Tuesday, November 13, 2007

သူတို့စကား


“တိုင်းပြည်၏ အကျိုးစီးပွားကို ထောက်ထား၍ ဤတွေ့ဆုံ ဆွေးနွေးမှုဖြစ်စဉ် အောင်မြင်စေရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကျမ အသင့် ရှိပါသည်။ ဤရည်မှန်းချက် အောင်မြင် ပေါက်ရောက်စေရန် အတွက်၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတိုင်း သွားရန် ကျမ ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်။ သို့ပါ၍ အစိုးရနှင့်တကွ အခြား ဆက်စပ် ပတ်သက်သူအားလုံးကို ဤစိတ်ဓာတ်အတိုင်း ကျမနှင့် လက်တွဲ ဆောင်ရွက်ပါရန် ဖိတ်ကြားအပ်ပါသည်။”မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ကြေညာချက်

No comments: