Saturday, March 8, 2008

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီတွေ့ဆုံ

ကြားဖြတ် သတင်း
မဇ္ဈိမသတင်းဌာန မတ်လ ၈ ရက်၊ ၂ဝဝ၈ ခုနှစ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီတို့ ယနေ့တွင် တွေ့ဆုံခွင့် ရရှိသည်ဟု ရန်ကုန်မှလာသော ကြေးနန်းသတင်းများအရ သိရသည်။
နေအိမ် အကျယ်ချုပ်ကျခံနေရသော အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင်ကို နေအိမ်မှ လာရောက်ခေါ်ယူသွားပြီး မစ္စတာဂမ်ဘာရီရှိရာ အစိုးရဧည့်ဂေဟာသို့ ပို့ဆောင်သည်ကို မြင်တွေ့ရသည်ဟု သတင်းများက ပြောသည်။

No comments: