Wednesday, December 24, 2008

ရန်ပွဲကြောင့် ကောလိပ်ကျောင်းသားတဦး သေဆုံး

မြင့်မောင်
သောကြာနေ့၊ စက်တင်ဘာလ 12 2008

နယူးဒေလီ။ ။ မြင်းခြံ ဒီဂရီကောလိပ် ကျောင်းသားများနှင့် ၁ဝ တန်း ကျောင်းသားတစုတို့ ခိုက်ရန် ဖြစ်ပွားရာမှ ဗုဒ္ဓဟူးနေ့ည ၈း၃ဝ နာရီတွင် အခင်းဖြစ်ပွားရာ ကျောင်းသားမှာ ပွဲချင်းပြီး သေဆုံးသွားသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ လှည့်လည်ကပြ ဖျော်ဖြေနေစဉ် ကားနောက်တွင် လိုက်ပါလာသည့် ကျောင်းသားခြောက်ဦးနှင့် ၁ဝ တန်းကျောင်းသား တစုတို့ မြင်းခြံဈေးကြီးအနီးတွင် အချင်းများ ရန်ဖြစ်ရာမှ သံချွန်ဖြင့် အထိုးခံ၍၍ သတ္တဗေဒ ဒုတိယနှစ်ကျောင်းသား ကိုမန်ဘူးခီ သေဆုံးသွားသည်။

“မြင်းခြံ မြို့နယ်ဆေးရုံကြီးမှာ အလောင်းခွဲစိတ် စစ်ဆေးချက်အရ စကေဗာလို့ လူသိများတဲ့ ချွန်ထက်တဲ့ လက်နက်နဲ့ အထိုးခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးတာ” ဟု သေဆုံးသူနှင့် ဆွေမျိုးတော်သူတဦးက ပြောသည်။

မြင်းခြံရဲစခန်းက အမှုတွင် ပတ်သက်သည်ဟု သံသယရှိသူ ၁၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည် ဟုလည်း သူက ပြောသည်။

ကိုမန်ဘူခီးသည် ချင်းပြည်နယ် ကန်ပက်လက် မြို့မရပ်ကွက် ဇာတိကဖြစ်ပြီး သူ၏ ရုပ်အလောင်းကို ယနေ့နံနက် ၉းဝဝ နာရီတွင် သဂြိုလ်ခဲ့သည်။

No comments: