Monday, February 11, 2008

ရန်ကုန်မှာ သန်းခေါင်စာရင်း ကောက်ပြန်

မြန်မာစံတော်ချိန်
ရန်ကုန်။ ။ မိသားစုဝင်များ၏ စာရင်းကို ဓာတ်ပုံနှင့်တကွ ရိုက်ယူခြင်းများ ရန်ကုန်တိုင်းအတွင်းရှိ မြို.နယ်များတွင် ဖေဖော်ဝါရီ လဆန်းမှ စတင်၍ ပြန်လည် လုပ်ဆောင် လာပြန်သည်။
မိသားစုအတွင်း လူဦးရေ အတိုး၊ အလျော့ကို ပြန်လည်စိစစ်ပြီး ဓါတ်ပုံ ရိုက်ယူခြင်းများကို ၂၀၀၇ ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့ပြီးနောက် ယခုတခါ ထပ်မံ လုပ်လာခြင်း ဖြစ်သည်။
"အဒေါ်တို့ကတော့ ဘာကြောင့်မှန်းတော့ မသိဘူး၊ သူတို့က လာကောက်တယ် ဆိုတော့လည်း သွားလိုက်ရတာပေါ့။ သန်းခေါင်စာရင်းတော့ ယူသွားရတယ်၊ လူတိုးလာတဲ့ အိမ်တွေလည်း ဓါတ်ပုံတွေ ထပ်ရိုက်ရတယ်၊ အလုပ်တော့ တော်တော် ရှုပ်တယ်" ဟု အမျိုးသမီးကြီးတဦးက ပြောသည်။
ထို့အပြင် ဧည့်စာရင်း တိုင်ကြားရန် အထူး နှိုးဆော်ထားပြီး မတိုင်ကြားသူများကို ဖမ်းဆီးမှုများ ပြုလုပ်လျှက် ရှိသည်။

No comments: