Wednesday, September 12, 2007

ဆန်ဈေးခုန်တက်တဲ့ မြစ်ကြီးနား

မဇ္ဈိမ သတင်းဌာန
စက်တင်ဘာလ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်။
မြစ်ကြီးနားမြို့တွင် ဆန်ဈေးများ တလအတွင်း တဟုန်ထိုး တက်သွားသည်။

ကချင်ပြည်နယ်ထွက်ဆန် (ဒေသအခေါ်အရ ကော်ချက်ဆန်) ၂၄ ပြည်ပါ တတင်းခွဲ တအိတ်လျှင် ပြီးခဲ့သည့်လက ၂၁ဝဝဝ ကျပ် ရှိရာမှ ယခုအခါ ၂၇ဝဝဝ ကျပ်သို့ မြင့်တက်သွားသည်။ လုံးကွယ်မွှေးဆန်သည် ၂၄ဝဝဝ ကျပ်မှ ၂၉ဝဝဝ ကျပ် ဈေးပေါက်နေပြီး၊ ကုလားကြီးဆန်က ၁၇ဝဝဝ ကျပ်မှ ၂၁ဝဝဝ ကျပ်ဈေး ဖြစ်လာသည်။

“အခု လောလောဆယ်တော့ ဆန်တွေ တုံးလာလို့လေ။ ကောက်သစ်တွေ ထွက်လာတော့မယ်လေ။ တခြားဆိုင်တွေဆိုရင် ပိုဈေးတက်ထားတာ တွေ့ရတယ်” ဟု မြစ်ကြီးနားရှိ ဆန်လက်ကားဆိုင် တခုမှ ပိုင်ရှင်က ပြောသည်။

သို့သော်လည်း သားငါးဈေးများလည်း တပိဿာလျှင် ကျပ် ၅ဝဝ ခန့်အထိ ထိုးတက်သွားရာ ဝက်သား တပိဿာသည် လက်ရှိ ပေါက်ဈေး ၆ဝဝဝ ကျပ်၊ အမဲသား တပိဿာ ၆၅ဝဝ ကျပ်နှင့် ငါးတပိဿာ ၅ဝဝဝ ကျပ်ဈေး ဝန်းကျင်ဖြင့် ရောင်းချနေကြသည်။

ပဲဆီ တပိဿာလျှင် ၃၅ဝဝ ကျပ်မှ ၃၈ဝဝ ကျပ်နှင့် မုန်ညင်းဆီ တပိဿာ ၂၈ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်သို့ ခုန်တက်သွားသည်။

No comments: