Thursday, September 27, 2007

ယနေ့သတင်းပေါင်းစုံ


စက်တင်ဘာလ ၂၇ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နံနက် ၁၁း၃၀ နာရီ

လိုင်းကားတွေမှာ သံဃာတော်တွေပါရင် လိုင်းကားပေါ်ကဆင်းခိုင်းနေပါတယ်။ ဒညင်းကုန်း မှတ်တိုင်၊ အင်းစိန်၊ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်းမှတ်တိုင် တို့မှာ မြေနီကုန်းမှတ်တိုင် တို့မှာ ဆင်းခိုင်းပါတယ်လို မြို့ခံတဦးမှပြောကြားသည်။

ဓါးပြတိုက်တဲ့ သံဃာများဟု စစ်အစိုးရ သတင်းစာများ ရေးသား
မြန်မာစံတော်ချိန် ၁၀း၃၀
ယမန်နေ့က ရန်ကုန်တွင် ဆန္ဒပြသူ သံဃာတော်များသည် ရပ်ကွက် အသီးသီးရှိ အိမ်အသီးသီးသို့ ဝင်ရောက်ပြီး ခြိမ်းခြောက်၍ ငွေတောင်းခံခဲ့ကြောင်း စစ်အစိုးရ သတင်းစာများက ရေးသားထားသည်။
အခင်း ဖြစ်ပွားသည့် နေရာ၊ အချိန်၊ လူအမည်များ စသည်တို့ကို လုံးဝ ပြောဆိုနိုင်ခြင်း မရှိဘဲ သံဃာတော်များသည် လူအများကို အတင်းအကြပ် ဆွဲခေါ် ဆန္ဒပြစေပြီး ငွေကောက်ခံသည်ဟု ရေးသားထားသည်။
ဆန္ဒပြမှုကို အာရုံလွှဲရန် စစ်အစိုးရ ကြိုးပမ်းနေ
စစ်အစိုးရသည် အခကြေးငွေပေး ငှားရမ်းပြီး လူတချို့ကို သင်္ကန်း ဝတ်စေလျှက် အစ္စလမ် ပလီများ ဖျက်စီးရန် ကြိုးပမ်းနေသည် ဆိုသော ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

No comments: