Monday, August 20, 2007

ဆန္ဒပြသူတဦးက မဇ္ဈိမသို့ ပြောပြချက်


ဆန္ဒပြသူတဦးက မဇ္ဈိမသို့ ပြောပြချက်

ဆီဈေးတွေ တက်လို့၊ ကားမစီးနိုင်လို့၊ လမ်းလျှောက်တယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ လျှောက်လာခဲ့ကြတာ။ နောက် လမ်းမှာတွေ့တဲ့ တချို့ ခရီးသည်တွေထဲက ၀င်ပူးပေါင်းတာ လျှောက်တာရော၊ ဘာရော အားလုံး ကျနော်တို့ လူသုံးရာလောက် ရှိမယ်ထင်တယ် ။ အဲဒီတော့ လူတန်းကြီးနဲ့ ကျနော်တို့ ရွှေဂုံတိုင် ကနေပြီးတော့ တာမွေ ဈေးအထိပေါ့ ။ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကျော်ပြီးတော့ တာမွေဈေး၊ ကျောက်မြောင်းဈေး၊ အဲဒီအထိ တောက်လျှောက် ကျနော်တို့ တမင်တကာကို အဲဒီအထိ လျှောက်လိုက်တယ် ။ လျှောက်တော့ ပရိပ်သတ်က အဲဒီ ကားပေါ်ကနေပြီးတော့ လက်ပြသွားတာတွေ၊ လက်မ ထောင်ပြသွားတယ်။ အဲဒါ လုပ်ကြပါ၊ ကြိုးစားကြပါ ဆိုပြီးတော့ ပြောတယ် ။ အားပေးတဲ့ လူတွေကလည်း အားပေးသွားကြတာ ပေါ့လေ။ ရေသန့်တွေ ပေးတဲ့လူကလည်း ပေးတယ် ။ အဲဒီလိုနဲ့ ကျနော်တို့ ကျောက်မြောင်းဈေး ရောက်ပြီးတော့မှ တာမွေဈေးကို ပြန်လှည့်ပြီးတော့ လူစု ခွဲလိုက်ကြတယ် ။

အာဏာပိုင်တွေဘက်က ဆိုင်ကယ်တွေနဲ့၊ နောက်တချို့ ကားပေါ်ကနေ ပြီးတော့ ကားနဲ့ တောက်လျောက် လိုက်ပြီးတော့ ဗွီဒီယိုရိုက်တာ၊ ဓါတ်ပုံရိုက်တာ၊ အဲဒါ သူတို့က တောက်လျှောက်လုပ်တယ်။

ကျနော်တို့က ဆီဈေးတွေ တက်လို့ ကျနော်တို့က လမ်းလျှောက်တာ ဖြစ်တယ် ။ ဒါလူထုရဲ့ ခံစားမှုကို ပြသတာဖြစ်တယ် ဆိုတာလောက်ကိုပဲ ကျနော်တို့က ဒီကားပေါ်က ခရီးသည်တွေ၊ ကျနော်တို့ ပြောပြသွားပြီး လုပ်ကြတာပါ။

No comments: