မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 23 2008 20:08 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက နှစ်သောင်းခွဲခန့်သည် တိုးချဲ့ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားတော့မည် ဖြစ်သည်။
Posted by Ko Myint Maung at Monday, June 23, 2008 0 comments
Posted by Ko Myint Maung at Monday, June 23, 2008 0 comments
Labels: သတင်း
Posted by Ko Myint Maung at Wednesday, June 18, 2008 0 comments
Labels: သတင်း
မြင့်မောင်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 19:19 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပသွားရန် နိုင်ငံတကာရှိ မြန်မာ အင်အားစုများက ပြင်ဆင်နေကြသည်။
စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကျင်းပသွားရန် အတွက် ပြင်ဆင်နေကြောင်း လက်ရှိ သတင်းရထားသည်။
စင်္ကာပူတွင် ကျင်းပမည့် အစီအစဉ်ကို မျိုးချစ် မြန်မာများအဖွဲ့မှ ကိုစိုးထွန်းက “ဘုန်းကြီးကျောင်းမှာ လာမယ့် တနင်္ဂနွေမှာ လုပ်မှာပါ။ အခမ်းအနားကို မနက် ၁ဝ နာရီမှာ စတင်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ပွဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ပွဲနဲ့ ဓာတ်ပုံပြပွဲကို စင်္ကာပူမှာ ရှိတဲ့ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မလေးရှားနိုင်ငံ Puchong ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) (မလေးရှားဌာနခွဲ) ရုံးတွင် ဓာတ်ပုံပြပွဲ ပြုလုပ်သွားမည်ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်တွင် ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင်တဦးက “စကားဝိုင်းတွေ လုပ်ဖို့ရှိတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းတွေမှာ စကားဝိုင်း လုပ်တာတွေ ရှိမယ်။ မဲဆောက် ဒေသမှာရှိတဲ့ နေရာတနေရာမှာ အခမ်းအနား လုပ်မှာပါ။ ဓာတ်ပုံပြပွဲမျိုး မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေပါတဲ့ ဓာတ်ပုံတွေကို အခမ်းအနားမှာ ပြထားမယ်။ အခမ်းအနားအတွင်းမှာ ဆုတောင်းပွဲနဲ့ တပါထဲ လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်ထဲတွင် မွေးနေ့ပွဲနှင့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများ စီစဉ်ထားသည်။
အခန်းအနား စီစဉ် ဆောင်ရွက်မည့်သူ ဒေါ်ချိုချိုအေးက “ဂျပန် အမျိုးသမီး အမတ်တွေက ကမကထပြု စီစဉ်ပေးတာပါ။ ကျမတို့က “လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခြေအနေ” ခေါင်းစဉ်နဲ့ ဂျပန်ပါလီမန်မှာ ဟောပြောမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ (ဂျပန်) မှ ကိုနိုင်ကျော်ဦးက “လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆက်ဖမ်း ထားတဲ့ အပေါ်မှာရယ်၊ လက်ရှိ နာဂစ်မုန်တိုင်း အချက်အလက်တွေရယ်ကို မြန်မာ့အရေး ကူညီပေးနေတဲ့ အမတ်တွေက စုံလင်အောင် တင်ပြ ပြီးတာနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ချီတက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နေ့လယ် ၂ နာရီခွဲတွင် မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဒေသခံ ဂျပန်အဖွဲ့များ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူမ၏ ဓာတ်ပုံများ ပါရှိသည့် တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ၊ ပိုစတာ ဓာတ်ပုံများ ကိုင်ဆောင်၍ တိုကျိုမြို့ရှိ ရှိပူးရာ Shi Puya အရပ်မှ ရွပ်ပွန်းဂီး Roppon Gi အရပ်အထိ ၁ နာရီကြာ လမ်းလျှောက် ချီတက်မည် ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး နယူးဒေလီ မြို့တွင်းသို့ လမ်းလျှောက် ချီတက်ပွဲတရပ် ပြုလုပ်သွားမည် ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ အနောက်ဖက်ဒေသ) က ကြီးမှူးကာ ရှစ်လေးလုံး ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ် တရားနာပွဲ ကျင်းပ သွားမည်ဟု သိရသည်။
ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ပွတ်ချွန်းမြို့ရှိ နိုင်ငံခြားသား အလုပ်သမား ရိပ်သာတွင် မွေးနေ့ပွဲကို ကိုရီးယား လွှတ်တော်အမတ်များ၊ ဥပဒေ ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက်ကာ ကျင်းပခဲ့ပြီး ဖြစ်သည်။
“ကဗျာတွေ၊ တေးသီးချင်းတွေနဲ့ ဂုဏ်ပြုပွဲလုပ်တာပါ။ ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အာရှ နိုင်ငံလုံးဆိုင်ရာ ဖျော်ဖြေရေးပြပွဲ အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ဖိလစ်ပိုင် နိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ကိုရီးယား ပညာရှင်တွေရယ် ပေါင်းပြီးတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် လက်အောက်မှာ ကြုံတွေ့နေရတဲ့ အနက် အဓိပ္ပာယ်ကို ပေါ်လွင်တဲ့ ဖျော်ဖြေရေးတွေကို ပြသ သွားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်၊ ကိုရီးယားဌာနခွဲ) မှ ကိုရန်နိုင်ထွန်းက ပြောသည်။
Posted by Ko Myint Maung at Wednesday, June 18, 2008 0 comments
Labels: သတင်း
မြင့်မောင်
မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ လေဘေးကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူသည် ရန်ကုန်ရှိ ဆေးရုံတခု၌ ဆေးကုသ ခံယူနေရသည်။
ရန်ကုန်ရှိ နာရေးအသင်း ခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ပြည်သူ့အချစ်တော် မင်းသား ကျော်သူသည် ဧရာဝတီတိုင်း ပျဉ်ခရိုင် ခရီးစဉ်အတွင်း နေထိုင်မကောင်း ဖြစ်လာသဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်တွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။
“စိတ်ရှုပ်ရင်၊ စိတ်ဒုက္ခဖြစ်ရင် ဖြစ်တတ်ပါတယ်။ သွေးတိုးလည်း နည်းနည်းရှိတယ်။ ဆေးလိပ်လည်း အရမ်းသောက်တဲ့အပြင် အစားအသောက် လည်း မဆင်ခြင်လို့ ကျန်းမာရေး ထိခိုက်တာ ဖြစ်တယ်” ဟု ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။
ကယ်ဆယ်ရေး လုပ်ငန်းကို အတူတကွ လုပ်ကိုင်နေသူ တဦးကလည်း “ကျနော်တို့ ပျဉ်ခရိုင်ဘက် သွားရင်းနဲ့ ပုသိမ်အရောက် လမ်းခရီးမှာ ခြေတွေလက်တွေ အေးပြီးတော့၊ ချွေးတွေ ထွက်လာပြီးတော့ နေမကောင်းတာနဲ့ ဆေးရုံ ပြန်တက်တာပါ” ဟု ပြောသည်။
နောက်ထပ် နှစ်ရက်ခန့် အကြာတွင် ဆေးရုံမှ ဆင်းမည်ဖြစ်ကာ ပျဉ်ခရိုင် တီတူးကုန်းကျေးရွာတွင် သူ ဦးဆောင် ဆောက်လုပ်ပေးနေသည့် ကျောင်းသား ၆၂ဝ ဆန့် ဆောက်လက်စ အလယ်တန်းကျောင်းသို့ ထပ်မံ၍ သွားရောက်မည် ဖြစ်သည်။
သူ၏ နာရေးကူညီမှု အသင်းသားများသည် ယခုအခါ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမာနှင့် ကွမ်းမူ၊ ကျိုက်ထော်အနီးရှိ မှော်တောဘက် တွင် လေဘေး ကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။
Posted by Ko Myint Maung at Monday, June 16, 2008 0 comments
ဒီချုပ် လူငယ် ၁၇ ဦးကို အောင်သပြေတွင် ထိန်းသိမ်းထား
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 06 2008 20:08 - မြန်မာစံတော်ချိန်
အိန္ဒိယ။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ သွားရောက်ရန် ကြိုးစား၍ အဖမ်းခံခဲ့ရသူ လူငယ် ၁၇ ဦးကို ရဲစစ်ကြောရေး စခန်းတခုတွင် ထိန်းသိမ်းထားသည်။
ဒီချုပ်ပါတီဝင် လူငယ်များသည် ပါတီ အနိုင်ရခဲ့သည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ဒေါ်စု နေအိမ်သို့ ချီတက်ခဲ့ကြရာ လမ်းခုလတ်တွင်ပင် ရဲများက ဖမ်းဆီးခဲ့သည်။ ထို့နောက် သမိုင်းလမ်းဆုံအနီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ချုပ်နှောင်ထားပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မပြုဘဲထားသည်။
ဖမ်းဆီးထားသူများကို ရုံးတင် တရားစွဲဆိုလျှင် အဖွဲ့ချုပ် အနေဖြင့် ရှေ့နေငှားရမ်းကာ တရား ရင်ဆိုင်သွားရန် ပြင်ဆင်လျှက် ရှိသည်ဟု အတိုက်အခံ နိုင်ငံရေးပါတီ သတင်းရပ်ကွက်က ပြောသည်။
Posted by Ko Myint Maung at Monday, June 16, 2008 0 comments
Labels: သတင်း
Posted by Ko Myint Maung at Thursday, June 12, 2008 0 comments
Labels: ဓာတ်ပုံ
Posted by Ko Myint Maung at Monday, June 02, 2008 0 comments
Labels: သတင်း
Posted by Ko Myint Maung at Monday, June 02, 2008 0 comments
Labels: သတင်း