Wednesday, September 26, 2007

သန်းရွေတို့ မိသားစုသတင်ကို ဖော်ပြပေးပါတဲ့ ပြည်သူတဦး

နိုင်ငံခြားရောက် မျိုးချစ်မြန်မာပြည်ဖွားများခင်ဗျား။ သန်းရွှေစစ်အုပ်စုဟာ သူတို့ရဲ့သရုပ်မှန်ကို ဒီကနေ့ တခါထပ်ပြီးထင်ထင်ရှားရှားပြ လိုက်ပြန်ပြီဖြစ်ပါတယ်။ ဒီစစ်ဘီလူးများဟာ လက်နှက်မဲ့ပြည်သူများကိုထပ်ခါထပ်ခါ သွေးအေး အေးနှင့်ပစ်ခတ်သတ်ပြနေခြင်းမှာ သူတို့ကိုတုန့်ပြန်လက်စားခြေမည့်သူမရှိ၍ ဆိုတာထင်ရှားပါတယ်။ ဒီသန်းရွှေစစ်အုပ်စုကို သူတို့နားလည်တဲ့ဘာသာစကားနှင့် ပြောမှရပါလိမ့်မယ်။ ဒီတော့ကာ ကျနော်တို့ပြည်သူများကလည်း သန်းရွှေစစ်အုပ်စုရဲ့ နိုင်ငံရပ်ခြားရောက် သားသမီး၊ ဆွေမျိုးများအားစုံစမ်းဖော်ထုတ်ပြီး ၎င်းတို့ပုန်းလျှိုးပြီးမနေနှိုင်အောင် လက်တုန့်ပြန်ရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်းနှင့် ကျနော်တို့မျိုးချစ်လူငယ်များကစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံရပ်ခြားရောက် မြန်မာပြည်ဖွားများအားလုံးကို အသိပေးတင်ပြအပ်ပါသည်။ ကျနော်တို့မျိုးချစ်လူငယ်များဟာ စိတ်တူသူများစုထား သောအစုအဖွဲ့သာဖြစ်ပါတယ်၊ စိတ်ပါဝင်စားသူတိုင်းပူးပေါင်းပါဝင်နိုင်ပါတယ်။ နိုင်ငံရပ်ခြားရောက်မြန်မာ ပြည်ဖွားများအားလုံးကလည်း ဒီအခွင့်ထူးခံ ဂုတ်သွေးစုတ် သာသနာမဲ့ သန်းရွှေစစ်အုပ်စုအနွယ်အပါးများ၏ လှုပ်ရှားမှုသတင်းများကိုစုံစမ်းဖော်ထုတ်ပြီး ကူညီကြပါရန်။

No comments: