စက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ညနေ ၄း၄၀ နာရီ
၃၅ လမ်းကျော် လမ်း ၈၀ မှာ မျက်ရေယိုဗုံးသုံး၊ သေနတ်စတင်ပစ်ခတ် အခု ဖြစ်ပြက်နေတာတွေပါ။ အခု ဘုရားကြီးဘက် ကို ပြေးရင်ချီတတ်ရင် လုပ်နေရတယ် စစ်သားတွေက လိုက်နေတယ် မျက်ရည်ယို ဗုံးလည်းသုံးတယ် ပြီးတော့ သေနတ်တွေလည်းဖေါက်နေတယ်ဟု မြို့ခံတဦးမှ ပြောဆိုသည်။
စက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီ
နေ့လည်က ရွှေတိဂုံမှာ မျက်ရည်ယိုဗုံးခွဲတယ် ရိုက်တယ် အဲဒီ့မှာ ဘုန်းဘန်ုးတော်တော်များများ အဖမ်းခံလိုက်ရတယ် ခေါင်းဆောင်ဘုန်းဘုန်းတွေ ဘယ်သူမှ မကျန်တော့ဘူးအဲဒီ့မှာ ဘုန်းဘုန်းတွေလူစုကွဲသွားပေမယ့် ရွှေဂုံတိုင်မှာ ပြန်စုကြတယ် ပြီးတော့ တောက်လျှောက်ချီတက်ရင်းနဲ့ မြို့ထဲကိုရောက်လာတယ် မြို့ထဲအရောက်မှာ ပစ်လို့ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။
ဒါပေမယ့် ချက်ချင်းလူပြန်စုတယ် ပြီးတော့ Trader ရှေ့မှာစောင့်နေတဲ့ လူထုနဲ့စုံတယ် တပ်က ဆူးလေပတ်ပတ်လည်မှာ စီးထားတယ် အဲဒါကြောင့် ကမ်းနားဘက်ကိုဆက်တက်ပြီး လျှောက်သွားကြတယ်။အခု ပန်းဆိုတမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ကားတွေနဲ့ လူအုပ်ကြီးကိုလိုက်ဆွဲနေပြီ ဟု ကိုယ်တိုင်ကြုံတွေသူတဦးမှ ပြောဆိုသည်။
စက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် ၄း၀၀ နာရီ
ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်... ဟု ကိုယ်တွေ့ ကြုံတွေ့သူ တဦးမှ ပြောသည်။
ဆူးလေတွင် စတင်ပစ်ခတ်ပြီ
စက်တင်ဘာ ၂၆ ရက် ၂၀၀၇
မြန်မာစံတော်ချိန် နေ့လည် ၂း၀၀ နာရီ
ဆူးလေမှာ ပစ်ခတ်နေပြီ သေနတ်သံတွေ ဆူညံနေဟု Trader Hotel မှ မျက်မြင်တဦးပြောသည်။
No comments:
Post a Comment