Wednesday, November 21, 2007

အာဆီယံ အစည်းအဝေး ဆန္ဒပြခံရ

မဇ္ဈိမသတင်းဌာန

အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ ကျင်းပနေသည့် စင်္ကာပူနိုင်ငံ ရှန်ဂရီလာ ဟိုတယ်အနီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၆ဝ ခန့်က ယနေ့ညနေတွင် ဆန္ဒပြခဲ့ကြသည်။
မြန်မာနိုင်ငံအပေါ် ဖိအားပေးရန် ပျက်ကွက်ခဲ့ကြသည့်အတွက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ကန့်ကွက် ဆန္ဒပြကြခြင်း ဖြစ်သည်။ လုံခြုံရေး တင်းကြပ်စွာ ချထားသည့် ရှန်ဂရီလာ ဟိုတယ်အနီး အောချတ်လမ်းပေါ်တွင် ၃ ယောက်တတန်း တန်းစီးထားသော အနီရောင် အင်္ကျီဝတ် ဆန္ဒပြသူများ ၁၅ မိနစ်ခန့် ကြာသောအခါ ရဲများ ရောက်ရှိလာကြသည်။
ရဲများ ရောက်လာသည်နှင့် တပြိုင်နက် ဆန္ဒပြသူများက လက်ချင်း ချိတ်ဆက်လိုက်ကြပြိး ၁ဝ မိနစ်ခန့် ရဲများနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေပြီးနောက် လူစုခွဲလိုက်ကြသည်။

No comments: