Tuesday, August 21, 2007

ရန်ကုန်မှာ လမ်းလျှောက် ဆန္ဒပြပွဲငယ်များ ဆက်လက်ဖြစ်ပွား၊

ရန်ကုန်မှာ လမ်းလျှောက် ဆန္ဒပြပွဲငယ်များ ဆက်လက်ဖြစ်ပွား၊ စွမ်းအားရှင်က ခြိမ်းခြောက်
မဇ္ဈိမ သတင်းဌာန
သြဂုတ် ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။
ရန်ကုန်တိုင်း တာမွေမြို့နယ် ဗလီထိပ်မှ စတင်မည့် လမ်းလျှောက် ဆန္ဒပြပွဲ တခုကို စီစဉ်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၆ ဦးကို အာဏာပိုင်များက ယနေ့ နံနက်တွင် ဖမ်းဆီးကာ ဖြိုခွဲလိုက်သည်။

ကိုမျိုးခင် ဦးဆောင်သည့် လူငယ်များက တာမွေ ဗလီထိပ်မှသည် အမျိုးသား ဒီမိုကရေစီ ရုံးချုပ်အရောက် လမ်းလျှောက် ဆန္ဒပြရန် လုပ်စဉ် အသင့် စောင့်ဆိုင်းနေသော ကြံ့ဖွံ့နှင့် စွမ်းအားရှင်ဟု ယူဆရသော လူ ၅၀ ခန့်ရှိ အုပ်စုက တားဆီးပြီး ဘတ်စ်ကား အလွတ်တစီးပေါ်သို့ အတင်းထိုးတင်လိုက်သည်။

“သူတို့ သွားလိုရာကို ပို့ပေးမယ်ဆိုပြီး ခေါ်သွားတာ” ဟု အနားတွင် ရှိနေသော မျက်မြင်သက်သော တဦးက မဇ္ဈိမ သို့ ပြောသည်။

တာမွေဗလီနီးမှာပင် နောက်နာရီဝက်ခန့် အကြာ၌ ၈၈ ကျောင်းသားများကလည်း အလားတူ ဆန္ဒပြပွဲတခု ပြုလုပ်ရန် စီစဉ်ခဲ့ရာ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက တားမြစ်ခဲ့သော်လည်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့ကြသည်။

-----------------------------------------------------

ဘာဖြစ်လို့ လမ်းလျှောက်ဆန္ဒပြရလဲ။ (သူတို့အမြင်)

ကိုအောင်နိုင်

အဲဒါ ဘာလို့ လျှောက်ရတယ် ဆိုလို့ရှိရင် အခြေခံ ကုန်ဈေးနှုန်းတွေ မြင့်မားလာတာတွေရဲ့ လောင်စာဆီတွေကို ဈေးနှုန်း မြင့်တက်လိုက်တဲ့ အခါကျတော့ ပြည်သူတွေမှာ ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်တွေကို၊ ဒါ တတိုင်းပြည်လုံးမှာ ဒါခံစားနေရတယ်။ ဒါ ကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုတဲ့ အနေနဲ့ လျှောက်ရတယ်။

ကျနော်တို့် မနက်ဖြန် ကိုထင်ကျော် ပေးထားတဲ့ ဒီရက်မှာ ကျနော်တို့တွေက အားလုံး ၀ိုင်းပြီးတော့ ထောက်ခံတဲ့အနေနဲ့ သူ့ကို သွားပြီးတော့ ဒါထောက်ခံတဲ့အနေနဲ့ ကျနော်တို့တွေ သူနဲ့အတူ ပူးပေါင်း ဆောင်ရွက်မယ်လို့ အားလုံး ဆုံးဖြတ်ထားတယ် ခင်ဗျာ။

မနီနီလှိုင်

ဒီလောက် ခက်ခဲကြပ်တည်းနေတဲ့ အခြေအနေမှာ လူထုကို စိန်ခေါ်တဲ့ ပုံစံနဲ့ လူထုရဲ့ မျက်နှာကို မထောက် ဒီဂတ်စ်ဈေးကို မြင့်တက်လိုက်တယ် ဂတ်စ် မြင့်တက်လိုက်တဲ့အခါမှာ လူထုရဲ့ လိုအပ်တဲ့ လိုအပ်ချက် ဖြစ်တဲ့ ခရီးစရိတ် တခြား ကုန်ဈေးနှုန်း စရိတ်တွေက အဆမတန် တက်လာတယ်လေ ။ အဲတော့ ဒီဒဏ်ကို ကျနော်တို့လည်း ခံရတယ်လေ ဆိုတော့ လောလောလတ်လတ် ခံရတဲ့ဒဏ်ကို ကျနော်တို့ တဒေါက်လျှောက်လုံး ခံလာကြတဲ့ ဒုက္ခပြသနာတွေ

ကိုဥာဏ်လင်း

တိုင်းပြည် ခေါင်းဆောင်ဆိုတာ အနည်းဆုံးကတော့ မျိုးချစ်စိတ်နဲ့ နိုင်ငံချစ်စိတ်ဆိုတာ ရှိသင့်တယ်။ ဒါပေမယ့် မြန်မာပြည်က စစ်အာဏာရှင်တွေကတော့ မျိုးချစ်စိတ်လည်း မရှိဘူး တိုင်းပြည် ချစ်စိတ်လည်း မရှိဘူး။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး ကိုယ့်မိသားစု ကောင်းစားရေး၊ ကိုယ့်စစ်အုပ်စုတွင်း ကောင်းစားရေး၊ ခေတ်အဆက်ဆက် ဒီလိုပဲ သူတို့က သူတို့အချင်းချင်း ဖြုတ်ထုတ်သတ်တွေ လုပ်မယ်။ ဒီလိုပဲ တယောက်ပြီးတယောက် တယောက်ပြီးတယောက် တက်လာလာ။ ဘယ်သူတက်လာလာ ကိုယ့်အတွက်ပဲ ကိုယ်လုပ်ကြတယ်။ အဲဒါကိုလည်း အရင်တုန်းက အပြင်ကပဲ ပြင်ပ မီဒီယာတွေကပဲ ၀ါဒ ဖြန့်သလိုလို၊ အတိုက်အခံ အင်အားစုတွေကပဲ ၀ါဒဖြန့်သလိုလို ဒီလို ထင်ရောင်ထင်မှားတွေ ဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် ပြည်သူတွေက ဘယ်မှာ သွားယုံသွားလည်း ဆိုတော့ ဗိုလ်ချုပ်ရွှေမန်းရဲ့ မိန့််ခွန်းကို နားထောင်ပြီးတဲ့ အခါကျတော့ နှစ်လလောက် အတွင်းမှာ သိန်းပေါင်း ငါးသောင်းကျော်နဲ့ ကျောက်သံ ပတ္တမြားတွေ အများကြီး တန်ဖိုး မသိရလောက်တဲ့ ပမာဏ ကို အလွဲသုံးစား လုပ်လိုက်တဲ့ အခါမှာ သူတို့ ကိုယ်တိုင် ဖွင့်ဟ ပြောလာတဲ့ အခါမှာ ဒါ ယုံလိုက်ပါပြီ၊ ဗိုလ်ချုပ် ခင်ညွန့် က ကျနော်တို့ ပြည်သူတွေ ကြားထဲမှာတော့ အစားအသောက် အနည်းဆုံးလို့ ယူဆရတဲ့သူဟာ နှစ်လအတွင်း တိုင်းပြည် ဘဏ္ဍာတွေကို အလွဲသုံးစား လုပ်လိုက်တယ် ဆိုလို့ရှိရင် အခုလူတွေက တကယ်ကိုပဲ။

No comments: