Wednesday, August 29, 2007

စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ်

စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ်

မိတ္ထီလာတွင် ဆန္ဒပြ

လှည်းတန်းတွင် ဆန္ဒပြရန် စုရုံးနေပြီ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်

3:00 PM
အာဏာပိုင်များက ပြည်လမ်းမကြီးကို ပိတ်ပစ်ရန် လုပ်ဆောင်နေပြီဟု သိရသည်။

2:36 PM
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြမှု ထပ်မံ ပြုလုပ်ရန် စုရုံးရောက်ရှိမှု စတင်နေကြပြီဟု သိရသည်။

2:23 PM
မန္တလေးတိုင်း မိတ္ထီလာ မြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂ဝ ခန့်က ယနေ့ နံနက် ၁ဝ နာရီခန့်တွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

1:54 PM
စစ်တွေဆန္ဒပြပွဲတွင် ယခုအချိန်တွင် ဆန္ဒပြသူပေါင်း ၁ဝဝဝ ကျော် အထိရှိသွားပြီဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဝင်္ကာပါဘောလုံးကွင်းမှစတင်ပြီး ဘုန်းကြီးအပါး ၂ဝဝ က ဦးဆောင်ဆန္ဒပြရာ အရပ်သားများ ပူးပေါင်းပါဝင်၍ လူ ၁ဝဝဝ ကျော်ဖြစ်သွားပြီဟု ဆိုသည်

1:17 PM
စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ်

သံဃာတော် အများစု ပါဝင်သော ဆန္ဒပြသူ ၁ဝဝ ကျော်က ယနေ့နံနက် ၁ဝ နာရီက စတင်၍ စစ်တွေတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ထပ်မံ ဆန္ဒပြကြသည်။ နောက်ဆုံး ရရှိသော သတင်းအရ ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့ ထားလိုက်ကြသည်ဟု ဆိုသည်။

No comments: