မဇ္ဈိမသတင်းဌာန
+ စစ်တပ် အကြီးအကဲ (သို့မဟုတ်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ယောက် ပိုင်ဆိုင်ထားပြီး မိမိ စိတ်ကြိုက် ညွှန်ကြားနိုင်ခွင့် ရှိသည်။
+ ကာကွယ်ရေး ဦးစီးချုပ်ဟာ စစ်တပ်အင်အား တိုးချဲ့မှု၊ ရာထူး အပြောင်းအလဲ၊ စစ်တပ်နေရာ ချထားမှု၊ စစ်တပ်အတွက် နှစ်စဉ် ကုန်ကျစရိတ်၊ စစ်လက်နက် ဝယ်ယူမှု၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို စိတ်ကြိုက် စီမံခွင့်ရှိ။
+ သမ္မတနဲ့ ဒု-သမ္မတ ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများတွင်(က) လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရန်မလို။(ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရင်းနှီးကျွမ်းကျင်သူ ဖြစ်ရမည်။(ဂ) အနည်းဆုံး အသက် ၄၅ နှစ် ရှိရမည်။ နိုင်ငံအတွင်း အနည်းဆုံး အနှစ် ၂ဝ တဆက်တည်း နေထိုင်သူ ဖြစ်ရမည်။
+ လွှတ်တော် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% ပါဝင်ရမည်။
+ ကာကွယ်ရေး ဦးစီးချုပ်ကသာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး တို့ကို ရွေးချယ်နိုင်သည်။
+ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် စစ်ဖက်ပုဂ္ဂိုလ်များ လွှမ်းမိုးထားသည်။
+ မည်သည့်လွှတ်တော်၏ သဘောတူညီချက်ကိုမှ ရယူရန်မလိုဘဲ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အကြံပြုချက်ဖြင့်သာ နိုင်ငံတော်သမက ကာကွယ်ရေး ဦးစီချုပ်ကို ခန့်ထားရခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို ပြုလုပ်ရသည်။
+ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် (Chief Ministers) များကို နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်း (Nominate) ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ သဘောတူညီချက်ကို ရယူကာ နိုင်ငံတော်သမ္မတက ခန့်အပ်ပေးရန် မူချမှတ်ထားသည်။
+ ပြည်နယ်/တိုင်း ၀န်ကြီး ဌာနများကို တည်ထောင်ခွင့်နှင့် ၀န်ကြီးများ ခန့်အပ်ပိုင်ခွင့်ကိုလည်း သမ္မတကိုပင် အာဏာအပ်နှင်း ထားပါသည်။
+ လွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုး အဆိုပြု တင်ပြမှသာ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်အတွက် ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးနိုင်မည်။
Tuesday, March 18, 2008
နအဖ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းမှာ ဒါတွေပါတယ်
Posted by Ko Myint Maung at Tuesday, March 18, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment