Wednesday, September 26, 2007

ယနေ့သတင်းပေါင်းစုံ

မန္တလေး လမ်း ၈၀ တွင် သံဃာတော်များအား နအဖ စစ်တပ်မှ စတင်ပစ်ခတ်ပြီဟု မြို့ခံတဦးမှ ပြောကြားသည်။
စက်တင်ဘာ ၂၆ ရက် ၂၀၀၇ မြန်မာစံတော်ချိန် ၄း၀၀ နာရီ ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်... ဟု ကိုယ်တွေ့ ကြုံတွေ့သူ တဦးမှ ပြောသည်။ စက်တင်ဘာ ၂၆ ရက် ၂၀၀၇မြန်မာစံတော်ချိန် ညနေ ၃း၅၅ နာရီ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ပြည်သူများအား လုံထိန်းတပ်ဖွဲ့များမှ လိုက်လံ ဖမ်းဆီးနေပါသည် နီးစပ်ရာလူတွေကို လိုက်လံ ဖမ်းဆီးခြင်းကြောင့် ပြေးလွှားနေရသူများကို ကာကွယ်ပေးကြပါ....အခု အဲဒီ့ကနေ ပြန်ပြေးလာတာဗျ...ဟု ဆန္ဒပြသူတဦး ပြောဆိုသည်။

No comments: