပြီးတော့ ၁ ရက်၊ ၂ ရက်အတွင်းမှာ ရောင်းကုန်သွားတယ်။ ထပ်ပြီးတော့ လက်ပွေ့ရောင်းတဲ့ သူတွေ၊ နယ်ကို လက်ကားဖြန့်တဲ့ သူတွေကနေ ထပ်လိုချင်တယ်။ ရအုန်းမလား ဆိုပြီးတော့ ဖုန်းဆက် မေးကြတယ်”

ဂမ်ဘာရီ မြန်မာပြည် စောစော ပြန်သွားမည်

မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်သို့ နောက်တကြိမ်ထပ်မံ လာရောက် လည်ပတ်ခွင့်ကို အများ မျှော်လင့်ထားသည်ထက် ရက်စောစွာ စစ်အစိုးရက ခွင့်ပြုလိုက်သည်။
ယခင်က နိုဝင်ဘာလ လလယ်ပိုင်း တရက်ရက်တွင် လာရောက်ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ သူ့ခရီးစဉ်ကို နိုဝင်ဘာ ပထမပတ် အတွင်းသို့ သဘောတူ ပြောင်းရွှေ့ပေးလိုက်သည်။
“မစ္စတာ ဂမ်ဘာရီဟာ အဓိက ကျတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ အခုအချိန်မှာ ဆက်ဆွေးနွေးနေတယ်။ အဲဒီ ဒေသတွင်းကနေပဲ မြန်မာပြည်ကို တိုက်ရိုက် သွားပါလိမ့်မယ်” ဟု ယမန်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် Michele Montas က သတင်းထောက်များကို နယူးဒေလီတွင် ပြောကြားခဲ့သည်။
အိန္ဒိယ ထိပ်တန်း နိုင်ငံရေးသမားများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် အသေးစိတ်ကျပြီး ထိရောက် အကျိုးရှိသော ဆွေးနွေးပွဲများဟု Montas က ပြန်လည် ပြောဆိုခဲ့သည်။ ယခုအခါ မစ္စတာ ဂမ်ဘာရီသည် တရုတ်နိုင်ငံ ဘီဂျင်းရှိ အရာရှိများနှင့် မြန်မာ့အရေး ဆွေးနွေးရန်အတွက် သွားရောက်နေပြီ ဖြစ်သည်။ ထိုနောက် ဂျပန်နိုင်ငံသို့ ခရီးဆက်မည် ဖြစ်သည်။
ကုလ ကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂၉ ရက်နေ့က နောက်ဆုံး သွားရောက် လည်ပတ်ခဲ့သည်။ အဆိုပါ ၄ ရက်ကြာ ခရီးစဉ်အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံနေရသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို တွေ့ဆုံခဲ့ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့အတွက် နှစ်ဖက် သဘောတူညီမှုရရန် နည်းလမ်းရှာလျှက် ရှိသည်။
စစ်အစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ မစ္စတာ ပေါ်လိုဆာဂျီယို ပင်ညဲရိုးကိုလည်း လာရောက်ခွင့် ပြုလိုက်ရာ ထိုဖိတ်ခေါ်မှုမှာ ၄ နှစ်ကြာ ငြင်းပယ်ထားမှုကို အဆုံးသတ်မှာ ဖြစ်သည်။

အမ်အေအိုင် နိုဝင်ဘာလတွင်း ပြန်လည်အသက်ဝင်မည်

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)အောက်တိုဘာလ ၂၄ ရက်၊ ၂ဝဝ၇ ခုနှစ်

ရပ်ဆိုင်းထားသည့် မြန်မာ အဲယားဝေး အင်တာနေရှင်နယ် (အမ်အေအိုင်) ၏ ပြည်ပ ခရီးစဉ်များကို နိုဝင်ဘာလအတွင်း ပြန်လည် ပြေးဆွဲနိုင်မည်ဟု အဲယားလိုင်း ဝန်ထမ်းများက ပြောသည်။
အာမခံ ကုမ္ပဏီက ငွေကြေးလျော်ပေးမှု အစီအစဉ်ကို ရပ်ဆိုင်းခဲ့၍ အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး နိုင်ငံပိုင် အမ်အေအိုင်၏ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပြေးဆွဲသည့် ခရီးများကို ရပ်နားပြီးနောက် ကြိုတင်လက်မှတ် ဖြတ်ထားသူ ခရီးသည် အားလုံးကို ထိုင်းလေကြောင်းလိုင်း တီဂျီသို့ ပြောင်းလွှဲ ပေးခဲ့ရသည်။
“ကျနော်တို့ လေယာဉ် အသစ်ကို စောင့်နေတယ်။ ကျနော်ထင်တာ လာမယ့် နိုဝင်ဘာလ လောက်ဆိုရင် ရနိုင်တယ်။ ဒါပေမဲ့ ကျနော် ရက်ကိုတော့ အတိအကျ ပြောလို့ မရသေးဘူး” ဟု လေကြောင်းလိုင်း တာဝန်ရှိသူ တဦးက ပြောသည်။
“နိုဝင်ဘာလ နောက်ဆုံး နှစ်ပတ်လောက်မှာတော့ မကျော်ဘူးလို့ ထင်တာပဲ” ဟု သူက ထပ်ပြောသည်။
နောက်လာမည့် လေယာဉ်သည် အဲယားဘတ်စ် ဖြစ်ပြီး ခရီးသည် ပိုမို တင်နိုင်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်း စက်တင်ဘာလ အတွင်းက လူထုအုံကြွမှု ဖြစ်ကာ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပြီးနောက် လန်ဒန် အခြေစိုက် အာမခံ ကုမ္ပဏီက အာမခံပေးမှု ရပ်ဆိုင်းခဲ့ရာ လေကြောင်းလိုင်း၏ ဘန်ကောက်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ ခရီးစဉ်များ ရပ်နားခဲ့ရသည်။

ညီလာခံထောက်ခံပွဲ ဆိုသည်မှာ(ဆောင်းပါး)

အောက်တိုဘာ ၂၄ ရက်။ ၂၀၀၇ ခုနှစ်
စက်မှုဇုန် (၁)ဇုန်ကို လူ (၅၀၀၀) နှုန်းနှင့် ထောက်ခံပွဲ တက်ရန်ခေါ်ရာ အထည်ချုပ် စက်ရုံဆိုလျှင် တရုံလျှင် (၂၀၀ မှ ၄၀၀) အထိ လိုက်ရသော ရုံများ ရှိပါသည်။ ထိုစက်ရုံများကို စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီမှ တောင်းသော လူအင်အားအတိုင်း ပေးရခြင်း ဖြစ်ပါသည်။ ဆန္ဒပြပွဲသို့ လာရောက်မည့် သူများသည် ပိုက်ဆံအိတ်၊ အသံဖမ်းစက်၊ ကင်မရာ၊ ဟန်းဖုန်းများ ယူဆောင်လာခြင်း မပြုရန် ကြိုတင် အကြောင်းကြားထားသည်။
ရွှေပြည်သာ အထည်ချုပ်စက်ရုံမှ မနန္ဒာ၏ ပြောကြားချက်အရ စက်ရုံ ပိုင်ရှင်မှ မဲနှိုက်ပြီး လူရွေး ပေးလိုက်ကြောင်းနှင့် စစ်ထောက်လှမ်းရေးများ ရှိနေမည်ဟု စက်ရုံက မှာကြားလိုက်သည်ဟု ဆိုသည်။
"စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ၊ လုပ်ရမှာပဲတဲ့ " ဟု သူမက ပြောသည်။
ကာဖျူးရှိသော်လည်း ည (၁၂) နာရီ မထိုးခင် စက်ရုံသို့ အရောက်သွားရပြီး စက်ရုံ အမည်နှင့် လူအရေအတွက် စစ်ဆေးခံပြီး (၃) နာရီကျော်ခန့်တွင် သုဝဏ္ဏ အားကစားကွင်းသို့ စက်ရုံမှ ကားများဖြင့် ထွက်လာခဲ့ကြသည်။
ကွင်းရောက်သောအခါ လုံခြုံရေး အစီအစဉ်အရ ဆိုကာ လမ်းလျှောက်ခိုင်းပါသည်။ တီဗွီရိုက်သည့် အဖွဲ့ ရောက်လာကာနီး အချိန်တွင် ကြွေးကြော်သံများ အော်ဟစ်ခိုင်းပြီး ရိုက်ကူးရေးအဖွဲ့ ကျော်လွန်သွားသောအခါ ရေသန့်ဗူးများကို လုံခြုံရေးအရဟု ဆိုကာ သိမ်းဆည်းသွားကြသည်။
ထိုနေ့က ထောက်ခံပွဲတွင် စက်ရုံလုပ်သား (၇၀၀၀၀) အားကစား ကွင်းလည်တွင် ဒီလိုနှင့် ရှိခဲ့သည်။
"ထောက်ခံလား၊ မထောက်ခံသလား ဖြေဖို့တောင် မလိုဘူး တနိုင်ငံလုံး သိတယ် ၊ ကျမတို့က အိပ်ငိုက်ပြီး ပြန်လာတာ" ဟု တက်ရောက်လာသူ အမျိုးသမီးတဦးက ပြောသည်။
စက်ရုံပိုင်ရှင်များမှကတော့ အခမ်းအနား တက်မည့် လုပ်သားများအတွက် ကုန်ကျစားရိတ်များ ကျခံရသည်။
ရန်ကုန်မြို့ ပတ်လည် စစ်တပ်များမှ စစ်သားများ၏ မိန်းမများလည်း ထိုထောက်ခံပွဲသို့ တက်ရောက်ခဲ့ရသည်။ လက်ရှိ မင်္ဂလာဒုံ စစ်တပ်အတွင်း နေထိုင်လျှက် မြောက်ဥက္ကလာတွင် ကုန်စိမ်း ရောင်းနေသော စစ်သား မိန်းမတဦးက ကားများပေါ် မတက်ခင်တွင် တယောက် (၂) ထောင်နှုန်းဖြင့် လက်ငင်း ရှင်းပေးကြောင်းနှင့် အထူးတန်း ပွဲကြည့်စင်အောက်တွင် နေရပြီး ကော်ဖီမစ်နှင့် မုန့်များကို အလျှံပယ် သုံးဆောင်ခွင့် ရသည်ဟု ဆိုသည်။
အခု ထောက်ခံသော အခြေခံ ဥပဒေထဲတွင် ဘာတွေပါလဲ မေးသောအခါ "ဒါလူကြီးတွေအလုပ် တို့နဲ့ မဆိုင်ဘူး" ဖြေကြားသွားသည်။

အမိမြေအတွက် ဆုတောင်းကြရအောင်(ဆောင်းပါး)

ဆန်းသစ်အောက်တိုဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။
၂၀-အောက်တိုဘာ (စနေနေ့ ) မှာ မြန်မာများ ရာနဲ့ ချီပြီး စင်ကာပူ သွေးလှူဘဏ်မှာ "သွေးမြေကျခဲ့တဲ့ သံဃာတော်များ နဲ့ ကျောင်းသား ပြည်သူများ အတွက် အောက်မေ့တဲ့ အထိမ်းအမှတ်" အဖြစ် သွေးလှူပွဲ ကျင်းပခဲ့တယ်၊ အဲဒီနေ့  ညနေ ၄ နာရီလောက်မှာ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးနဲ့အဖွဲ့ တိုပါးရိုး မြန်မာ ဘုန်းကြီးကျောင်းကို ရောက်လာပြီး မြန်မာ့အရေး ကိစ္စများကို လွတ်လပ်စွာ နားထောင်၊ ဆွေးနွေးသွားပြီး မြန်မာများရဲ့  မေးမြန်းချက်များကို ဖြေဆို သွားပါတယ်၊
စင်ကာပူ အစိုးရရဲ့ သတင်းစာမှာတော့
"မြန်မာပြည်သူများ အခက်အခဲ ဖြစ်နေချိန်မှာ သူ့အနေနဲ့  မြန်မာများနဲ့ အတူ ညီတူ ခံစားမှု ရှိကြောင်း ပြတဲ့ သဘောပါ၊ စင်ကာပူနဲ့  မြန်မာနိုင်ငံတွေဟာ အင်္ဂလိပ် အုပ်စိုးချိန်ကတည်းက နက်နဲစွာ ဆက်သွယ်မှု ရှိကြောင်း၊ မြန်မာ စစ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းခဲ့မှုအတွက် စာနာမှု ရှိကြောင်း။ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့  ဟန်ပြသဘော မဟုတ်ပဲ တွေ့ ဆုံဆွေးနွေးပွဲဟာ အရေးပါတဲ့ သော့ချက် ဖြစ်ကြောင်း၊ အာစီယံမှာ ကန့်သတ်ချက် အချို့ ရှိပေမဲ့ မိသားစုဝင် တဦးဖြစ်တဲ့ မြန်မာနိုင်ငံအတွက် သေချာတဲ့ ဂုဏ်သိက္ခာဆိုင်ရာ လွမ်းမိုးမှု တခုရှိကြောင်း၊ (အာစီယံနိုင်ငံများ အရှက်ရစေမဲ့ လုပ်ရပ်လုပ်လာရင် ဝင်စွတ်ဖက်ရမယ် ဖြစ်ကြောင်း)၊ နောက်လမှာ လုပ်မဲ့ အာစီယံ ဆွေးနွေးပွဲမှာ မြန်မာအရေးကို Hot-Topic အနေနဲ့  ဆွေးနွေးရန် မျှော်လင့်ထားကြောင်း၊ မစ္စတာ ဂမ်ဘာရီရဲ့ လုပ်ငန်းများမှာ အရေးပါတဲ့အတွက် သူ့ကို ထောက်ခံပေးရမယ် ဖြစ်ကြောင်း" စသဖြင့် ရေးထားပါတယ်၊
မွန်မြတ်သော သွေးလှူခြင်း ဒါန
စင်ကာပူနိုင်ငံ သွေးလှူဘဏ်မှာလည်း မြန်မာများ ရာနဲ့ ချီပြီး လာရောက် သွေးလှူကြပါတယ်၊ သွေးထုတ်သူ သူနာပြု တော်တော်များများလည်း မြန်မာနိုင်ငံသားဆိုတော့ စကား တပြောပြောနဲ့  အလုပ် ဖြစ်ပါတယ်၊ သွေးထုတ်ချိန်က ခဏလေးပါပဲ၊ တချို့ တော်တော်များများလည်း အကြောင်း အမျိုးမျိုးကြောင့် (သွေးပေါင်ချိန် မပြည့်ခြင်း စသဖြင့်) လှူခွင့် မရပေမဲ့ နောက် ၃ ပါတ်လောက်မှာ ထပ်မံပြီး ဒုတိယအကြိမ် လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်၊ သွေးလှူလိုသူများ အတွက် အင်တာနက် www.overseaburmesepatriots.com မှာ အချက်အလက်များ တင်ပြထားမယ် ဖြစ်ကြောင်း သိရပါတယ်၊
၂၁-အောက်တိုဘာ (တနင်္ဂနွေ)
အိုဘီပီ ရဲ့ SMS အရ မြန်မာ အမျိုးသားရေး စိတ်ဝင်စားသူ ၁၅၀ ခန့်  တိုပါးရို ဘုန်တော်ကြီးကျောင်း တတိယထပ်မှာ နေ့ ၂ နာရီကစပြီး ဘုန်တော်ကြီးရဲ့ ဆုံးမ သြဝါဒနဲ့ အတူ မေတ္တာသုတ် ရွတ်ဖတ်ပွဲကို ကျင်းပ ပါတယ်၊
ပထမတော့ ဘုန်းတော်ကြီးက ဆုံးမ စကားပြောတဲ့ ဘုန်းကြီးကျောင်း ဘာသာရေး ကော်မတီနဲ့  အမျိုးသားရေး လှုပ်ရှားတဲ့ အိုဒီဘီ တို့ နဲ့ အတူ၊ အခြားသော အဖွဲ့ များ ဆက်ဆံရေးတဲ့ အခါ အထူးသဖြင့် စကား ပြောဆိုမှုများမှာ ဆင်ခြင်ပြောဆိုဖို့  အရေးကြီးလှကြောင်း အလေးပေး ပြောကြားသွားပါတယ်၊ အမျိုးသားရေး ကိစ္စဟာ ရေရှည် လုပ်ကိုင်ရမဲ့ ကိစ္စဖြစ်ပြီး၊ ဘုန်းကြိး။ လူပုဂ္ဂိုလ် အားလုံးတို့  တာဝန် ကျေပြွန်တဲ့ အခန်းတွေမှာ ပါဝင် လုပ်ဆောင်ဖို့ အရေးကြီးလှကြောင်းကို မေတ္တာနဲ့  ပြောဆို လုပ်ဆောင်သွားဖို့  ဆုံးမ အမှာစကား ပြောပါတယ်၊ ပြီးတော့ မေတ္တာသုတ် ရွတ်ဖတ်၊ တိုင်ပေးခဲ့ပါတယ်၊
ဆရာတော် ပြန်ကြွပြီးတဲ့ နောက်မှာ အိုဘီပီ လူငယ်တဦးဖြစ်သူ ကိုကျော်စိုး နဲ့  လူကြီးတဦးဖြစ်သူ ဦးမျိုးတို့ မှ ပြီးခဲ့တဲ့ လှုပ်ရှားမှုများနဲ့အတူ ယမန်နေ့ က သွေးလှူပွဲ နဲ့  စင်ကာပူ ဝန်ကြီးကိုယ်တိုင် လာရောက်အားပေး တွေ့ဆုံသွားခြင်း အကြောင်းနဲ့ အတူ ရှေ့ ဆက်ပြီး အတူ လုပ်ဆောင်သွားမဲ့ ကိစ္စများကို ရင်းနှီးစွာ တင်ပြပြီး တက်ရောက်လာသူများရဲ့ မေးခွန်းများကို ဖြေကြားသွားခဲ့ပါတယ်၊
စင်ကာပူဝန်ကြီး နဲ့ အလွတ်သဘော ပြောဆို ဆွေးနွေးမှုများ
၁၊ ဝန်ကြီးကို မြန်မာပြည် အလည်အပတ်ပြန်တဲ့ မြန်မာများကို ရန်ကုန်လေဆိပ်မှာ စစ်ဆေး ဖမ်းဆီးခြင်း ခံရတဲ့အတွက် စင်ကာပူ ဝန်ကြီးဆီက ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ မေးမြန်းတော့ ဝန်ကြီးက ဖမ်းဆီးခံရသူ အမည်၊ လိပ်စာနဲ့  ပြောပြနိုင်ရင် တတ်နိုင်သမျှ လုပ်ပေးမယ် ပြန်ပြောပြီး၊ အဖမ်းခံရသူများရဲ့ အမည်၊ လိပ်စာကို တောင်းပါတယ်၊ ဒါကြောင့် အခု လာရောက်သူများထဲက ကိုယ့်ဆွေမျိုး၊ မိတ်ဆွေများ ရန်ကုန်လေဆိပ် အပြန် ဖမ်းခံရတာရှိရင် စင်ကာပူ ဝန်ကြီးဆီ တင်ပြပေးဖို့  အိုဘီပီ အဖွဲ့ ကို အကြောင်းကြားပေးရန် မေတ္တာရပ်ခံ ခဲ့ပါတယ်၊၊ ဒီလို မသေချာပဲ လူတွေကို ယုန်ထင်၊ ကြောင်ထင် ဖြစ်စေမဲ့ ကောလဟာလ သတင်းများ မြန်မာ အမျိုးသားရေး လှုပ်ရှားမှု ထိခိုက်စေတဲ့အတွက် သေချာမှ ပြောဆို၊ သတင်းပေးကြရန်၊
၂၊ အိုဘီပီမှ အခမ်းအနားများမှာ ရှေ့ ထွက်ပြောဆိုသူ ကိုကျော်စိုး တယောက်ပင်လျှင် စင်ကာပူ ရဲမှ ဖမ်းသွားပြီ ဖြစ်ကြောင်း ကောလဟာလများ ဖြစ်နေတယ်၊ အိုဘီပီ ဟာ စင်ကာပူ အစိုးရရဲ့ တရားဥပဒေ ဘောင်အတွင်းမှာ လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ အိုဘီပီ မေတ္တာပို့  ရွတ်ဖတ်ခြင်းများ၊ အိုဘီပီ တရားဥပဒေ ဘောင်အတွင်း လုပ်ဆောင်မှုများကို နှောက်ယှက်သူများ ရှိပါက ထိုသူများကို စင်ကာပူရဲက ဖမ်းဆီးနိုင်ကြောင်း၊ ထို့ ကြောင့် မိမိတို့  အိုဘီပီ အဖွဲ့ သည် စင်ကာပူ အစိုးရ စောင့်ရှောက်မှု အောက်တွင် ရှိနေကြောင်း၊
၃၊ မြန်မာပြည်မှ လွှတ်ထားသည် ယူဆရသူများကိုပင် လက်ညိုးညွန်ပြကာ ထိုသူများ လာရောက် နားထောင်ခြင်းကို ခွင့်ပြုကြောင်း၊ အမ်အိုင်၊ စီအိုင်ဒီ၊ ဗိုလ်မှူး စသဖြင့် မြန်မာပြည်မှ ထောက်လှမ်းရေး ဟု မသင်္ကာသူများကို အမည်နှင့် ပြောဆိုပြီး သူတို့လည်း ဤအခမ်းအနားတွင် လာရောက် တက်နိုင်ကြောင်း၊ သူတို့လည်း မလုပ်သင့်သည်များကို ရှောင်ကျဉ် နေထိုင်သွားမည် ယူဆကြောင်း၊
၎၊ ကမ္ဘာ တဝှမ်းလုံးနှင့် ဆိုင်သော လှုပ်ရှားမှုများကို နောက်လ စင်ကာပူတွင် ကျင်းပမည့် အာစီယံ ညီလာခံ ကျင်းပချိန်တွင် လုပ်ဆောင်ရန် ကြိုးစားနေကြောင်း၊ ပြီးခဲ့သည့် စင်ကာပူ ဟော်တယ်တွင် ကျင်းပသော အခမ်းအနား နှင့် အိုဘီပီ လုပ်ငန်းများ စတင်ခဲ့ခြင်းများကို အမှန်အတိုင်း ပြောရလျှင် စင်ကာပူမှာ မြန်မာ ကျောင်းသားများမှ စတင်ခဲ့ကြောင်း၊ စက်တင်ဘာ - ၂၇ ရက်နေ့  စတင် ပစ်ခတ် နှိမ်နင်းမှုများ ဖြစ်သည်မှအစ တိုပါးရိုး ဘုန်းကြီးကျောင်းတွင် ဝတ်ရွတ်၊ ဆုတောင်းခြင်းများကို ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်၊
အခမ်းအနား အဆုံးသတ်ခြင်း၊
နိုင်ငံတော်သီချင်း ကမ္ဘာမကြေ သီဆိုရန် ရှိသော်လည်း ဘုန်းတော်ကြီးကျောင်း ကော်မတီမှ ခွင့်ပြုချက် မတောင်းရသေးတဲ့ အတွင် မဆိုဖြစ်ပါ၊ နောက်နောင် အခမ်းအနားတွေမှာ နိုင်ငံတော် သီချင်းကို သီဆိုရန် ဘုန်းတော်ကြီးကျောင်း ကော်မတီရဲ့ ခွင့်ပြုချက်ကို တောင်းခံပေးမယ် ပြောပါတယ်၊ အဲဒီနောက် အားလုံး ထိုင်ရာမှာ မတ်တပ်ရပ်ပေးပြီး သစ္စာအဓိဌာန် ၃ ချက်ကို ရွတ်ဆို ရွတ်ဆို သွားခဲ့ကြပါတယ်၊
သစ္စာအဓိဌာန် ၃ ချက်
၁၊ ကျွနုပ်တို့သည် အမိ မြန်မာနိုင်ငံ၏ အရေးသည် မိမိတို့  ကိုယ်ပိုင် အရေးပင် ဖြစ်သည့် အတွက် အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သစ္စာအဓိဌာန် ပြုပါသည်၊
၂၊ ကျနုပ်တို့ သည် အာဏာရှင်စနစ် ပပျောက်ရေးအတွက် အသက်စွန့်  တိုက်ပွဲဝင်သွားကြသော ရဟန်းရှင် လူ ပြည်သူများ၏ ကျေးဇူးသစ္စာကို အစဉ်အမြဲ အောက်မေ့ သတိရနေပါမည် သစ္စာအဓိဌာန် ပြုပါသည်၊
၃၊ ကျနုပ်တို့ သည် အမျိုးသားရေး ပြန်လည် သင့်မြတ်ေ၇း နှင့် အခြေခံ လူ့ အခွင့်အရေးများ ရရှိရေးအတွက် စစ်မှန်သော လှုပ်ရှားမှု မှန်သမျှကို အပြည့်အဝ ထောက်ခံ လုပ်ဆောင်သွားကြမည် ဟု သစ္စာအဓိဌာန် ပြုပါသည်၊
အိုဘီပီ အဖွဲ့ဟာ ပြည်ပရောက် မြန်မာ လူတန်းစားအားလုံးနဲ့  လူမျိုးစု အားလုံး၊ ဘာသာတရား အားလုံး ကိုယ်စားပြုတဲ့ သဘောကို ဆောင်ကြောင်း နှင့် ရည်မှန်းချက်၊ ဦးတည်ချက် ၃ ရပ် နှင့် သစ္စာ အဓိဌာန် ၃ ချက်တို့ ပါဝင်တဲ့ စာရွက်ကလေးများကို ခွပ်ဒေါင်းအလံ လက်ပတ် အနီ နှင့်အတူ တက်ရောက်လာသော မြန်မာ့ အမျိုးသားရေး လှုပ်ရှားသူများကို ပေးအပ်ခဲ့ပါတယ်၊
စာရေးသူ မှတ်ချက်
အိုဘီပီ အဖွဲ့ ဟာ စင်ကာပူက မြန်မာအားလုံးရဲ့ ကိုယ်စားပြုပြီး စင်ကာပူ အစိုးရရဲ့ တရားဥပဒေ ဘောင်အတွင်း လှုပ်ရှားတဲ့ အဖွဲ့ ဖြစ်ပါတယ်၊ ဘုန်းတော်ကြီးကျောင်းမှာ အခြေပြုပြီး လှုပ်ရှားရခြင်းဟာလည်း အခြေအနေအရ လိုအပ်နေပါတယ်၊ အပြင်မှာ လူစုဖို့ ရန် မလွယ်လှပါ၊ ဘုန်းတော်ကြီးကျောင်း စီမံခန့် ခွဲရေး ကော်မတီ နဲ့  ဘုန်းတော်ကြီးများရဲ့  အကူအညီမပါပဲ လုပ်ဆောင် မရနိုင်တဲ့ အတွက် ဘုန်းတော်ကြီးများကို အဖွဲ့အစည်း အသီးသီးတို့ အကြားမှာ ကြားခံပြီး ကူညီ ဆောင်ရွက်ရပါတယ်၊ ဘုန်းတော်ကြီးကျောင်းမှာ လုပ်တဲ့အတွက် ဘာသာရေး မင်္ဂလာသုတ် ရွတ်ဖတ်၊ ဆုတောင်းခြင်းများကို အခြေပြု လုပ်ကိုင်ရပါတယ်၊ ရေရှည် လှုပ်ရှားရမဲ့ အလုပ် ဖြစ်ပါတယ်၊
အခြား ဗုဒ္ဓဘာသာ ဘုန်တော်ကြီးကျောင်းများလည်း အပတ်စဉ် လုပ်ဆောင်သွားရန် အရေးကြီးပါတယ်၊ ခရစ်ယန် ဘုရားကျောင်း နဲ့  မြန်မာ မွတ်ဆလင်များလည်း စုပေါင်း ဆုတောင်းရန် အရေးကြီးပါတယ်၊
ဘာကြောင့် မေတ္တာပို့ စုပေါင်း၊ ဆုတောင်းရန် လိုအပ်ပါသလဲ၊
၁၊ ကျွန်တော်တို့ မှာ လုပ်စရာ အများကြီးရှိပေမဲ့ မြန်မာများ ကိုယ်တတ်နိုင်သလို တဦးချင်း လုပ်ကိုင်နေကြပါတယ်၊ အလွယ်ကူဆုံးသော အများနဲ့  စုပေါင်းလုပ်ဆောင်ခြင်းဟာ ဘာသာရေး ဝတ်ပြုခြင်းပါပဲ၊ ဘာသာတရား မရှိသူများ နဲ့  ဗုဒ္ဓဘာသာဝင် မဟုတ်သူများလည်း မြန်မာ ဘုန်းကြီးကျောင်းနဲ့  ရင်းနှီးကြပါတယ်၊ ဘုန်းကြီးကျောင်းမှာ လူစုဝေးခြင်းဟာ တရားဥပဒေနဲ့  အညီဖြစ်အောင် လုပ်ရခြင်းပါပဲ၊
၂၊ မေတ္တာသည် အရာရာကို အောင်နိုင်ပါတယ်၊ အချို့ လည်း စစ်အစိုးရကို အောင်နိုင်ဖို့ ရာ "ဆိုးသွမ်းတဲ့ နဂါးကြီး ကြောက်သွားအောင် ပိုကြီးတဲ့ နဂါးရုပ်ကို ပြပြီး ခြောက်ပြရသလို" ကုလသမဂ္ဂတပ်၊ အမေရိကန် တပ်တွေ ပြလိုက်ရင် စစ်အစိုးရ အကြမ်းဖက် လုပ်ရပ်တွေ တန့်သွားမယ်လို့ ပြောသူတွေလည်း ရှိပါတယ်၊ လက်နက်ရှိသူကို လက်နက်နဲ့  ပြန်တိုက်ခြင်းသာလျင် အကောင်းဆုံးလည်း ပြောကြတယ်၊ သို့ သော်လည်း အပြောပဲ ရှိပါတယ်၊ လက်နက်ကိုင် တော်လှန်နေတဲ့ အေပီအက်စ် ဒီအက်ဖ်၊ ကွန်မြူနစ်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေလည်း အခြေအနေ မပေးပါဘူး၊ တရုတ်၊ ထိုင်း နိုင်ငံတွေလည်း လက်နက်ကိုင်သူများကို ထောက်ခံအားပေးဖို့  လမ်းဝေးနေပါသေးတယ်၊ ဒါကြောင့် လောလောဆယ်တော့ မေတ္တာပို့  ဆုတောင်းခြင်းကို အပတ်စဉ် ဘာသာမျိုးစုံ မြန်မာများအပြင်၊ စင်ကာပူ ဘာသာရေး ကျောင်းကန်၊ ဘုရားကြောင်းတွေကပါ ကူညီ ဆုတောင်းပေးအောင် ကြိုးစားရမယ် ဖြစ်ပါတယ်၊
၃၊ ဘာကြောင့် လူစုဝေး ဆုတောင်းမေတ္တာ ပို့ ခြင်းဟာ တဦးချင်း လုပ်ဆောင်မှုထက် ပိုပြီး ထိရောက်ပါသလဲ မေးခွန်းပါ၊ ဘာသာတရား မရှိသူများအတွက်လည်း စိတ်ဝိညာဉ်ရဲ့ ဆန်းကြယ်မှုကို လက်ခံရင် အဖြေ ရှိပြီးသားပါ၊ ဘာသာရေး ရှိသူများကတော့ သိပြီးသားဖြစ်ပါတယ်၊ တဦးစီ ဆုတောင်းမေတ္တာပို့ ခြင်းမှာ စိတ်ပိုင်းဆိုင်ရာ ရေဒီယေးရှင်းလှိုင်းများ ထွက်ပါတယ်၊ လူထောင်နဲ့  ချီဆုတောင်း မေတ္တာပို့ ခြင်းဆိုရင် အားပြင်းထန်တဲ့ ရေဒီယေရှင်း လှိုင်းများဟာ စစ်အာဏာရှင်များနဲ့  ပြည်သူများဆီ တိုက်ရိုက်ထိသွားမှာ သေချာပါတယ်၊
(စကားမစပ်ပြောရရင် - စစ်ခေါင်းဆောင်များမှာ စွဲကပ်နေတဲ့ "အာဏာ စွန့်ရမှာထက်စာရင် အသေပဲခံမယ်" ဆိုတဲ့ မကောင်းဆိုးဝါး၊ မှောင်မိုက်တန်ခိုး ဝိညာဉ်ဆိုးတွေ ထွက်သွားအောင် ဆုတောင်းပေးမယ် ပြောသာ ပြောရတယ်၊ တဦးချင်း ဆုတောင်းရင် ကိုယ် ဒုက္ခ၊ ဆွေမျိုး၊ သားသမီးအရေး၊ အလုပ်အကိုင် အဆင်ပြေရေးတွေပဲ ဆုတောင်းနေရတော့ မြန်မာနိုင်ငံအတွက် ဆုတောင်းခန်းကို မရောက်နိုင်ဘူး။ ဒါကြောင့် စုပေါင်းပြီး "လာဟေ့ - မြန်မာပြည်အတွက် ၂၀ မိနစ် စုပေါင်း ဆုတောင်း ပေးကြရအောင်" လုပ်ဖို့  လိုအပ်ပါတယ်၊)
၎၊ နောက်ဆုံးအနေနဲ့ ရေးရရင် ရှေ့ ဆက်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မခန့် မှန်းနိုင်ပါဘူး၊ ဖြစ်စေချင်တာတွေတော့ ရှိတာပေါ့၊ သံဃာများ ထောင်၊ သောင်း ချီပြီး ကဆောင် သပိတ်မှောက်ခြင်းဟာလည်း တချို့က "ဒီလို ဖြစ်မယ် ငါမှန်းထားပြီးသားပါ" ပြောပေမဲ့လည်း ကျနော့်အတွက်တော့ မမျှော်လင့်ပဲ ပေါ်ပေါက်လာခြင်းပါပဲ၊ ရင်ကြားစေ့စပ်၊ တွေ့ဆုံ ဆွေးနွေးခြင်းနဲ့  ပြေလည်သွားရင် ကောင်းပါတယ်၊ အသက်အရွယ်ကြီးသူ အများစုကတော့ သွားပါပြီ၊ နောက်ထပ် အနှစ်၂၀ လို့ ပြောနေကြတယ်၊ လူငယ်များ နဲ့  မြန်မာ့ အမျိုးသားရေး လက်တွေ့ လှုပ်ရှားသူတွေကတော့ စစ်အာဏာရှင် မုချကျဆုံးတော့မယ် လုံးဝ ယုံကြည်ကြတယ်၊ အများစုကတော့ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ မကြာခင်အတွင်းမှာပဲ ဖြစ်လာတော့မှာ သေချာတယ် လို့  စိတ်ချနေကြပါတယ်၊
ဆန်းသစ်

စစ်အစိုးရက ပီညဲရိုးကို လာရောက်ခွင့်ပြု

မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးကို လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန်အတွက် စစ်အစိုးရက တရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ လိပ်မူပြီး သောကြာနေ့က ရေးသား ပေးပို့ခဲ့ရာတွင် မစ္စတာ ပီညဲရိုး အနေဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့ အာဆီယံ အစည်းအဝေး မတိုင်မီ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။
အာဆီယံ ပဋိဉာဉ် စာတမ်း၏ အစိတ်အပိုင်း တခုဖြစ်သည့် လူ့အခွင့်အရေး စောင့်ကြည့် ထိန်းသိမ်းရေး ယန္တရားတခု တည်ထောင်ရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် ၁ဝ နိုင်ငံပါ အာဆီယံက ဆွေးနွေးသွားမည့် အချိန်တွင် ကုလ ကိုယ်စားလှယ်ကို ဝင်ခွင့် ပြုလိုက်သည့်စာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို နအဖ စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းလိုက်ခြင်းကြောင့် ကမ္ဘာအနှံ့ နအဖ စစ်အစိုးရ ဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားမှုများ အရှိန်တိုးမြှင့် လုပ်ဆောင်နေသည် နှင့်လည်း တိုက်ဆိုင်နေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကလည်း နအဖ စစ်အစိုးရကို ယခုလ အစောပိုင်းတွင် ကန့်ကွက် ရှုတ်ချခဲ့သေးသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကို တယ်လီဖုန်းဖြင့် စနေနေ့က ဆွေးနွေးခဲ့ပြီ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် မိုက်ကယ် လီမွန်းတပ်စ်က အတည်ပြု ပြောဆိုသည်။
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုအတွက် တရုတ်နှင့် အိန္ဒိယ မလုပ်ဆောင်နိုင်ခြင်းကြောင့် နိုင်ငံတကာ ဖိအားပေးမှုများကို ပိုမိုခံခဲ့ရသည်။
အန်အယ်ဒီ ဦးမြင့်သိန်း၏ ထောင်ဝင်စာ ပိတ်ပင်ခံရ
မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း၏ ကျန်းမာရေး အတွက် ဆေးဝါး ကုသခွင့်နှင့် မိသားစုဝင်များ၏ ထောင်ဝင်စာ ပေးခြင်းအပေါ် ထောင်အာဏာပိုင်များက တားမြစ်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း လူထုဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း အဖမ်းခံခဲ့ရပြီးနောက် မိသားစုဝင်များက ထောင်သို့ သွားရောက်ကာ ဆေးဝါးနှင့် ပစ္စည်းအချို့ ပေးပို့ရာတွင် အာဏာပိုင်များက ပိတ်ပင်ခြင်း ဖြစ်သည်။
“သူ အင်းစိန်ထောင်ထဲမှာ ရှိတယ်လို့ ကြားရလို့ ကျမတို့ ထောင်ဝင်စာ ပစ္စည်းတွေ သွားပေးတာ။ ထောင်အာဏာပိုင်တွေက မောင်းထုတ်ပြီးတော့ ဘာပစ္စည်းမှ မပေးခိုင်းဘူး” ဟု ဦးမြင့်သိန်း၏ ဇနီး ဒေါ်ဆွေဆွေသိန်းက မဇ္ဈိမကို ပြောသည်။
အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ၏ အဆိုအရ ဦးမြင့်သိန်း၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေ ရှိနေပြီး ထိန်းသိမ်း ခံထားရစဉ် တလျှောက်လုံး ဆန်ပြုတ်ကိုသာ သောက်သုံးနေရသဖြင့် ကိုယ်အလေးချိန် သိသာစွာ ကျဆင်းသွားသည်။
ဒေါ်ဆွေဆွေသိန်းက “သူ့မှာ အဖမ်းမခံရခင် ၂ လလောက်ကတည်းက အစာအိမ်ရောဂါ ဖြစ်နေလို့ ထမင်းတောင် ကောင်းကောင်း မစားနိုင်ဘူး ဖြစ်နေတာ။ သွေးပေါင်ချိန်တွေလည်း တက်နေတာကြောင့် သူ့အခြေအနေက အရမ်း ဆိုးရွားနေတာမို့ ကျမတို့ အရမ်း စိုးရိမ်နေပါတယ်။ သူ့အတွက် ဆေးဝါးကုသမှုတွေ အမြန်ဆုံး လိုအပ်နေပါပြီ” ဟု ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့က ဦးမြင့်သိန်းကို နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂၇၆ ဦး ထိန်းသိမ်း ခံခဲ့ရပြီး ၁၆ ဦးသာ ပြန်လည် လွတ်မြောက် လာသေးသည်ဟု အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟံသာမြင့်က ပြောသည်။

Tuesday, October 23, 2007

ယနေ့ နယူးဒေလီတွင် ဆန္ဒပြတဲ့ပုံများ




ယနေ့ ဆောင်းပါး ၊သတင်း

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ခေါ်ယူစစ်ဆေးခံရ
မဇ္ဈိမသတင်းဌာနအောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေး လှုပ်ရှားသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို အာဏာပိုင်များက ယမန်နေ့က ၄ နာရီကြာ ခေါ်ယူ စစ်ဆေးခဲ့ကာ သံဃာတော်တပါး အကြောင်းကို မေးမြန်းခဲ့သည်။
ပြီးခဲ့သည့် လူထုဆန္ဒ ထုတ်ဖော်ပွဲတွင် အနုပညာရှင် အသိုင်းအဝိုင်းနှင့်အတူ သံဃာတော်များကို ရေချမ်း ကပ်လှူခဲ့သည့် စာရေးဆရာမ သန်းမြင့်အောင်ကို အာဏာပိုင်များက ယမန်နေ့ညနေ ၆ နာရီခွဲခန့်က နေအိမ်မှ ခေါ်ဆောင်သွားပြီ်း ည ၁ဝ နာရီခန့်တွင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
“ပြည်ထဲရေး ဝန်ကြီးဌာနရုံးကို ခေါ်သွားတာ။ မေးစရာလေးတခု ကျန်လို့တဲ့။ မေးတာက သံဃာတော် ၁၅ ပါး ဦးဆောင်တဲ့ ဘုန်းကြီး ၁၅ ပါး ဦးစီးရေး ကော်မတီထဲမှာ စာရေးဆရာ ကံထွန်းသစ်က ဘုန်းကြီးဝတ်နဲ့လေ။ အဲဒီ ဘုန်းကြီးဝတ်နဲ့ ဆရာ ကံထွန်းသစ်ကို ဘယ်ကျောင်းမှာ သီတင်းသုံးလဲ၊ ဘုန်းကြီးနာမည် ဘာလဲဆိုတာ သိချင်လို့ မေးတာတဲ့။” ဟု ဆရာမ၏ မိတ်ဆွေတဦးက ပြောသည်။
“ဆရာမက ဘုန်းကြီး ကံထွန်းသစ်ကိုတော့ သိတယ်။ ဘယ်ကျောင်းကမှန်းတော့ မသိဘူး၊ ဘယ်အဖွဲ့ကမှန်းလည်း မသိဘူးလို့ ဖြေခဲ့တယ်။ဓဟု သူက ထပ်ပြောသည်။
ဆန္ဒပြရာတွင် ပါဝင်ကူညီမှုကြောင့် အသက် ၅၂ နှစ်အရွယ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် စာရေးဆရာ ဇော်သက်ထွေး၊ မာဂျေ၊ ကိုဦးဆွေ၊ စိမ်းနီ (ပိတောက်ပွင့်သစ် မဂ္ဂဇင်း)၊ တင်သစ် (ပိတောက်ပွင့်သစ် မဂ္ဂဇင်း)၊ ဆရာမကြီး ဒေါ်အမာ၊ ဆရာကြီး ဒဂုံတာရာ ကဗျာဆရာ အောင်ဝေး၊ ကာတွန်း အော်ပီကျယ် အစရှိသည့် စာရေးဆရာများ နည်းတူ စာပေ စီစစ်ရေး၏ ဖြန့်ချီခွင့် ပိတ်ပင်ခြင်း ခံထားရသည်။
အဆိုပါ စာရေးဆရာများနည်းတူ ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့် ဖိုးဖြူတို့ကိုလည်း သရုပ်ဆောင်လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ပင် ခံထားရသည်။
ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့သည် ယခုလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ၁၇ ရက်နေ့တွင် ပြန်လွတ်လာကာ ယခုအခါ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဆေးရုံတွင် ဆေးကုသနေရဆဲ ဖြစ်သည်။
ဆောင်းပါး
စီးဆင်းလေဦးမှာလား ဧရာဝတီ
အောင်သူငြိမ်းစက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
ဧရာဝတီမြစ်ဆုံကို ဆည်ဖို့တော့မည်။ မေခ၊ မေလိခတို့ ဆုံစည်းရာမှ ဧရာဝတီမြစ်ဟု စတင် ပေါ်ပေါက်လာရသည့် မြစ်ဖျားပိုင်းကို ဆည်ဖို့တော့မည် ဖြစ်သည်။ ဆည်မှ ဧရာမ ဆည်ကြီးမျိုး ဖြစ်သည်။ ဆည်ကြီးများ တည်ဆောက်ခဲ့၍ နိုင်ငံအများတွင် ဆိုးကျိုး နစ်နာမှုများ ကြုံခဲ့ကြရသလို ဧရာမ ဆည်ကြီးများ တည်ဆောက်မည် ဆိုလျှင် ကမ္ဘာတလွှားတွင် ပွက်ပွက်ညံ ကန့်ကွက်သံများ ဆူညံ သွားတတ်ကြသည်။
အခုလည်း မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စား ခေါ်ဝေါ်နိုင်သည့် ဧရာဝတီ မြစ်ကြီးကို ဆည်တုတ်မည့် ကိစ္စ ဖြစ်သည်။ ဤကိစ္စကို စိုးရိမ်ပူပန်စွာ အရေးတယူ လေ့လာ တင်ပြလာကြသည့် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်ကို မိမိ အလွန် ကျေးဇူးတင်ပါသည်။ သူတို့၏ သုတေသန ပြုချက်များကလည်း ပြည့်စုံ ပီပြင်စွာ စုဆောင်း တင်ပြခဲ့ကြခြင်း ဖြစ်ပြီး၊ အန္တရာယ်ကြားမှ စွန့်စား၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုခဲ့ကြသည်မှာ အလွန် ချီးကျူးထိုက်သော ကိစ္စ ဖြစ်ပါသည်။ အလွန် စိုးရိမ်ဖွယ်ကောင်း၍ အမှန်တကယ် သံချောင်းခေါက် တပ်လှန့်ရမည့် ကိစ္စလည်း ဖြစ်ပါသည်။ ဤဧရာဝတီ မြစ်ဆုံဆည်သာမက မေခမြစ်ပေါ်တွင် နောက်ထပ်ဆည် ၇-ခု ထပ်တည်ဆောက်ရန် စစ်အစိုးရက လျာထားချက်များလည်း ရှိနေပါသေးသည်။
သို့သော်လည်း ဤအစီရင်ခံစာအကြောင်း သတင်းအဖြစ် ဖော်ပြကြသူများက ဤသို့ စိုးရိမ်ဖွယ် အကြောင်းကို ခြုံငုံ ဖော်ပြခဲ့သည်ဟု မဆိုနိုင်ပါ။ သတင်း ခေါင်းစဉ်များကို ကြည့်၍ မိမိအလွန် အားမလို အားမရ ဖြစ်လာပါသည်။ ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) က ဤသတင်းကို ဖော်ပြသည် ကြားရပါသည်။ ဧရာဝတီ အွန်လိုင်းတွင် မတွေ့ရသေးပါ။ မဇ္ဈိမ သတင်းဌာန အွန်လိုင်း မြန်မာ စာမျက်နှာက "မြစ်ဆုံရေကာကြောင့် ရွာ ၅ဝ ခန့် ရေမြုပ်မည်ဟု ကချင်အဖွဲ့က ပြောဆို" ဟုသာ သတင်း ခေါင်းစီး ဖော်ပြခဲ့ပါသည်။ ခေတ်ပြိုင် သတင်းစာ အွန်လိုင်း စာမျက်နှာကလည်း "KDNG မှ စံချိန်မှီ စီမံကိန်းများ ဖြစ်စေရန် တရုတ်အား တိုက်တွန်း" ဟု သာ သတင်းခေါင်းစီးရေး ဖော်ပြခဲ့ပါသည်။ ဤဖော်ပြချက်များကို မိမိ မကျေနပ်နိုင်၍ ဤ ဆောင်းပါး ရေးရခြင်း ဖြစ်ပါသည်။
မြန်မာလူ့ယဉ်ကျေးမှု၏ အသက်သွေးကြော
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အချက်အချာ နေရာများကို ဖြတ်သန်း စီးဆင်းသွားပြီး၊ မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်ဟုပင် ခေါ်နိုင်ပါသည်။ ဧရာဝတီမြစ်က မြန်မာလူထုများအတွက် သောက်သုံးရေ ပေးသလို၊ ဆန်စပါးများ စိုက်ပျိုးရန်အတွက် ရေ၊ နုံးတင်မြေနု၊ သားငါး တောကောင်များ ကျက်စားရာ လွင်ပြင် ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် ဧရာဝတီ နှင့် ကင်းကွာ၍ မရပါ။ ၁၁-ရာစု ပုဂံ အင်ပိုင်ယာမှသည်၊ မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် အဆက်ဆက်သော မြန်မာ့ ထီးနန်း အုပ်ချုပ်သူများ လူထုများ မှီခို ရှင်သန်ခဲ့ကြသည်မှာ ဤမြစ်ကြီး ဧရာဝတီပင် ဖြစ်ပါသည်။ တနည်းဆိုရလျှင် ဧရာဝတီသည် မြန်မာ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ဖွံ့ဖြိုးစေခဲ့သော လွင်ပြင်လည်း ဖြစ်ပါသည်။ မြန်မာများက ဤမြေကို ကာကွယ်ခဲ့ကြပြီး၊ ဤမြေတွင် ကြီးထွားခဲ့ကြပါသည်။ ဤမြစ်နှင့် ဤမြေကို ခုံမင် တပ်မက်ခဲ့ကြပါသည်။ ရှေးအဆိုတော်များ သာမက ခေတ်အဆိုတော်များ ဖြစ်သည့် ခင်ဝမ်း၏ ဧရာဝတီ၊ ထူးအိမ်သင်၏ ဧရာဝတီ၊ စသဖြင့် ဧရာဝတီသည် အနုပညာရှင် တို့၏ အိပ်မက်များကို ဖွားမြင်စေရာလည်း ဖြစ်ပါသည်။
ဧရာဝတီ မြစ်ဝှမ်းက (၄၁၃,၆၇၄) စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) % ကို လွှမ်းခြုံထားပါသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျားက (၂,၁၇၀) ကီလိုမီတာနီးပါး ရှည်လျားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်း ရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လူဦးရေ (၃) သန်းကျော် မှီတင်း နေထိုင်ရာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါး အထွက်၏ (၆၀%) ကို ဤဒေသက ထုတ်လုပ် ဖြည့်ဆည်း ပေးနေပါသည်။
ထိုမျှမက ဧရာဝတီမြစ်သည် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UN Environment Programme) နှင့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စောင့်ကြည့်ရေး ဌာန (World Conservation Monitoring Center) တို့က ၎င်း၏ ဇီဝသတ္တ စုံလင်ကြွယ်ဝမှုကြောင့် ဦးစားပေး ထိန်းသိမ်း ထားအပ်သည့် မြစ် (၃၀) စာရင်းတွင် ထည့်သွင်းထားသော မြစ်ကြီးတစင်းလည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်တွင် ငါးမျိုးစိတ် (၇၉) မျိုး ရှိနေပြီး ရှားပါးသည့် ဧရာဝတီ လင်းပိုင်ငါးကြီးများလည်း အပါအဝင် ဖြစ်ပါသည်။ ထို့အပြင် ဧရာဝတီ မြစ်ဝှမ်းတလျှောက်၌ ငှက်များအတွက် စားကျက်ဘေးမဲ့မြေ ၄-ခု လည်း တည်ရှိနေပါသေးသည်။
ယခုကိစ္စက ဤမြစ်ကို ဆည်တုတ်မည့် ကိစ္စ ဖြစ်ပါသည်။ စစ်အစိုးသည် ဧရာဝတီမြစ်ပေါ်ရှိ ပင်မဆည်ကြီး အပြင်၊ မြစ်ဆုံမြောက်ဘက်ရှိ အင်မိုင်ခခေါ် (မေခ) မြစ်ပေါ်၌လည်း နောက်ထပ်ဆည် (၇) ခု တည်ဆောက်ရန် လျာထားသော စီမံကိန်းများ ရှိနေပါသေးသည်။ ဧရာဝတီမြစ် စီးဆင်းနိုင်ပါ ဦးတော့မည်လော။
စစ်အစိုးရ သက်ဆိုးရှည်စေမည့် ရင်းနှီးမြှုပ်နှံမှုများ
ဤဆည်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုများကြောင့် စစ်အစိုးရ ဝင်ငွေရကာ သက်ဆိုးရှည် စေပါဦးမည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကို အတိအကျ မသိရသော်လည်း အမေရိကန် ဒေါ်လာ ၃. ၆ ဘီလီယံ ခန့် ရှိမည်ဟု KDNG က ခန့်မှန်းတွက်ချက် ဖော်ပြပါသည်။ ထို့အပြင် ဤဆည်များ တည်ဆောက် ပြီးစီးပါက လျှပ်စစ် ရောင်းချငွေဖြင့် စစ်အစိုးရက တနှစ်လျှင် ဒေါ်လာ သန်း (၅၀၀) ခန့် နှစ်စဉ် ငွေဝင်လမ်း ဖြောင့်နေပါဦးမည်။
(၂၀၀၇) ခုနှစ်၊ မေလ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတပုဒ်က အောက်ပါအတိုင်း ဖေါ်ပြ ထားပါသည်။
အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျပ်စစ် အကောင်အထည်ဖေါ်ရေး ဌာနနှင့် တရုတ်နိုင်ငံ လျပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation--CPI) တို့သည် ရေအား လျှပ်စစ်လုပ်ငန်း စီမံချက် (၇) ခု (ဧရာဝတီ မြစ်ဆုံ၌ ၃,၆၀၀- မီဂါဝပ် စီမံချက်၊ ချီဗွေ၌ ၂,၀၀၀-မီဂါဝပ် စီမံချက်၊ ပါရှီး၌ ၁,၆၀၀-မီဂါဝပ် စီမံချက်၊ လာကင်၌ ၁,၄၀၀-မီဂါဝပ် စီမံချက်၊ ဖီဇော၌ ၁,၅၀၀-မီဂါဝပ် စီမံချက်၊ ခေါင်ဂလန်ဖူ၌ ၁,၇၀၀-မီဂါဝပ် စီမံချက်၊ လိုင်ဇာ၌ ၁,၅၆၀-မီဂါဝပ်စီမံချက်) ကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုထားပါသည်။ ဆည်အားလုံး တည်ဆောက် ပြီးစီးသွားပါက စုစုပေါင်း မီဂါဝပ် (၁၃,၃၆၀) ကို ထုတ်လွှတ်ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။ ဤစီမံချက်သည် မြန်မာနိုင်ငံ၌ အကြီးဆုံး ရေအားလျပ်စစ် လုပ်ငန်းဖြစ်ပြီး တိုင်းပြည်၏ အကြီးဆုံး ရေအားလျှပ်စစ် လုပ်ငန်း စီမံချက်ဖြစ်သော ရှမ်းပြည်နယ်ရှိ (၇,၁၀၀) မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည်၏ အင်အား ထက် သာလွန်နေပါသည်။
ဤဆည်များမှ ထွက်လာသော ရေအား လျှပ်စစ်များက မြန်မာပြည်သူလူထု ခံစားရဖွယ် မရှိပါ။ အကြောင်းမှာ ထိုင်းနိုင်ငံရှိ ပညာရှင်တဦး လေ့လာချက်အရ ထိုဆည်များမှ လျှပ်စစ်ကို သယ်ပို့ပေးမည့် ကောင်းကင် ကြိုးတန်းစနစ် မရှိသောကြောင့် ဖြစ်ပါသည်။ ဤလျှပ်စစ်များက တရုတ်နိုင်ငံကို ရောင်းစားရန် သက်သက်သာ ဖြစ်ပါသည်။
စီမံချက်တွင် အဓိက ပါဝင်လုပ်ဆောင်မည့်သူ တဦးဖြစ်သော တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ၏ အဆိုအရ၊ ယူနန် လျှပ်စစ်ဓါတ်အား ကွန်ရက် ကုမ္ပဏီ (Yunnan Power Grid Company) က မြန်မာနိုင်ငံမှ ထုတ်လွှတ်ပေးမည့် လျှပ်စစ် ဓါတ်အားများကို ယူနန် လျှပ်စစ်ဓါတ်အား ကွန်ရက်စနစ်ဖြင့် တရုတ်နိုင်ငံသို့ ပို့လွှတ်ပေးမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ "အနောက်မှအရှေ့သို့ လျှပ်စစ် ဓါတ်အား ပို့လွှတ်ပေးရေး အစီအစဉ်" (West to East Power Transmission Policy) အရ လုပ်နေခြင်း ဖြစ်သည်။ ဤဆည်များ တည်ဆောက်မှုက ဤစီမံချက်၏ အစိတ်အပိုင်းသာ ဖြစ်ပါသည်။
The Voice ဂျာနယ်၏ သတင်းတခုအရ ရေအားလျှပ်စစ် စီမံကိန်းကြီးများကြောင့် တရုပ်နိုင်ငံက FDI ခေါ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံများအနက် ဆဌမ နေရာယူလာကြောင်း ဖတ်ရပါသည်။ (၂၀၀၅-၆) ဘဏ္ဍာရေး နှစ်တွင် တရုပ်နိုင်ငံက အဆင့် ၉ သာ ရှိခဲ့သော်လည်း၊ ရွှေလီ ရေအားလျှပ်စစ်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၂၈၁ သန်း ထပ်မံ မြှုပ်နှံခဲ့သောကြောင့် (၂၀၀၆-၂၀၀၇) တွင် အဆင့် ၆ ဖြစ်လာခဲ့ပါသည်။ ယခု ဧရာဝတီ မြစ်ဆုံဆည် ကိစ္စများ မလာသေးပါ။ (၂၀၀၇) ခု၊ ဖေဖေါ်ဝါရီလ စာရင်းများအရ ရေအားလျှပ်စစ် လုပ်ငန်းက မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် (၄၃.၈%) အထိ တက်လာပြီး၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့က ၂၀% သာ ရှိနေပါသည်ဟု ၎င်းဂျာနယ်တွင်ပင် ဖတ်ခဲ့ရပါသည်။
ဆည်ကြီးများ၏ ဆိုးကျိုး
ဖော်ပြခဲ့သည့် ပမာဏ အတိုင်းအတာကို တွက်ကြည့်ပါ။
သစ်တောများ၊ သဘာဝ ပတ်ဝန်းကျင်များ အကြီးအကျယ် ပျက်စီးရပါလိမ့်မည်။ ဆည်တည်ဆောက်သည့် ကန်ထိရိုက်များ အတွက် ငွေတွင်းကြီး ဖြစ်သော်လည်း ဒေသနေ ပြည်သူအများ အိုးအိမ်စွန့်ခွါ ပြောင်းရွှေ့ ကြရပါလိမ့်မည်။ စစ်တပ်များ လုံခြုံရေးအတွက် ပိုမို တိုးမြှင့် ချထားလာသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မုဒိမ်းမှုများ၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ အဓမ္မ ရွှေ့ပြောင်းစေမှုများ ပို၍ ကြုံလာရဖွယ် ရှိနေပါသည်။ ဒေသနေ လူများလည်း ဒေသများ ရေလွှမ်းသောကြောင့် နေထိုင်ရေး၊ သွားလာရေး ခက်ခဲကြရမည်။ ရွှေတူးခြင်း၊ အမဲလိုက်၊ ငါးဖမ်းခြင်း စသည့် သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆုံးရှုံးရခြိမ့်မည်။ မိသားစု အသိုက်အမြုံများ ပြိုကွဲမည်။
ကမ္ဘာ့ ဆည်များကော်မရှင် (World Commission on Dams) ၏ ခန့်မှန်းချက်အရ ကမ္ဘာ တဝှမ်းလုံးတွင် ဆည်များ ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း (၄၀) မှ (၈၀) အထိ နေရပ်ရင်း စွန့်ခွါပြောင်းရွှေ့ ခဲ့ကြရကြောင်း ဖော်ပြထားပါသည်။ ဤသို့ ပြောင်းရွှေ့ကြရမှုကြောင့် အမျိုးသမီးများနှင့် ဌာနေ တိုင်းရင်းသား လူမျိုးများမှာ အထူးနစ်နာ ခံစားခဲ့ကြရပါသည်။ ကော်မရှင်၏ ဖော်ပြချက်အရ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းရွှေ့ အခြေချကြရမှုနှင့် သက်မွေးဝမ်းကျောင်း၊ နေထိုင်မှု ဘဝများ ပြောင်းရွှေ့ကြရသောကြောင့် "မြေယာမဲ့များ ဖြစ်ရခြင်း၊ အလုပ်လက်မဲ့များ ဖြစ်ရခြင်း၊ အိမ်ခြေယာမဲ့များ ဖြစ်ရခြင်း၊ ခွဲခြား ဖိနှိပ်ခံရခြင်း၊ စားရေရိက္ခာ မဖူလုံ ဖြစ်ရခြင်း၊ သေနှုန်းမြင့်များခြင်းနှင့် လူအများပိုင် ရင်းမြစ်များ ဆုံးရှုံးရခြင်း၊ လူမှုရေး နှင့် ယဉ်ကျေးမှုအရ ပြန်လည် ထူထောင်နိုင်သော သတ္တိများ ဆုံးရှုံးရခြင်း" တို့ကိုလည်း ဖြစ်ပွားစေပါသည်။ ဖွဲ့စည်း တည်ဆောက်ထားသော လူနေမှုစနစ် ပြိုကွဲရခြင်းနှင့်အတူ စီးပွားရေးအရ စွမ်းအားများ ပျက်စီး ဆုံးရှုံးရခြင်းတို့ကြောင့် "များသောအားဖြင့် ပြန်လည် ပြုပြင်၍ မရနိုင်တော့လောက်အောင် လူနေမှု အဆင့်အတန်း ဆင်းရဲ နိမ့်ကျရခြင်းများ" ကိုလည်း ဖြစ်စေပါသည်။
ဤမျှမကသေးပါ။
မစီးဆင်းပဲနေသော ရေသေကြောင့် ရှစ်ဆိုစတိုမီယေးဆစ် (Schistosomiasis) ခေါ် ကပ်ပါး သံကောင်များ ပိုပေါက်ဖွားနိုင်ခြင်း၊ ပြဒါးဓါတ် စုပုံလာ၍ ပြဒါးဆိပ်သင့်ခြင်း စသည့် ကျန်းမာရေး ပြဿနာများလည်း ရှိနေပါသည်။ ငါးမျိုးစိတ်အချို့ မြစ်ညာ တက်၍ သားမပေါက်နိုင်တော့သောကြောင့် ပျောက်ကွယ်သွားမည်။ လူအများ ပြောင်းရွှေ့ အခြေချရမှုကြောင့် ကျန်းမာရေး ပြဿနာများလည်း ပိုဆိုးလာဖွယ် ရှိနေပါသည်။ မြစ်အောက်ပိုင်းရှိ ရေသွင်း စိုက်ပျိုးခင်းများ၊ နုံးတင်ကျွန်းများ၊ စိုက်ပျိုးရေးနှင့် တံငါလုပ်ငန်း၊ ခရီး ကူးသန်း ရောင်းဝယ်မှု သောက်သုံးရေ ကိစ္စများတွင်လည်း ထိခိုက်မှု အကြီးအကျယ် ရှိလာစေတော့မည် ဖြစ်ပါသည်။ အပေါ်မှ မြစ်ရေဆုတ်ယုတ် အားလျှော့လာသောကြောင့် ပင်လယ်ရေငံ အထက် တက်လာကာ မြေများ ဆားငံဓါတ် ပေါက်ခြင်းလည်း ကြုံကြရပါဦးမည်။ထို့အပြင် ဆည်ကျိုးပေါက်မှုများ အတွက်လည်း အန္တရာယ် ရှိနေပါသည်။ ကချင်ပြည်နယ်၌ပင် ဝါရှောင်ဆည်၊ ကြိမ်ခရမ် ဆည်များ ရေလျှံကျိုးပေါက်ခဲ့ပြီး လူအများ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရပါသည်။ ဤသတင်းများကို စစ်အစိုးရက အမှောင်ချ ထားခဲ့ပါသည်။
လူထုကို အသိပေးတိုင်ပင်မှု မရှိခြင်း
ပိုဆိုးသည်မှာ ဤသို့ဆိုးကျိုးများ ခံစားရဖွယ်ရှိသည့် လူထုအများကို အသိပေး အကြောင်းကြားမှု မရှိခြင်းပင် ဖြစ်ပါသည်။ စစ်အစိုးရ ရှိသမျှ ထုတ်ရောင်းစားနေပြီး၊ အိမ်နီးချင်း နိုင်ငံများကလည်း ဘာရရ အမြတ်ထုတ်ဖို့သာ ချောင်းနေကြပါသည်။ လူထုအများက မစားရ ဝမခန်း "သတင်းစာ ကိုင်လျှင်ပင် ဓါတ်လိုက်ရမည့်" ကြွားလုံးများနှင့်သာ ကြုံနေကြရပါသည်။ ဆုံးဖြတ်ချက် ချရာတွင်လည်း ပါဝင်ခွင့်မရှိ။ ဤစီမံချက်များကလည်း လေ့လာနိုင်ခွင့်လည်း မရှိ။ ဒုက္ခ အကြီးအကျယ် ကြုံရ စေမည့် အခြေအနေ ဖြစ်နေလျှင်သော်မှ ကြိုတင် သိထားခွင့် မရှိကြပါ။ အခြား အိမ်နီးချင်း နိုင်ငံများတွင် ဆည်တည်ဆောက်ရေး ကိစ္စများနှင့် လူထုအများက ဆူညံစွာ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်နေကြသော်လည်း၊ မြန်မာပြည်သူများက မေတ္တာသုတ်ပင် ကျယ်ကျယ် မရွတ်ဝံ့သည့် အခြေအနေ ဖြစ်နေပါသည်။
သံလွင်မြစ်ကို ဆည်တည်သည့် ကိစ္စကို ထောက်ခံလိုခြင်း မဟုတ်ပါ။ သံလွင်နှင့် ဧရာဝတီယှဉ်လျှင် သံလွင်စီးဆင်းရာ တလျှောက်တွင် တောတောင် ပိုများပြီး၊ မြစ်ဝကျွန်းပေါ်သဖွယ် လွင်ပြင်က အနည်းအကျဉ်းသာ ရှိပါသည်။ ဧရာဝတီ မြစ်ကတော့ ဤသို့မဟုတ် မြန်မာနိုင်ငံ အလယ်ကို ဖြတ်စီး၍ သွေးကြောကြီးသဖွယ် ဖြစ်နေသော မြစ်ဖြစ်ပါသည်။ ဆိုးကျိုးများက ပိုများမည်မှာ ပြောဖွယ် မရှိပါ။ ဆင်ခြင်ကြည့်လျှင် ဖြစ်နိုင်ပါသည်။
ဤကိစ္စအတွက် အစီရင်ခံစာ ပြုစု ထုတ်ပြန်ခဲ့သော KDNG ကို ကျေးဇူးတင်ကြောင်း ထပ်ဆိုပါရစေ။ သတင်း မီဒီယာများ အနေဖြင့်လည်း ထိခိုက် နစ်နာရမည့် တန်ဖိုးကို အလေးအနက်ထား၍ ဝိုင်းဝန်း တားဆီးကြပါရန် မီးသံချောင်းလှန့်လိုက် ရပါသည်။
(ဆည်နှင့် ပတ်သက်သော အချက်အလက်များကို KDNG အစီရင်ခံစာမှ ရယူပါသည်။)
အင်တာဗျူး
ဆန္ဒပြတာတွေဟာ ခေတ္တငုပ်သွားတာပါ ကိုဇာဂနာနှင့် ဆက်သွယ်မေးမြန်းချက်
နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)အောက်တိုဘာလ ၂၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က နအဖ စစ်အာဏာပိုင်များအပေါ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ် ဆင်နွှဲနေသည့် သံဃာတော်များကို ရန်ကုန်ရှိ ရွှေတိဂုံ ဘုရားတွင် ဆွမ်းကပ်လှူရာ၌ ပါဝင်ခဲ့သဖြင့် နောက်တရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယခုလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသူ နိုင်ငံကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ တဦးဖြစ်သူ ဇာဂနာ ခေါ် ကိုသူရ ကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ လတ်တလော ကျန်းမာရေး အခြေအနေ။
ဖြေ။ အဆုပ်ပွနေတယ်။ တမံသလင်းပေါ် အိပ်ရတော့ အဆုပ်ပွယောင် ရောဂါ ရလာတယ်။ ဆေးရုံတက်ဖို့ ပြောပေမယ့် ကျနော့်ဟာ ကျနော် ဆေးသောက်ပြီးတော့ ကုတော့မယ် ဆိုပြီးတော့ ဆေးရုံကနေ ကိုယ့်ဟာကိုယ် ဆင်းလာတယ်။
မေး။ အင်းစိန်ထောင်က စစ်ခွေး တိုက်ထဲမှာ ထားတယ်လို့ သိရတယ်။ ဘယ်လို နေရာမျိုးလဲ၊ ပြီးတော့ ဘယ်လိုနေခဲ့ရလဲ။ ဘယ်နှစ်ရက်လောက် နေခဲ့ရလဲ။
ဖြေ။ ပထမဆုံး ကျနော့်ကို ဖမ်းပြီး ခေါ်သွားတာက အင်းစိန် သီးသန့်ထောင် ခေါ်သွားပြီးတော့ အဲဒီနေ့ည တညလုံး ထားပြီးတော့၊ မနက်လည်းကျရော အောင်သပြေ စစ်ကြောရေး စခန်းကို ခေါ်သွားတယ်။ အောင်သပြေ စစ်ကြောရေးမှာ ၃ ညနဲ့  ၄ ရက်ထားတယ်။ ပြီးတော့ အင်းစိန်ထောင်က စစ်ခွေး အချုပ်ခန်းကို ပို့လိုက်တယ်။
မေး။ စစ်ခွေး အချုပ်ခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘယ်လောက် အကျယ်အဝန်း ရှိလဲ။
ဖြေ။ စစ်ခွေး အချုပ်ခန်း ဆိုတာကတော့ဗျာ၊ တိုတိုပြောရင်ဗျာ ထောင်ထဲမှာ အပြစ်ဒဏ် ကျနေတဲ့ သူတွေ ရှိတယ်။ အပြစ်ဒဏ် ကျနေတဲ့ လူတွေထဲမှာ ထပ်ပြီးတော့ ထောင်ထဲမှာ အမှုလုပ်တဲ့သူတွေ၊ အချင်းချင်း ပြန်ရိုက်တဲ့ သူတွေ၊ သတ်တဲ့သူတွေ၊ ဆေးသွင်းတဲ့ သူတွေ၊ ယောက်ျားလေး အချင်းချင်း အနိုင်ကျင့်တဲ့သူတွေ၊ အဲလို လူမျိုးတွေရဲ့ ခြေထောက်ကို သံခြေကျင်း ခတ်ပြီးတော့ အဲဒီကို ပို့ရတာ။ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ပြီးတော့ တိုက်ထဲ ပိတ်ထားလိုက်တာပေါ့ဗျာ။ အပြင်လည်း ဘာမှ မမြင်ရတော့ဘူး။ မျက်နှာတခုစာ အပေါက်ပဲ ရှိတယ်။ လေဝင်ပေါက်ဆိုလို့ အဲဒီ အပေါက်ပဲ ရှိတယ်။ အကျယ်ဝန်းက ၈ ပေ၊ ၁ဝ ပေ ရှိတယ်။ အထဲမှာ လောင်ပြီးတော့ အေးလည်း တအားအေးတယ်။ တမံသလင်းပေါ်မှာ သစ်သားပြား တခုပဲ ထားတယ်။
နောက်ပြီးတော့ ပထမ ၂ ရက်လောက် လုံးဝ ရေမချိုးရဘူး။ စစ်ခွေးတိုက် ခေါ်တာကလည်း အဲဒီ လုံခြုံရေးအတွက် အင်းခွေး အကောင် ၃ဝ လောက် အစောင့် ချထားတယ်။ အဲဒီထဲမှာ အစားသောက်ကလည်း အတော် စုတ်ပြတ်တယ်။ နေရေးထိုင်ရေး ကလည်း တအား စုတ်ပြတ်တယ်။ လေပေါက်ကလည်း မရှိဘူး။ တမံသလင်းပေါ်၊ သစ်သားပြားပေါ် အိပ်ရတော့ အဆုပ်က အအေးပတ်ပြီးတော့၊ နောက် ကန်တော့ ကန်တော့ အီအီးပါတော့လည်း ကျနော့်ကို ထမင်း သံပုဂံပြားတခု ပေးထားတယ်။ အီအီးတခါပါ၊ ရှူရှူတခါ ပေါက်ဆို သံပုဂံပြား ပြည့်သွားရောဗျာ။ ဆက် ပါလို့ မရတော့ဘူး။ အဲဒီမှာ ၇ ညနဲ့ ၈ ရက်လောက် နေခဲ့ရတယ်။ နောက်တနေ့တော့ ၅ ဆောင် သီးသန့် အဆောင်ကို ပို့လိုက်တယ်။ အဲဒီမှာ မဆိုးပါဘူး။ အဲဒီမှာတော့ တထွာလောက်ရှိတဲ့ ကွပ်ပြစ်တခု ရှိတယ်။ အဲဒီမှာ အိပ်ရတယ်။ ၂ ပေခွဲလောက်ရှိတဲ့ ရေချိုးကန်လေး တခု လုပ်ထားတယ်။
မေး။ တခြားသူတွေနဲ့ရော အတူထားတာ ရှိလား။
ဖြေ။ ကျနော်တယောက်ထဲဗျ။ တကယ့်ကို တယောက်ထဲဗျ။ ဘေးလူ တယောက်မှ မရှိဘူး။ ဘာမှမရှိဘူး။ တယောက်ထဲရယ်။ အလုံပိတ်ထားတယ်။
မေး။ နှိပ်စက် ညှဉ်းပမ်းတာတွေ ရှိလား။
ဖြေ။ အဲဒီမှာ ညှင်းပမ်းလို့ကတော့ သေဖို့ပဲ ရှိတော့တယ်။ အဲဒီမှာ ထားတာကိုက တော်တော်ဆိုးနေပြီ။ နေမမြင်၊ လမမြင်နဲ့ နေရတာဗျ။
မေး။ ထောင်ထဲမှာ ခေါ်ယူ စစ်ဆေး မေးမြန်းတာ ရှိလား။ ဘာတွေမေးလဲ။
ဖြေ။ ရှိတယ်။ အဲဒီထဲမှာ ညလုံးပေါက်၊ ညလုံးပေါက် ခေါ်စစ်တယ်။ ကျနော့်ဆီမှာ သူတို့ မသိတဲ့ဟာတွေ ရှိတယ်ဆိုပြီးတော့ ညလုံးပေါက်ကို မေးတယ်။ ပထမဆုံးနေ့ကဆိုရင် ည ၈ နာရီကနေ မနက် ၆ နာရီအထိ ညလုံးပေါက်ပဲ။ နေ့တိုင်းတော့ မဟုတ်ဘူး။ နောက်ရက်တွေကတော့ ခဏပဲ။ တကယ်စစ်တာက တညပဲ၊ ကျန်တာတွေက အလကား သက်သက်ပဲ။ အိပ်တော့မယ် ဆိုရင် လာခေါ်တယ်၊ အိပ်မရရုံ လောက်ပဲလေ။ အိပ်တော့မယ်ဆိုရင် လာခေါ်တော့တာပဲ။ တခါတလေကျရင် အိပ်နေရင်း ခုံတွေ လာရွှေ့သေးတယ်။ ဘာလုပ်တာမှန်း မသိဘူး။
မေး။ ဘာတွေ အဓိကထား မေးလဲ။
ဖြေ။ ဘာမှကို မမေးတာ။ သူတို့မေးတာ ဘာမှ မသိရလို့။ သူတို့ မေးတာကတော့ သိတယ် မဟုတ်လား။ ဘယ်သူတွေ ပါလဲ၊ ဘယ်ဝါတွေ ပါလဲ။ ကျနော် ပါတာတော့ ကျနော်သိတယ်။ ကျန်တဲ့ လူတွေကို ဂရုကိုမစိုက်လို့ ကျနော် မသိဘူးပေါ့။ ကျနော်နဲ့ ပတ်သက်လို့၊ ကျနော်တို့ အနုပညာနဲ့ ပတ်သက်လို့ ဘယ်သူမှ မလာဘူးလို့ ပြောလိုက်တယ်။ အဲဒါတွေ ကျနော် မသိရလို့ပေါ့နော်။
မေး။ လာဖမ်းတဲ့ ပုံစံလေးကို ပြောပြပါအုံး။
ဖြေ။ ညပိုင်း ၁၂ နာရီ ၂ဝ လောက်မှာ။ လာတုန်းကတော့ သိပ်ရီရတယ်။ “သန်းခေါင်စာရင်း စစ်မယ်” ဆိုပြီးတော့ ပြောတာ။ ကျနော်က “စစ်မနေပါနဲ့ဗျာ။ ခင်ဗျားတို့ လာဖမ်းတာ မဟုတ်လား” ဆိုပြီးတော့ အဝတ်တထည်နဲ့ ဆေးတော့ ယူလာရတယ်။ ကျနော်လည်း ညနေကတည်းက ကိုမောင် (ကျော်သူ) နဲ့ ကိုအောင်ဝေးတို့ ပုန်းမယ့်နေရာ သွားရှာပေးနေတာ။ ကျနော့်အတွက် ဘာမှ မစဉ်းစားနိုင်ဘူး။ အဲဒီတော့ Curfew မတိုင်ခင် ည ၉ နာရီအမီ အိမ်ပြန်လာရသေးတယ်။ လာခေါ်တာက စုစုပေါင်း ၈ ယောက်။ အနောက်ပိုင်း ခရိုင်က ရဲမှူး ဦးစိုးသိန်း၊ ရဲအုပ်က ၃ ယောက်၊ ရိုးရိုး ဒုရဲအုပ်ကတော့ တယောက်။ နောက် စမ်းချောင်း မြို့နယ်က ရဲစခန်းက စခန်းမှူး တယောက်၊ ရဝတ ၂ ယောက်လောက် ပါတယ်။ ဖမ်းဝရမ်း မပါဘူး။
မေး။ အိမ်တွင်းကို ရှာတာဖွေတာ ရှိသေးလား။
ဖြေ။ နှံ့နေအောင်ကို ရှာတာဗျာ။ အခန်းတွင်းကို ရှုပ်ပွနေတာပဲ။ ကွန်ပြူတာတွေ သိမ်းတာ မရှိပါဘူး။ ကျနော့် မိုဘိုင်းတော့ သိမ်းလိုက်တယ်။ သူတို့ ပြန်လာပေးမယ်လို့ ပြောတယ်။
မေး။ ပြန်ထွက်လာတော့ရော လက်မှတ်တွေ၊ ဝန်ခံချက်တွေ ထိုးခဲ့ရသေးလား။
ဖြေ။ အဲဒီဟာက တော်တော် ထူးဆန်းတယ်ဗျ။ ကျနော့်ကို လွှတ်မယ်လို့ မပြောဘူး။ ကျနော့်ကို ထောင်ကနေပြီးတော့ အိမ်ကို ပြန်ရမယ်လို့ မပြောဘူး။ ထောင်ပြောင်းရမယ်လို့ ပြောထားတယ်။ နယ်ထောင် ပြောင်းရမယ် ပြောတယ်။ နယ်ထောင် ပြောင်းရမယ် ဆိုတော့လည်း ပြောင်းပေါ့။ ရောက်ဖူးသည် ရှိအောင်ပေါ့။ ပြီးလည်းပြီးတော့ နယ်ထောင် မဟုတ်ဘဲနဲ့ အပေါက်ဝလည်း ရောက်တော့ အိမ်ပြန်ရမယ်ဆိုပြီးတော့ အိမ်အရောက် ကားနဲ့ ပြန်ပို့တယ်။ အားလုံးပေါင်း ၅ ယောက်။ ရဲမှုးတွေချည်းပဲ။ ကျနော်တောင် ထောင်ပစ္စည်းတွေတောင် ပါလာသေးတယ်။ ကျနော် ပြန်ပေးရအုံးမယ်။ ထောင်အင်္ကျီတွေတောင် ပါလာတယ်။ တခြား ဘာမှမပြောဘူး ခင်ဗျ။ ပြောလို့လည်း ရမှာ မဟုတ်ဘူးလို့ ထင်နေကြပါတယ်။
မေး။ ထောင်က ထွက်ပြီးတော့ရော အနီးကပ် စောင့်ကြည့်တာတွေ ရှိလား။
ဖြေ။ ရှိတာပေါ့။ ကျနော်တို့ ဆီမှာ ၃ မျိုးရှိတယ်။ ထုံးစံအတိုင်း ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ ရဲတွေပေါ့ဗျာ။ ရဲဆိုတာကလည်း ရဲနဲ့ ရဝတ တွေပေါ့ဗျာ။ အိမ်ရှေ့ တည့်တည့်မှာတော့ မရှိဘူး။ ကျနော်တို့ အိမ်နားမှာ စားသောက်ဆိုင်တို့၊ လ္ဘက်ရည်ဆိုင်တို့ ရှိတယ်။ အဲဒါတွေကိုလည်း ရဝတ တွေက ကျနော့်ကို ကြိုတင် လာပြောထားတာတွေ ရှိတယ်။ သူတို့ကိုလည်း ကျနော် ကြည့်မနေပါဘူး။ နေပါစေ။ သူတို့ ညောင်းတာပေါ့၊ ရပ်နေရတာ။ ကျနော်ကတော့ အပြင်ကို သွားတာပဲဗျ။ လွတ်လွတ်လပ်လပ် ပေါ့ဗျာ။
မေး။ လှုပ်ရှားမှုပိုင်းမှာ ခေါင်းဆောင်ခဲ့ကြတဲ့ ကျောင်းသား၊ ရဟန်း သံယာတွေကို အခုလို ဖမ်းဆီးနေတဲ့ အချိန်မှာ လှုပ်ရှားမှုဟာ ရပ်တန့်သွားပြီ၊ ရပ်တန့်သွားမယ်လို့ ပြောနိုင်သလား။
ဖြေ။ ကျနော် လေ့လာ မိသလောက်တော့ ဒီလှုပ်ရှားမှုတွေက ခဏတော့ လောလောဆယ် အခြေအနေအရ ရပ်သွားတယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး။ လောလောဆယ် အခြေအနေအရ ခေတ္တခဏ ငုပ်သွားတယ်လို့ ပြောနိုင်မယ်။ ခဏလေးပဲ ငုပ်သွားတာပါ။ ဒါဟာ ရပ်သွားမှာ မဟုတ်သလို၊ အားလုံး စိတ်ထဲမှာလည်း ရှိနေတယ်။ ပြီးမသွားပါဘူး။ ကျနော်တို့ စိတ်ထဲမှာတင် မကပါဘူး၊ ပြည်သူလူထုတွေ စိတ်ထဲမှာလည်း မပြီးသေးပါဘူး။ သူတို့စိတ်ထဲမှာလည်း အုံ့ပုန်းနဲ့ အနာကြီးတခုလို ဖြစ်ကျန်ရစ် နေသေးပါတယ်။
မေး။ အခုလို တအုံနွေးနွေးနဲ့ အနာကြီးတခုလို ပြည်သူလူထု ရင်မှာ ကျန်ရစ်တော့ ဘယ်လို အထောက်အကူပြုလဲ။
ဖြေ။ အခုလို ဖြစ်နေတာက ကျနော်တို့ တိုင်းပြည်အတွက် တဖက်က ပြန်ပြောရင်တော့ ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်း ရှိတယ်။ ကျနော်ကတော့ ဒါ ကောင်းတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သားသမီးတွေ ၁၉ နှစ်အရွယ်တွေ။ ၈၈ ခုနှစ် အကြောင်းပြောရင် သူတို့ကို လိမ်ပြောတယ် ထင်တယ်။ မယုံချင်သလိုလို ဖြစ်နေရင်လည်း ဖြစ်မှာပေါ့နော်။ အခုတော့ သူတို့ လက်တွေ့ မြင်သွားကြပြီ၊ ကြုံသွားကြပြီ။ ကျနော်တို့ မဟုတ်တာ၊ လိမ်ပြောတာ မဟုတ်ကြောင်း သိသွားကြပြီ။ အဲဒီ တခုတော့ ကျနော် တော်တော် သဘောကျတယ်။
မေး။ ဂမ်ဘာရီ ရောက်လာပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ နအဖ အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လာတယ်။ ဆန္ဒ ဖော်ထုတ်ပွဲတွေ၊ ချီတက်ပွဲတွေ လုပ်နေတယ်။ Curfew တွေ ပြန်ရုပ်ပြီ၊ ၅ ယောက်ထက် ပိုမစုရ ရုပ်လိုက်ပြီ။ ပုံမှန်အတိုင်း ဖြစ်သွားပြီလို့ ပြောလို့ရလား။
ဖြေ။ မရှိသေးဘူး။ ပုံမှန် မဖြစ်နိုင်သေးပါဘူး။ လူတိုင်း စိတ်ထဲမှာ ဒါပဲရှိတယ်။ ပျောက်နိုင်အုံးမှာ မဟုတ်ဘူး။ အခုလည်းပဲ ပြောနေကြတုန်းပဲဗျ။ ဒါတွေက ရုပ်ပြသက်သက် လုပ်နေတာ၊ အရင်တုန်းကလည်းပဲ ထုံးတမ်းစဉ်လာအတိုင်း လုပ်နေတာပဲ။ အမှန်တော့ ပဲများပြီးတော့ ဆက်လုပ်နေတာပါ။ သိပ်ပြီးတော့ ဘာမှ မဖြစ်ပါဘူး။ ဒါကတော့ ရိုးလည်းရိုးနေပါပြီ။ ဒီလိုပဲ လုပ်မှာပဲလေ။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ။ လောလောဆယ်ကတော့ သူတို့ လုပ်နေတဲ့ဟာတွေ၊ ချီတက်နေတဲ့ ဟာတွေ၊ အခုလည်း လုပ်၊ မကြာခင် လုပ်အုံးမှာ ကြားရအုံးမှာပါ။ ဒါရိုက်တာ မီးပွားတို့ကို ခေါ်ပြီးတော့ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) က သူတို့ရွာမှာ မြင်းခြံ၊ ခရိုင်ဘက်မှာ ပွဲတွေ လုပ်ကြအုံးမှာ။ သူတို့ မြို့နယ် တခုလုံးက ဒီလှုပ်ရှားမှုတွေမှာ မပါဘူးပေါ့ဗျာ။ နောက်တခုက သတင်းစာတို့၊ တီဗီတို့ ဆိုတာ ကျနော်တို့ ပြည်သူပြည်သားအတွက် ထုတ်တာ မဟုတ်ဘူး။ စစ်တပ်အတွက် ထုတ်တာဗျ။ ဘယ်သူမှ စိတ်မဝင်စားဘူး။ ပြည်သူလူထုက ၁ဝဝ မှာ ၁ဝဝ လုံး မယုံဘူး။ အားလုံးက သိနေတာပဲဗျာ။
မေး။ လူထုရဲ့ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်နေသေးတယ် ဆိုရင်၊ နောက်ထပ် လှုပ်ရှားမှု အခြေအနေရော ရှိနိုင်သေးလား။
ဖြေ။ လမ်းပေါ်ထွက်တဲ့ နည်းလမ်း တခုထဲ မဟုတ်ဘဲ၊ တခြား နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီအတွက်ကြောင့် နောက်ပုံသဏ္ဍာန် တမျိုးနဲ့ ပြန်ပေါ်လာအုံးမှာပါ။ အများ ပြည်သူတွေရော၊ ကျနော်တို့ရော လိုလားတဲ့ ကိစ္စတခု ဆိုရင်တော့ ပြန်ပေါ်လာစရာ မရှိဘူးလေ။ အားလုံး မလိုလားတဲ့ ပြဿနာတခုကို သူတို့ မွေးလိုက်တယ်ဆိုရင် ပြန်ပေါ်လာအုံးမှာပါ။ ကျနော်ကတော့ သိပ်ပြီးတော့ မစိုးရိမ်ဘူး။ ဒီကိစ္စကတော့ မပြီးသွားသေးဘူး။ အားလုံးရဲ့ စိတ်ထဲမှာ မဖြောက်နိုင်သေးဘူး။ ပြီးခဲ့တဲ့ အတွင်းက လူတွေ အများကြီး၊ အသက်တွေ အများကြီး၊ အသေခံ ဘဝတွေ အများကြီး။ အပျက်ခံပြီးတော့ ပေါ်ချင်တော့ ပေါ်တော့မယ် ထင်တယ်။ သို့သော် နောက်တမျိုး ပေါ်လာပါလိမ့်မယ်။ နောက်တမျိုးကတော့ ဘယ်လိုမျိုး ဖြစ်လာမလဲ ဆိုတာကတော့ ကျနော် ပြောဖို့အတွက် စောပါသေးတယ်။ သို့သော် ပေါ်ဖို့ ရာခိုင်နှုန်းအရ ပြောရင် သေချာသလောက် ရှိတယ်။